
ယခုအောက်တိုဘာလ ဒုတိယပတ်အတွင်းက စပြီးတော့ ပြည်တွင်းကားဈေးကွက်နည်းနည်းပြန်လှုပ်လာပြီး အမြင့်ကားဈေးတွေ အကျဘက် နည်းနည်းရောက်တယ်လို့ ကားဝယ်ရောင်း လုပ်ကိုင်သူအသိုင်းအဝိုင်းက ပြောပါတယ်။
ယခုရက်ပိုင်းအတွင်း ပြည်တွင်းကား အရောင်းအဝယ် ဈေးကွက်အတွင်း ကားဈေးတွေ အနည်းငယ် ပြန်ကျလာပြီး တန်ဖိုးမြှင့်ကားတွေရဲ့ဈေးတွေ သိန်းရာဂဏန်းအထိ ကျဆင်းမှုအထိ ရှိလာတယ်လို့ ယင်းတို့က ပြောပါတယ်။
” ပြည်တွင်းဈေးကွက်မှာ ကားဈေးနှုန်းတွေကျတာက သာမာန်ထက်၂၀ရာခိုင်နှုန်းလောက်ကျနေတယ်။ အဓိကက တော့ အရင်က ဒေါ်လာတို့ရွှေတို့ ဈေးတက်တာတွေ ကြုံတဲ့အချိန် မြန်မာရဲ့ငွေကြေးအပေါ်စိတ်မချတော့တာကြောင့်အလွယ် ရင်းနှီးမြှုပ်နှံဖို့ အိမ်တွေကားတွေ ကိုဝယ်ယူ လာကြရာကနေ ဈေးတွေမတန်တဆဖြစ်လာတယ်။
အဲ့ဒီ့ဈေးနှုန်းတွေကကြာလာတော့လည်း အခုချိန်မှာ အကျဘက်ပြန်ရောက်တဲ့သဘောပါ ။ အခုဆို ရောင်လိုအားအရမ်းများလာတော့ ဈေးအကျဘက်ကို ပိုဖြစ်လာတာပါပဲ။
ဝယ်မယ့်သူတွေကတော့ ဈေးထက်အကျကို စောင့်တာတွေလည်းရှိသလို ။ ဈေးကျပြီဆိုပြီးလိုက်ဝယ်နေတဲ့သူလည်းရှိလာတယ်။လို့ ” ကားဝယ်ရောင်း လုပ်ငန်းလုပ်ကိုင်သူ ဦး…က ပြောပါတယ်။
တန်ဖိုးမြှင့်ကားတွေရဲ့ဈေးနှုန်းကျဆင်းမှုဟာ ငွေကျပ်သိန်း၅၀၀တန်ဖိုးရှိကားဈေးဟာ ၅ရာခိုင်နှုန်းကနေ၁၀ရာခိုင်နှုန်းအထိဈေးကျဆင်းမှုကြုံတွေ့နေရပြီး ငွေကျပ်သိန်း၁၀၀၀ တန်ကားဈေးမှာရာခိုင်နှုန်း၂၀ကနေ ၃၀ရာခိုင်နှုန်းအထိဈေးကျဆင်းနေတယ်လို့ ပြောပါတယ်။
”ကျပ်ငွေသိန်း၅၀၀အောက် ကားတွေနဲ့ တစ်ပတ်ရစ်ဂျပန်ကားတွေရဲ့ဈေးနှုန်းကတော့ကျဆင်းနေပေမယ့် တန်ဖိုးမြှင့်ကားတွေထက် ကျဆင်းမှုနည်းပါးပြီး သိန်း၁၀ ဂဏန်းဝန်းကျင်သာဈေးကျသွားတယ်”လို့ ကားအရောင်းအဝယ် လုပ်ကိုင်သူ ကိုကျော်စိုးကပြောပါတယ်။
မြန်မာ့ကားဈေးကွက်အတွင်း မှာတော့ Toyota မော်တော်ကားကုမ္ပဏီက မြန်မာနိုင်ငံအတွင်းကားသစ်တွေ ထုတ်လုပ်နေပြီဖြစ်ကြောင်းသတင်းတွေရေပန်းစားခဲ့ပြီး မှာယူသူတွေကို မော်တော်ယဉ်အမျိုးအစားနှစ်မျိုးကိုစတင်ရောင်းချနေပြီဆိုတဲ့ ထုတ်ပြန်ချက်ကြောင့်လည်း ကားဈေးကွက်အတွင်း ကားဈေးတွေ ပြန်လှုပ်လာတဲ့သဘောလို့ ယင်းတို့ကပြောပါတယ်။
” လွန်ခဲ့တဲ့တစ်ပတ်ကမှ ကျွန်တော့် ရွှေငါးလေး ရောင်းလိုက်တာ အမြင့်ကားဆိုပြီးဈေးပိုရမလားလို့ ၃၅သိန်းလောက်ရှုံးသွားတယ်။အခု အမြင့်ကားတွေဈေးရာဂဏန်းချီကျတယ်တယ်။
ဆယ်ဂဏန်းလောက်ပဲဆိုတော့ ကိုယ်ကတောင် တစ်ပတ်စောရောင်းလိုက်တာ ခုသာခံသာရှိသွားသလားမသိပါဘူး။ အခုက အပေါ်ရော အောက်ရော ကားဈေးတွေကျနေတယ်” လို့ ကားရောင်းချထားသူ တစ်ဦးကပြောပါတယ်။
လက်ရှိကားအရောင်းအဝယ်အခြေအနေဟာယခင်လကထက် ပြည်တွင်းဈေးကွက်မှာ အရောင်းအဝယ်များနေပြီး တန်ဖိုးမြှင့်ကား ကို ပြန်ရောင်းချသူများအနေနဲ့ အရှုံးပေါ်တဲ့ဈေးနဲ့ရောင်းချရဖွယ်ရှိနေကြောင်းသိရပါတယ်။
Credit
Zawgyi
ယခုေအာက္တိုဘာလ ဒုတိယပတ္အတြင္းက စၿပီးေတာ့ ျပည္တြင္းကားေဈးကြက္နည္းနည္းျပန္လႈပ္လာၿပီး အျမင့္ကားေဈးေတြ အက်ဘက္ နည္းနည္းေရာက္တယ္လို႔ ကားဝယ္ေရာင္း လုပ္ကိုင္သူအသိုင္းအဝိုင္းက ေျပာပါတယ္။
ယခုရက္ပိုင္းအတြင္း ျပည္တြင္းကား အေရာင္းအဝယ္ ေဈးကြက္အတြင္း ကားေဈးေတြ အနည္းငယ္ ျပန္က်လာၿပီး တန္ဖိုးျမႇင့္ကားေတြရဲ႕ေဈးေတြ သိန္းရာဂဏန္းအထိ က်ဆင္းမႈအထိ ရွိလာတယ္လို႔ ယင္းတို႔က ေျပာပါတယ္။
” ျပည္တြင္းေဈးကြက္မွာ ကားေဈးႏႈန္းေတြက်တာက သာမာန္ထက္၂၀ရာခိုင္ႏႈန္းေလာက္က်ေနတယ္။ အဓိကက ေတာ့ အရင္က ေဒၚလာတို႔ေ႐ႊတို႔ ေဈးတက္တာေတြ ႀကဳံတဲ့အခ်ိန္ ျမန္မာရဲ႕ေငြေၾကးအေပၚစိတ္မခ်ေတာ့တာေၾကာင့္အလြယ္ ရင္းႏွီးျမႇဳပ္ႏွံဖို႔ အိမ္ေတြကားေတြ ကိုဝယ္ယူ လာၾကရာကေန ေဈးေတြမတန္တဆျဖစ္လာတယ္။
အဲ့ဒီ့ေဈးႏႈန္းေတြကၾကာလာေတာ့လည္း အခုခ်ိန္မွာ အက်ဘက္ျပန္ေရာက္တဲ့သေဘာပါ ။ အခုဆို ေရာင္လိုအားအရမ္းမ်ားလာေတာ့ ေဈးအက်ဘက္ကို ပိုျဖစ္လာတာပါပဲ။
ဝယ္မယ့္သူေတြကေတာ့ ေဈးထက္အက်ကို ေစာင့္တာေတြလည္းရွိသလို ။ ေဈးက်ၿပီဆိုၿပီးလိုက္ဝယ္ေနတဲ့သူလည္းရွိလာတယ္။လို႔ ” ကားဝယ္ေရာင္း လုပ္ငန္းလုပ္ကိုင္သူ ဦး…က ေျပာပါတယ္။
တန္ဖိုးျမႇင့္ကားေတြရဲ႕ေဈးႏႈန္းက်ဆင္းမႈဟာ ေငြက်ပ္သိန္း၅၀၀တန္ဖိုးရွိကားေဈးဟာ ၅ရာခိုင္ႏႈန္းကေန၁၀ရာခိုင္ႏႈန္းအထိေဈးက်ဆင္းမႈႀကဳံေတြ႕ေနရၿပီး ေငြက်ပ္သိန္း၁၀၀၀ တန္ကားေဈးမွာရာခိုင္ႏႈန္း၂၀ကေန ၃၀ရာခိုင္ႏႈန္းအထိေဈးက်ဆင္းေနတယ္လို႔ ေျပာပါတယ္။
”က်ပ္ေငြသိန္း၅၀၀ေအာက္ ကားေတြနဲ႔ တစ္ပတ္ရစ္ဂ်ပန္ကားေတြရဲ႕ေဈးႏႈန္းကေတာ့က်ဆင္းေနေပမယ့္ တန္ဖိုးျမႇင့္ကားေတြထက္ က်ဆင္းမႈနည္းပါးၿပီး သိန္း၁၀ ဂဏန္းဝန္းက်င္သာေဈးက်သြားတယ္”လို႔ ကားအေရာင္းအဝယ္ လုပ္ကိုင္သူ ကိုေက်ာ္စိုးကေျပာပါတယ္။
ျမန္မာ့ကားေဈးကြက္အတြင္း မွာေတာ့ Toyota ေမာ္ေတာ္ကားကုမၸဏီက ျမန္မာႏိုင္ငံအတြင္းကားသစ္ေတြ ထုတ္လုပ္ေနၿပီျဖစ္ေၾကာင္းသတင္းေတြေရပန္းစားခဲ့ၿပီး မွာယူသူေတြကို ေမာ္ေတာ္ယဥ္အမ်ိဳးအစားႏွစ္မ်ိဳးကိုစတင္ေရာင္းခ်ေနၿပီဆိုတဲ့ ထုတ္ျပန္ခ်က္ေၾကာင့္လည္း ကားေဈးကြက္အတြင္း ကားေဈးေတြ ျပန္လႈပ္လာတဲ့သေဘာလို႔ ယင္းတို႔ကေျပာပါတယ္။
” လြန္ခဲ့တဲ့တစ္ပတ္ကမွ ကြၽန္ေတာ့္ ေ႐ႊငါးေလး ေရာင္းလိုက္တာ အျမင့္ကားဆိုၿပီးေဈးပိုရမလားလို႔ ၃၅သိန္းေလာက္ရႈံးသြားတယ္။အခု အျမင့္ကားေတြေဈးရာဂဏန္းခ်ီက်တယ္တယ္။
ဆယ္ဂဏန္းေလာက္ပဲဆိုေတာ့ ကိုယ္ကေတာင္ တစ္ပတ္ေစာေရာင္းလိုက္တာ ခုသာခံသာရွိသြားသလားမသိပါဘူး။ အခုက အေပၚေရာ ေအာက္ေရာ ကားေဈးေတြက်ေနတယ္” လို႔ ကားေရာင္းခ်ထားသူ တစ္ဦးကေျပာပါတယ္။
လက္ရွိကားအေရာင္းအဝယ္အေျခအေနဟာယခင္လကထက္ ျပည္တြင္းေဈးကြက္မွာ အေရာင္းအဝယ္မ်ားေနၿပီး တန္ဖိုးျမႇင့္ကား ကို ျပန္ေရာင္းခ်သူမ်ားအေနနဲ႔ အရႈံးေပၚတဲ့ေဈးနဲ႔ေရာင္းခ်ရဖြယ္ရွိေနေၾကာင္းသိရပါတယ္။
Credit