
(၁)အကြင်ဒါယကာ (ဥပါသကာ)သည် ပါဏာတိပါတ စသည်အားဖြင့် ငါးပါးကုန်သော ရန်တို့ကိုလည်းကောင်း၊ ဆယ်ပါးသော အကုသိုလ်ကမ္မပထတရားတို့ကိုလည်းကောင်း ဆောက်တည်၍ကျင့်၏၊
သက်ရောက်၏။ ဤဥပါသကာ ဒါယကာသည် လောကုတ္တရာတရား ကိုးပါးအားလျော်သောအကျင့်ကို ကျင့်သူမမည်။ (၂)အကြင်ဥပါသကာ ဒါယကာသည်ကား ငါးပါးသီလတို့၌လည်းကောင်း၊
ဆယ်ပါးသီလတို့၌လည်းကောင်း ဖြည့်ကျင့်မူကိုပြုလေ့ရှိ၏။(ဆောက်တည်၏) တစ်လလျှင်ရှစ်ကြိမ် ဥပုသ်စောင့်ခြင်းကိုပြု၏။ (အဖိတ်နေ့ ဥပုသ်နေ့နှစ်ရက်လုံးပေါင်း၍ တစ်လရှစ်ကြိမ်ဟုသိပါ)
အလှူကိုပေး၏၊ နံ့သာဖြင့်ပူဇော်ခြင်း ပန်းဖြင့်ပူဇော်ခြင်းကိုပြု၏။ အမိအဖကိုလုပ်ကျွေး၏။ တရားရှိသောရဟန်း ပုဏ္ဏားတို့ကို ပြုစုလုပ်ကျွေး၏။ ဤဥပါသကာ ဒါယကာသည် လောကုတ္တရာတရား ကိုးပါးအားလျှော်သောအကျင့်ကို ကျင့်သူမည်၏။
ဥပါသိကာ ဒါယိကာမတို့၌လည်း ဤနည်းတူပင် မှတ်ပါ။ ယောဥပါသကော ပဉ္စဝေရာနိဒသ အကုသလကမ္မပထေ သမာဒါယ ဝတ္တတိ အပ္ပေတိ၊ အယံန ဓမ္မာနုဓမ္မပ္ပဋိပန္နော။
ယောပနတီသု သရဏေသု၊ ပဉ္စသုပိ သီလေသု၊ ဒသသု သီလေသု ပရိပူရကာရီဟောတိ၊ မာသဿ အဋ္ဌ ဥပေါသထေ ကရောတိ၊ ဒါနံဒေတိ၊ ဂန္ဓပူဇံ မာလာပူဇံ ကရောတိ။
မာတရံ ပိတရံ ဥပဋ္ဌာတိ၊ ဓမ္မိကေ သမဏဗြာဟ္မဏေ ဥပဋ္ဌာတိ၊ အယံဓမ္မာနုဓမ္မပ္ပဋိပန္နောနာမ။ ဥပါသိကာယပိ ဧသေဝနယော။ (သုတ်မဟာဝါအဋ္ဌကထာ၁၆၉)
မေတ္တာဖြင့်အရှင်ဝါသေဋ္ဌ (credit)
Zawgyi
(၁)အၾကင္ဒါယကာ (ဥပါသကာ)သည္ ပါဏာတိပါတ စသည္အားျဖင့္ ငါးပါးကုန္ေသာ ရန္တို႔ကိုလည္းေကာင္း၊ ဆယ္ပါးေသာ အကုသိုလ္ကမၼပထတရားတို႔ကိုလည္းေကာင္း ေဆာက္တည္၍က်င့္၏၊
သက္ေရာက္၏။ ဤဥပါသကာ ဒါယကာသည္ ေလာကုတၱရာတရား ကိုးပါးအားေလ်ာ္ေသာအက်င့္ကို က်င့္သူမမည္။ (၂)အၾကင္ဥပါသကာ ဒါယကာသည္ကား ငါးပါးသီလတို႔၌လည္းေကာင္း၊
ဆယ္ပါးသီလတို႔၌လည္းေကာင္း ျဖည့္က်င့္မူကိုျပဳေလ့ရွိ၏။(ေဆာက္တည္၏) တစ္လလွ်င္ရွစ္ႀကိမ္ ဥပုသ္ေစာင့္ျခင္းကိုျပဳ၏။ (အဖိတ္ေန႔ ဥပုသ္ေန႔ႏွစ္ရက္လုံးေပါင္း၍ တစ္လရွစ္ႀကိမ္ဟုသိပါ)
အလႉကိုေပး၏၊ နံ႔သာျဖင့္ပူေဇာ္ျခင္း ပန္းျဖင့္ပူေဇာ္ျခင္းကိုျပဳ၏။ အမိအဖကိုလုပ္ေကြၽး၏။ တရားရွိေသာရဟန္း ပုဏၰားတို႔ကို ျပဳစုလုပ္ေကြၽး၏။ ဤဥပါသကာ ဒါယကာသည္ ေလာကုတၱရာတရား ကိုးပါးအားေလွ်ာ္ေသာအက်င့္ကို က်င့္သူမည္၏။
ဥပါသိကာ ဒါယိကာမတို႔၌လည္း ဤနည္းတူပင္ မွတ္ပါ။ ေယာဥပါသေကာ ပၪၥေဝရာနိဒသ အကုသလကမၼပေထ သမာဒါယ ဝတၱတိ အေပၸတိ၊ အယံန ဓမၼာႏုဓမၼပၸဋိပေႏၷာ။
ေယာပနတီသု သရေဏသု၊ ပၪၥသုပိ သီေလသု၊ ဒသသု သီေလသု ပရိပူရကာရီေဟာတိ၊ မာသႆ အ႒ ဥေပါသေထ ကေရာတိ၊ ဒါနံေဒတိ၊ ဂႏၶပူဇံ မာလာပူဇံ ကေရာတိ။
မာတရံ ပိတရံ ဥပ႒ာတိ၊ ဓမၼိေက သမဏျဗာဟၼေဏ ဥပ႒ာတိ၊ အယံဓမၼာႏုဓမၼပၸဋိပေႏၷာနာမ။ ဥပါသိကာယပိ ဧေသဝနေယာ။ (သုတ္မဟာဝါအ႒ကထာ၁၆၉)
ေမတၱာျဖင့္အရွင္ဝါေသ႒ (credit)