သိက္ခာရ ဆရာတော်တွေ ဖမ်းဆီးခံရတုန်းက အသံမထွက်ပဲ ဈေးကုန်းဆရာတော်ပျံလွန်မှ အသံထွက်လာသူတွေကို ထိမိတဲ့စကားလုံးတွေနဲ့ မေးခွန်းပြန်ထုတ်လိုက်တဲ့ မင်းမော်ကွန်း

လတ်တလော မြန်မာနိုင်ငံရဲ့ ဒီမီုကရေစီအရေးမှာ အမှန်တရားကို လိုလားကြတဲ့ ပြည်သူတွေနဲ့အတူ အနုပညာရှင်များစွာကလည်း ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။ ဒီလို ပြည်သူတွေနဲ့အတူ တစ်သားတည်း ပါဝင်လှုပ်ရှားတဲ့ အနုပညာရှင်တွေထဲမှာသရုပ်ဆောင် မင်းမော်ကွန်းလည်း အပါအဝင်ပါပဲ။မင်းမော်ကွန်းက လူထုလှုပ်ရှားမှုတွေမှာ အောင်မြင်မှုတွေကို ဘေးချိတ်ပြီး လူငယ်တွေရဲ့အနာဂတ်အိမ်မက်တွေ မပျောက်အောင် တာဝန်သိ ပြည်သူတစ်ယောက်အနဲ့ စိတ်အားထက်သန်စွာ ပါဝင်ခဲ့တဲ့အနုပညာရှင်တစ်ယောက်ပါ။

မင်းမော်ကွန်းတစ်ယောက်ကတော့ မနေ့က စစ်ကေူင်စီလေယာဉ်ပျက်ကျမှုမှာ ပါဝင်ပြီးပျံလွန်တော်မူခဲ့တဲ့ ဈေးကုန်းဆရာတော်ကြီးကို မစော်ကားသင့်ဘူး အပြစ်မတင်ရဘူး ပြောနေကြတဲ့လူတစ်ချို့နဲ့ပက်သက်ပြီး ယခုလို မေးခွန်းထုတ်လာခဲ့ပါတယ်။

“မနေ့က ဈေးကုန်းဆရာတော်ပျံလွန်တဲ့ကိစ္စနဲ့ပါတ်သက်ပြီးကောင်းခြင်းဆိုးခြင်းဘာတစ်ခုမှမဝေဖန်လိုပါ.. လူတစ်ချို့ရဲ့ကိစ္စကိုပဲပြောချင်တာဖြစ်ပါတယ်ဈေးကုန်းဆရာတော်ကြီးပျံလွန်တော်မူမှထပြီး သံဃာတော်တွေကိုမပြစ်မှား မစော်ကားသင့်ပါဆိုတဲ့… နိဗ္ဗာန်ကိုချက်ခြင်းမျက်မှောက်ပြုသွားကြသူ .. သူတော်စင သူတော်ကောင်းကြီးများကိုပဲ နည်းနည်းလောက်မေးကြည့်ချင်တာပါ။

ခင်များတို့က သံဃာကိုမစော်ကားသင့်ဘူး .. မပြစ်မှားသင့်ဘူးလို့ ယုံကြည်တယ်ဆိုရင် … စကစ တွေက ရဟန်းသံဃာတော်တွေကို ဖမ်းဆီးရိုက်နှက်ခဲ့တုန်းက
ညှင်းဆဲသတ်ဖြတ်ခဲ့ကြတုန်းက ဘာလို့ငြိမ်နေကြသလဲ … မိုးကုတ်ရေပူဆရာတော်ကြီးကို ထောင်သုံးနှစ်ချခဲ့တုန်းက .. ပဲခူးအောင်ရတနာကျောင်းတိုက်ဆရာတော်
ရိုက်နှက်စစ်ဆေးခံရရင်းပျံလွန်ခဲ့တုန်းက… မိုးမောက်မှာ ဆရာတော်ဦးကသေလ .. လက်နက်ကြီးထိလို့ပျံလွန်တုန်းက ဘာလို့အသံမထွက်ခဲ့ကြသလဲ … မန်းလေးမစိုးရိမ်တိုက်ကသံဃာတွေပရိတ်ရွတ်လို့ စစ်တပ်ကဘုန်းကြီးကျောင်းထဲထိဝင်ပြီး ဆဲဆိုအကြမ်းဖက်ခြိမ်းခြောက်ပစ်ခတ်ခဲ့တာ ရက်ပိုင်းပဲရှိသေးဗျာ

အဲ့ဒီတုန်းက ခင်များတို့ ဝစီပိတ်ကျင့်နေကြသလား … ဒါတွေကိုကျသံဃာမဟုတ်ဘူးထင်လို့လား .. ဒါမှမဟုတ်ကိုယ်ကိုးကွယ်တဲ့ဘုန်းကြီးမဟုတ်လို့ တခြားဘုန်းကြီးဘာဖြစ်ဖြစ်ဆိုပြီး သံဃာတော်တွေကိုခွဲခြားခဲ့တာလား

ဒါမှမဟုတ် စစ်တပ်ကတော့ သံဃာတွေကိုနှိပ်စက်သတ်ဖြတ် စော်ကားပြစ်မှားခွင့်ရှိတယ်ဆိုပြီး သတ်မှတ်ထားခဲ့ကြသလား … ဖြေပါ မဟာ့မဟာသာသနာပြုအရိယာသူတော်စင်တို့” … ဆိုပြီး သူ့ရဲ့ဖေ့ဘွတ်စာမျက်နာမှာ ရေးသားထားတာကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။လတ်တလော လူမှုကွန်ယက်ပေါ်မှာလည်း လေယာဉ်ပျက်ကျတဲ့ သတင်းဟာအတော်လေးကို နာမည်ကြီးနေတာ ဖြစ်ပြီး ယခု ဒီပို့စ်အောက်မှာလည်း အခုလို အမှန်တရားတွေကိုချက်ကျလက်ကျပြောရဲတဲ့ မင်းမော်ကွန်းရဲ့ သတ္တိရှိမှုကို လေးစားနေကြကြောင်း မှတ်ချက်ပြုရေးသားနေကြပါတယ်။ ပရိသတ်တွေအားလုံးလည်း သိရှိနိုင်စေရန် ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်နော်။

Crd – YaungChi