လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့်

Breaking News- မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် PDF က ပစ်ခတ်၊ လေတပ်စခန်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံရဟု စစ်တပ် အတည်ပြု

ရန်ကုန်၊ အောက်တိုဘာ ၁၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံလေတပ်စခန်းထဲသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၃ လုံးဖြင့် ယနေ့ ညပိုင်း ပစ်ခတ်တိုက်ခိုက်ကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရှိရသည်

အောက်တိုဘာလ ၁၄ ရက်နေ့ ည ၇ နာရီ ၅၀ မိနစ်ကျော် ပတ်ဝန်းကျင်အချိန်တွင် ၁၀၇ မမ ရှော့တိုက်ဒုံး များဖြင့် မင်္ဂလာဒုံ လေတပ် ပြုပြင်ရေးစခန်းထဲသို့ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်

” မင်္ဂလာလေတပ်စခန်း၊ ပြုပြင်ရေး စခန်းထဲကို ၁၀၇ မမ ၃ လုံး ပစ်ခတ်ပါတယ်။ ၃ လုံးထုထားတာက ၃ လုံးပါ။ ၃ လုံး ပစ်တာပါ” ဟု တော်လှန်ရေးရဲဘော်က ဆိုသည်။

မင်္ဂလာဒုံလေတပ်စခန်း၊ လေယာဉ် ထုတ်လုပ်ပြုပြင်ရေး ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခံရမှုကို မင်္ဂလာဒုံလေတပ်စခန်း သတင်းရင်းမြစ်ကလည်း အတည်ပြုသည်

“ဟုတ်တယ်။ လထခ (လေယာဉ် ထုတ်လုပ်ပြုပြင်ရေး ဌာနချုပ်)ကို ပစ်တာ။ အပျက် အစီးတော့မသိရသေးဘူး” ဟု မင်္ဂလာလေတပ်သတင်းရင်းမြစ်က ပြောသည်

Zawgyi

Breaking News- မဂၤလာဒုံေလတပ္စခန္းထဲသို႔ ၁၀၇ မမ ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ PDF က ပစ္ခတ္၊ ေလတပ္စခန္း ေရွာ့တိုက္ဒုံးမ်ားျဖင့္ ပစ္ခတ္တိုက္ခိုက္ခံရဟု စစ္တပ္ အတည္ျပဳ

ရန္ကုန္၊ ေအာက္တိုဘာ ၁၄

ရန္ကုန္တိုင္း၊ မဂၤလာဒုံေလတပ္စခန္းထဲသို႔ ၁၀၇ မမ ေရွာ့တိုက္ဒုံး ၃ လုံးျဖင့္ ယေန႔ ညပိုင္း ပစ္ခတ္တိုက္ခိုက္ေၾကာင္း ေတာ္လွန္ေရးရဲေဘာ္မ်ားထံမွ သိရွိရသည္

ေအာက္တိုဘာလ ၁၄ ရက္ေန႔ ည ၇ နာရီ ၅၀ မိနစ္ေက်ာ္ ပတ္ဝန္းက်င္အခ်ိန္တြင္ ၁၀၇ မမ ေရွာ့တိုက္ဒုံး မ်ားျဖင့္ မဂၤလာဒုံ ေလတပ္ ျပဳျပင္ေရးစခန္းထဲသို႔ ပစ္ခတ္တိုက္ခိုက္ျခင္းျဖစ္ေၾကာင္း သိရွိရသည္

” မဂၤလာေလတပ္စခန္း၊ ျပဳျပင္ေရး စခန္းထဲကို ၁၀၇ မမ ၃ လုံး ပစ္ခတ္ပါတယ္။ ၃ လုံးထုထားတာက ၃ လုံးပါ။ ၃ လုံး ပစ္တာပါ” ဟု ေတာ္လွန္ေရးရဲေဘာ္က ဆိုသည္။

မဂၤလာဒုံေလတပ္စခန္း၊ ေလယာဥ္ ထုတ္လုပ္ျပဳျပင္ေရး ဌာနခ်ဳပ္ကို ေရွာ့တိုက္ဒုံးမ်ားျဖင့္ တိုက္ခိုက္ခံရမႈကို မဂၤလာဒုံေလတပ္စခန္း သတင္းရင္းျမစ္ကလည္း အတည္ျပဳသည္

“ဟုတ္တယ္။ လထခ (ေလယာဥ္ ထုတ္လုပ္ျပဳျပင္ေရး ဌာနခ်ဳပ္)ကို ပစ္တာ။ အပ်က္ အစီးေတာ့မသိရေသးဘူး” ဟု မဂၤလာေလတပ္သတင္းရင္းျမစ္က ေျပာသည္