
ယခုလအတွင်း ဧရာဝတီမြစ်အပါအဝင် မြစ်ကြီး (၁၂)ခုတွင် မြစ်ရေမြင့်တက်လာနိုင်
ပြည်တွင်းရှိ မြစ်ကြီးများဖြစ်သောဧရာဝတီ၊ ချင်းတွင်းအပါအဝင်မြစ်ကြီးအများစုတွင်ယခုအောက်တိုဘာလအတွင်းမြစ်ရေ မြင့်တက်လာနိုင်သောအခြေအနေမျိုးဖြစ်သည်ဟုမိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကအသိပေးထုတ်ပြန်ထားသည်။
အဆိုပါ မြစ်ကြီးများတွင်ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်၊ ဒုဋ္ဌဝတီမြစ်၊ စစ်တောင်းမြစ်၊ရွှေကျင်မြစ်၊သံလွင်မြစ်၊ ပဲခူးမြစ်၊သောင်ရင်းမြစ်၊တိုးမြစ်၊လေးမြို့မြစ်၊ဘီးလင်းမြစ်စသည့်မြစ်များတွင် မြစ်ရေမြင့်တက်လာနိုင်ပြီး
ငဝန်မြစ်နှင့် ကုလားတန်မြစ်တို့မှာလက်ရှိရေအမှတ်အောက်ကျဆင်းနိုင်သည်ဟုလည်းခန့်မှန်းထားသည်။“အခုရက်ပိုင်းထဲ ဒေသအချို့မှာမိုးရွာသွန်းမှုတွေဖြစ်နေတဲ့အတွက်မြစ်ရေအခြေအနေဟာ မူလထက်မြင့်တက်နေတဲ့အခြေအနေဖြစ်ပါတယ်၊
အကြမ်းဖျဉ်းကြည့်ရင်အများဆုံးနှစ်ပေခွဲလောက်ပဲမြင့်တက်နိုင်တဲ့အတွက်စိုးရိမ်စရာတော့သိပ်မလိုပါဘူး”ဟုလည်းပြည်တွင်းမိုးလေဝသပညာရှင်တစ်ဦးကပြောပြသည်။ထိုမြစ်ရေမြင့်တက်နိုင်မှုအခြေအနေသည် အောက်တိုဘာ ၂၀ ရက်အထိကာလအတွင်းကြုံနိုင်သည်ဟုခန့်မှန်းထားပြီး
ဧရာဝတီမြစ်သည် မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊သပိတ်ကျင်း၊ မန္တလေး၊စစ်ကိုင်း၊ မြင်းမူမြို့တို့တွင်နှစ်ပေမှသုံးပေခန့်လည်းကောင်း၊ ပခုက္ကူ၊ ညောင်ဦး၊ ချောက်၊မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ဟင်္သာတ၊ ဇလွန်စသည့် မြို့များတွင်ပေဝက်ခန့်မှတစ်ပေခန့်အထိဆက်လက်မြင့်တက်နိုင်ကြောင်း၊
ချင်းတွင်းမြစ်ရေသည် ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ ကနီ၊ မုံရွာတို့တွင် ပေဝက်ခန့်မှ နှစ်ပေခန့်အထိ ဆက်လက်မြင့်တက်နိုင်ကြောင်းခန့်မှန်းထားသည်။မြစ်သာမြစ်ရေသည် ကလေးမြို့တွင်တစ်ပေခန့်၊ ဒုဋ္ဌဝတီမြစ်ရေသည် သီပေါ၊ ရွှေစာရံ၊ မြစ်ငယ်တို့တွင် ပေဝက်မှနှစ်ပေခန့်၊
စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်တို့တွင်ပေဝက်မှနှစ်ပေခန့်၊ရွှေကျင်မြစ်ရေသည်ရွှေကျင်မြို့တွင်ပေဝက်ခန့်၊ပဲခူး မြစ်ရေသည်ဇောင်းတူနှင့်ပဲခူးတို့တွင် နှစ်ပေမှသုံးပေခန့်၊သံလွင်မြစ်ရေသည် ဖားဆောင်းနှင့်ဘားအံမြို့တို့တွင်ပေဝက်ခန့်၊သောင်ရင်းမြစ်ရေသည်မြဝတီမြို့တွင်ပေဝက်ခန့်၊
တိုးမြစ်ရေသည် မအူပင်မြို့တွင်တစ်ပေခန့်၊လေးမြို့မြစ်ရေသည်မြောက်ဦးမြို့တွင်ပေဝက်ခန့်၊ဘီးလင်းမြစ်ရေသည်ဘီးလင်းမြို့တွင်ပေဝက်ခန့် မြင့်တက်နိုင်ကြောင်းခန့်မှန်းထားသည်။သို့ရာတွင်ငဝန်မြစ်ရေသည် ငါးသိုင်းချောင်း၊သာပေါင်း၊ပုသိမ်မြို့တို့တွင်ပေဝက်မှတစ်ပေခန့်၊
ကုလားတန်မြစ်ရေသည်ပလက်ဝနှင့် ကျောက်တော်မြို့တို့တွင် တစ်ပေမှလေးပေခန့်လက်ရှိရေအမှတ်အောက်သို့ကျဆင်းလာနိုင်ကြောင်းခန့်မှန်းထားသည်ဟုသိရသည်။
Credit
Zawgyi
ယခုလအတြင္း ဧရာ၀တီျမစ္အပါအဝင္ ျမစ္ႀကီး (၁၂)ခုတြင္ ျမစ္ေရျမင့္တက္လာႏိုင္
ျပည္တြင္းရွိ ျမစ္ႀကီးမ်ားျဖစ္ေသာဧရာ၀တီ၊ ခ်င္းတြင္းအပါအဝင္ျမစ္ႀကီးအမ်ားစုတြင္ယခုေအာက္တိုဘာလအတြင္းျမစ္ေရ ျမင့္တက္လာႏိုင္ေသာအေျခအေနမ်ိဳးျဖစ္သည္ဟုမိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနကအသိေပးထုတ္ျပန္ထားသည္။
အဆိုပါ ျမစ္ႀကီးမ်ားတြင္ဧရာ၀တီျမစ္၊ ခ်င္းတြင္းျမစ္၊ ျမစ္သာျမစ္၊ ဒု႒၀တီျမစ္၊ စစ္ေတာင္းျမစ္၊ေ႐ႊက်င္ျမစ္၊သံလြင္ျမစ္၊ ပဲခူးျမစ္၊ေသာင္ရင္းျမစ္၊တိုးျမစ္၊ေလးၿမိဳ႕ျမစ္၊ဘီးလင္းျမစ္စသည့္ျမစ္မ်ားတြင္ ျမစ္ေရျမင့္တက္လာႏိုင္ၿပီး
ငဝန္ျမစ္ႏွင့္ ကုလားတန္ျမစ္တို႔မွာလက္ရွိေရအမွတ္ေအာက္က်ဆင္းႏိုင္သည္ဟုလည္းခန႔္မွန္းထားသည္။“အခုရက္ပိုင္းထဲ ေဒသအခ်ိဳ႕မွာမိုး႐ြာသြန္းမႈေတြျဖစ္ေနတဲ့အတြက္ျမစ္ေရအေျခအေနဟာ မူလထက္ျမင့္တက္ေနတဲ့အေျခအေနျဖစ္ပါတယ္၊
အၾကမ္းဖ်ဥ္းၾကည့္ရင္အမ်ားဆုံးႏွစ္ေပခြဲေလာက္ပဲျမင့္တက္ႏိုင္တဲ့အတြက္စိုးရိမ္စရာေတာ့သိပ္မလိုပါဘူး”ဟုလည္းျပည္တြင္းမိုးေလဝသပညာရွင္တစ္ဦးကေျပာျပသည္။ထိုျမစ္ေရျမင့္တက္ႏိုင္မႈအေျခအေနသည္ ေအာက္တိုဘာ ၂၀ ရက္အထိကာလအတြင္းႀကဳံႏိုင္သည္ဟုခန႔္မွန္းထားၿပီး
ဧရာ၀တီျမစ္သည္ ျမစ္ႀကီးနား၊ ဗန္းေမာ္၊ ေ႐ႊကူ၊ ကသာ၊သပိတ္က်င္း၊ မႏၲေလး၊စစ္ကိုင္း၊ ျမင္းမူၿမိဳ႕တို႔တြင္ႏွစ္ေပမွသုံးေပခန႔္လည္းေကာင္း၊ ပခုကၠဴ၊ ေညာင္ဦး၊ ေခ်ာက္၊မင္းဘူး၊ မေကြး၊ ေအာင္လံ၊ ျပည္၊ ဆိပ္သာ၊ဟသၤာတ၊ ဇလြန္စသည့္ ၿမိဳ႕မ်ားတြင္ေပဝက္ခန႔္မွတစ္ေပခန႔္အထိဆက္လက္ျမင့္တက္ႏိုင္ေၾကာင္း၊
ခ်င္းတြင္းျမစ္ေရသည္ ခႏၲီး၊ ဟုမၼလင္း၊ ေဖာင္းျပင္၊ ေမာ္လိုက္၊ ကေလး၀၊ မင္းကင္း၊ ကနီ၊ မုံ႐ြာတို႔တြင္ ေပဝက္ခန႔္မွ ႏွစ္ေပခန႔္အထိ ဆက္လက္ျမင့္တက္ႏိုင္ေၾကာင္းခန႔္မွန္းထားသည္။ျမစ္သာျမစ္ေရသည္ ကေလးၿမိဳ႕တြင္တစ္ေပခန႔္၊ ဒု႒၀တီျမစ္ေရသည္ သီေပါ၊ ေ႐ႊစာရံ၊ ျမစ္ငယ္တို႔တြင္ ေပဝက္မွႏွစ္ေပခန႔္၊
စစ္ေတာင္းျမစ္ေရသည္ ေတာင္ငူႏွင့္ မေဒါက္တို႔တြင္ေပဝက္မွႏွစ္ေပခန႔္၊ေ႐ႊက်င္ျမစ္ေရသည္ေ႐ႊက်င္ၿမိဳ႕တြင္ေပဝက္ခန႔္၊ပဲခူး ျမစ္ေရသည္ေဇာင္းတူႏွင့္ပဲခူးတို႔တြင္ ႏွစ္ေပမွသုံးေပခန႔္၊သံလြင္ျမစ္ေရသည္ ဖားေဆာင္းႏွင့္ဘားအံၿမိဳ႕တို႔တြင္ေပဝက္ခန႔္၊ေသာင္ရင္းျမစ္ေရသည္ျမ၀တီၿမိဳ႕တြင္ေပဝက္ခန႔္၊
တိုးျမစ္ေရသည္ မအူပင္ၿမိဳ႕တြင္တစ္ေပခန႔္၊ေလးၿမိဳ႕ျမစ္ေရသည္ေျမာက္ဦးၿမိဳ႕တြင္ေပဝက္ခန႔္၊ဘီးလင္းျမစ္ေရသည္ဘီးလင္းၿမိဳ႕တြင္ေပဝက္ခန႔္ ျမင့္တက္ႏိုင္ေၾကာင္းခန႔္မွန္းထားသည္။သို႔ရာတြင္ငဝန္ျမစ္ေရသည္ ငါးသိုင္းေခ်ာင္း၊သာေပါင္း၊ပုသိမ္ၿမိဳ႕တို႔တြင္ေပဝက္မွတစ္ေပခန႔္၊
ကုလားတန္ျမစ္ေရသည္ပလက္၀ႏွင့္ ေက်ာက္ေတာ္ၿမိဳ႕တို႔တြင္ တစ္ေပမွေလးေပခန႔္လက္ရွိေရအမွတ္ေအာက္သို႔က်ဆင္းလာႏိုင္ေၾကာင္းခန႔္မွန္းထားသည္ဟုသိရသည္။
Credit