မင်းအောင်လှိုင်၏ လျှပ်စစ် ကားရထား အိမ်မက်များ ထပ်မံရိုက်ချိုးခံရ

မင်းအောင်လှိုင်၏ လျှပ်စစ် ကားရထား အိမ်မက်များ ထပ်မံရိုက်ချိုးခံရ

စစ်ကောင်စီ မှ ခေါ်ယူသော ဆိုလာပြား တပ်ဆင်ရေး စီမံကိန်းများ အား ပြည်ပမှ မည်သူမှ စိတ်ဝင်စားခြင်း မရှိကြတော့ပဲ အေးရှား ဝါးလ်၏ လက်ခွဲ Gold Energy နှင့် Zeya အဖွဲ့ နှစ်ဖွဲ့သာ ရန်ကုန် နှင့် သာစည် မြို့များအတွက် တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ကြသည်ဟု ဧရာဝတီ မှ ပေါက်ကြားလာသော စာရွက်စာတမ်းများအား ကိုးကား၍ ဖေါ်ပြလာခဲ့သည်။

စစ်ကောင်စီသည် ပြီးခဲ့သည့် ဇွန်လ အတွင်း ရန်ကုန်၊ နေပြည်တော်၊ မန္တလေး နှင့် ဧရာဝတီ တိုင်းတွင် မီဂါဝတ် ၆၅၀ အထိ ထုတ်လုပ်နိုင်မည့် ဆိုလာပြား တပ်ဆင်ရေး စီမံကိန်း ၁၈ ခု အတွက် တင်ဒါ ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

တရုတ် ကုမ္ပဏီ များ လည်း စိတ်ဝင်စားခြင်း မရှိတော့ပဲ လုံခြုံရေး နှင့် ‌ငွေကြေး တည်ငြိမ်မှု မရှိသည့် အတွက်ကြောင့်ဖြစ်သည်ဟု ဆိုသည်။။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လက်ထက်တွင် ဆိုလာပြား စီမံကိန်း ၂၉ ခုတွင် တရုတ် ကုမ္ပဏီများက ၂၈ ခုအတွက် တင်ဒါအောင်မြင်ခဲ့သည်။

မည်သည့် ရုရှား ကုမ္ပဏီ တခုတလေမျှ လုပ်ငန်းများ လုပ်ရန် ရောက်ရှိလာခဲ့ခြင်း မရှိသေးပေ။

မင်းအောင်လှိုင်သည် ရုရှား၏ တပည့်ခံလိုက်ယုံဖြင့် သူ၏ အိမ်မက်များကို နျူကလီယား မှ အစအရာရာ အကုန်အကျ အကောင်အထည် ဖေါ်ပေးလာမည်ဟု စိတ်ကူးဖြင့် ဖဲရိုက်နေသူ ဖြစ်သည်၊ ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းများ မြို့တိုင်းတွင် ဖွဲ့ရမည်ဟုပင် ပြောလာခဲ့သည်။

လက်ရှိတွင် တိုယိုတာ ကားကုမ္ပဏီ မှ လုပ်ငန်းများ ပြန်လည် စတင်လာခြင်းနှင့် ကျောက်ဖြူ အထူးစီးပွားရေး ဇုံတွင် တရုတ်၏ ဓါတ်အားပေးစက်ရုံ ဖွင့်လှစ်နိုင်ခဲ့ခြင်းတို့သည် ၎င်းတို့ ထောင်ထဲ ထည့်ထားသော သမ္မတကြီး ဦးဝင်းမြင့် အစိုးရ ကြိုးပမ်းခဲ့သည့် အသီးအပွင့် များ မှ ထွက်ပေါ်လာခြင်းသာ ဖြစ်သည်။

၎င်းတို့ လက်ထက် ရင်းနှီးမြုပ်နှံရန် မည်သည့် ပြည်ပ ကုမ္ပဏီ မှ ထင်ထင်ပေါ်ပေါ် ရောက်လာခဲ့ခြင်း မရှိသေးပေ။

ဆိုလာစီမံကိန်းမျိုးကိုပင် ၎င်းတို့နှင့် တွဲလုပ်ရမည့် အရေးကို စိတ်မဝင်စားကြတော့၊ ဤဖြစ်စဉ်ကို ကြည့်က မင်းအောင်လှိုင်သည် လျပ်စစ် ကားရထားများ ဖြစ်နိုင် မဖြစ်နိုင်ကို ကိုယ့်နဖူးပေါ် ကိုယ်လက်တင်ပြီး စဉ်းစား ရတော့မည့် အချိန်ရောက်ပေပြီ။

ဘယ်လို စိတ်ကူးမျိုး နှင့် ထိုသို့သော စကားများကို ပြောဆိုနေသည်မသိ၊ ၎င်းသည် နောက်နှစ်ပေါင်းများစွာ တိုင် အုပ်ချုပ်နေဦးမည်ဟု စိတ်ဓါတ်စစ်ဆင်ရေး လုပ်ချင်နေသည်လားမသိ။

ယခုအခါ မင်းအောင်လှိုင် သည် ၎င်း ပိုင် စစ်တပ်၏ မီးရှို့ဖျက်ဆီးခြင်း ခံထားရ၍ အိုးအိမ် စွန့်ခွာနေသူများ အား လက်ခံထားခြင်းကို ခွင့်မပြုတော့ပဲ တလ အချိန်ပေးကာ မီးလောင်ပြင်များ ရှိရာသို့ အတင်းအကျပ် ပြန်ခိုင်းနေသည်ဟု သတင်းများ တွင် ဖေါ်ပြလာခဲ့သည်။

မြန်မာပြည်တွင်း တိုက်ပွဲများ မရှိ၊ ဘေးရန်ကင်းရှင်းနေပြီကို ပြဆိုနိုင်ရန် ဖြစ်သည်။ ထိုသို့ စစ်ဘေးရှောင်များ ရှိနေသရွေ့ ပြည်ပ ရင်းနှီးမြုပ်နှံသူများ နှင့် ကမ္ဘာလှည့် ခရီးသွားများ ရောက်လာကြမည် မဟုတ်ဟု ယူဆနေဟန် ရှိသည်။

လက်ရှိတွင် အာဏာသိမ်း၍ ဖြစ်ပေါ်လာသော ပဋိပက္ခကြီးတွင် အထိခိုက်ဆုံး ဖြစ်လာရသည်က လူငယ်များ နှင့် စီဒီအမ် တွင် ပါဝင်နေသူများ ဖြစ်သည်ဟု အီတလီ ရှိ AsiaNews တွင် ရေးသားထားသည်။

လူငယ်များထဲတွင် PDF တွင် ပါဝင်နေသူများ၊ ပြည်ပသို့ ထွက်ခွာရန် ကြိုးစားနေသူများ နှင့် ပြည်တွင်းတွင်ပင် ဒီအတိုင်း နေသွားမည့် လူငယ်များဟူ၍ အုပ်စုကြီး သုံးစုခွဲ၍ ရသည်ဟု ဆိုသည်။

စီဒီအမ်တွင် ပါဝင်ခဲ့သူများအားလည်း အလုပ်ရှာ၍ မရအောင် လုပ်ထားပြန်သည်။

ယခုအခါ ပွင့်လင်းရာသီကို ရောက်လာပြီ ဖြစ်၍ တိုက်ပွဲများ ပိုမိုပြင်းထန်လာတော့မည် ဖြစ်သည်။

အမျိုးသား ညီညွတ်ရေး အစိုးရမှ တနှစ် အတွင်း တော်လှန်ရေးကို အပြီးသတ် မည်ဟု ကြေညာထားသော်လည်း ပြည်ပ အကူအညီ မပါပဲ ထိုရည်မှန်းချက် ရောက်ရှိဖို့က ခဲယဉ်းနေဆဲပင် ဖြစ်သည်။

လက်ရှိ အနေအထားအရ ပြည်ပနိုင်ငံများက စစ်အာဏာရှင် များ နှင့် မဆက်ဆံကြသလို အမျိုးသား ညီညွတ်ရေး အစိုးရအားလည်း အမေရိကန် အပါအဝင် အနောက်နိုင်ငံများက “ဆက်သွယ်ရေး လမ်းကြောင်း” ဖွင့်ထားနိုင်ယုံ သဘောဖြင့် ဆက်ဆံ နေဆဲ ပင် ဖြစ်သည်။

ယမန်နေ့က ပြင်သစ် အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် သုံးနှစ် ချမှတ်ခဲ့ခြင်း အပေါ် အပြင်းထန်ဆုံး စကား လုံးများဖြင့် ရှုတ်ချကြောင်း ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

ထိုသို့ feel-good သဘောမျိုး ပြောဆိုသည်များသည် မကြာခဏ ဆိုသလို ရှိနေ၍ အထူးအဆန်းလည်း မဟုတ်တော့၊ စစ်ကောင်စီ အဖို့လည်း မထူးဇတ် ခင်းထားသူများ ပီပီ ပန်းနဲ့ပေါက်သည်ကမှ နာဦးမည် ဆိုသလို ဖြစ်နေသည်။ သိရန် မျှသာ ထည့်သွင်းရေးသားခြင်း ဖြစ်သည်။

ပြည်သူတို့၏ ခုခံစစ် မုချအောင်ရမည်!!!

Credit

Zawgyi

မင္းေအာင္လႈိင္၏ လွ်ပ္စစ္ ကားရထား အိမ္မက္မ်ား ထပ္မံ႐ိုက္ခ်ိဳးခံရ

စစ္ေကာင္စီ မွ ေခၚယူေသာ ဆိုလာျပား တပ္ဆင္ေရး စီမံကိန္းမ်ား အား ျပည္ပမွ မည္သူမွ စိတ္ဝင္စားျခင္း မရွိၾကေတာ့ပဲ ေအးရွား ဝါးလ္၏ လက္ခြဲ Gold Energy ႏွင့္ Zeya အဖြဲ႕ ႏွစ္ဖြဲ႕သာ ရန္ကုန္ ႏွင့္ သာစည္ ၿမိဳ႕မ်ားအတြက္ တင္ဒါ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည္ဟု ဧရာဝတီ မွ ေပါက္ၾကားလာေသာ စာ႐ြက္စာတမ္းမ်ားအား ကိုးကား၍ ေဖၚျပလာခဲ့သည္။

စစ္ေကာင္စီသည္ ၿပီးခဲ့သည့္ ဇြန္လ အတြင္း ရန္ကုန္၊ ေနျပည္ေတာ္၊ မႏၲေလး ႏွင့္ ဧရာဝတီ တိုင္းတြင္ မီဂါဝတ္ ၆၅၀ အထိ ထုတ္လုပ္ႏိုင္မည့္ ဆိုလာျပား တပ္ဆင္ေရး စီမံကိန္း ၁၈ ခု အတြက္ တင္ဒါ ေခၚယူခဲ့ျခင္း ျဖစ္သည္။

တ႐ုတ္ ကုမၸဏီ မ်ား လည္း စိတ္ဝင္စားျခင္း မရွိေတာ့ပဲ လုံၿခဳံေရး ႏွင့္ ‌ေငြေၾကး တည္ၿငိမ္မႈ မရွိသည့္ အတြက္ေၾကာင့္ျဖစ္သည္ဟု ဆိုသည္။။

အမ်ိဳးသား ဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ လက္ထက္တြင္ ဆိုလာျပား စီမံကိန္း ၂၉ ခုတြင္ တ႐ုတ္ ကုမၸဏီမ်ားက ၂၈ ခုအတြက္ တင္ဒါေအာင္ျမင္ခဲ့သည္။

မည္သည့္ ႐ုရွား ကုမၸဏီ တခုတေလမွ် လုပ္ငန္းမ်ား လုပ္ရန္ ေရာက္ရွိလာခဲ့ျခင္း မရွိေသးေပ။

မင္းေအာင္လႈိင္သည္ ႐ုရွား၏ တပည့္ခံလိုက္ယုံျဖင့္ သူ၏ အိမ္မက္မ်ားကို န်ဴကလီယား မွ အစအရာရာ အကုန္အက် အေကာင္အထည္ ေဖၚေပးလာမည္ဟု စိတ္ကူးျဖင့္ ဖဲ႐ိုက္ေနသူ ျဖစ္သည္၊ ႐ုရွား-ျမန္မာ ခ်စ္ၾကည္ေရး အသင္းမ်ား ၿမိဳ႕တိုင္းတြင္ ဖြဲ႕ရမည္ဟုပင္ ေျပာလာခဲ့သည္။

လက္ရွိတြင္ တိုယိုတာ ကားကုမၸဏီ မွ လုပ္ငန္းမ်ား ျပန္လည္ စတင္လာျခင္းႏွင့္ ေက်ာက္ျဖဴ အထူးစီးပြားေရး ဇုံတြင္ တ႐ုတ္၏ ဓါတ္အားေပးစက္႐ုံ ဖြင့္လွစ္ႏိုင္ခဲ့ျခင္းတို႔သည္ ၎တို႔ ေထာင္ထဲ ထည့္ထားေသာ သမၼတႀကီး ဦးဝင္းျမင့္ အစိုးရ ႀကိဳးပမ္းခဲ့သည့္ အသီးအပြင့္ မ်ား မွ ထြက္ေပၚလာျခင္းသာ ျဖစ္သည္။

၎တို႔ လက္ထက္ ရင္းႏွီးျမဳပ္ႏွံရန္ မည္သည့္ ျပည္ပ ကုမၸဏီ မွ ထင္ထင္ေပၚေပၚ ေရာက္လာခဲ့ျခင္း မရွိေသးေပ။

ဆိုလာစီမံကိန္းမ်ိဳးကိုပင္ ၎တို႔ႏွင့္ တြဲလုပ္ရမည့္ အေရးကို စိတ္မဝင္စားၾကေတာ့၊ ဤျဖစ္စဥ္ကို ၾကည့္က မင္းေအာင္လႈိင္သည္ လ်ပ္စစ္ ကားရထားမ်ား ျဖစ္ႏိုင္ မျဖစ္ႏိုင္ကို ကိုယ့္နဖူးေပၚ ကိုယ္လက္တင္ၿပီး စဥ္းစား ရေတာ့မည့္ အခ်ိန္ေရာက္ေပၿပီ။

ဘယ္လို စိတ္ကူးမ်ိဳး ႏွင့္ ထိုသို႔ေသာ စကားမ်ားကို ေျပာဆိုေနသည္မသိ၊ ၎သည္ ေနာက္ႏွစ္ေပါင္းမ်ားစြာ တိုင္ အုပ္ခ်ဳပ္ေနဦးမည္ဟု စိတ္ဓါတ္စစ္ဆင္ေရး လုပ္ခ်င္ေနသည္လားမသိ။

ယခုအခါ မင္းေအာင္လႈိင္ သည္ ၎ ပိုင္ စစ္တပ္၏ မီးရႈိ႕ဖ်က္ဆီးျခင္း ခံထားရ၍ အိုးအိမ္ စြန႔္ခြာေနသူမ်ား အား လက္ခံထားျခင္းကို ခြင့္မျပဳေတာ့ပဲ တလ အခ်ိန္ေပးကာ မီးေလာင္ျပင္မ်ား ရွိရာသို႔ အတင္းအက်ပ္ ျပန္ခိုင္းေနသည္ဟု သတင္းမ်ား တြင္ ေဖၚျပလာခဲ့သည္။

ျမန္မာျပည္တြင္း တိုက္ပြဲမ်ား မရွိ၊ ေဘးရန္ကင္းရွင္းေနၿပီကို ျပဆိုႏိုင္ရန္ ျဖစ္သည္။ ထိုသို႔ စစ္ေဘးေရွာင္မ်ား ရွိေနသေ႐ြ႕ ျပည္ပ ရင္းႏွီးျမဳပ္ႏွံသူမ်ား ႏွင့္ ကမာၻလွည့္ ခရီးသြားမ်ား ေရာက္လာၾကမည္ မဟုတ္ဟု ယူဆေနဟန္ ရွိသည္။

လက္ရွိတြင္ အာဏာသိမ္း၍ ျဖစ္ေပၚလာေသာ ပဋိပကၡႀကီးတြင္ အထိခိုက္ဆုံး ျဖစ္လာရသည္က လူငယ္မ်ား ႏွင့္ စီဒီအမ္ တြင္ ပါဝင္ေနသူမ်ား ျဖစ္သည္ဟု အီတလီ ရွိ AsiaNews တြင္ ေရးသားထားသည္။

လူငယ္မ်ားထဲတြင္ PDF တြင္ ပါဝင္ေနသူမ်ား၊ ျပည္ပသို႔ ထြက္ခြာရန္ ႀကိဳးစားေနသူမ်ား ႏွင့္ ျပည္တြင္းတြင္ပင္ ဒီအတိုင္း ေနသြားမည့္ လူငယ္မ်ားဟူ၍ အုပ္စုႀကီး သုံးစုခြဲ၍ ရသည္ဟု ဆိုသည္။

စီဒီအမ္တြင္ ပါဝင္ခဲ့သူမ်ားအားလည္း အလုပ္ရွာ၍ မရေအာင္ လုပ္ထားျပန္သည္။

ယခုအခါ ပြင့္လင္းရာသီကို ေရာက္လာၿပီ ျဖစ္၍ တိုက္ပြဲမ်ား ပိုမိုျပင္းထန္လာေတာ့မည္ ျဖစ္သည္။

အမ်ိဳးသား ညီၫြတ္ေရး အစိုးရမွ တႏွစ္ အတြင္း ေတာ္လွန္ေရးကို အၿပီးသတ္ မည္ဟု ေၾကညာထားေသာ္လည္း ျပည္ပ အကူအညီ မပါပဲ ထိုရည္မွန္းခ်က္ ေရာက္ရွိဖို႔က ခဲယဥ္းေနဆဲပင္ ျဖစ္သည္။

လက္ရွိ အေနအထားအရ ျပည္ပႏိုင္ငံမ်ားက စစ္အာဏာရွင္ မ်ား ႏွင့္ မဆက္ဆံၾကသလို အမ်ိဳးသား ညီၫြတ္ေရး အစိုးရအားလည္း အေမရိကန္ အပါအဝင္ အေနာက္ႏိုင္ငံမ်ားက “ဆက္သြယ္ေရး လမ္းေၾကာင္း” ဖြင့္ထားႏိုင္ယုံ သေဘာျဖင့္ ဆက္ဆံ ေနဆဲ ပင္ ျဖစ္သည္။

ယမန္ေန႔က ျပင္သစ္ အစိုးရမွ ေဒၚေအာင္ဆန္းစုၾကည္အား ေထာင္ဒဏ္ သုံးႏွစ္ ခ်မွတ္ခဲ့ျခင္း အေပၚ အျပင္းထန္ဆုံး စကား လုံးမ်ားျဖင့္ ရႈတ္ခ်ေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လာခဲ့သည္။

ထိုသို႔ feel-good သေဘာမ်ိဳး ေျပာဆိုသည္မ်ားသည္ မၾကာခဏ ဆိုသလို ရွိေန၍ အထူးအဆန္းလည္း မဟုတ္ေတာ့၊ စစ္ေကာင္စီ အဖို႔လည္း မထူးဇတ္ ခင္းထားသူမ်ား ပီပီ ပန္းနဲ႔ေပါက္သည္ကမွ နာဦးမည္ ဆိုသလို ျဖစ္ေနသည္။ သိရန္ မွ်သာ ထည့္သြင္းေရးသားျခင္း ျဖစ္သည္။

ျပည္သူတို႔၏ ခုခံစစ္ မုခ်ေအာင္ရမည္!!!

Credit