
အသက်ရှည်ကျန်းမာသောဘဝကိုပိုင်ဆိုင်ချင်လျှင် ဆီဖြင့်အားလုပ်ကျင်းပါ
ကျန်းမာရေး လက်ဆောင်ကိုယ်တိုင်အုန်းဆီ ခဏငုံထားပြီးမှအာလုတ်ကျင်းလုပ်လာတာ ကြာပြီ အင်မတန်အကျိုးများလှပါတယ်နော် အရမ်းမှန်ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါပဲ။
ကိုယ်သွားဖုံးအပြည်တည်ပြီးအပြည်ပေါက်တော့ကျောက်ကပ်ကမခံမရပ်နိုင်နာတယ်ယောင်တယ် ဆီးလဲသွားလို့ခက်လာတယ်သိပ်မထွက်တော့ဘူး စနေနေ့ကသွားလဲထွက်သွားရောခဏနေယူပစ်လိုက်သလိုနေသာထိုင်သာရှိသွားတာခုထိကျောက်ကပ်ကဘာမှမဖြစ်သလိုဒူးနာတာပါသက်သာလာခဲ့ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ။
ခံတွင်းက ရောဂါပိုးနှင့်အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ ဆီနဲ့ပလုတ်ကျင်းပေးခြင်း၏ကျန်းမာရေးကောင်းကျိုးများတန်ဖိုးထားရပါသောမိတ်ဆွေများအားမိမိတို့၏ခံတွင်းကိုအုန်းဆီနှမ်းဆီသံလွင်ဆီတစ်မျိုးမျိုးဖြင့်
တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့်ပလုတ်ကျင်းပေးခြင်းဖြင့်ပြန်လည်ရရှိမည့်ကျန်းမာရေး အကျိုးကျေးဇူးများနှင့် ခံတွင်းက အာပုတ်ရည်များအစာအိမ်သို့ မရောက်ရှိတော့ဘဲအစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါကာကွယ်ပြီးသားဖြစ်ပါကြောင်းပြောပြဆွေးနွေးလိုပါတယ်ခင်ဗျာ
ကျွန်တော်တို့ငယ်ငယ်တုန်းကမြန်မာပြည်မှာမြန်မာဆရာဝန်များနှင့်အတူအိန္ဒိယနိုင်ငံကပန်ချာဘီဆရာဝန်တွေပါဆေးရုံ ဆေးပေးခန်းတွေမှာအများအပြားတွေ့ရှိရတတ်တာကိုကောင်းစွာ မှတ်မိနေပါသေးတယ်။
ကျွန်တော်ငယ်ငယ်ကနေ့ယနေ့တိုင်းကောင်းကောင်းမှတ်မိနေသေးတာကကျွန်တော့်အမေဒူးအရမ်းနာနေ၍ပခုက္ကူမြို့ထင်းတန်းရပ်မှာဆေးခန်းဖွင့်ထားတဲ့ပန်ချာဘီဆရာဝန်ကြီးဒေါက်တာမာဒေးထံသို့သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်။
အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီးလမ်းတောင်မလျှောက်နိုင်လို့ဆေးခန်းသွားမယ်ဆိုရင်လည်းအမေကိုဦးလေးတွေကချီမပြီးခေါ်သွားလေ့ရှိပါတယ်။ဆရာဝန်ကြီးဒေါက်တာမာဒေးမှအမေကိုသေသေချာချာ စစ်ဆေးပြီးနောက်သွားတွေကောင်းရဲ့လားလို့မေးတော့အမေမျက်နာအမူအရာကဒူးနာတာနဲ့သွားကောင်းတာမကောင်းတာဆိုင်လို့လားဟုထင်နေဟန်တူပါတယ်။
ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့အံသွားပေါက်တွေကိုတွေ့သွားပါတယ်အံသွားတွေကပြည်ပုပ်တွေဟာဒူးကိုရောက်သွားပြီးဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ ထိုသွားတွေကိုဖာထေးပြုပြင်လိုက်တော့အမေဒူးနာလည်းကောင်းသွားတာကိုလက်တွေ့မြင်တွေ့ခဲ့ရဘူးပါတယ်။
ဆက်လက်၍ဒေါက်တာမာဒေးမှအမေအားနေ့စဉ် နှမ်းဆီ ဟင်းစားဇွန်းတစ်ဇွန်းဖြင့်ပလုတ်ကျင်းခိုင်းရာအမေဒူးနာပြန်မဖြစ်တော့တာကိုလည်းသတိထားမိပါတယ်။နောက်တစ်ယောက်ကတော့သိုင်းရွိုက်ရောဂါဖြစ်တဲ့ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲသူ့ရဲ့သိုင်းရွိုက်ဂလင်းကနေဟိုမုန်းအထွက်နဲတော့လူကလေးလံထိုင်းမှိုင်းပြီးကိုယ်အလေးချိန်လည်းတက်လာတယ်။
ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်ပါဘူးခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေကသိုင်းရွိုက်ဂလင်းရဲ့Pumpတွေကိုblockလုပ်ထားလို့ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်သွားဆရာဝန်ဆီမှာသေချာကုသလိုက်တဲ့နောက်မှာတော့ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်။
သူလည်းသံလွင်ဆီကိုနေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာပြန်ပြီးရောဂါမဖြစ်တော့တာကိုလေ့လာတွေ့ရှိရပါတယ်။ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့သူတစ်ယောက်အကြောင်းကိုပြောပြဆွေးနွေးလိုပါသေးတယ်။
သူ့မှာကျောက်ကပ်ကကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီးမျက်ခွံပါမို့ပြီးရုပ်ပါပြောင်းသွားပါတယ်ခြေထောက်တွေကလည်းဖောပြီးရောင်ကိုင်းနေပါတော့တယ်။ကျောက်ကပ်ဆေးတွေသောက်လည်းလူကသိပ်မသက်သာရှာပါဘူး။
တစ်နေ့ သူသွားအရမ်းနာနေလို့သွားဆရာဝန်ကိုသွားရောက်ပြသတဲ့အခါကြတော့မှ သွားဆရာဝန်တွေကသူ့ပါးစပ်ထဲမှာပျက်စီးနေတဲ့သွားနဲ့သွားဖုံးတွေကိုပြန်ကောင်းအောင်ကုပေးလိုက်တော့မှ ကျောက်ကပ်လည်းပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်။
သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာနေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်။ကျွန်တော်နဲ့အရမ်းခင်မင်တဲ့ငယ်သူငယ်ချင်းတစ်ယောက်လည်းငယ်ငယ်ကတည်းကပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲဘယ်လောက်တောင်းနံသလည်းဆိုရင်မျက်နှာချင်းဆိုင်စကားပြောလို့တောင်အဆင်သိပ်မပြေချင်ပါဘူး။
ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.သွားတိုက်လည်းအတော်လေးပျင်သူဖြစ်တဲ့အတွက်နှစ်တွေကြာလာတော့ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်။ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာငယ်ငယ်ကတည်းကလည်းသိပ်မကျန်းမာရှာတဲ့အတွက်အသက်(၄၅)နှစ်လောက်မှာဘဲဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်။
ယခုအချိန်အခါမှာလည်းရာသီဥတုအစားအသောက်အပြုအမူအနေအထိုင်တွေကြောင့်လူတော်တော်များများဖြစ်နေတဲ့ရောဂါဝေဒနာတွေကတော့အသည်းရောဂါအဆုတ်ရောဂါအစာအိမ် ကျောက်ကပ် နှလုံးအူလမ်းကြောင်း၊ဆီးချိုနှလုံးသွေးကြော ဦးနှောက်၊အသက်ရှူလမ်းကြောင်း၊ဆီးလမ်းကြောင်းနဲ့
ကင်ဆာရောဂါမျိုးစုံအရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာခံတွင်းမှာရှိနေတဲ့ဗက်တီးရီးယား ရောဂါပိုးမွှားတွေကနေထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့်အများဆုံးဖြစ်နေကြတာကိုအားလုံးသတိထားမိစေချင်ပါတယ်။
ခံတွင်းမသန့်လေရောဂါထူလေဘဲဖြစ်ပြီးပါးစပ်နံလေရောဂါများလေအသက်တိုလေပဲဖြစ်ပါတယ်။သွားဖုံးအရင်းမှာအစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာအလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်။ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကိုအမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်။
ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကိုဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးနည်းကတော့အုန်းဆီ နှမ်းဆီ သံလွင်ဆီတို့ဖြင့်ပလုတ်ကျင်းပေးခြင်းဖြစ်ပါတယ်။ဘာကြောင့်လည်းဆိုတော့ဆီကအဆိပ်စုပ်အားကောင်းပြီးသွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာအိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကိုဆီကဆွဲထုတ်ပေးနိုင်လိုဘဲဖြစ်ပါတယ်။
နံနက်စောစောအိပ်ယာထတာနဲ့ဆီတစ်ငုံစာကို၁၀မိနစ်လောက်ငုံထားပြီးပလုတ်ကျင်းပေးပါကရောဂါပိုးတွေထွက်သွားလိမ့်ပါမယ်။ထိုကဲ့သို့ဆီဖြင့်ပလုပ်ကျင်းပြီးမှသွားတိုက်တာသည်အကောင်းဆုံးပါပဲ။ပလုပ်ကျင်းပြီးရင်တော့ရေနွေးနွေးလေးဖြင့်ပါစပ်ကိုပြန်လည်ဆေးကြောပေးရင်ဖြင့်အကောင်းဆုံးပါပဲခင်ဗျာ။
ပလုတ်ကျင်းဖို့အကောင်းဆုံးဆီကတော့မြန်မာနိုင်ငံမှာအလွယ်တကူဝယ်လို့ရတဲ့အုန်းဆီဘဲဖြစ်ပါတယ်။အုန်းဆီအပြင်သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်းပလုတ်ကျင်းလို့လည်းရပါတယ်။ပဲဆီ၊နေကြာဆီ၊စားအုန်ဆီတွေနဲ့တော့ပလုတ်မကျင်းစေချင်ပါဘူးခင်ဗျာ။
ကျွန်တော့်၏မိတ်ဆွေများအနေဖြင့်ဆီဖြင့်ပလုပ်ကျင်းတာကိုနေ့စဉ်မလုပ်နိုင်ရင်တောင်မှတစ်ပတ်ကို(၂)ခါ(၃)ခါလောက်လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်။ယခုအခါဆီနဲ့ပလုပ်ကျင်းပြီးခံတွင်းသန့်ရှင်းအောင်ပြုလုပ်ကာကျန်းမာနေထိုင်တဲ့နည်းကိုနိုင်ငံတော်တော်များများ
အထူးသဖြင့်ထိုင်နိုင်ငံမှာလက်ခံကျင့်သုံးနေတာကိုသိရှိရပါတယ်ခင်ဗျာ။ကျွန်တော့်၏ မိတ်ဆွေများအနေဖြင့်ခံတွင်းမသန့်လေကျန်းမာရေးထူလေဆိုတာကိုသတိပြုပြီးခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်ခံတွင်းကိုသန့်ရှင်အောင်ထားပြီးကျန်ရှိနေသော အချိန်ခဏလေးကိုကျန်းမာစွာဖြင့်ရှင်းသန်းနေထိုင်ကြရအောင်ပါခင်ဗျာ။
Source ဒေါက်တာလှဝင်းအောင်(ခ)ဘစိုးဥ
Zawgyi
အသက္ရွည္က်န္းမာေသာဘဝကိုပိုင္ဆိုင္ခ်င္လွ်င္ ဆီျဖင့္အားလုပ္က်င္းပါ
က်န္းမာေရး လက္ေဆာင္ကိုယ္တိုင္အုန္းဆီ ခဏငုံထားၿပီးမွအာလုတ္က်င္းလုပ္လာတာ ၾကာၿပီ အင္မတန္အက်ိဳးမ်ားလွပါတယ္ေနာ္ အရမ္းမွန္ေက်းဇူးႀကီးလွတဲ့ ဗဟုသုတပါပဲ။
ကိုယ္သြားဖုံးအျပည္တည္ၿပီးအျပည္ေပါက္ေတာ့ေက်ာက္ကပ္ကမခံမရပ္ႏိုင္နာတယ္ေယာင္တယ္ ဆီးလဲသြားလို႔ခက္လာတယ္သိပ္မထြက္ေတာ့ဘူး စေနေန႔ကသြားလဲထြက္သြားေရာခဏေနယူပစ္လိုက္သလိုေနသာထိုင္သာရွိသြားတာခုထိေက်ာက္ကပ္ကဘာမွမျဖစ္သလိုဒူးနာတာပါသက္သာလာခဲ့ဆီနဲ႔လဲပလုပ္က်င္းေနပါၿပီ။
ခံတြင္းက ေရာဂါပိုးႏွင့္အဆိပ္ေတြကိုဖယ္ထုတ္ရွင္းလင္းဖို႔အေကာင္းဆုံးျဖစ္တဲ့ ဆီနဲ႔ပလုတ္က်င္းေပးျခင္း၏က်န္းမာေရးေကာင္းက်ိဳးမ်ားတန္ဖိုးထားရပါေသာမိတ္ေဆြမ်ားအားမိမိတို႔၏ခံတြင္းကိုအုန္းဆီႏွမ္းဆီသံလြင္ဆီတစ္မ်ိဳးမ်ိဳးျဖင့္
တစ္ပတ္လွ်င္ႏွစ္ႀကိမ္သုံးႀကိမ္ခန္႔ပလုတ္က်င္းေပးျခင္းျဖင့္ျပန္လည္ရရွိမည့္က်န္းမာေရး အက်ိဳးေက်းဇူးမ်ားႏွင့္ ခံတြင္းက အာပုတ္ရည္မ်ားအစာအိမ္သို႔ မေရာက္ရွိေတာ့ဘဲအစာအိမ္ေရာဂါႏွင့္ကင္ဆာေရာဂါကိုပါကာကြယ္ၿပီးသားျဖစ္ပါေၾကာင္းေျပာျပေဆြးေႏြးလိုပါတယ္ခင္ဗ်ာ
ကြၽန္ေတာ္တို႔ငယ္ငယ္တုန္းကျမန္မာျပည္မွာျမန္မာဆရာဝန္မ်ားႏွင့္အတူအိႏၵိယႏိုင္ငံကပန္ခ်ာဘီဆရာဝန္ေတြပါေဆး႐ုံ ေဆးေပးခန္းေတြမွာအမ်ားအျပားေတြ႕ရွိရတတ္တာကိုေကာင္းစြာ မွတ္မိေနပါေသးတယ္။
ကြၽန္ေတာ္ငယ္ငယ္ကေန႔ယေန႔တိုင္းေကာင္းေကာင္းမွတ္မိေနေသးတာကကြၽန္ေတာ့္အေမဒူးအရမ္းနာေန၍ပခုကၠဴၿမိဳ႕ထင္းတန္းရပ္မွာေဆးခန္းဖြင့္ထားတဲ့ပန္ခ်ာဘီဆရာဝန္ႀကီးေဒါက္တာမာေဒးထံသို႔သြားေရာက္ျပသခဲ့တာဘဲျဖစ္ပါတယ္။
အေမ၏ဒူးတစ္ဘက္ကေရာင္ကိုင္းေနၿပီးလမ္းေတာင္မေလွ်ာက္ႏိုင္လို႔ေဆးခန္းသြားမယ္ဆိုရင္လည္းအေမကိုဦးေလးေတြကခ်ီမၿပီးေခၚသြားေလ့ရွိပါတယ္။ဆရာဝန္ႀကီးေဒါက္တာမာေဒးမွအေမကိုေသေသခ်ာခ်ာ စစ္ေဆးၿပီးေနာက္သြားေတြေကာင္းရဲ႕လားလို႔ေမးေတာ့အေမမ်က္နာအမူအရာကဒူးနာတာနဲ႔သြားေကာင္းတာမေကာင္းတာဆိုင္လို႔လားဟုထင္ေနဟန္တူပါတယ္။
ဆရာဝန္ႀကီးက ပါးစပ္ဟစမ္းဆိုေတာ့အံသြားေပါက္ေတြကိုေတြ႕သြားပါတယ္အံသြားေတြကျပည္ပုပ္ေတြဟာဒူးကိုေရာက္သြားၿပီးဒူးနာတဲ့ျပႆနာကိုျဖစ္ေစတာပါပဲ ထိုသြားေတြကိုဖာေထးျပဳျပင္လိုက္ေတာ့အေမဒူးနာလည္းေကာင္းသြားတာကိုလက္ေတြ႕ျမင္ေတြ႕ခဲ့ရဘူးပါတယ္။
ဆက္လက္၍ေဒါက္တာမာေဒးမွအေမအားေန႔စဥ္ ႏွမ္းဆီ ဟင္းစားဇြန္းတစ္ဇြန္းျဖင့္ပလုတ္က်င္းခိုင္းရာအေမဒူးနာျပန္မျဖစ္ေတာ့တာကိုလည္းသတိထားမိပါတယ္။ေနာက္တစ္ေယာက္ကေတာ့သိုင္း႐ြိဳက္ေရာဂါျဖစ္တဲ့ကြၽန္ေတာ့္မိတ္ေဆြတစ္ေယာက္ပါပဲသူ႔ရဲ႕သိုင္း႐ြိဳက္ဂလင္းကေနဟိုမုန္းအထြက္နဲေတာ့လူကေလးလံထိုင္းမႈိင္းၿပီးကိုယ္အေလးခ်ိန္လည္းတက္လာတယ္။
႐ုပ္ပါေျပာင္းသြားလို႔သူ႔ကိုမမွတ္မိႏိုင္ပါဘူးခံတြင္းကဗက္တီးရီးယားနဲ႔အဆိပ္ေတြကသိုင္း႐ြိဳက္ဂလင္းရဲ႕Pumpေတြကိုblockလုပ္ထားလို႔ဟိုမုန္းေကာင္းေကာင္းမထြက္တဲ့အတြက္သြားဆရာဝန္ဆီမွာေသခ်ာကုသလိုက္တဲ့ေနာက္မွာေတာ့ျပန္ေကာင္းသြားတာကိုေတြ႕ရွိရပါတယ္။
သူလည္းသံလြင္ဆီကိုေန႔စဥ္ဟင္းစားဇြန္းတစ္ဇြန္းစာျဖင့္ဆယ္မိနစ္ခန္႔ပလုတ္က်င္းရာျပန္ၿပီးေရာဂါမျဖစ္ေတာ့တာကိုေလ့လာေတြ႕ရွိရပါတယ္။ထပ္မွန္၍ ေက်ာက္ကပ္ေရာင္ေနတဲ့သူတစ္ေယာက္အေၾကာင္းကိုေျပာျပေဆြးေႏြးလိုပါေသးတယ္။
သူ႔မွာေက်ာက္ကပ္ကေကာင္းေကာင္းအလုပ္မလုပ္ေတာ့လူကေဖာသြပ္သြပ္ျဖစ္လာၿပီးမ်က္ခြံပါမို႔ၿပီး႐ုပ္ပါေျပာင္းသြားပါတယ္ေျခေထာက္ေတြကလည္းေဖာၿပီးေရာင္ကိုင္းေနပါေတာ့တယ္။ေက်ာက္ကပ္ေဆးေတြေသာက္လည္းလူကသိပ္မသက္သာရွာပါဘူး။
တစ္ေန႔ သူသြားအရမ္းနာေနလို႔သြားဆရာဝန္ကိုသြားေရာက္ျပသတဲ့အခါၾကေတာ့မွ သြားဆရာဝန္ေတြကသူ႔ပါးစပ္ထဲမွာပ်က္စီးေနတဲ့သြားနဲ႔သြားဖုံးေတြကိုျပန္ေကာင္းေအာင္ကုေပးလိုက္ေတာ့မွ ေက်ာက္ကပ္လည္းျပန္ေကာင္းသြားတာကိုေတြ႕ရွိရပါတယ္။
သူလည္းအုန္းဆီဟင္းစားဇြန္းတစ္ဇြန္းစာေန႔စဥ္ပလုတ္က်င္းတယ္ဟုသတိရပါတယ္။ကြၽန္ေတာ္နဲ႔အရမ္းခင္မင္တဲ့ငယ္သူငယ္ခ်င္းတစ္ေယာက္လည္းငယ္ငယ္ကတည္းကပါးစပ္ေတာ္ေတာ္နံတဲ့သူတစ္ေယာက္ပါပဲဘယ္ေလာက္ေတာင္းနံသလည္းဆိုရင္မ်က္ႏွာခ်င္းဆိုင္စကားေျပာလို႔ေတာင္အဆင္သိပ္မေျပခ်င္ပါဘူး။
ခံတြင္းအနံ႔ကဆိုးဝါးတာလည္းမေျပာနဲ႔.သြားတိုက္လည္းအေတာ္ေလးပ်င္သူျဖစ္တဲ့အတြက္ႏွစ္ေတြၾကာလာေတာ့ခံတြင္းေရာဂါခံစားလာရတာျဖစ္ပါတယ္။ခံတြင္းေရာဂါေတြနဲ႔သူငယ္ခ်င္းဟာငယ္ငယ္ကတည္းကလည္းသိပ္မက်န္းမာရွာတဲ့အတြက္အသက္(၄၅)ႏွစ္ေလာက္မွာဘဲဆုံးသြားတာကိုေတြ႕ခဲ့ရဘူးပါတယ္။
ယခုအခ်ိန္အခါမွာလည္းရာသီဥတုအစားအေသာက္အျပဳအမူအေနအထိုင္ေတြေၾကာင့္လူေတာ္ေတာ္မ်ားမ်ားျဖစ္ေနတဲ့ေရာဂါေဝဒနာေတြကေတာ့အသည္းေရာဂါအဆုတ္ေရာဂါအစာအိမ္ ေက်ာက္ကပ္ ႏွလုံးအူလမ္းေၾကာင္း၊ဆီးခ်ိဳႏွလုံးေသြးေၾကာ ဦးေႏွာက္၊အသက္ရႉလမ္းေၾကာင္း၊ဆီးလမ္းေၾကာင္းနဲ႔
ကင္ဆာေရာဂါမ်ိဳးစုံအ႐ိုးအဆစ္နာက်င္ကိုက္ခဲျခင္းတို႔ဟာခံတြင္းမွာရွိေနတဲ့ဗက္တီးရီးယား ေရာဂါပိုးမႊားေတြကေနထုတ္ေပးလိုက္တဲ့အဆိပ္ေတြေၾကာင့္အမ်ားဆုံးျဖစ္ေနၾကတာကိုအားလုံးသတိထားမိေစခ်င္ပါတယ္။
ခံတြင္းမသန္႔ေလေရာဂါထူေလဘဲျဖစ္ၿပီးပါးစပ္နံေလေရာဂါမ်ားေလအသက္တိုေလပဲျဖစ္ပါတယ္။သြားဖုံးအရင္းမွာအစိမ္းေရာင္အဝါေရာင္ရွိတဲ့ျပည္ေတြထဲမွာအလြန္အဆိပ္ျပင္းတဲ့ေရာဂါပိုးေတြရွိပါတယ္။ဒါေၾကာင့္ခံတြင္းထဲဗက္တီးရီးယားေတြကိုအၿမဲတန္းရွင္းလင္းေပးဖို႔လိုအပ္ပါတယ္။
ခံတြင္းကေရာဂါပိုးနဲ႔အဆိပ္ေတြကိုဖယ္ထုတ္ရွင္းလင္းဖို႔အေကာင္းဆုံးနည္းကေတာ့အုန္းဆီ ႏွမ္းဆီ သံလြင္ဆီတို႔ျဖင့္ပလုတ္က်င္းေပးျခင္းျဖစ္ပါတယ္။ဘာေၾကာင့္လည္းဆိုေတာ့ဆီကအဆိပ္စုပ္အားေကာင္းၿပီးသြားေတြအၾကားနဲ႔သြားဖုံးရင္းေတြမွာအိမ္ဖြဲ႕ေနၾကတဲ့အဏုဇီဝေရာဂါပိုးေတြကိုဆီကဆြဲထုတ္ေပးႏိုင္လိုဘဲျဖစ္ပါတယ္။
နံနက္ေစာေစာအိပ္ယာထတာနဲ႔ဆီတစ္ငုံစာကို၁၀မိနစ္ေလာက္ငုံထားၿပီးပလုတ္က်င္းေပးပါကေရာဂါပိုးေတြထြက္သြားလိမ့္ပါမယ္။ထိုကဲ့သို႔ဆီျဖင့္ပလုပ္က်င္းၿပီးမွသြားတိုက္တာသည္အေကာင္းဆုံးပါပဲ။ပလုပ္က်င္းၿပီးရင္ေတာ့ေရေႏြးေႏြးေလးျဖင့္ပါစပ္ကိုျပန္လည္ေဆးေၾကာေပးရင္ျဖင့္အေကာင္းဆုံးပါပဲခင္ဗ်ာ။
ပလုတ္က်င္းဖို႔အေကာင္းဆုံးဆီကေတာ့ျမန္မာႏိုင္ငံမွာအလြယ္တကူဝယ္လို႔ရတဲ့အုန္းဆီဘဲျဖစ္ပါတယ္။အုန္းဆီအျပင္သံလြင္ဆီ၊ႏွမ္းဆီေတြနဲ႔လည္းပလုတ္က်င္းလို႔လည္းရပါတယ္။ပဲဆီ၊ေနၾကာဆီ၊စားအုန္ဆီေတြနဲ႔ေတာ့ပလုတ္မက်င္းေစခ်င္ပါဘူးခင္ဗ်ာ။
ကြၽန္ေတာ့္၏မိတ္ေဆြမ်ားအေနျဖင့္ဆီျဖင့္ပလုပ္က်င္းတာကိုေန႔စဥ္မလုပ္ႏိုင္ရင္ေတာင္မွတစ္ပတ္ကို(၂)ခါ(၃)ခါေလာက္လုပ္ေပးသင့္တယ္ဟုအႀကံေပးလိုပါတယ္။ယခုအခါဆီနဲ႔ပလုပ္က်င္းၿပီးခံတြင္းသန္႔ရွင္းေအာင္ျပဳလုပ္ကာက်န္းမာေနထိုင္တဲ့နည္းကိုႏိုင္ငံေတာ္ေတာ္မ်ားမ်ား
အထူးသျဖင့္ထိုင္ႏိုင္ငံမွာလက္ခံက်င့္သုံးေနတာကိုသိရွိရပါတယ္ခင္ဗ်ာ။ကြၽန္ေတာ့္၏ မိတ္ေဆြမ်ားအေနျဖင့္ခံတြင္းမသန္႔ေလက်န္းမာေရးထူေလဆိုတာကိုသတိျပဳၿပီးခႏၶာကိုယ္တစ္ခုလုံး၏က်န္းမာေရးအတြက္ခံတြင္းကိုသန္႔ရွင္ေအာင္ထားၿပီးက်န္ရွိေနေသာ အခ်ိန္ခဏေလးကိုက်န္းမာစြာျဖင့္ရွင္းသန္းေနထိုင္ၾကရေအာင္ပါခင္ဗ်ာ။
Source ေဒါက္တာလွဝင္းေအာင္(ခ)ဘစိုးဥ