
ထီဆုကိုပေါက်ခဲ့ပေမဲ့ ပေးထားခဲ့တဲ့ နှစ် ၃၀ အကြာကကတိအတိုင်း အချစ်ဆုံးသူငယ်ချင်းအား ဝေစုတစ်ဝက်ခွဲပေးခဲ့တဲ့ အမျိုးသား
လူတစ်ဦးဟာ ဒေါ်လာ ၂၂ သန်းထီကိုပေါက်ခဲ့ပြီးနောက် ၅၀-၅၀ ကိုအချင်းချင်းခွဲဝေရန် သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းနှင့်အတူ ပေးထားတဲ့ နှစ် ၃၀ ကြာပြီဖြစ်တဲ့ကတိကိုတည်ရန် မတုံ့မဆိုင်းဘဲဆုံးဖြတ်ခဲ့တာကြောင့် လူတိုင်းက အံ့ဩနေခဲ့ကြရပါတယ်။ လွန်ခဲ့တဲ့ ၁၉၉၂ ခုနှစ်တုန်းက best friend များဖြစ်တဲ့ Thomas Cook နဲ့ Joseph Feeney အမည်ရှိအမျိုးသားတို့ဟာ အချင်းချင်းလက်ဆွဲနှုတ်ဆက်ပြီး ဘယ်သူကအလောင်းအစားဖြစ်ဖြစ် ၊ လက်မှတ်မဝယ်ဘဲဖြစ်ဖြစ် သူတို့ထဲမှတစ်ယောက်ကထီပေါက်ခဲ့ရင် အချင်းချင်းခွဲယူဖို့သဘောတူထားခဲ့ကြပါတယ်။
Best friend များပီပီ ၎င်းတို့နှစ်ဦးဟာ သူငယ်ချင်းကောင်းများအဖြစ် နှစ်ပေါင်းများစွာအတူတကွရှိနေခဲ့ကြပြီး အပြင်ထွက်တိုင်း တစ်ယောက်ထဲမထွက်ခဲ့ကြသလို ၎င်းတို့ရဲ့Chrysler PT Cruiserကိုအသုံးပြုပြီးခရီးများသွားခြင်းတို့ဖြင့် ပျော်ရွှင်စွာအတူတူဖြတ်သန်းခဲ့ကြပါတယ်။၎င်းကတိဟာစကားအနေဖြင့်ပြောခြင်းနှင့် လက်ဆွဲနှုတ်ဆက်ခြင်းတစ်ခုသာဖြစ်သော်လည်းThomasဟာ ယခုနှစ်အစောပိုင်းတွင် Wisconsin ပြည်နယ်ထီ၌ထိပ်တန်းဆုကိုပေါက်ခဲ့ပြီး သူ ငယ်ချင်းနှင့်ပေးထားခဲ့တဲ့ကတိအတွက်လည်း ကောင်းမွန်စွာ ပြုလုပ်ခဲ့ပါတယ်။ ၎င်းသူငယ်ချင်းနှစ်ဦးဟာ အပတ်စဉ်နီးပါးထီလက်မှတ်များဝယ်ခဲ့ကြပြီး ၎င်းတို့အနိုင်ရလိမ့်မည်ဟုလည်း တကယ်မထင်ထားခဲ့ကြပါဘူး။
၎င်းဟာ သူတို့အတွက် ပျော်စရာကောင်းတဲ့ကစားနည်းတစ်မျိုးလို့ဘဲတွေးခဲ့ကြပါတယ်။သို့ပေမဲ့ မနက်ခင်းတစ်ခုမှာ Thomas ကသူ့ထီလက်မှတ်ကို စစ်ကြည့်တော့ အရာအားလုံးက အနိုင်ရတဲ့ဂဏန်းနဲ့တစ်ထပ်တည်းကျနေတာကို တွေ့ခဲ့ပါတယ်။သူမြင်နေရတဲ့အရာတွေကိုမယုံနိုင်ဘဲ Thomas ဟာ စိတ်တွေထွေပြားနေခဲ့တဲ့သူ့ဇနီးထံသို့ လက်မှတ်ကို အလျင်အမြန်လွှဲပေးလိုက်ပါတယ်။ တစ်ကယ်တော့ သူတို့က အကြီးစားထီဆုကိုပေါက်ခဲ့တာပါ။
ဇနီးဖြစ်သူကလည်း သူ့သူငယ်ချင်း Joseph နှင့်သဘောတူညီချက်အကြောင်းကို သိနေခဲ့ပါတယ်။ သျု့ပေမဲ့ သူမကတစ်ခွန်းမှမပြောတာကြောင့် အနိုင်အရှုံးခွဲဖို့ သူမကိုခွင့်ပြုချက်တောင်းစရာမလိုခဲ့ပါဘူး။ ထို့နောက် Thomas ဟာ သူတို့က သန်းကြွယ်သူဌေးတွေဖြစ်သွားပြီလို့ပြောဖို့ Joseph ကို အမြန်ဖုန်းခေါ်လိုက်ပါတယ်။ အလိုသူတို့အနိုင်ရလိမ့်မယ်လို့တကယ်မမျှော်လင့်ထားခဲ့ကြပါဘူး။
ပထမတော့ Joseph က ရယ်ပြီးသူ့သူငယ်ချင်းက သူ့ကိုနောက်ပြောင်ဖို့ကြိုးစားနေတယ်လို့ဘဲ ထင်နေခဲ့ပါတယ်။ အခုသူတို့က ဆုငွေတွေထုတ်လိုက်ပြီဆိုပေမဲ့ သူတို့နှစ်ယောက်က ၎င်းဆုနဲ့ဘာတွေလုပ်မလဲဆိုတာမသေချာသေးပါဘူး။ သို့ပေမဲ့ ၎င်းတို့က ၎င်းတို့ရဲ့မြေးလေးတွေနဲ့ ပိုအချိန်ပိုပေးနိုင်ဖို့ အငြိမ်းစားယူဖို့အစီအစဉ်ဆွဲထားကြပါတယ်။
အဆိုပါအချစ်ဆုံးသူငယ်ချင်းများဟာ ၎င်းတို့ရဲ့လမ်းခရီးများအတွက်၎င်းတို့နှစ်များစွာအသုံးပြုခဲ့တဲ့ကားဟောင်းထက် ပိုကောင်းမွန်ကြီးမားတဲ့ camper van အသစ်တစ်စီးကိုဝယ်ယူရန်စီစဉ်ခဲ့ကြပါတယ်။ ဟုတ်ပါတယ်၊ ၎င်းတို့နှစ်ယောက်ဟာ အရမ်းပျော်ရွှင်နေကြပါတယ်။ သို့ပေမဲ့ Thomas က နှစ် ၃၀ ကြာတဲ့ကတိကို တကယ်တည်ပေးခဲ့တာကို လူအတော်များများက အံ့ဩနေခဲ့ကြရပါတယ်။
အထူးသဖြင့် ၎င်းတို့ကစာချုပ်မချုပ်ထားတဲ့အတွက် ဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ Thomas အားမေးတဲ့အခါ သူက ” လက်ဆွဲနှုတ်ဆက်ခြင်းဟာ လက်ဆွဲနှုတ်ဆက်ခြင်းပါဘဲ” လို့ရိုးရိုးလေးပဲ ပြန်ဖြေခဲ့ပါတယ်။ ထို့ပြင် ၎င်းတို့သူငယ်ချင်းနှစ်ဦးတို့ဟာ ကမ္ဘာပေါ်ရှိမည်သည့်ငွေများထက်မဆို ၎င်းတို့ရဲ့ခင်မင်မှုကိုသာ ပိုစိတ်ဝင်စားကြပုံပါဘဲဗျာ။
Credit
Zawgyi
ထီဆုကိုေပါက္ခဲ့ေပမဲ့ ေပးထားခဲ့တဲ့ ႏွစ္ ၃၀ အၾကာကကတိအတိုင္း အခ်စ္ဆုံးသူငယ္ခ်င္းအား ေဝစုတစ္ဝက္ခြဲေပးခဲ့တဲ့ အမ်ိဳးသား
လူတစ္ဦးဟာ ေဒၚလာ ၂၂ သန္းထီကိုေပါက္ခဲ့ၿပီးေနာက္ ၅၀-၅၀ ကိုအခ်င္းခ်င္းခြဲေဝရန္ သူ႔ရဲ႕အခ်စ္ဆုံးသူငယ္ခ်င္းႏွင့္အတူ ေပးထားတဲ့ ႏွစ္ ၃၀ ၾကာၿပီျဖစ္တဲ့ကတိကိုတည္ရန္ မတုံ႔မဆိုင္းဘဲဆုံးျဖတ္ခဲ့တာေၾကာင့္ လူတိုင္းက အံ့ဩေနခဲ့ၾကရပါတယ္။ လြန္ခဲ့တဲ့ ၁၉၉၂ ခုႏွစ္တုန္းက best friend မ်ားျဖစ္တဲ့ Thomas Cook နဲ႔ Joseph Feeney အမည္ရွိအမ်ိဳးသားတို႔ဟာ အခ်င္းခ်င္းလက္ဆြဲႏႈတ္ဆက္ၿပီး ဘယ္သူကအေလာင္းအစားျဖစ္ျဖစ္ ၊ လက္မွတ္မဝယ္ဘဲျဖစ္ျဖစ္ သူတို႔ထဲမွတစ္ေယာက္ကထီေပါက္ခဲ့ရင္ အခ်င္းခ်င္းခြဲယူဖို႔သေဘာတူထားခဲ့ၾကပါတယ္။
Best friend မ်ားပီပီ ၎တို႔ႏွစ္ဦးဟာ သူငယ္ခ်င္းေကာင္းမ်ားအျဖစ္ ႏွစ္ေပါင္းမ်ားစြာအတူတကြရွိေနခဲ့ၾကၿပီး အျပင္ထြက္တိုင္း တစ္ေယာက္ထဲမထြက္ခဲ့ၾကသလို ၎တို႔ရဲ႕Chrysler PT Cruiserကိုအသုံးျပဳၿပီးခရီးမ်ားသြားျခင္းတို႔ျဖင့္ ေပ်ာ္႐ႊင္စြာအတူတူျဖတ္သန္းခဲ့ၾကပါတယ္။၎ကတိဟာစကားအေနျဖင့္ေျပာျခင္းႏွင့္ လက္ဆြဲႏႈတ္ဆက္ျခင္းတစ္ခုသာျဖစ္ေသာ္လည္းThomasဟာ ယခုႏွစ္အေစာပိုင္းတြင္ Wisconsin ျပည္နယ္ထီ၌ထိပ္တန္းဆုကိုေပါက္ခဲ့ၿပီး သူ ငယ္ခ်င္းႏွင့္ေပးထားခဲ့တဲ့ကတိအတြက္လည္း ေကာင္းမြန္စြာ ျပဳလုပ္ခဲ့ပါတယ္။ ၎သူငယ္ခ်င္းႏွစ္ဦးဟာ အပတ္စဥ္နီးပါးထီလက္မွတ္မ်ားဝယ္ခဲ့ၾကၿပီး ၎တို႔အႏိုင္ရလိမ့္မည္ဟုလည္း တကယ္မထင္ထားခဲ့ၾကပါဘူး။
၎ဟာ သူတို႔အတြက္ ေပ်ာ္စရာေကာင္းတဲ့ကစားနည္းတစ္မ်ိဳးလို႔ဘဲေတြးခဲ့ၾကပါတယ္။သို႔ေပမဲ့ မနက္ခင္းတစ္ခုမွာ Thomas ကသူ႔ထီလက္မွတ္ကို စစ္ၾကည့္ေတာ့ အရာအားလုံးက အႏိုင္ရတဲ့ဂဏန္းနဲ႔တစ္ထပ္တည္းက်ေနတာကို ေတြ႕ခဲ့ပါတယ္။သူျမင္ေနရတဲ့အရာေတြကိုမယုံႏိုင္ဘဲ Thomas ဟာ စိတ္ေတြေထြျပားေနခဲ့တဲ့သူ႔ဇနီးထံသို႔ လက္မွတ္ကို အလ်င္အျမန္လႊဲေပးလိုက္ပါတယ္။ တစ္ကယ္ေတာ့ သူတို႔က အႀကီးစားထီဆုကိုေပါက္ခဲ့တာပါ။
ဇနီးျဖစ္သူကလည္း သူ႔သူငယ္ခ်င္း Joseph ႏွင့္သေဘာတူညီခ်က္အေၾကာင္းကို သိေနခဲ့ပါတယ္။ သ်ဳ႕ေပမဲ့ သူမကတစ္ခြန္းမွမေျပာတာေၾကာင့္ အႏိုင္အရႈံးခြဲဖို႔ သူမကိုခြင့္ျပဳခ်က္ေတာင္းစရာမလိုခဲ့ပါဘူး။ ထို႔ေနာက္ Thomas ဟာ သူတို႔က သန္းႂကြယ္သူေဌးေတြျဖစ္သြားၿပီလို႔ေျပာဖို႔ Joseph ကို အျမန္ဖုန္းေခၚလိုက္ပါတယ္။ အလိုသူတို႔အႏိုင္ရလိမ့္မယ္လို႔တကယ္မေမွ်ာ္လင့္ထားခဲ့ၾကပါဘူး။
ပထမေတာ့ Joseph က ရယ္ၿပီးသူ႔သူငယ္ခ်င္းက သူ႔ကိုေနာက္ေျပာင္ဖို႔ႀကိဳးစားေနတယ္လို႔ဘဲ ထင္ေနခဲ့ပါတယ္။ အခုသူတို႔က ဆုေငြေတြထုတ္လိုက္ၿပီဆိုေပမဲ့ သူတို႔ႏွစ္ေယာက္က ၎ဆုနဲ႔ဘာေတြလုပ္မလဲဆိုတာမေသခ်ာေသးပါဘူး။ သို႔ေပမဲ့ ၎တို႔က ၎တို႔ရဲ႕ေျမးေလးေတြနဲ႔ ပိုအခ်ိန္ပိုေပးႏိုင္ဖို႔ အၿငိမ္းစားယူဖို႔အစီအစဥ္ဆြဲထားၾကပါတယ္။
အဆိုပါအခ်စ္ဆုံးသူငယ္ခ်င္းမ်ားဟာ ၎တို႔ရဲ႕လမ္းခရီးမ်ားအတြက္၎တို႔ႏွစ္မ်ားစြာအသုံးျပဳခဲ့တဲ့ကားေဟာင္းထက္ ပိုေကာင္းမြန္ႀကီးမားတဲ့ camper van အသစ္တစ္စီးကိုဝယ္ယူရန္စီစဥ္ခဲ့ၾကပါတယ္။ ဟုတ္ပါတယ္၊ ၎တို႔ႏွစ္ေယာက္ဟာ အရမ္းေပ်ာ္႐ႊင္ေနၾကပါတယ္။ သို႔ေပမဲ့ Thomas က ႏွစ္ ၃၀ ၾကာတဲ့ကတိကို တကယ္တည္ေပးခဲ့တာကို လူအေတာ္မ်ားမ်ားက အံ့ဩေနခဲ့ၾကရပါတယ္။
အထူးသျဖင့္ ၎တို႔ကစာခ်ဳပ္မခ်ဳပ္ထားတဲ့အတြက္ ဘာေၾကာင့္ဒီလိုလုပ္ရတာလဲလို႔ Thomas အားေမးတဲ့အခါ သူက ” လက္ဆြဲႏႈတ္ဆက္ျခင္းဟာ လက္ဆြဲႏႈတ္ဆက္ျခင္းပါဘဲ” လို႔႐ိုး႐ိုးေလးပဲ ျပန္ေျဖခဲ့ပါတယ္။ ထို႔ျပင္ ၎တို႔သူငယ္ခ်င္းႏွစ္ဦးတို႔ဟာ ကမာၻေပၚရွိမည္သည့္ေငြမ်ားထက္မဆို ၎တို႔ရဲ႕ခင္မင္မႈကိုသာ ပိုစိတ္ဝင္စားၾကပုံပါဘဲဗ်ာ။
Credit