၂၀၁၉ ခုနှစ်အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို အကယ်ဒမီဆုများရှင် ဦးညွန့်ဝင်းနှင့် အကယ်ဒမီဦးအောင်လွင် တို့အား ချီးမြှင့်

အကယ်ဒမီဆုများရှင် ဦးညွန့်ဝင်းနှင့် အကယ်ဒမီဦးအောင်လွင် တို့အား တစ်သက်တာရုပ်ရှင်ထူးချွန်ဆုချီးမြှင့်

၂၀၁၉ ခုနှစ်အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုအကယ်ဒမီများရှင်ဦးညွန့်ဝင်းနဲ့အကယ်ဒမီ ဦးအောင်လွင်တို့ရရှိခဲ့ပြီး

အဲဒီဆုကို ပြန်ကြားရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီးဦးမောင်မောင်အုန်းတက်ရောက်ချီးမြှင့်ပေးခဲ့တာဖြစ်ပါတယ်။ဆုချီးမြှင့်ပွဲအခမ်းအနားကိုတော့အောက်တိုဘာ ၁၃ ရက် မနက် ၉ နာရီကဗဟန်းမြို့နယ်၊ဝင်္ကဘာလမ်းမှာရှိတဲ့မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှာကျင်းပခဲ့တာပါ။

ရုပ်ရှင်တစ်သက်တာထူးချွန်ဆုရရှိသူတွေဟာအသက် ၈၀ နဲ့အထက်ရှိသူတွေဖြစ်ပြီးရုပ်ရှင်သက်နှစ်၅၀ ရှိရမှာဖြစ်ကာအနုပညာကောင်းသတင်းနဲ့ကျော်ကြားသူ၊ရုပ်ရှင်လောကနဲ့အဆက်အသွယ်မပြတ်ရှိသူ၊ နိုင်ငံတော်အဆင့်ဂုဏ်ပြုဆု(ဒါမှမဟုတ်)ရုပ်ရှင်ထူးချွန်ဆုရရှိသူတွေထဲက

ရုပ်ရှင်လောကသားတွေရဲ့ကြည်ညိုလေစားမှုတွေနဲ့အတူအခုလိုချီးမြှင့်ပေးခဲ့တာဖြစ်တယ်လို့သိရပါတယ်။အကယ်ဒမီများရှင် ဦးညွှန့်ဝင်းကတော့အကယ်ဒမီဆုကို ၇ ဆု ပိုင်ဆိုင်ခဲ့သူဖြစ်ပြီးသူရဲ့မျှော်လင့်ချက်မှာ၈ ဆုမျှော်မှန်းထားတာဖြစ်လို့နေအိမ်ရဲ့ ရွှေစင်ဆုတွေနေရာထားရှိရာမှာ၈နေရာ သတ်မှတ်ထားတယ်လို့သိရပါတယ်။

နောက်ဆုံးတစ်ဆုဖြစ်တဲ့ အခုလိုတစ်သက်တာရုပ်ရှင်ထူးချွန်ဆုမရရှိခင်ပြီးခဲ့တဲ့နှစ်ကကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။တစ်သက်တာရုပ်ရှင်ထူးချွန်ဆိုကိုတော့မိသားစုဝင်တွေအနေနဲ့ကလည်းကျန်းမားရေအခြေအနေအရတက်ရောက်နိုင်တာမရှိခဲ့တာကြောင့်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေနဲ့ကိုယ်စားလက်ခံရယူပေးခဲ့ရတာဖြစ်ပါတယ်။အခုပေးအပ်ချီးမြှင့်တဲ့ တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကို ၂၀၁၉ ခုနှစ်ကတည်းကပေးအပ်ချီးမြှင့်ဖို့ စီစဉ်ခဲ့တာဖြစ်ပေမယ့် ကိုဗစ်ရောဂါဖြစ်ပွားတာတွေကြောင့်အခုအချိန်မှာပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အရင်ကမြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေနဲ့ပေးအပ်ချီးမြှင့်ခဲ့တဲ့ ရုပ်ရှင်တစ်သက်တာဆုကို ဒါရိုက်တာကြီး ဦးတင်ယုကိုအမှတ်တရအဖြစ်ပေးအပ်ချီးမြှင့်ခဲ့ပြီး ၂၀၁၈ခုနှစ်ကစတင်ပေးအပ်ခဲ့တဲ့ ၂၀၁၇ အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုဘိုကလေးတင့်အောင်၊

၂၀၁၈ အတွက်တစ်သက်တာရုပ်ရှင်ထူးချွန်ဆုကိုဒေါ်မြင့်မြင့်ခင်တို့ရရှိခဲ့တာဖြစ်ကာ ၂၀၁၉ ခုနှစ်အတွက်ကိုတော့ ၂၀၂၂ ခုနှစ်မှ ာနိုင်ငံတော်အနေနဲ့ ပထမဆုံးပေးအပ်ချီးမြှင့်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။တစ်သက်တာရုပ်ရှင်ထူးချွန်ဆုတစ်ဆုကို

ရွှေစင် ၅ ကျပ်သားပါတဲ့ ကြယ်နဲ့ ရွှေစင်ရုပ်ထုနဲ့အတူသက်ရှိထင်ရှားရှိသူတွေအတွက်တစ်လကို ငွေကျပ် ၅ သိန်းချီးမြှင့်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ်။Credit

Zawgyi

အကယ္ဒမီဆုမ်ားရွင္ ဦးၫြန႔္ဝင္းႏွင့္ အကယ္ဒမီဦးေအာင္လြင္ တို႔အား တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုခ်ီးျမႇင့္

၂၀၁၉ ခုႏွစ္အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုကိုအကယ္ဒမီမ်ားရွင္ဦးၫြန႔္ဝင္းနဲ႔အကယ္ဒမီ ဦးေအာင္လြင္တို႔ရရွိခဲ့ၿပီး

အဲဒီဆုကို ျပန္ၾကားေရးဝန္ႀကီးဌာန၊ျပည္ေထာင္စုဝန္ႀကီးဦးေမာင္ေမာင္အုန္းတက္ေရာက္ခ်ီးျမႇင့္ေပးခဲ့တာျဖစ္ပါတယ္။ဆုခ်ီးျမႇင့္ပြဲအခမ္းအနားကိုေတာ့ေအာက္တိုဘာ ၁၃ ရက္ မနက္ ၉ နာရီကဗဟန္းၿမိဳ႕နယ္၊ဝကၤဘာလမ္းမွာရွိတဲ့ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးမွာက်င္းပခဲ့တာပါ။

႐ုပ္ရွင္တစ္သက္တာထူးခြၽန္ဆုရရွိသူေတြဟာအသက္ ၈၀ နဲ႔အထက္ရွိသူေတြျဖစ္ၿပီး႐ုပ္ရွင္သက္ႏွစ္၅၀ ရွိရမွာျဖစ္ကာအႏုပညာေကာင္းသတင္းနဲ႔ေက်ာ္ၾကားသူ၊႐ုပ္ရွင္ေလာကနဲ႔အဆက္အသြယ္မျပတ္ရွိသူ၊ ႏိုင္ငံေတာ္အဆင့္ဂုဏ္ျပဳဆု(ဒါမွမဟုတ္)႐ုပ္ရွင္ထူးခြၽန္ဆုရရွိသူေတြထဲက

႐ုပ္ရွင္ေလာကသားေတြရဲ႕ၾကည္ညိဳေလစားမႈေတြနဲ႔အတူအခုလိုခ်ီးျမႇင့္ေပးခဲ့တာျဖစ္တယ္လို႔သိရပါတယ္။အကယ္ဒမီမ်ားရွင္ ဦးၫႊန႔္ဝင္းကေတာ့အကယ္ဒမီဆုကို ၇ ဆု ပိုင္ဆိုင္ခဲ့သူျဖစ္ၿပီးသူရဲ႕ေမွ်ာ္လင့္ခ်က္မွာ၈ ဆုေမွ်ာ္မွန္းထားတာျဖစ္လို႔ေနအိမ္ရဲ႕ ေ႐ႊစင္ဆုေတြေနရာထားရွိရာမွာ၈ေနရာ သတ္မွတ္ထားတယ္လို႔သိရပါတယ္။

ေနာက္ဆုံးတစ္ဆုျဖစ္တဲ့ အခုလိုတစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုမရရွိခင္ၿပီးခဲ့တဲ့ႏွစ္ကကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆိုကိုေတာ့မိသားစုဝင္ေတြအေနနဲ႔ကလည္းက်န္းမားေရအေျခအေနအရတက္ေရာက္ႏိုင္တာမရွိခဲ့တာေၾကာင့္

ျမန္မာႏိုင္ငံ ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ကိုယ္စားလက္ခံရယူေပးခဲ့ရတာျဖစ္ပါတယ္။အခုေပးအပ္ခ်ီးျမႇင့္တဲ့ တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုကို ၂၀၁၉ ခုႏွစ္ကတည္းကေပးအပ္ခ်ီးျမႇင့္ဖို႔ စီစဥ္ခဲ့တာျဖစ္ေပမယ့္ ကိုဗစ္ေရာဂါျဖစ္ပြားတာေတြေၾကာင့္အခုအခ်ိန္မွာေပးအပ္ခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။

အရင္ကျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးအေနနဲ႔ေပးအပ္ခ်ီးျမႇင့္ခဲ့တဲ့ ႐ုပ္ရွင္တစ္သက္တာဆုကို ဒါ႐ိုက္တာႀကီး ဦးတင္ယုကိုအမွတ္တရအျဖစ္ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး ၂၀၁၈ခုႏွစ္ကစတင္ေပးအပ္ခဲ့တဲ့ ၂၀၁၇ အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုကိုဘိုကေလးတင့္ေအာင္၊

၂၀၁၈ အတြက္တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုကိုေဒၚျမင့္ျမင့္ခင္တို႔ရရွိခဲ့တာျဖစ္ကာ ၂၀၁၉ ခုႏွစ္အတြက္ကိုေတာ့ ၂၀၂၂ ခုႏွစ္မွ ာႏိုင္ငံေတာ္အေနနဲ႔ ပထမဆုံးေပးအပ္ခ်ီးျမႇင့္ခဲ့တာျဖစ္တယ္လို႔သိရပါတယ္။တစ္သက္တာ႐ုပ္ရွင္ထူးခြၽန္ဆုတစ္ဆုကို

ေ႐ႊစင္ ၅ က်ပ္သားပါတဲ့ ၾကယ္နဲ႔ ေ႐ႊစင္႐ုပ္ထုနဲ႔အတူသက္ရွိထင္ရွားရွိသူေတြအတြက္တစ္လကို ေငြက်ပ္ ၅ သိန္းခ်ီးျမႇင့္ေပးသြားမွာျဖစ္တယ္လို႔သိရပါတယ္။Credit