ဓာတ်ပုံရိုက်တဲ့ ဖုန်းက တရုတ်ဖုန်းဟုဆိုကာ တရုတ်ဖုန်းကိုင်သူ မီးရထားဝန်ထမ်းတိုင်း ဖမ်းဆီးစစ်ကြောခံနေရ

ဇိမ်ရှိရှိ ရထားစီးဖို့ ကြံတဲ့ မင်းအောင်လှိုင် သူ့ရထားတွဲ အတွင်းပိုင်း ဓာတ်ပုံတွေ ခေတ်သစ်က ဖော်ပြလိုက်လို့ မီးရထား အရာရှိနဲ့ ဝန်ထမ်း အများအပြား ကို ဖမ်းဆီး စစ်ကြောခိုင်း

ဓာတ်ပုံရိုက်တဲ့ ဖုန်းက တရုတ်ဖုန်းဟုဆိုကာ တရုတ်ဖုန်းကိုင်သူ မီးရထားဝန်ထမ်းတိုင်း ဖမ်းဆီးစစ်ကြောခံနေရ

ရန်ကုန်၊ အောက်တိုဘာ ၁၄

အကြမ်းဖက် မင်းအောင်လှိုင်က သူနှင့်သူ့မိသားစု စီးနင်းရန် တည်ဆောက်ထားသည့် အထူးရထားတွဲဆိုင်း ဓာတ်ပုံများ ခေတ်သစ်သတင်းဌာနထံ ပေါက်ကြားမှုကြောင့် မီးရထားဌာန အရာရှိနှင့် ဝန်ထမ်းများကို ဖမ်းဆီး စစ်ကြောခိုင်းနေကြောင်း မီးရထားသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ရန်ကုန်ခေတ်သစ်သတင်းဌာနက အောက်တိုဘာ ၁၃ ရက်နေ့တွင် မင်းအောင် လှိုင်နှင့်မိသားစု စီးနင်းမည့် အထူးရထားတွဲဆိုင်း သတင်းကို ဖော်ပြပြီးနောက် ယမန်နေ့ညပိုင်းတွင် မီးရထားအရာရှိနှင့်ဝန်ထမ်းများ အဖမ်းခံရခြင်းဖြစ် ကြောင်း ၊

ဓာတ်ပုံရိုက်ကူးသည့် ဖုန်းသည့် တရုတ် Vivo ဖုန်းအမျိုးအစားဖြစ်သည်ဟုဆိုကာ တရုတ်ဖုန်းကိုင်သူ ဝန်ထမ်းအများအပြား အဖမ်းခံထားရကြောင်း မီးရထားသတင်းရင်းမြစ်က ပြောသည်။

“တပ်ချုပ်ရဲ့ ပြင်ဦးလွင် ရထားခရီးစဉ်နဲ့ ရထားတွဲဆိုင်း သတင်းပေါက်ကြားလာမှုနဲ့ ရထား အတွင်းပိုင်းပြင်ဆင်မှု ဓါတ်ပုံများ ပေါက်ကြားလာမှုရဲ့နောက် ဆက်တွဲ ဂယက်က ရထားတွဲ တာဝန်ကျ ဝန်ထမ်းတွေအားလုံး အရာရှိတွေ၊

ဝန်ထမ်းတွေ အားလုံး အဖမ်းခံထားရပါတယ်။ မြစ်ငယ်ရထားစက်ခေါင်းစက်ရုံ အတွင်းမှာ ထိန်းသိမ်းထားပြီး ဖုန်းများကို စစ်ဆေးနေပါတယ်။

ပျဉ်းမနား စက်ခေါင်းပြင်စက်ရုံအတွင်းကိုလည်း ယူနီဖောင်းဝတ်၊ အရပ်ဝတ်တွေဝင်လာပြီး စက်ရုံ ဝန်ထမ်းများနဲ့ အထက်အရာရှိများကိုပါစစ်ဆေးနေပါတယ်။

ပျဉ်းမနားစက်ခေါင်းပြင်စက်ရုံမှ ငယ်သား ဝန်ထမ်းသုံးဦးကို အရပ်ဝတ် စစ်သားတွေက အိမ်စီးကားတွေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဘယ်နေရာ ခေါ်သွားလဲမသိရပါဘူး။ အကုန် စစ်ကြောရေးလုပ်ခံနေရပါတယ်” ဟု မီးရထား သတင်းရင်းမြစ်က ပြောသည်။

မင်းအောင်လှိုင်က ပြင်ဦးလွင်ရထားခရီးစဉ်ပေါက်ကြားမှုကြောင့် ပြင်ဦးလွင်-လားရှိုး ရထားလမ်းတစ်လျှောက် စစ်သားများ ပိုမိုချထားပြီး မိုင်းထောင်မည်ကို အထူးစိုးရိမ်နေကြောင်း၊ ရထားခရီးစဉ် ရွှေ့ဆိုင်းဖွယ်ရှိလာနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- အာဏာသိမ်းပြီးနောက် မီးရထားလမ်းများကို လိုက်လံစစ်ဆေးရင်း သူနှင့်သူ့မိသားစု စီးနင်းမည့် အထူးရထားတွဲဆိုင်းကို တည်ဆောက်ခိုင်းခဲ့သည့် မင်းအောင်လှိုင်။

Zawgyi

ဇိမ္ရွိရွိ ရထားစီးဖို႔ ႀကံတဲ့ မင္းေအာင္လႈိင္ သူ႔ရထားတြဲ အတြင္းပိုင္း ဓာတ္ပုံေတြ ေခတ္သစ္က ေဖာ္ျပလိုက္လို႔ မီးရထား အရာရွိနဲ႔ ဝန္ထမ္း အမ်ားအျပား ကို ဖမ္းဆီး စစ္ေၾကာခိုင္း

ဓာတ္ပုံ႐ိုက္တဲ့ ဖုန္းက တ႐ုတ္ဖုန္းဟုဆိုကာ တ႐ုတ္ဖုန္းကိုင္သူ မီးရထားဝန္ထမ္းတိုင္း ဖမ္းဆီးစစ္ေၾကာခံေနရ

ရန္ကုန္၊ ေအာက္တိုဘာ ၁၄

အၾကမ္းဖက္ မင္းေအာင္လႈိင္က သူႏွင့္သူ႔မိသားစု စီးနင္းရန္ တည္ေဆာက္ထားသည့္ အထူးရထားတြဲဆိုင္း ဓာတ္ပုံမ်ား ေခတ္သစ္သတင္းဌာနထံ ေပါက္ၾကားမႈေၾကာင့္ မီးရထားဌာန အရာရွိႏွင့္ ဝန္ထမ္းမ်ားကို ဖမ္းဆီး စစ္ေၾကာခိုင္းေနေၾကာင္း မီးရထားသတင္းရင္းျမစ္ထံမွ သိရွိရသည္။

ရန္ကုန္ေခတ္သစ္သတင္းဌာနက ေအာက္တိုဘာ ၁၃ ရက္ေန႔တြင္ မင္းေအာင္ လႈိင္ႏွင့္မိသားစု စီးနင္းမည့္ အထူးရထားတြဲဆိုင္း သတင္းကို ေဖာ္ျပၿပီးေနာက္ ယမန္ေန႔ညပိုင္းတြင္ မီးရထားအရာရွိႏွင့္ဝန္ထမ္းမ်ား အဖမ္းခံရျခင္းျဖစ္ ေၾကာင္း ၊

ဓာတ္ပုံ႐ိုက္ကူးသည့္ ဖုန္းသည့္ တ႐ုတ္ Vivo ဖုန္းအမ်ိဳးအစားျဖစ္သည္ဟုဆိုကာ တ႐ုတ္ဖုန္းကိုင္သူ ဝန္ထမ္းအမ်ားအျပား အဖမ္းခံထားရေၾကာင္း မီးရထားသတင္းရင္းျမစ္က ေျပာသည္။

“တပ္ခ်ဳပ္ရဲ႕ ျပင္ဦးလြင္ ရထားခရီးစဥ္နဲ႔ ရထားတြဲဆိုင္း သတင္းေပါက္ၾကားလာမႈနဲ႔ ရထား အတြင္းပိုင္းျပင္ဆင္မႈ ဓါတ္ပုံမ်ား ေပါက္ၾကားလာမႈရဲ႕ေနာက္ ဆက္တြဲ ဂယက္က ရထားတြဲ တာဝန္က် ဝန္ထမ္းေတြအားလုံး အရာရွိေတြ၊

ဝန္ထမ္းေတြ အားလုံး အဖမ္းခံထားရပါတယ္။ ျမစ္ငယ္ရထားစက္ေခါင္းစက္႐ုံ အတြင္းမွာ ထိန္းသိမ္းထားၿပီး ဖုန္းမ်ားကို စစ္ေဆးေနပါတယ္။

ပ်ဥ္းမနား စက္ေခါင္းျပင္စက္႐ုံအတြင္းကိုလည္း ယူနီေဖာင္းဝတ္၊ အရပ္ဝတ္ေတြဝင္လာၿပီး စက္႐ုံ ဝန္ထမ္းမ်ားနဲ႔ အထက္အရာရွိမ်ားကိုပါစစ္ေဆးေနပါတယ္။

ပ်ဥ္းမနားစက္ေခါင္းျပင္စက္႐ုံမွ ငယ္သား ဝန္ထမ္းသုံးဦးကို အရပ္ဝတ္ စစ္သားေတြက အိမ္စီးကားေတြနဲ႔ ဖမ္းဆီးေခၚေဆာင္သြားခဲ့ၿပီး ဘယ္ေနရာ ေခၚသြားလဲမသိရပါဘူး။ အကုန္ စစ္ေၾကာေရးလုပ္ခံေနရပါတယ္” ဟု မီးရထား သတင္းရင္းျမစ္က ေျပာသည္။

မင္းေအာင္လႈိင္က ျပင္ဦးလြင္ရထားခရီးစဥ္ေပါက္ၾကားမႈေၾကာင့္ ျပင္ဦးလြင္-လားရႈိး ရထားလမ္းတစ္ေလွ်ာက္ စစ္သားမ်ား ပိုမိုခ်ထားၿပီး မိုင္းေထာင္မည္ကို အထူးစိုးရိမ္ေနေၾကာင္း၊ ရထားခရီးစဥ္ ေ႐ႊ႕ဆိုင္းဖြယ္ရွိလာႏိုင္ေၾကာင္း သိရွိရသည္။

ဓာတ္ပုံ- အာဏာသိမ္းၿပီးေနာက္ မီးရထားလမ္းမ်ားကို လိုက္လံစစ္ေဆးရင္း သူႏွင့္သူ႔မိသားစု စီးနင္းမည့္ အထူးရထားတြဲဆိုင္းကို တည္ေဆာက္ခိုင္းခဲ့သည့္ မင္းေအာင္လႈိင္။