တစစီတောင်ဖြစ်သွားနိုင်တဲ့……မုံရွာသားတွေရဲ့ စကေးကိုလည်း ရှိုးလိုက်အုံး…ပြန်ကြည့်မိ တာ အခါ၂၀ရှိပြီ အားရချက်..(ရုပ်/သံ)💪

မုံရွာမြို့ပေါ်တွင် စစ်တပ် ခြေလျင် စစ်ကြောင်းနှင့် စစ်ကားများ မိုင်းဆွဲခံရပြီး ၈ ဦးသေဆုံး (ရုပ်/သံ)

ရန်ကုန်၊ အောက်တိုဘာ

စစ်ကိုင်းတိုင်း မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းနှင့် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရပြီး ၈ ဦးသေဆုံးကြောင်း DGF အဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ခြေလျင် စစ်ကြောင်းနှင့် စစ်ကားများကို အောက်တိုဘာလ ၁၄ ရက်နေ့ ညနေ ၅ နာရီ ၃၁ မိနစ်တွင် ညောင်ပင်ဇောက်ရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်း မျက်နှာစာရှေ့ (မုံရွာ-မန္တလေး) လမ်းပိုင်းတွင် ပြင်းအားမြင့် ပဒေသာမိုင်း ၂ လုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၈ ဦးသေဆုံးကြောင်း သိရသည်။

မုံရွာမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်မှ စစ်သားများသည် ယနေ့ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စစ်ဆေးမှုများ တင်းကျပ်ထားပြီး ဘိုဘွားရိပ်သာတွင် အကြမ်းဖက် စစ်တပ်မှ စစ်ကြောင်း ၂ ကြောင်းပူးပေါင်းပြီး မုံရွာ-မန္တလေးလမ်း မြို့အဝင်အထိုင်ဂိတ်သို့ ခြေလျင် စစ်ကြောင်း၊

စစ်ကားများဖြင့် ထွက်ခွာလာစဉ် မုံရွာမြို့ပြပြောက်ကျား ရဲဘော်များက ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ဒီမိုကရက်တစ် ပြောက်ကျားတပ်ဖွဲ့ (Democratic Guerrilla Force) အဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi



ရန်ကုန်၊ အောက်တိုဘာ



