သမိုင်းဝင် အင်းဝ တစ်ဖက်ကမ်းမှ အပေါ်ပိုင်းဗလာကျင်း အမျိုးသမီးများ၏ လုပ်ငန်းခွင်…!

မြန်မာနိုင်ငံ အထက်ပိုင်း ရှေးမြန်မာမင်းဆက်များ၏ မင်းနေပြည်တော် အင်းဝမြို့ဟောင်း တစ်ဖက်ကမ်း ဧရာဝတီမြစ်ကမ်းဘေးတွင် အမျိုးသမီးများ အထက်ပိုင်းဗလာကျင်းဖြင့် လုပ်ကိုင်ကြသည့် လုပ်ငန်းခွင်တစ်ခု ရှိနေသည်။

ထိုရွာမှ ဧရာဝတီမြစ်ကိုဖြတ်ကျော်၍ လှမ်းကြည့်လိုက်သော် နိုင်ငံခြားသားများ လာရောက်လေ့လာရာ အင်းဝဘက်ကမ်းမှ ဘကြီးတော်မင်း၏ မိဖုရားခေါင်ကြီး မယ်နုအုတ်ကျောင်းကို ခပ်ပျပျမြင်ရသည်။

အိမ်ခြေ ၄၀၀ ခန့်ရှိသော ဒေါင်းမကျေးရွာသည် နှစ်ပေါင်းများစွာ မြန်မာထုံးစံဖြင့် ရွှေပွားစက္ကူခတ်လုပ်ငန်း လုပ်ကိုင်နေသော ရွာဖြစ်ပြီး ထိုရွာအနီးသို့ ရောက်သွားပါက အက်ကွဲနေသည့် လင်ကွင်းချမ်းကို စည်းချက်ညီညီ ခပ်သွက်သွက်ရိုက်ခတ်လိုက်သောအခါ ထွက်ပေါ်လာသော အသံကဲ့သို့ “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်”ဟု အသံကို ကြားရမည်ဖြစ်သည်။

ယင်းအသံများသည် အချို့သောနေအိမ်ခြံဝင်းများအတွင်း မြေကျင်းတူး၍ ဆောက်လုပ်ထားသော မြေတိုက်ခန်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာနေခြင်းဖြစ်သည်။

ဝါးစက္ကူရိုက်သည့် မြေတိုက်ခန်းများကို အပြင်မှလှမ်းကြည့်လိုက်ပါက သုံးပေခန့်အကျယ်ရှိသော အဝင်တံခါးပေါက်၌ မြေတိုက်ခန်းအတွင်းသို့ မမြင်နိုင်စေရန် အဝတ်စ သို့မဟုတ် ဝါညစ်ညစ်အရောင်ရှိသော ပလတ်စတစ်အထူစများဖြင့် ကာရံထားသည်ကို တွေ့ရသည်။

မြေတိုက်ခန်းသည် အနက်ခုနစ်ပေဝန်းကျင်ခန့်ရှိပြီး အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့် ရှိမည်ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် ဖွဲ့စည်းထားသည်။

ထိုမြေတိုက်ခန်းအတွင်းသို့ အုတ်လှေကား သို့မဟုတ် မြေသားဖြင့်ပင် လှေကားပုံစံဖော်ထားသည့်နေရာမှ ဆင်း၍သွားရသည်။

ထိုမြေတိုက်ခန်းအတွင်းသို့ အခွင့်မရှိပါက အမျိုးသားများ ဝင်ရောက်ခွင့်မရှိပေ။

မြေတိုက်ခန်းများအတွင်း၌ ဒေသခံအမျိုးသမီးငယ်များသည် မြန်မာ့ရိုးရာ ရွှေပွားစက္ကူတစ်ရွက်ရရန် နောက်ဆုံးအဆင့်ဖြစ်သော ဝါးစက္ကူအစို ဒါမှမဟုတ် အခြောက်ကို ကြေးဝါတုံးပေါ်တင်၍ နေသောကြောင့် “တုတ် . . . ချန့်၊ တုတ် . . . ချန့်၊ တုတ် . . . ချန့်ဟူသော” အသံများ ထွက်ပေါ်လာရခြင်းဖြစ်ကြောင်း ဒေါင်းမကျေးရွာရှိ ဝင်းဝင်းနု ရွှေပွား (ဝါးစက္ကူ) လုပ်ငန်းပိုင်ရှင် ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

ဝါးစက္ကူရိုက်နေသော အမျိုးသမီးငယ် (အလုပ်သမ) များသည် မြေတိုက်ခန်း၏အပူရှိန်နှင့် ခန္ဓာကိုယ်မှထွက်သော အပူငွေ့တို့ပေါင်းစပ်၍ ဖြစ်ပေါ်လာသည့် ပူအိုက်မှုဒဏ်ကို သက်သာစေရန် ကိုယ်ခန္ဓာအပေါ်ပိုင်းရှိ အဝတ်အစားများကိုချွတ်၍ လုပ်ကိုင်နေကြသောကြောင့် အမျိုးသားများဝင်ရောက်ခွင့် မရှိခြင်းဖြစ်ကြောင်းလည်း ရှင်းပြသည်။

“လုံးဝဝင်လို့မရတာတော့ မဟုတ်ပါဘူး။ ဧည့်သည်က လာလေ့လာချင်လို့ ဟေ့ . . . လို့ အပြင်ကနေ အော်လိုက်ရင် အထဲမှာအလုပ်လုပ်နေတဲ့မိန်းကလေးတွေက အဝတ်အစား ပြန်ပြင်ဆင်ဝတ်ရတာပေါ့”ဟု ဒေါ်ဝင်းဝင်းနုက ရယ်သံသဲ့သဲ့ဖြင့် ဆိုသည်။

အိမ်ခြေ ၃၈၀ ရှိသော ဒေါင်းမကျေးရွာတွင် ရွှေပွားစက္ကူလုပ်ငန်းကို အစအဆုံးလုပ်ကိုင်ကြသည့် လုပ်ငန်းရှင်ခြောက်ဦးရှိပြီး မြေတိုက်ခန်းအရေအတွက် ၂၀ ခန့်တွင် ဒေသခံအမျိုးသမီးငယ် တစ်ရာခန့် လုပ်ကိုင်နေကြောင်း ပြောပြသည်။

ဒေါ်ဝင်းဝင်းနု၏ ခွင့်ပြုချက်ဖြင့် သူပိုင်ဆိုင်သည့် ဝင်းသိင်္ဂီမြေတိုက်ခန်းအဆင်း အုတ်လှေကားများကို ကျော်ဖြတ်ကာ အဝင်တံခါးဝတွင် ကာရံထားသည့် ပလတ်စတစ်အစများကိုဖယ်ရှား၍ အတွင်းပိုင်းသို့ ကြည့်လိုက်သောအခါ အလျား ၁၀ ပေခန့်၊ အနံ ၆ ပေခန့်နှင့် အမြင့် ၆ ပေကျော်ရှိမည် ထင်ရသော ထောင့်မှန်စတုဂံပုံသဏ္ဌန် အခန်းဖွဲ့စည်းမှုနှင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်အချို့ကို မြင်တွေ့လိုက်ရသည်။

စက္ကူရိုက်လုပ်ငန်းခွင်ကို ဝင်ရောက်လေ့လာလိုသောကြောင့် ခြေလှမ်းများကို ရှေ့သို့တိုး၍ မြေတိုက်ခန်းအတွင်းသို့ လှမ်းဝင်လိုက်ပါက အပြင်မှာရှိသည့် အပူချိန်ထက်သာလွန်သော အခန်းအပူရှိန် ခပ်ငွေ့ငွေ့၏ ဆီးကြိုခြင်းကို ခံလိုက်ရသည်။

ဧရာဝတီမြစ်နှင့်နီးသော်လည်း အညာဒေသဖြစ်သောကြောင့် အပူရှိန်မြင့်မားသောနေရာ ဒေသဖြစ်သည်။ နွေကာလများတွင် မြေတိုက်ခန်း အပူချိန်မှ ၄၀ ဒီဂရီစင်တီဂရိတ်အထက်တွင် ရှိနေနိုင်သည်။

ထိုအပူချိန်အောက်တွင် အမျိုးသမီးငယ်များသည် ဘယ်ညာလက်အစုံတွင် အဝနှစ်လက်မခန့်နှင့် အရှည်တစ်ထောင်ကျော်ရှိ ဒန်း (ရေငတ်သား) တို့ဖြင့် ကြေးဝါတုံးမျက်နှာပြင်ပေါ်တွင် တင်ထားသော ဝါညိုရောင်အဆင်းရှိ လေးလက်မပတ်လည် ဝါးစက္ကူကို အချိန်အဆမှန်စွာဖြင့် ကြက်ခြေခတ်ပုံစံ ခပ်သွက်သွက်ထုရိုက်လျက်ရှိသည်။

“မိန်းမပျိုလေးတွေ ကိုယ့်ရပ်ကိုယ့်ရွာမှာ အိုးမကွာအိမ်မကွာ လုပ်လို့ရတဲ့ ရိုးရာလက်မှုလုပ်ငန်းတစ်ခုပေါ့”ဟု ကျေးရွာဥက္ကဋ္ဌဦးညွန့်ဝေက သူ၏အမြင်ကို ဖွင့်ဆိုသည်။

အမျိုးသမီးငယ် ၁၀ ဦးအထိ လုပ်ငန်းခွင်ဝင်ကာ လုပ်ကိုင်နိုင်သည့် အကျယ်အဝန်းရှိသော မြေတိုက်ခန်းအတွင်း လှောင်ပိတ်လျက်ရှိသော အပူငွေ့ကြောင့် စက္ကူရိုက်နေသည့် အမျိုးသမီးငယ်လေးများ၏ မျက်နှာပြင်ပေါ်တွင် ချွေးစက်ချွေးပေါက်များ တစ်လိမ့်ချင်းစီးကျနေသည်ကိုတွေ့ရသည်။

ဧည့်သည်အချို့ဝင်ရောက်လေ့လာမည်ကို ကြိုသိထားသောကြောင့် မကြာခင်ကပင် ပြန်လည်ဝတ်ထားသော အင်္ကျီများမှာလည်း ချွေးစက်များကြောင့် မိုးရေထိထားသည့်နှယ် နေရာအချို့တွင် စိုစွတ်လျက်ပင် ရှိနေသည်။

အမျိုးသမီးအများစုရှိနေသော မြေတိုက်ခန်းအတွင်းသို့ ဒေသခံအမျိုးသားများ ဝင်ရောက်ခြင်းမရှိသလို ဧည့်သည်များအနေနှင့် ဝင်ရောက်လေ့လာလိုပါက ပိုင်ရှင်ထံတွင်ခွင့်တောင်းရကြောင်း ယင်းနေရာသို့ လိုက်လံပြသပေးသည့် ဒေသခံမိန်းမပျိုတစ်ဦးက ပြောပြသည်။

စက္ကူရိုက်အမျိုးသမီးငယ်လေးများ လုပ်ငန်းခွင်အတွင်း အပူဒဏ်ကို အန်တုလုပ်ကိုင်နေကြရသည့် ပကတိအနေအထားကို ကျေးတောသူပီပီ စကားကို သွယ်ဝိုက်မနေဘဲ ရိုးရှင်းစွာဆက်ပြောလိုက်သည်က . . .

“နေကလည်းပူ၊ လူကလည်းများရင် အထဲမှာ တအားပူတယ်။ မိန်းမချင်းဆိုတော့လည်း မရှက်တော့ဘူး။ အပေါ်က အဝတ်အစားတွေ ချွတ်ရိုက်ရတာ”ဟူ၍ပင်။

အဆင့်ဆင့်လုပ်ဆောင်ခဲ့သော ဝါးစက္ကူများအား မြေတိုက်ခန်းကထွက်သော အပူဓာတ်နှင့် ခန္ဓာကိုယ်မှထွက်သော ကိုယ်အပူချိန်တို့ဖြင့် ပေါင်းခံ၍ ဒန်းသားဖြင့် စနစ်တကျထုရိုက်မှသာ ရွှေဆိုင်းခတ်သည့်အခါ အသုံးပြုနိုင်သည့် ရွှေပွားစက္ကူများရသည်ဟု ရွှေပွားစက္ကူပညာရပ်ကို လေ့လာနေသည့် မန္တလေးဒေသခံတစ်ဦးက ဆိုသည်။

ဘုရား၊ စေတီပုထိုးများတွင်ကပ်လှူသော ရွှေဆိုင်းများရရှိလာစေရန် ရွှေခတ် (ထုရိုက်) သောအခါ ရွှေပွားစက္ကူကို မဖြစ်မနေထည့်သွင်း အသုံးပြုရသည်။

ရွှေခတ်ရာတွင် ကိုးပေါင်တူဖြင့် ထုနှက်မှုဒဏ်ကိုခံနိုင်သော မြန်မာ့ရိုးရာရွှေပွားစက္ကူများသည် မြန်မာနိုင်ငံတွင် ဒေါင်းမကျေးရွာတစ်ရွာတည်းကသာ ထွက်ရှိကြောင်း မန္တလေးမြို့မျက်ပါးရပ်ရှိ ရွှေခတ်ဆရာများထံမှ သိရသည်။

ရွှေခတ်ရာတွင်အသုံးပြုသော အကြမ်းခံကောင်းမွန်သော ရွှေပွားစက္ကူ (ခေါ်) ဝါးစက္ကူတစ်ရွက်ရရှိရန် အဆင့်ဆင့်လုပ်ဆောင်ရသည့် အချိန်ကာလသည် သုံးနှစ်ကျော်ကြာမြင့်သည်ဟု ဆိုသည်။

ရွှေပွားစက္ကူရရှိလာစေရန် ပထမအဆင့်အနေနှင့် ထွန်ဆံဝါးကို စဥ့်အိုးများတွင် ပေါင်းထားရပြီး ပေါင်းခံထားသောဝါးကိုကြိတ်ခါ ရရှိလာသော ကြိတ်ဖတ်များအားနယ်ခြင်း၊ အခြောက်လှန်းခြင်း၊ မြေတိုက်ခန်းတွင် စက္ကူအစိုရိုက်ခြင်းနှင့် စက္ကူအခြောက်ရိုက်ခြင်း အစရှိသောလုပ်ငန်းများကို အဆင့်ဆင့် လုပ်ဆောင်ရခြင်းဖြစ်သည်။

ရွှေပွားစက္ကူများသည် အသန့်အရှင်းအလွန် ကြိုက်သော စက္ကူလေးများလည်းဖြစ်သည်။

မြေတိုက်ခန်းအတွင်းသို့ဝင်၍ စက္ကူရိုက်မည့် အမျိုးသမီးငယ်များသည် ကိုယ်လက်သန့်စင်ပြီးမှသာ မြေတိုက်ခန်းသို့ ဝင်ရောက်လုပ်ကိုင်ရသည်ဟု ဒေါ်ဝင်းဝင်းနုက ပြောပြသည်။

ခန္ဓာကိုယ်၌ ကပ်ငြိပါလာနိုင်သော ဖုန်၊ သဲများနှင့် အလုပ်လုပ်နေရင်း ကျွတ်ကျဆံပင်ခြည်တစ်မျှင်မျှပင်ဖြစ်စေ ရွှေပွားစက္ကူ၌ ကပ်ငြိပါသွားလျှင် ရွှေခတ်ရာတွင် အဆင်မပြေဖြစ်ကာ ရွှေလွှာများပျက်စီးတတ်သောကြောင့် ဂရုတစိုက်ရွေးချယ်၍ ရွှေဆိုင်းပိုင်ရှင်များထံ ရောင်းချပေးရကြောင်းလည်း သူက ပြောဆိုသည်။

ဝါးစက္ကူများကို မြေတိုက်ခန်းမှနေ၍အပြင်သို့ သယ်ယူသည့်အခါ ပိတ်သားအဝတ်စဖြင့် စနစ်တကျ ထုပ်ပိုးခြင်းမရှိဘဲ စက္ကူချည်း အလွတ်သာ ယူဆောင်ခဲ့လျှင် ပြင်ပနေဒဏ်၊ လေဒဏ်တို့ကြောင့် ဝါးစက္ကူရွက်များမှာကျုံ့၍ သေးငယ်သွားတတ်ကြောင်းလည်း ဒေါ်ဝင်းဝင်းနုက ထပ်မံရှင်းပြသည်။

ရွှေပွားစက္ကူလုပ်ငန်းကို ဒေါင်းမကျေးရွာတွင် လုပ်ကိုင်လာသည်မှာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများအဆိုအရ သိရသည်။

စက္ကူရိုက်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်သူ အများစုမှာ ကျေးရွာအတွင်းရှိ မိန်းမပျိုများသာဖြစ်ပြီး အိမ်ထောင်ရှင်များ ဝင်ရောက်လုပ်ကိုင်သူနည်းကြောင်း ဒေါင်းမကျေးရွာဒေသခံတစ်ဦးဖြစ်သူ မဝင်းဝင်းမြင့်က ၂ နှစ်သားအရွယ် သမီးငယ်ပွေ့ချီရင်း အခုလိုရှင်းပြခဲ့သေးသည်။

“ဒီလုပ်ငန်းက တစ်နေကုန်အချိန်ပေး လုပ်ရတာ။ အိမ်ကိစ္စတစ်ဖက်၊ ကလေးတစ်ဖက်နဲ့ဆို အဆင်မပြေဘူး။ ကလေးကို အထဲခေါ်သွားဖို့ကလည်း အဆင်မပြေဘူးလေ။ ကလေးကတစ်ဖက်နဲ့ဆိုတော့ မဝင်ဖြစ်တော့ဘူး”ဟူ၍ပင်။

ရွှေပွားစက္ကူအစို၊ အခြောက်တစ်ရွက်ရိုက်ခမှာ ၁၂၀ ကျပ်ရရှိပြီး တစ်နေကုန်အလုပ်ဝင်လျှင် ရွက်ရေ ၇၀ ခန့်ပြီးစီးသောကြောင့် တစ်ရက်လျှင် ကျပ် ၈၀၀၀ ခန့် ဝင်ငွေရရှိကြောင်း စက္ကူရိုက်လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူ မချစ်စုဝင်းက ပြောပြသည်။

“တစ်နေကုန်ထိုင်ပြီး ရိုက်နေရတော့ လက်တွေလည်း တအားနာတယ်။ တော်တော်ကို ပင်ပန်းတယ်”ဟု စက္ကူရိုက်ရသည့် အတွေ့အကြုံကို သူက မျှဝေသည်။

အမျိုးသားတစ်ဦးတစ်ယောက်သည် မသိ၍ဘဲဖြစ်ဖြစ် သိရက်နဲ့ဖြစ်ဖြစ် မြေတိုက်ခန်းထဲသို့ ရုတ်တရက်ဝင်လာခဲ့လျှင်ဆိုသည့် မေးခွန်းကို မေးမြန်းခဲ့သောအခါ။

“တစ်ခါမှလည်း ရွာမှာ အဲလိုဖြစ်တာမကြားမိဘူး။ အဲဒီတော့ ဒီထဲဝင်လာခဲ့ရင် ဘာတွေဖြစ်သွားမလဲဆိုတာ မပြောတတ်ဘူး”ဟု ပြောသည်။

Crd The Voice Myanmar

Zawgyi

ျမန္မာႏိုင္ငံ အထက္ပိုင္း ေရွးျမန္မာမင္းဆက္မ်ား၏ မင္းေနျပည္ေတာ္ အင္းဝၿမိဳ႕ေဟာင္း တစ္ဖက္ကမ္း ဧရာဝတီျမစ္ကမ္းေဘးတြင္ အမ်ိဳးသမီးမ်ား အထက္ပိုင္းဗလာက်င္းျဖင့္ လုပ္ကိုင္ၾကသည့္ လုပ္ငန္းခြင္တစ္ခု ရွိေနသည္။

ထို႐ြာမွ ဧရာဝတီျမစ္ကိုျဖတ္ေက်ာ္၍ လွမ္းၾကည့္လိုက္ေသာ္ ႏိုင္ငံျခားသားမ်ား လာေရာက္ေလ့လာရာ အင္းဝဘက္ကမ္းမွ ဘႀကီးေတာ္မင္း၏ မိဖုရားေခါင္ႀကီး မယ္ႏုအုတ္ေက်ာင္းကို ခပ္ပ်ပ်ျမင္ရသည္။

အိမ္ေျခ ၄၀၀ ခန႔္ရွိေသာ ေဒါင္းမေက်း႐ြာသည္ ႏွစ္ေပါင္းမ်ားစြာ ျမန္မာထုံးစံျဖင့္ ေ႐ႊပြားစကၠဴခတ္လုပ္ငန္း လုပ္ကိုင္ေနေသာ ႐ြာျဖစ္ၿပီး ထို႐ြာအနီးသို႔ ေရာက္သြားပါက အက္ကြဲေနသည့္ လင္ကြင္းခ်မ္းကို စည္းခ်က္ညီညီ ခပ္သြက္သြက္႐ိုက္ခတ္လိုက္ေသာအခါ ထြက္ေပၚလာေသာ အသံကဲ့သို႔ “တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္”ဟု အသံကို ၾကားရမည္ျဖစ္သည္။

ယင္းအသံမ်ားသည္ အခ်ိဳ႕ေသာေနအိမ္ၿခံဝင္းမ်ားအတြင္း ေျမက်င္းတူး၍ ေဆာက္လုပ္ထားေသာ ေျမတိုက္ခန္းအတြင္းမွ အဆက္မျပတ္ ထြက္ေပၚလာေနျခင္းျဖစ္သည္။

ဝါးစကၠဴ႐ိုက္သည့္ ေျမတိုက္ခန္းမ်ားကို အျပင္မွလွမ္းၾကည့္လိုက္ပါက သုံးေပခန႔္အက်ယ္ရွိေသာ အဝင္တံခါးေပါက္၌ ေျမတိုက္ခန္းအတြင္းသို႔ မျမင္ႏိုင္ေစရန္ အဝတ္စ သို႔မဟုတ္ ဝါညစ္ညစ္အေရာင္ရွိေသာ ပလတ္စတစ္အထူစမ်ားျဖင့္ ကာရံထားသည္ကို ေတြ႕ရသည္။

ေျမတိုက္ခန္းသည္ အနက္ခုနစ္ေပဝန္းက်င္ခန႔္ရွိၿပီး အလ်ား ၁၀ ေပခန႔္၊ အနံ ၆ ေပခန႔္ ရွိမည္ထင္ရေသာ ေထာင့္မွန္စတုဂံပုံသဏၭန္ ဖြဲ႕စည္းထားသည္။

ထိုေျမတိုက္ခန္းအတြင္းသို႔ အုတ္ေလွကား သို႔မဟုတ္ ေျမသားျဖင့္ပင္ ေလွကားပုံစံေဖာ္ထားသည့္ေနရာမွ ဆင္း၍သြားရသည္။

ထိုေျမတိုက္ခန္းအတြင္းသို႔ အခြင့္မရွိပါက အမ်ိဳးသားမ်ား ဝင္ေရာက္ခြင့္မရွိေပ။

ေျမတိုက္ခန္းမ်ားအတြင္း၌ ေဒသခံအမ်ိဳးသမီးငယ္မ်ားသည္ ျမန္မာ့႐ိုးရာ ေ႐ႊပြားစကၠဴတစ္႐ြက္ရရန္ ေနာက္ဆုံးအဆင့္ျဖစ္ေသာ ဝါးစကၠဴအစို ဒါမွမဟုတ္ အေျခာက္ကို ေၾကးဝါတုံးေပၚတင္၍ ေနေသာေၾကာင့္ “တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္၊ တုတ္ . . . ခ်န႔္ဟူေသာ” အသံမ်ား ထြက္ေပၚလာရျခင္းျဖစ္ေၾကာင္း ေဒါင္းမေက်း႐ြာရွိ ဝင္းဝင္းႏု ေ႐ႊပြား (ဝါးစကၠဴ) လုပ္ငန္းပိုင္ရွင္ ေဒၚဝင္းဝင္းႏုက ေျပာျပသည္။

ဝါးစကၠဴ႐ိုက္ေနေသာ အမ်ိဳးသမီးငယ္ (အလုပ္သမ) မ်ားသည္ ေျမတိုက္ခန္း၏အပူရွိန္ႏွင့္ ခႏၶာကိုယ္မွထြက္ေသာ အပူေငြ႕တို႔ေပါင္းစပ္၍ ျဖစ္ေပၚလာသည့္ ပူအိုက္မႈဒဏ္ကို သက္သာေစရန္ ကိုယ္ခႏၶာအေပၚပိုင္းရွိ အဝတ္အစားမ်ားကိုခြၽတ္၍ လုပ္ကိုင္ေနၾကေသာေၾကာင့္ အမ်ိဳးသားမ်ားဝင္ေရာက္ခြင့္ မရွိျခင္းျဖစ္ေၾကာင္းလည္း ရွင္းျပသည္။

“လုံးဝဝင္လို႔မရတာေတာ့ မဟုတ္ပါဘူး။ ဧည့္သည္က လာေလ့လာခ်င္လို႔ ေဟ့ . . . လို႔ အျပင္ကေန ေအာ္လိုက္ရင္ အထဲမွာအလုပ္လုပ္ေနတဲ့မိန္းကေလးေတြက အဝတ္အစား ျပန္ျပင္ဆင္ဝတ္ရတာေပါ့”ဟု ေဒၚဝင္းဝင္းႏုက ရယ္သံသဲ့သဲ့ျဖင့္ ဆိုသည္။

အိမ္ေျခ ၃၈၀ ရွိေသာ ေဒါင္းမေက်း႐ြာတြင္ ေ႐ႊပြားစကၠဴလုပ္ငန္းကို အစအဆုံးလုပ္ကိုင္ၾကသည့္ လုပ္ငန္းရွင္ေျခာက္ဦးရွိၿပီး ေျမတိုက္ခန္းအေရအတြက္ ၂၀ ခန႔္တြင္ ေဒသခံအမ်ိဳးသမီးငယ္ တစ္ရာခန႔္ လုပ္ကိုင္ေနေၾကာင္း ေျပာျပသည္။

ေဒၚဝင္းဝင္းႏု၏ ခြင့္ျပဳခ်က္ျဖင့္ သူပိုင္ဆိုင္သည့္ ဝင္းသိဂႌေျမတိုက္ခန္းအဆင္း အုတ္ေလွကားမ်ားကို ေက်ာ္ျဖတ္ကာ အဝင္တံခါးဝတြင္ ကာရံထားသည့္ ပလတ္စတစ္အစမ်ားကိုဖယ္ရွား၍ အတြင္းပိုင္းသို႔ ၾကည့္လိုက္ေသာအခါ အလ်ား ၁၀ ေပခန႔္၊ အနံ ၆ ေပခန႔္ႏွင့္ အျမင့္ ၆ ေပေက်ာ္ရွိမည္ ထင္ရေသာ ေထာင့္မွန္စတုဂံပုံသဏၭန္ အခန္းဖြဲ႕စည္းမႈႏွင့္ စကၠဴ႐ိုက္ေနသည့္ အမ်ိဳးသမီးငယ္အခ်ိဳ႕ကို ျမင္ေတြ႕လိုက္ရသည္။

စကၠဴ႐ိုက္လုပ္ငန္းခြင္ကို ဝင္ေရာက္ေလ့လာလိုေသာေၾကာင့္ ေျခလွမ္းမ်ားကို ေရွ႕သို႔တိုး၍ ေျမတိုက္ခန္းအတြင္းသို႔ လွမ္းဝင္လိုက္ပါက အျပင္မွာရွိသည့္ အပူခ်ိန္ထက္သာလြန္ေသာ အခန္းအပူရွိန္ ခပ္ေငြ႕ေငြ႕၏ ဆီးႀကိဳျခင္းကို ခံလိုက္ရသည္။

ဧရာဝတီျမစ္ႏွင့္နီးေသာ္လည္း အညာေဒသျဖစ္ေသာေၾကာင့္ အပူရွိန္ျမင့္မားေသာေနရာ ေဒသျဖစ္သည္။ ေႏြကာလမ်ားတြင္ ေျမတိုက္ခန္း အပူခ်ိန္မွ ၄၀ ဒီဂရီစင္တီဂရိတ္အထက္တြင္ ရွိေနႏိုင္သည္။

ထိုအပူခ်ိန္ေအာက္တြင္ အမ်ိဳးသမီးငယ္မ်ားသည္ ဘယ္ညာလက္အစုံတြင္ အဝႏွစ္လက္မခန႔္ႏွင့္ အရွည္တစ္ေထာင္ေက်ာ္ရွိ ဒန္း (ေရငတ္သား) တို႔ျဖင့္ ေၾကးဝါတုံးမ်က္ႏွာျပင္ေပၚတြင္ တင္ထားေသာ ဝါညိဳေရာင္အဆင္းရွိ ေလးလက္မပတ္လည္ ဝါးစကၠဴကို အခ်ိန္အဆမွန္စြာျဖင့္ ၾကက္ေျခခတ္ပုံစံ ခပ္သြက္သြက္ထု႐ိုက္လ်က္ရွိသည္။

“မိန္းမပ်ိဳေလးေတြ ကိုယ့္ရပ္ကိုယ့္႐ြာမွာ အိုးမကြာအိမ္မကြာ လုပ္လို႔ရတဲ့ ႐ိုးရာလက္မႈလုပ္ငန္းတစ္ခုေပါ့”ဟု ေက်း႐ြာဥကၠ႒ဦးၫြန႔္ေဝက သူ၏အျမင္ကို ဖြင့္ဆိုသည္။

အမ်ိဳးသမီးငယ္ ၁၀ ဦးအထိ လုပ္ငန္းခြင္ဝင္ကာ လုပ္ကိုင္ႏိုင္သည့္ အက်ယ္အဝန္းရွိေသာ ေျမတိုက္ခန္းအတြင္း ေလွာင္ပိတ္လ်က္ရွိေသာ အပူေငြ႕ေၾကာင့္ စကၠဴ႐ိုက္ေနသည့္ အမ်ိဳးသမီးငယ္ေလးမ်ား၏ မ်က္ႏွာျပင္ေပၚတြင္ ေခြၽးစက္ေခြၽးေပါက္မ်ား တစ္လိမ့္ခ်င္းစီးက်ေနသည္ကိုေတြ႕ရသည္။

ဧည့္သည္အခ်ိဳ႕ဝင္ေရာက္ေလ့လာမည္ကို ႀကိဳသိထားေသာေၾကာင့္ မၾကာခင္ကပင္ ျပန္လည္ဝတ္ထားေသာ အက်ႌမ်ားမွာလည္း ေခြၽးစက္မ်ားေၾကာင့္ မိုးေရထိထားသည့္ႏွယ္ ေနရာအခ်ိဳ႕တြင္ စိုစြတ္လ်က္ပင္ ရွိေနသည္။

အမ်ိဳးသမီးအမ်ားစုရွိေနေသာ ေျမတိုက္ခန္းအတြင္းသို႔ ေဒသခံအမ်ိဳးသားမ်ား ဝင္ေရာက္ျခင္းမရွိသလို ဧည့္သည္မ်ားအေနႏွင့္ ဝင္ေရာက္ေလ့လာလိုပါက ပိုင္ရွင္ထံတြင္ခြင့္ေတာင္းရေၾကာင္း ယင္းေနရာသို႔ လိုက္လံျပသေပးသည့္ ေဒသခံမိန္းမပ်ိဳတစ္ဦးက ေျပာျပသည္။

စကၠဴ႐ိုက္အမ်ိဳးသမီးငယ္ေလးမ်ား လုပ္ငန္းခြင္အတြင္း အပူဒဏ္ကို အန္တုလုပ္ကိုင္ေနၾကရသည့္ ပကတိအေနအထားကို ေက်းေတာသူပီပီ စကားကို သြယ္ဝိုက္မေနဘဲ ႐ိုးရွင္းစြာဆက္ေျပာလိုက္သည္က . . .

“ေနကလည္းပူ၊ လူကလည္းမ်ားရင္ အထဲမွာ တအားပူတယ္။ မိန္းမခ်င္းဆိုေတာ့လည္း မရွက္ေတာ့ဘူး။ အေပၚက အဝတ္အစားေတြ ခြၽတ္႐ိုက္ရတာ”ဟူ၍ပင္။

အဆင့္ဆင့္လုပ္ေဆာင္ခဲ့ေသာ ဝါးစကၠဴမ်ားအား ေျမတိုက္ခန္းကထြက္ေသာ အပူဓာတ္ႏွင့္ ခႏၶာကိုယ္မွထြက္ေသာ ကိုယ္အပူခ်ိန္တို႔ျဖင့္ ေပါင္းခံ၍ ဒန္းသားျဖင့္ စနစ္တက်ထု႐ိုက္မွသာ ေ႐ႊဆိုင္းခတ္သည့္အခါ အသုံးျပဳႏိုင္သည့္ ေ႐ႊပြားစကၠဴမ်ားရသည္ဟု ေ႐ႊပြားစကၠဴပညာရပ္ကို ေလ့လာေနသည့္ မႏၲေလးေဒသခံတစ္ဦးက ဆိုသည္။

ဘုရား၊ ေစတီပုထိုးမ်ားတြင္ကပ္လႉေသာ ေ႐ႊဆိုင္းမ်ားရရွိလာေစရန္ ေ႐ႊခတ္ (ထု႐ိုက္) ေသာအခါ ေ႐ႊပြားစကၠဴကို မျဖစ္မေနထည့္သြင္း အသုံးျပဳရသည္။

ေ႐ႊခတ္ရာတြင္ ကိုးေပါင္တူျဖင့္ ထုႏွက္မႈဒဏ္ကိုခံႏိုင္ေသာ ျမန္မာ့႐ိုးရာေ႐ႊပြားစကၠဴမ်ားသည္ ျမန္မာႏိုင္ငံတြင္ ေဒါင္းမေက်း႐ြာတစ္႐ြာတည္းကသာ ထြက္ရွိေၾကာင္း မႏၲေလးၿမိဳ႕မ်က္ပါးရပ္ရွိ ေ႐ႊခတ္ဆရာမ်ားထံမွ သိရသည္။

ေ႐ႊခတ္ရာတြင္အသုံးျပဳေသာ အၾကမ္းခံေကာင္းမြန္ေသာ ေ႐ႊပြားစကၠဴ (ေခၚ) ဝါးစကၠဴတစ္႐ြက္ရရွိရန္ အဆင့္ဆင့္လုပ္ေဆာင္ရသည့္ အခ်ိန္ကာလသည္ သုံးႏွစ္ေက်ာ္ၾကာျမင့္သည္ဟု ဆိုသည္။

ေ႐ႊပြားစကၠဴရရွိလာေစရန္ ပထမအဆင့္အေနႏွင့္ ထြန္ဆံဝါးကို စဥ့္အိုးမ်ားတြင္ ေပါင္းထားရၿပီး ေပါင္းခံထားေသာဝါးကိုႀကိတ္ခါ ရရွိလာေသာ ႀကိတ္ဖတ္မ်ားအားနယ္ျခင္း၊ အေျခာက္လွန္းျခင္း၊ ေျမတိုက္ခန္းတြင္ စကၠဴအစို႐ိုက္ျခင္းႏွင့္ စကၠဴအေျခာက္႐ိုက္ျခင္း အစရွိေသာလုပ္ငန္းမ်ားကို အဆင့္ဆင့္ လုပ္ေဆာင္ရျခင္းျဖစ္သည္။

ေ႐ႊပြားစကၠဴမ်ားသည္ အသန႔္အရွင္းအလြန္ ႀကိဳက္ေသာ စကၠဴေလးမ်ားလည္းျဖစ္သည္။

ေျမတိုက္ခန္းအတြင္းသို႔ဝင္၍ စကၠဴ႐ိုက္မည့္ အမ်ိဳးသမီးငယ္မ်ားသည္ ကိုယ္လက္သန႔္စင္ၿပီးမွသာ ေျမတိုက္ခန္းသို႔ ဝင္ေရာက္လုပ္ကိုင္ရသည္ဟု ေဒၚဝင္းဝင္းႏုက ေျပာျပသည္။

ခႏၶာကိုယ္၌ ကပ္ၿငိပါလာႏိုင္ေသာ ဖုန္၊ သဲမ်ားႏွင့္ အလုပ္လုပ္ေနရင္း ကြၽတ္က်ဆံပင္ျခည္တစ္မွ်င္မွ်ပင္ျဖစ္ေစ ေ႐ႊပြားစကၠဴ၌ ကပ္ၿငိပါသြားလွ်င္ ေ႐ႊခတ္ရာတြင္ အဆင္မေျပျဖစ္ကာ ေ႐ႊလႊာမ်ားပ်က္စီးတတ္ေသာေၾကာင့္ ဂ႐ုတစိုက္ေ႐ြးခ်ယ္၍ ေ႐ႊဆိုင္းပိုင္ရွင္မ်ားထံ ေရာင္းခ်ေပးရေၾကာင္းလည္း သူက ေျပာဆိုသည္။

ဝါးစကၠဴမ်ားကို ေျမတိုက္ခန္းမွေန၍အျပင္သို႔ သယ္ယူသည့္အခါ ပိတ္သားအဝတ္စျဖင့္ စနစ္တက် ထုပ္ပိုးျခင္းမရွိဘဲ စကၠဴခ်ည္း အလြတ္သာ ယူေဆာင္ခဲ့လွ်င္ ျပင္ပေနဒဏ္၊ ေလဒဏ္တို႔ေၾကာင့္ ဝါးစကၠဴ႐ြက္မ်ားမွာက်ဳံ႕၍ ေသးငယ္သြားတတ္ေၾကာင္းလည္း ေဒၚဝင္းဝင္းႏုက ထပ္မံရွင္းျပသည္။

ေ႐ႊပြားစကၠဴလုပ္ငန္းကို ေဒါင္းမေက်း႐ြာတြင္ လုပ္ကိုင္လာသည္မွာ ႏွစ္ေပါင္း ၅၀ ေက်ာ္ ၾကာျမင့္ခဲ့ၿပီျဖစ္ေၾကာင္း ေဒသခံမ်ားအဆိုအရ သိရသည္။

စကၠဴ႐ိုက္လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္သူ အမ်ားစုမွာ ေက်း႐ြာအတြင္းရွိ မိန္းမပ်ိဳမ်ားသာျဖစ္ၿပီး အိမ္ေထာင္ရွင္မ်ား ဝင္ေရာက္လုပ္ကိုင္သူနည္းေၾကာင္း ေဒါင္းမေက်း႐ြာေဒသခံတစ္ဦးျဖစ္သူ မဝင္းဝင္းျမင့္က ၂ ႏွစ္သားအ႐ြယ္ သမီးငယ္ေပြ႕ခ်ီရင္း အခုလိုရွင္းျပခဲ့ေသးသည္။

“ဒီလုပ္ငန္းက တစ္ေနကုန္အခ်ိန္ေပး လုပ္ရတာ။ အိမ္ကိစၥတစ္ဖက္၊ ကေလးတစ္ဖက္နဲ႔ဆို အဆင္မေျပဘူး။ ကေလးကို အထဲေခၚသြားဖို႔ကလည္း အဆင္မေျပဘူးေလ။ ကေလးကတစ္ဖက္နဲ႔ဆိုေတာ့ မဝင္ျဖစ္ေတာ့ဘူး”ဟူ၍ပင္။

ေ႐ႊပြားစကၠဴအစို၊ အေျခာက္တစ္႐ြက္႐ိုက္ခမွာ ၁၂၀ က်ပ္ရရွိၿပီး တစ္ေနကုန္အလုပ္ဝင္လွ်င္ ႐ြက္ေရ ၇၀ ခန႔္ၿပီးစီးေသာေၾကာင့္ တစ္ရက္လွ်င္ က်ပ္ ၈၀၀၀ ခန႔္ ဝင္ေငြရရွိေၾကာင္း စကၠဴ႐ိုက္လုပ္ငန္းတြင္ ပါဝင္လုပ္ကိုင္ေနသူ မခ်စ္စုဝင္းက ေျပာျပသည္။

“တစ္ေနကုန္ထိုင္ၿပီး ႐ိုက္ေနရေတာ့ လက္ေတြလည္း တအားနာတယ္။ ေတာ္ေတာ္ကို ပင္ပန္းတယ္”ဟု စကၠဴ႐ိုက္ရသည့္ အေတြ႕အႀကဳံကို သူက မွ်ေဝသည္။

အမ်ိဳးသားတစ္ဦးတစ္ေယာက္သည္ မသိ၍ဘဲျဖစ္ျဖစ္ သိရက္နဲ႔ျဖစ္ျဖစ္ ေျမတိုက္ခန္းထဲသို႔ ႐ုတ္တရက္ဝင္လာခဲ့လွ်င္ဆိုသည့္ ေမးခြန္းကို ေမးျမန္းခဲ့ေသာအခါ။

“တစ္ခါမွလည္း ႐ြာမွာ အဲလိုျဖစ္တာမၾကားမိဘူး။ အဲဒီေတာ့ ဒီထဲဝင္လာခဲ့ရင္ ဘာေတြျဖစ္သြားမလဲဆိုတာ မေျပာတတ္ဘူး”ဟု ေျပာသည္။

Crd The Voice Myanmar