သင်္ချိုင်းကုန်းက ယူလာတဲ့ မြေကြီးကို အိမ်အောက်မှာ ခင်းမိလိုက်တဲ့အခါ (ပရလောက ဖြစ်ရပ်မှန်)

မသန့်တဲ့ မြေပုပ်”

ရွှေလုံး၏ ယောက္ခမ ဦးအောင်မင်းသည် ရွှေလုံးကို တဖျစ်တောက်တောက်ဖြင့် ဆူနေသည်မှာ မနက်အိပ်ရာထမှ ယခု မွန်းလွဲသည်ထိပင်။ နံနက် ထမင်းစားနေစဉ်မှာလည်း ဦးအောင်မင်း၏ဇနီး ဒေါ်လှကပင် နားငြီးလာသဖြင့် တားယူရသည်။

ဇနီးဖြစ်သူ မညိုက ရွှေလုံး၏ မျက်နှာကိုကြည့်၍ စိတ်မကောင်းဖြစ်နေ၏။ ရွှေလုံးက အိမ်မှာ ထန်းတောကို ထွက်လာရာ လမ်းတွင် ငတေးနှင့်တွေ့၍ နှစ်ယောက်အတူ ထန်းတောသို့ ရောက်သွားလေ၏။ ရွှေလုံးက ထန်းရည်တစ်မြူနှင့် အမဲခြောက်ဖုတ် တစ်ပန်းကန်ကို ထန်းတဲမှယူလာပြီး ခပ်လှမ်းလှမ်းရှိ ထန်းပင်အောက်၌ ငတေးနှင့်အတူ ထိုင်သောက်နေလေ၏။

ငတေးက … “ဟေ့ကောင် ငလုံး ။ မျက်နှာလည်း မကောင်းပါလား မိန်းမနဲ့ ရန်ဖြစ်လာလို့လား” ဟုမေးရာ ရွှေလုံးက… “မိန်းမနဲ့ မဟုတ်ဘူးကွ ယောက္ခထီးကြီးနဲ့ ” ဟု ပြောရာ… “ဘယ်လိုဖြစ်ကြတာလဲ အိမ်ပေါ်က နှင်ချလို့လား” “အေး …နှင်ချလိုက်ရင် တော်သေးတယ်။ ခုတော့ ငါသာထွက်မလာရင် ဘယ်လောက်တောင် ပြောခံရမလဲ မသိဘူး။ အမြှုပ်တွေတောင် ထွက်မလား မသိဘူး” ဟု ပြော၍ အုန်းမှုတ်ခွက်ဖြင့် ခပ်လိုက်သည့် ပင်ကျရည်အား အကုန်မော့၍ သော့လိုက်ပြီး အမဲခြောက်ကို ကိုက်စားလိုက်လေ၏။

“ဘယ်လိုဖြစ်ရတာလဲကွာ” ဟု ငတေးက စိတ်မကောင်းစွာမေးရင် သူလည်း တစ်ခွက်ခပ်သောက်ပြီး အမြည်းကို စားလိုက်လေ၏။ “ဖြစ်ပုံက ဒီလိုကွ” ဟု ရွှေလုံးက ပြောပြလေတော့၏။

ဦးအောင်မင်းက သားမက်ဖြစ်သူ ရွှေလုံးအား အိမ်အောက်တွင် သံမံတလင်းခင်းရန် အုတ်ကျိုး သဲ ဘိလပ်မြေနှင့် ကျောက်စရစ်တို့ကို ဝယ်ခိုင်းလိုက်လေ၏။ ရွှေလုံးသည် ဘိလပ်မြေ ကျောက်စရစ် အုတ်ကျိုးတို့ကို စျေးမေးပြီး မြစ် သဲ ဝယ်ရန် အတွက် သဲရောင်းသည့်ဆိုင်များကို သွားရောက် မေးမြန်းပြန်ရာ သဲကုန်နေသည့်ဆိုင်နှင့် ကားကြီးဖြစ်၍ သဲ ၂ ကျင်းမှသာပို့နိုင်မည် ဟု ဆိုသည့် ဆိုင်ကြောင့် ပြန်လှည့်လာစဉ် လက်ဖက်ရည်ဆိုင်မှ ပြန်လာသည့် ဖိုးထော်နှင့် လမ်းတွင် တွေ့လေ၏။

ဖိုးထော်မှာ ပန်းရံနောက်လိုက်ဖြစ်သဖြင့် သဲလိုသည့်ကိစ္စပြောဖြစ်ရာ ဖိုးထော်က သူ့အလုပ်တွင် သဲတစ်ကျင်းလောက်ပိုနေ၍ တစ်ကျင်းခန့်ရနိုင်ကြောင်း ပြောပြီး မနက်ဖြန် စောစောတွင် ကွန်ဒေါင်းဖြင့်သဲကို စောစောတင်၍ ကျန်ပစ္စည်းများကို နောက်မှတင်ရန် ဆောက်လုပ်ရေးဆိုင်တွင် စောင့်နေရန် ရွှေလုံးအား ညှိနှိုင်း၍ သဲတစ်ကျင်း အပြီး အငြိမ်း ကျပ် ၁၅၀၀၀ ဖြင့် ညှိနှိုင်းခဲ့လေ၏။

နောက်တစ်နေ့ ၈ နာရီလောက်တွင် ဖိုးထော်ပါလာသည့် သဲတင်ထားသော ကွန်ဒေါင်းသည် အိမ်ဆောက်ပစ္စည်း ဆိုင်ရှေ့တွင် ရပ်ကာ ရွှေလုံးနှင့်အတူ ဘိလပ်မြေ အုတ်ကျိုးနှင့် ကျောက်စရစ်တို့ကို ထပ်တင်ကာ အိမ်သို့ မောင်းလာခဲ့လေ၏။ ဖိုးထော်က ပစ္စည်းများ ကူချပေးပြီး သဲတစ်ကျင်းဖိုး ငွေကိုယူ၍ ပြန်သွားလေ၏။ ရွှေလုံးကြိုတင်မှာထားသည့် ပန်းရံဆရာနှင့်နေ့စား ၂ဦးတို့က အိမ်အောက်ခြေတွင် သံမံတလင်းခင်းလေ၏။

ပန်းရံဆရာနှင့် အဖွဲ့က ပုတ်ပြတ်လုပ်ပေးခဲ့ရာ ည ၇ နာရီတွင် ပြီးသွားလေ၏။ ပန်းရံဆရာက ခင်းထားသည့်သံမံတလင်းအား ရေနည်းနည်း ဖျန်းပေးရန်ပြောပြီး လုပ်အားခ ရှင်းယူကာ ပြန်သွားကြလေ၏။ ည ၉ နာရီလောက်တွင် ရွှေလုံးက ရေလောင်းပြီး အိမ်ပေါ်တက်လာခဲ့စဉ် ဇနီးမညိုမှာ တီဗီဇာတ်လမ်းတွဲ ကြည့်ရင်း တရှုံ့ရှုံ့ငိုနေလေရာ မည့်သည်ဇာတ်လမ်းတွဲ ဖြစ်နေ၍ မျက်ရည်မဆည်နိုင်ဖြစ်ရသည်ကို သိလို၍ တီဗီကြည့်နေသည့် မညိုဘေးသို့ ရွှေလုံး ဝင်ထိုင်လိုက်လေ၏။

ယောက္ခမကြီးတို့ လင်မယားက အိပ်ရာဝင်ရန် အခန်းထဲဝင်သွားပြီး (၇)တန်းကျောင်းသူ အသက် (၁၃)နှစ်ရှိ သမီးလေးမှာလည်း စာမေးပွဲနီး၍ စာကျက်နေ၏။ မညိုက မျက်ရည်စီးကျနေသဖြင့် စချင်သည်စိတ်ဖြင့် မညိုအား ဆွဲလှည့်လိုက်ရာ မညို၏ မျက်လုံးများမှာ နီရဲပြီး မီးဝင်းဝင်းတောက်မတတ်ပြူးပြီး ရွှေလုံးအား ဆောင့်တွန်းလိုက်ရာ တစ်လံလောက်လွင့်သွားပြီး “ဒုန်းကနဲ” အိမ်အလယ်တိုင်နှင့် ဆောင့်မိကာ ရွှေလုံးမှာ နာလည်းနာ အံ့အားလည်းသင့်နေစဉ် ယောက္ခမ လင်မယားက “ဟဲ့ …ဘာဖြစ်တာလဲ” ဟု မေးပြီး ထွက်လာသကဲ့သို့ စာကျက်နေသည့် သမီးကလည်း အိမ်ခန်းထဲမှ ပြေးထွက်လာလေ၏။

မညိုက ဆံပင်ဖားလျားဖြစ်သွားပြီး လူတွေကို ပြူးတူပြဲတဲဖြင့် လိုက်ကြည့်ကာ… “ငါ မြေပုံပေါ်က သဲတွေကို ယူလာတဲ့ အပြင် သင်္ချိုင်းအဝင်လမ်းမက သဲတွေကိုလည်း ထည့်လာတယ်။ ငါ့မြေပုံပေါ်က မြေကြီးတွေကိုလည်း ကျုံးထည့်ပြီး ငါ့ကိုခေါ်လာတဲ့အတွက် နင်တို့ဆီမှာနေရတော့မယ်။ ငါ အခု အမဲသား စားချင်တယ် ။ ငါ့ကို ပြန်မပို့မချင်း နေ့တိုင်းတစ်နေ့ ငါးဆယ်သားကျွေး။ ကျွေးရမယ့်နေရာက နင်တို့အိမ်ထောင့်က အမှိုက်ကျင်းထဲမှာ လာထားပေး…ငါ့ကို မနေစေချင်ရင် ငါသဲတွေ ငါ့ မြေကြီးတွေကို ပြန်ပို့ပေး ။ ကျုံးလာတဲ့ အကောင် သိတယ် ပြန်မပို့မချင်း အမဲသား မကျွေးလို့ကတော့ တစ်ယောက်ပြီး တစ်ယောက် သင်္ချိုင်းကို ခေါ်သွားမယ် ကြားကြရဲ့လား” ဟု အသံနက်ကြီးဖြင့် စူးစူးဝါးဝါး အော်ပြောပြီး မညိုမှာ လဲကျသွားလေတော့၏။

ဦးအောင်မင်းက သဲကိစ္စနှင့် ပတ်သတ်၍ ရွှေလုံးကိုမေးရာ ရွှေလုံးက သဲဝယ်၍ရသော်လည်း ကားအခက်အခဲ ရှိခြင်း ။ သဲ ၂ ကျင်းမှ ရောင်းပေးနိုင်မည်ဖြစ်ကြောင်းတို့ကြောင့် ဖိုးထော်က သူ၏ လုပ်ငန်းခွင်တွင် ပိုနေသည့် သဲတစ်ကျင်းအား ဝယ်ယူခဲ့ရသဖြင့် ဖိုးထော်ကို မေးကြည့်ပါဦးမည်ဟု ပြောကာ သူနှင့် ဖိုးထော် သဲကိစ္စညှိနှိုင်းမှုကို ပြောပြခဲ့လေ၏။

ဦးအောင်မင်းသည် မကျေနပ်သော်လည်း သဲကိစ္စကို သရဲမပြောသွားသည့်အတိုင်း ဟုတ်မဟုတ် ဂဃနဏ သိရန် ရွှေလုံးအား မနက်ဖြန် ဖိုးထော်အား သွားမေးရန်ပြောကာ တစ်အိမ်သားလုံး အိပ်ရာဝင်ခဲ့ကြလေ၏။

နောက်တစ်နေ့ စောစောတွင် ရွှေလုံးက ဖိုးထော်အား သွားတွေ့ပြီး လက်ဖက်ရည်ဆိုင်သို့ ခေါ်လာကာ မညိုအား သရဲမဝင်ပူးပြီး ပြောသွားကြောင်းကို ပြောပြရာ ဖိုးထော်က… “ငါတို့လုပ်ငန်းခွင်က ပိုတဲ့သဲက ကျင်းမတ်လောက်ပဲရှိတယ် သဲက နည်းနည်းလိုနေတုန်း ပန်းရံသမားမျိုးမြင့်က သင်္ချိုင်းမှာ အုတ်ဂူလုပ်လို့ ပိုနေတဲ့သဲတွေ ရှိတယ် ပြောတာနဲ့ အိတ်နဲ့ သွားသယ်ကြတယ် သဲက မလောက်သေးလို့ သင်္ချိုင်းအဝင် လမ်းပေါ်ကရော ။ ဂူဘေးက မြေပုံပေါ်ကပါ ယူလိုက်ရတာ ။ ငါလည်း ပါပါတယ်ကွာ ဘာမှမဖြစ်လောက်ဘူး ထင်လို့ပေါ့ကွာ” ဟု တောင်းပန်ရင်း ပြောလျှင် ရွှေလုံးက… “မင်းတို့ သဲယူတာကို အပြစ်မပြောလိုပါဘူး မင်းလူတွေက မြေပုံက မြေကြီးတွေကိုပါ ကျုံးယူလာတာ …အဲဒီမြေပုံက သရဲမက အိမ်ကိုလိုက်လာတာ အဲဒါက ပြဿနာပဲ အဘိုးကြီးက ညကရော ။ အခု မနက်ရော ငါ့ကိုပွမ်လို့မဆုံးဘူး” ဟု ပြောပြီး အဖြစ်မှန်ကို သိရသဖြင့် ရွှေလုံးက ပြန်ခဲ့လေ၏။

ရွှေလုံးက ဦးအောင်မင်းအား အဖြစ်အပျက်ကို ပြောပြသဖြင့် ချက်ချင်းပင် ပန်းရံအဖွဲ့မှ အလုပ်သမား ၂ ဦးကိုခေါ်၍ သံမံတလင်းခင်း ခင်ထားသည်များ ပြန်ဖျက်ကာ ဖျက်ပြီးသား အုတ် သဲ ကျောက်များကို အိမ်ရှေ့၌ ပုံလိုက်လေ၏။ နေ့လယ် ၁ နာရီခန့်တွင် အားလုံး ဖျက်ပြီးသွားရာ ကွန်ဒေါင်းတစ်စီးငှားပြီး မြေစာများကို ပြန်တင်၍ သင်္ချိုင်းကုန်းသို့ သွားပို့ စေ၏။

ရွှေလုံးပါ လိုက်သွားပြီး မြေပုံနှင့် လမ်းများပေါ်သို့ ပြန်ခင်းပေးခဲ့ရာ ညနေ( ၅)နာရီထိုးမှ ပြီးသွားလေ၏။ ဒေါ်လှက သရဲမပြောထားသည့်အတိုင်း အမဲသား ငါးဆယ်သားဝယ်၍ ဟင်းချက်ကာ ထမင်းနှင့်အတူ ခြံထောင့်က အမှိုက်ကျင်းတွင် ဖက်နှင့်ပုံပြီး သရဲမအား လာရောက် စားသောက်ပါရန် ပြောပြီး သဲများ။ မြေကြီးများကိုလည်း ပြန်တူးယူ၍ မြေပုံပေါ်နှင့် လမ်းမပေါ်တွင် ပြန်ထားလိုက်ပြီးဖြစ်ကြောင်း တဖွဖွနှင့် ပြောလိုက်လေ၏။

ထိုညက သရဲမသည် ဝင်ပူးခြင်း နှောင့်ယှက်ခြင်း မရှိတော့ချေ။ တစ်အိမ်သားလုံးး ဘုရား ရှိခိုး အမျှဝေကာ ခပ်လန့်လန့် နှင့်ပင် အိပ်ကြလေ၏။ ဦးအောင်မင်းက ရွှေလုံးအား အပြစ်မပြောတော့ဘဲ ထပ်မံ၍ အုတ် သဲ ကျောက်စရစ် ဘိလပ်မြေတို့ကို ဝယ်ရန် ထပ်မံ၍ လွှတ်လိုက်သဖြင့် ကားကြီးနှင့်ပင် ပစ္စည်းအားလုံး ဝယ်လာကာ ယမန်နေ့က ပန်းရံအဖွဲ့ကိုပင် သံမံတလင်း ပြန်ခင်းခိုင်းရာ ညနေ ၆ နာရီတွင် ခင်းကျင်းပြီးလေ၏။

ဦးအောင်မင်းက လိုရမည်ရ သရဲမအတွက်လည်း မနေ့ကအတိုင်း အမဲသား ငါးဆယ်သားကို ချက်ပြုတ်၍ သွားကျွေးစေသည်။ ဦးအောင်မင်းနှင့် ဒေါ်လှသည် ဆရာတော် ကျောင်းသို့ သွား၍ ဖြစ်ပျက်ပုံ အလုံးစုံကို လျှောက်ထားခဲ့ပြီး ဆရာတော်၏ မိန့်မှာချက်အရ ညနေ ၄ နာရီတွင် အိမ်၌ သံဃာတော် ၅ ပါး ပင့်၍ လှူဒါန်းတရားနာကာ ပရိတ်တရားများ ရွတ်ဖတ်ပြီး ကမ္မဝါဖတ်ခြင်း။ သရဲမအတွက် အလှူပေးခြင်းများကို ပြုလုပ်လိုက်သဖြင့် တစ်အိမ်သားလုံး စိတ်နှလုံး ရှင်းလင်းသွားစေတော့၏။

သရဲမသည်လည်း မည်သို့မျှ မနှောင့်ယှက်တော့ပေ။ မည်သို့ပင် ဖြစ်စေ ရွှေလုံးနှင့် တရားနာသူများအဖို့ သင်ခန်းစာ တစ်ခု ရလိုက်ပေတော့သည်။ မှတ်ချက် – အဖြစ်မှန်ကို ဖော်ပြခြင်းဖြစ်ပါ၍ နာမည်လွှဲပြောင်းထားပါသည်။

မူရင်းရေးသူ ဆရာ တစ်မိုးအောက်

Zawgyi

မသန႔္တဲ့ ေျမပုပ္”

ေ႐ႊလုံး၏ ေယာကၡမ ဦးေအာင္မင္းသည္ ေ႐ႊလုံးကို တဖ်စ္ေတာက္ေတာက္ျဖင့္ ဆူေနသည္မွာ မနက္အိပ္ရာထမွ ယခု မြန္းလြဲသည္ထိပင္။ နံနက္ ထမင္းစားေနစဥ္မွာလည္း ဦးေအာင္မင္း၏ဇနီး ေဒၚလွကပင္ နားၿငီးလာသျဖင့္ တားယူရသည္။

ဇနီးျဖစ္သူ မညိဳက ေ႐ႊလုံး၏ မ်က္ႏွာကိုၾကည့္၍ စိတ္မေကာင္းျဖစ္ေန၏။ ေ႐ႊလုံးက အိမ္မွာ ထန္းေတာကို ထြက္လာရာ လမ္းတြင္ ငေတးႏွင့္ေတြ႕၍ ႏွစ္ေယာက္အတူ ထန္းေတာသို႔ ေရာက္သြားေလ၏။ ေ႐ႊလုံးက ထန္းရည္တစ္ျမဴႏွင့္ အမဲေျခာက္ဖုတ္ တစ္ပန္းကန္ကို ထန္းတဲမွယူလာၿပီး ခပ္လွမ္းလွမ္းရွိ ထန္းပင္ေအာက္၌ ငေတးႏွင့္အတူ ထိုင္ေသာက္ေနေလ၏။

ငေတးက … “ေဟ့ေကာင္ ငလုံး ။ မ်က္ႏွာလည္း မေကာင္းပါလား မိန္းမနဲ႔ ရန္ျဖစ္လာလို႔လား” ဟုေမးရာ ေ႐ႊလုံးက… “မိန္းမနဲ႔ မဟုတ္ဘူးကြ ေယာကၡထီးႀကီးနဲ႔ ” ဟု ေျပာရာ… “ဘယ္လိုျဖစ္ၾကတာလဲ အိမ္ေပၚက ႏွင္ခ်လို႔လား” “ေအး …ႏွင္ခ်လိုက္ရင္ ေတာ္ေသးတယ္။ ခုေတာ့ ငါသာထြက္မလာရင္ ဘယ္ေလာက္ေတာင္ ေျပာခံရမလဲ မသိဘူး။ အျမႇဳပ္ေတြေတာင္ ထြက္မလား မသိဘူး” ဟု ေျပာ၍ အုန္းမႈတ္ခြက္ျဖင့္ ခပ္လိုက္သည့္ ပင္က်ရည္အား အကုန္ေမာ့၍ ေသာ့လိုက္ၿပီး အမဲေျခာက္ကို ကိုက္စားလိုက္ေလ၏။

“ဘယ္လိုျဖစ္ရတာလဲကြာ” ဟု ငေတးက စိတ္မေကာင္းစြာေမးရင္ သူလည္း တစ္ခြက္ခပ္ေသာက္ၿပီး အျမည္းကို စားလိုက္ေလ၏။ “ျဖစ္ပုံက ဒီလိုကြ” ဟု ေ႐ႊလုံးက ေျပာျပေလေတာ့၏။

ဦးေအာင္မင္းက သားမက္ျဖစ္သူ ေ႐ႊလုံးအား အိမ္ေအာက္တြင္ သံမံတလင္းခင္းရန္ အုတ္က်ိဳး သဲ ဘိလပ္ေျမႏွင့္ ေက်ာက္စရစ္တို႔ကို ဝယ္ခိုင္းလိုက္ေလ၏။ ေ႐ႊလုံးသည္ ဘိလပ္ေျမ ေက်ာက္စရစ္ အုတ္က်ိဳးတို႔ကို ေစ်းေမးၿပီး ျမစ္ သဲ ဝယ္ရန္ အတြက္ သဲေရာင္းသည့္ဆိုင္မ်ားကို သြားေရာက္ ေမးျမန္းျပန္ရာ သဲကုန္ေနသည့္ဆိုင္ႏွင့္ ကားႀကီးျဖစ္၍ သဲ ၂ က်င္းမွသာပို႔ႏိုင္မည္ ဟု ဆိုသည့္ ဆိုင္ေၾကာင့္ ျပန္လွည့္လာစဥ္ လက္ဖက္ရည္ဆိုင္မွ ျပန္လာသည့္ ဖိုးေထာ္ႏွင့္ လမ္းတြင္ ေတြ႕ေလ၏။

ဖိုးေထာ္မွာ ပန္းရံေနာက္လိုက္ျဖစ္သျဖင့္ သဲလိုသည့္ကိစၥေျပာျဖစ္ရာ ဖိုးေထာ္က သူ႔အလုပ္တြင္ သဲတစ္က်င္းေလာက္ပိုေန၍ တစ္က်င္းခန႔္ရႏိုင္ေၾကာင္း ေျပာၿပီး မနက္ျဖန္ ေစာေစာတြင္ ကြန္ေဒါင္းျဖင့္သဲကို ေစာေစာတင္၍ က်န္ပစၥည္းမ်ားကို ေနာက္မွတင္ရန္ ေဆာက္လုပ္ေရးဆိုင္တြင္ ေစာင့္ေနရန္ ေ႐ႊလုံးအား ညႇိႏႈိင္း၍ သဲတစ္က်င္း အၿပီး အၿငိမ္း က်ပ္ ၁၅၀၀၀ ျဖင့္ ညႇိႏႈိင္းခဲ့ေလ၏။

ေနာက္တစ္ေန႔ ၈ နာရီေလာက္တြင္ ဖိုးေထာ္ပါလာသည့္ သဲတင္ထားေသာ ကြန္ေဒါင္းသည္ အိမ္ေဆာက္ပစၥည္း ဆိုင္ေရွ႕တြင္ ရပ္ကာ ေ႐ႊလုံးႏွင့္အတူ ဘိလပ္ေျမ အုတ္က်ိဳးႏွင့္ ေက်ာက္စရစ္တို႔ကို ထပ္တင္ကာ အိမ္သို႔ ေမာင္းလာခဲ့ေလ၏။ ဖိုးေထာ္က ပစၥည္းမ်ား ကူခ်ေပးၿပီး သဲတစ္က်င္းဖိုး ေငြကိုယူ၍ ျပန္သြားေလ၏။ ေ႐ႊလုံးႀကိဳတင္မွာထားသည့္ ပန္းရံဆရာႏွင့္ေန႔စား ၂ဦးတို႔က အိမ္ေအာက္ေျခတြင္ သံမံတလင္းခင္းေလ၏။

ပန္းရံဆရာႏွင့္ အဖြဲ႕က ပုတ္ျပတ္လုပ္ေပးခဲ့ရာ ည ၇ နာရီတြင္ ၿပီးသြားေလ၏။ ပန္းရံဆရာက ခင္းထားသည့္သံမံတလင္းအား ေရနည္းနည္း ဖ်န္းေပးရန္ေျပာၿပီး လုပ္အားခ ရွင္းယူကာ ျပန္သြားၾကေလ၏။ ည ၉ နာရီေလာက္တြင္ ေ႐ႊလုံးက ေရေလာင္းၿပီး အိမ္ေပၚတက္လာခဲ့စဥ္ ဇနီးမညိဳမွာ တီဗီဇာတ္လမ္းတြဲ ၾကည့္ရင္း တရႈံ႕ရႈံ႕ငိုေနေလရာ မည့္သည္ဇာတ္လမ္းတြဲ ျဖစ္ေန၍ မ်က္ရည္မဆည္ႏိုင္ျဖစ္ရသည္ကို သိလို၍ တီဗီၾကည့္ေနသည့္ မညိဳေဘးသို႔ ေ႐ႊလုံး ဝင္ထိုင္လိုက္ေလ၏။

ေယာကၡမႀကီးတို႔ လင္မယားက အိပ္ရာဝင္ရန္ အခန္းထဲဝင္သြားၿပီး (၇)တန္းေက်ာင္းသူ အသက္ (၁၃)ႏွစ္ရွိ သမီးေလးမွာလည္း စာေမးပြဲနီး၍ စာက်က္ေန၏။ မညိဳက မ်က္ရည္စီးက်ေနသျဖင့္ စခ်င္သည္စိတ္ျဖင့္ မညိဳအား ဆြဲလွည့္လိုက္ရာ မညိဳ၏ မ်က္လုံးမ်ားမွာ နီရဲၿပီး မီးဝင္းဝင္းေတာက္မတတ္ျပဴးၿပီး ေ႐ႊလုံးအား ေဆာင့္တြန္းလိုက္ရာ တစ္လံေလာက္လြင့္သြားၿပီး “ဒုန္းကနဲ” အိမ္အလယ္တိုင္ႏွင့္ ေဆာင့္မိကာ ေ႐ႊလုံးမွာ နာလည္းနာ အံ့အားလည္းသင့္ေနစဥ္ ေယာကၡမ လင္မယားက “ဟဲ့ …ဘာျဖစ္တာလဲ” ဟု ေမးၿပီး ထြက္လာသကဲ့သို႔ စာက်က္ေနသည့္ သမီးကလည္း အိမ္ခန္းထဲမွ ေျပးထြက္လာေလ၏။

မညိဳက ဆံပင္ဖားလ်ားျဖစ္သြားၿပီး လူေတြကို ျပဴးတူၿပဲတဲျဖင့္ လိုက္ၾကည့္ကာ… “ငါ ေျမပုံေပၚက သဲေတြကို ယူလာတဲ့ အျပင္ သခ်ႋဳင္းအဝင္လမ္းမက သဲေတြကိုလည္း ထည့္လာတယ္။ ငါ့ေျမပုံေပၚက ေျမႀကီးေတြကိုလည္း က်ဳံးထည့္ၿပီး ငါ့ကိုေခၚလာတဲ့အတြက္ နင္တို႔ဆီမွာေနရေတာ့မယ္။ ငါ အခု အမဲသား စားခ်င္တယ္ ။ ငါ့ကို ျပန္မပို႔မခ်င္း ေန႔တိုင္းတစ္ေန႔ ငါးဆယ္သားေကြၽး။ ေကြၽးရမယ့္ေနရာက နင္တို႔အိမ္ေထာင့္က အမႈိက္က်င္းထဲမွာ လာထားေပး…ငါ့ကို မေနေစခ်င္ရင္ ငါသဲေတြ ငါ့ ေျမႀကီးေတြကို ျပန္ပို႔ေပး ။ က်ဳံးလာတဲ့ အေကာင္ သိတယ္ ျပန္မပို႔မခ်င္း အမဲသား မေကြၽးလို႔ကေတာ့ တစ္ေယာက္ၿပီး တစ္ေယာက္ သခ်ႋဳင္းကို ေခၚသြားမယ္ ၾကားၾကရဲ႕လား” ဟု အသံနက္ႀကီးျဖင့္ စူးစူးဝါးဝါး ေအာ္ေျပာၿပီး မညိဳမွာ လဲက်သြားေလေတာ့၏။

ဦးေအာင္မင္းက သဲကိစၥႏွင့္ ပတ္သတ္၍ ေ႐ႊလုံးကိုေမးရာ ေ႐ႊလုံးက သဲဝယ္၍ရေသာ္လည္း ကားအခက္အခဲ ရွိျခင္း ။ သဲ ၂ က်င္းမွ ေရာင္းေပးႏိုင္မည္ျဖစ္ေၾကာင္းတို႔ေၾကာင့္ ဖိုးေထာ္က သူ၏ လုပ္ငန္းခြင္တြင္ ပိုေနသည့္ သဲတစ္က်င္းအား ဝယ္ယူခဲ့ရသျဖင့္ ဖိုးေထာ္ကို ေမးၾကည့္ပါဦးမည္ဟု ေျပာကာ သူႏွင့္ ဖိုးေထာ္ သဲကိစၥညႇိႏႈိင္းမႈကို ေျပာျပခဲ့ေလ၏။

ဦးေအာင္မင္းသည္ မေက်နပ္ေသာ္လည္း သဲကိစၥကို သရဲမေျပာသြားသည့္အတိုင္း ဟုတ္မဟုတ္ ဂဃနဏ သိရန္ ေ႐ႊလုံးအား မနက္ျဖန္ ဖိုးေထာ္အား သြားေမးရန္ေျပာကာ တစ္အိမ္သားလုံး အိပ္ရာဝင္ခဲ့ၾကေလ၏။

ေနာက္တစ္ေန႔ ေစာေစာတြင္ ေ႐ႊလုံးက ဖိုးေထာ္အား သြားေတြ႕ၿပီး လက္ဖက္ရည္ဆိုင္သို႔ ေခၚလာကာ မညိဳအား သရဲမဝင္ပူးၿပီး ေျပာသြားေၾကာင္းကို ေျပာျပရာ ဖိုးေထာ္က… “ငါတို႔လုပ္ငန္းခြင္က ပိုတဲ့သဲက က်င္းမတ္ေလာက္ပဲရွိတယ္ သဲက နည္းနည္းလိုေနတုန္း ပန္းရံသမားမ်ိဳးျမင့္က သခ်ႋဳင္းမွာ အုတ္ဂူလုပ္လို႔ ပိုေနတဲ့သဲေတြ ရွိတယ္ ေျပာတာနဲ႔ အိတ္နဲ႔ သြားသယ္ၾကတယ္ သဲက မေလာက္ေသးလို႔ သခ်ႋဳင္းအဝင္ လမ္းေပၚကေရာ ။ ဂူေဘးက ေျမပုံေပၚကပါ ယူလိုက္ရတာ ။ ငါလည္း ပါပါတယ္ကြာ ဘာမွမျဖစ္ေလာက္ဘူး ထင္လို႔ေပါ့ကြာ” ဟု ေတာင္းပန္ရင္း ေျပာလွ်င္ ေ႐ႊလုံးက… “မင္းတို႔ သဲယူတာကို အျပစ္မေျပာလိုပါဘူး မင္းလူေတြက ေျမပုံက ေျမႀကီးေတြကိုပါ က်ဳံးယူလာတာ …အဲဒီေျမပုံက သရဲမက အိမ္ကိုလိုက္လာတာ အဲဒါက ျပႆနာပဲ အဘိုးႀကီးက ညကေရာ ။ အခု မနက္ေရာ ငါ့ကိုပြမ္လို႔မဆုံးဘူး” ဟု ေျပာၿပီး အျဖစ္မွန္ကို သိရသျဖင့္ ေ႐ႊလုံးက ျပန္ခဲ့ေလ၏။

ေ႐ႊလုံးက ဦးေအာင္မင္းအား အျဖစ္အပ်က္ကို ေျပာျပသျဖင့္ ခ်က္ခ်င္းပင္ ပန္းရံအဖြဲ႕မွ အလုပ္သမား ၂ ဦးကိုေခၚ၍ သံမံတလင္းခင္း ခင္ထားသည္မ်ား ျပန္ဖ်က္ကာ ဖ်က္ၿပီးသား အုတ္ သဲ ေက်ာက္မ်ားကို အိမ္ေရွ႕၌ ပုံလိုက္ေလ၏။ ေန႔လယ္ ၁ နာရီခန႔္တြင္ အားလုံး ဖ်က္ၿပီးသြားရာ ကြန္ေဒါင္းတစ္စီးငွားၿပီး ေျမစာမ်ားကို ျပန္တင္၍ သခ်ႋဳင္းကုန္းသို႔ သြားပို႔ ေစ၏။

ေ႐ႊလုံးပါ လိုက္သြားၿပီး ေျမပုံႏွင့္ လမ္းမ်ားေပၚသို႔ ျပန္ခင္းေပးခဲ့ရာ ညေန( ၅)နာရီထိုးမွ ၿပီးသြားေလ၏။ ေဒၚလွက သရဲမေျပာထားသည့္အတိုင္း အမဲသား ငါးဆယ္သားဝယ္၍ ဟင္းခ်က္ကာ ထမင္းႏွင့္အတူ ၿခံေထာင့္က အမႈိက္က်င္းတြင္ ဖက္ႏွင့္ပုံၿပီး သရဲမအား လာေရာက္ စားေသာက္ပါရန္ ေျပာၿပီး သဲမ်ား။ ေျမႀကီးမ်ားကိုလည္း ျပန္တူးယူ၍ ေျမပုံေပၚႏွင့္ လမ္းမေပၚတြင္ ျပန္ထားလိုက္ၿပီးျဖစ္ေၾကာင္း တဖြဖြႏွင့္ ေျပာလိုက္ေလ၏။

ထိုညက သရဲမသည္ ဝင္ပူးျခင္း ေႏွာင့္ယွက္ျခင္း မရွိေတာ့ေခ်။ တစ္အိမ္သားလုံးး ဘုရား ရွိခိုး အမွ်ေဝကာ ခပ္လန႔္လန႔္ ႏွင့္ပင္ အိပ္ၾကေလ၏။ ဦးေအာင္မင္းက ေ႐ႊလုံးအား အျပစ္မေျပာေတာ့ဘဲ ထပ္မံ၍ အုတ္ သဲ ေက်ာက္စရစ္ ဘိလပ္ေျမတို႔ကို ဝယ္ရန္ ထပ္မံ၍ လႊတ္လိုက္သျဖင့္ ကားႀကီးႏွင့္ပင္ ပစၥည္းအားလုံး ဝယ္လာကာ ယမန္ေန႔က ပန္းရံအဖြဲ႕ကိုပင္ သံမံတလင္း ျပန္ခင္းခိုင္းရာ ညေန ၆ နာရီတြင္ ခင္းက်င္းၿပီးေလ၏။

ဦးေအာင္မင္းက လိုရမည္ရ သရဲမအတြက္လည္း မေန႔ကအတိုင္း အမဲသား ငါးဆယ္သားကို ခ်က္ျပဳတ္၍ သြားေကြၽးေစသည္။ ဦးေအာင္မင္းႏွင့္ ေဒၚလွသည္ ဆရာေတာ္ ေက်ာင္းသို႔ သြား၍ ျဖစ္ပ်က္ပုံ အလုံးစုံကို ေလွ်ာက္ထားခဲ့ၿပီး ဆရာေတာ္၏ မိန႔္မွာခ်က္အရ ညေန ၄ နာရီတြင္ အိမ္၌ သံဃာေတာ္ ၅ ပါး ပင့္၍ လႉဒါန္းတရားနာကာ ပရိတ္တရားမ်ား ႐ြတ္ဖတ္ၿပီး ကမၼဝါဖတ္ျခင္း။ သရဲမအတြက္ အလႉေပးျခင္းမ်ားကို ျပဳလုပ္လိုက္သျဖင့္ တစ္အိမ္သားလုံး စိတ္ႏွလုံး ရွင္းလင္းသြားေစေတာ့၏။

သရဲမသည္လည္း မည္သို႔မွ် မေႏွာင့္ယွက္ေတာ့ေပ။ မည္သို႔ပင္ ျဖစ္ေစ ေ႐ႊလုံးႏွင့္ တရားနာသူမ်ားအဖို႔ သင္ခန္းစာ တစ္ခု ရလိုက္ေပေတာ့သည္။ မွတ္ခ်က္ – အျဖစ္မွန္ကို ေဖာ္ျပျခင္းျဖစ္ပါ၍ နာမည္လႊဲေျပာင္းထားပါသည္။

မူရင္းေရးသူ ဆရာ တစ္မိုးေအာက္