
ယခုလာမယ့် မြန်မာ့ကျောက်မျက်ရတနာပြပွဲတွင်မြန်မာကျပ်ငွေအပါအဝင် ငွေကြေး (၅)မျိုးဖြင့်ရောင်းချပေးသွားမည်
ယခုလအတွင်းလာမယ့်အောက်တိုဘာ၁၉ရက်ကနေ၂၅ရက်အထိ ၇ရက်ကြာကျင်းပမယ့်မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာပြည်တွင်းသုံးငွေကြေးအပြင်နိုင်ငံခြားသုံးငွေ၄မျိုးနဲ့ကျောက်မျက်ရတနာများကိုရောင်းချသွားမှာဖြစ်ကြောင်း
သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။ကျောက်မျက်ရတနာတွေကိုလာရောက်ဝယ်ယူမယ့်ရတနာကုန်သည်တွေအနေနဲ့ အမေရိကန်ဒေါ်လာ၊ယူရိုငွေကြေး၊ယွမ်းငွေ ၊ဘတ်ငွေစတဲ့နိုင်ငံခြားသုံးငွေကြေး၄မျိုးအပြင်
မြန်မာကျပ်ငွေနဲ့လည်းဝယ်ယူခွင့်ပြုသွားမယ်လို့ဆိုပါတယ်။မြန်မာ့ကျောက်မျက်ရတနာပြပွဲမှာ ပုလဲအတွဲ၄၀၀ ၊ကျောက်မျက်အတွဲ၁၂၀နဲ့ကျောက်စိမ်းအတွဲပေါင်း၂၁၅၀တို့ကိုပြသရောင်းချဖို့စီစဉ်ထားကြောင်းသံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနကသိရပါတယ်။
ပြပွဲမှာပုလဲအတွဲရောင်းချဖို့အခြေခံဈေးနှုန်းသတ်မှတ်မှုကိုအမေရိကန်ဒေါ်လာငွေနဲ့သတ်မှတ်ထားပြီး ကျောက်စိမ်း နဲ့ကျောက်မျက်အတွဲတွေရဲ့အခြေခံဈေးနှုန်းသတ်မှတ်ချက်ကိုယူရိုငွေကြေးနဲ့ သတ်မှတ်ပေးထားတယ်လို့ဆိုပါတယ်။
လက်ရှိကျင်းပမယ့်မြန်မာ့ကျောက်မျက်ရတနာပြပွဲဟာ(၅၈)ကြိမ်မြောက်နှစ်လယ်ပြပွဲဖြစ်ကာနှစ်စဉ်ကျင်းပနေကြနေပြည်တော်မဏိရတနာပြပွဲခန်းမမှာကျင်းပသွားမှာဖြစ်တယ်လို့သိရပါတယ်။
Credit
Zawgyi
ယခုလာမယ့္ ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲတြင္ျမန္မာက်ပ္ေငြအပါအဝင္ ေငြေၾကး (၅)မ်ိဳးျဖင့္ေရာင္းခ်ေပးသြားမည္
ယခုလအတြင္းလာမယ့္ေအာက္တိုဘာ၁၉ရက္ကေန၂၅ရက္အထိ ၇ရက္ၾကာက်င္းပမယ့္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမွာျပည္တြင္းသုံးေငြေၾကးအျပင္ႏိုင္ငံျခားသုံးေငြ၄မ်ိဳးနဲ႔ေက်ာက္မ်က္ရတနာမ်ားကိုေရာင္းခ်သြားမွာျဖစ္ေၾကာင္း
သံယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနကသိရပါတယ္။ေက်ာက္မ်က္ရတနာေတြကိုလာေရာက္ဝယ္ယူမယ့္ရတနာကုန္သည္ေတြအေနနဲ႔ အေမရိကန္ေဒၚလာ၊ယူ႐ိုေငြေၾကး၊ယြမ္းေငြ ၊ဘတ္ေငြစတဲ့ႏိုင္ငံျခားသုံးေငြေၾကး၄မ်ိဳးအျပင္
ျမန္မာက်ပ္ေငြနဲ႔လည္းဝယ္ယူခြင့္ျပဳသြားမယ္လို႔ဆိုပါတယ္။ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲမွာ ပုလဲအတြဲ၄၀၀ ၊ေက်ာက္မ်က္အတြဲ၁၂၀နဲ႔ေက်ာက္စိမ္းအတြဲေပါင္း၂၁၅၀တို႔ကိုျပသေရာင္းခ်ဖို႔စီစဥ္ထားေၾကာင္းသံယံဇာတႏွင့္သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနကသိရပါတယ္။
ျပပြဲမွာပုလဲအတြဲေရာင္းခ်ဖို႔အေျခခံေဈးႏႈန္းသတ္မွတ္မႈကိုအေမရိကန္ေဒၚလာေငြနဲ႔သတ္မွတ္ထားၿပီး ေက်ာက္စိမ္း နဲ႔ေက်ာက္မ်က္အတြဲေတြရဲ႕အေျခခံေဈးႏႈန္းသတ္မွတ္ခ်က္ကိုယူ႐ိုေငြေၾကးနဲ႔ သတ္မွတ္ေပးထားတယ္လို႔ဆိုပါတယ္။
လက္ရွိက်င္းပမယ့္ျမန္မာ့ေက်ာက္မ်က္ရတနာျပပြဲဟာ(၅၈)ႀကိမ္ေျမာက္ႏွစ္လယ္ျပပြဲျဖစ္ကာႏွစ္စဥ္က်င္းပေနၾကေနျပည္ေတာ္မဏိရတနာျပပြဲခန္းမမွာက်င္းပသြားမွာျဖစ္တယ္လို႔သိရပါတယ္။
Credit