ကမ္ဘာ့ရွှေဈေးတအားကျတယ်

ကမ္ဘာ့ရွှေဈေးတအားကျတယ် မြန်မာ့ရွှေေဈေးကဘာလို့မကျတာလဲ ဟုတ်တယ်ခင်ဗျားတို့လိုကျနော်လည်းကျစေချင်နေတာမြန်မာ့ရွှေဈေးကမကျတဲ့အပြင်တက်တောင်တက်နေသေးလက်ရှိကမ္ဘာ့ရွှေဈေးထက်၆သောင်းလောက်တောင်

များနေတယ် ကဲဘာလို့မကျလဲဆိုတော့ရှင်းအောင်ပြောရရင်ချရောင်းမယ့်သူမရှိလို့နားရှုပ်သွားလားမရှုပ်နဲ့ဟုတ်တယ်အကုန်လုံးကမရောင်းချင်ကြဘူးဝယ်ပဲဝယ်ချင်နေတာဘယ်လိုလုပ်မလဲမြန်မာဈေးကကမ္ဘာ့ဈေးထက်၆ သောင်း

လောက်ကြီးများနေတာ ရောင်းကြပါလားမြတ်ပီမရောင်းကြဘူးလေကျတာနဲ့ဝယ်မယ်ဆိုတဲ့သူချည်းအဓိကကတော့ ငွေမကိုင်ချင်ဘူးကျပ်ငွေကိုကြောက်တာလေအဲ့တော့အဝယ်များပစ္စည်းရှားတယ်အဲ့တော့ ဈေးကကျမရဘူးအဲ့ဒါဆို

ပြည်ပကဈေးချိုချိုနဲ့သွင်းဒီမှာရောင်းပါ့လား မြတ်တာပေါ့စီးပွါးရေးသမားလူလည်ချည်းပါကျန်ကုန်ပစ္စည်းတွေတောင်သွင်းမလွယ်လို့ ဈေးတွေထိုးတက်နေတာလေဘလိုလုပ်မလဲဒါဆိုအစိုးရကသွင်းရောင်းပေးပါ့လားအဲ့လိုဆိုအဆင်ပြေတာပေါ့

အစိုးရဘက်ကလည်းမလုပ်တက်ဘူးဒါကြောင့်အဓိကကျတဲ့ ဒေါ်လာဈေးကိုခုထိမထိန်းနိုင်ဘူးနောက်တစ်ခုခင်ဗျားတို့ပြောတဲ့လက်ဝါးကြီးအုပ် ဈေးကစားတဲ့သူရောမရှိဘူးလားသိပ်ရှိတာပေါ့ရွှေတင်မဟုတ်ဘူးကားရော၊ မြေရော

ဒေါ်လာမှာရောရှိတယ်ကျနော်ခဏတိုင်းပြောဘူးသလိုပဲ မြန်မာသူဌေးအများစုကကုန်ထုတ်လုပ်ငန်းတွေလုပ်မကောင်းတာရောမလုပ်တက်တာကြောင့်ရောမလုပ်ကြဘူးအစိုးရမူဝါဒအပြောင်းလဲပေါ်ချောင်းပီးဆူလွယ်နပ်လွယ်တဲ့

ရွှေ ဒေါ်လာ မြေကား ပေါ်ပင်လုပ်ငန်းတွေမှာဝင်လုပ်စားကြတယ်ကိုယ့်ပြည်သူချင်းဆီကပဲ ငွေရှာတတ်ကြတယ်။ အဲ့ဒါကြောင့်လည်းတိုင်းပြည်စီးပွါးရေးကတိုးတတ်မလာတော့ဘူးသူတို့ကလည်းမထိန်းနိုင်ဘူးစီးပွါးရေးနားမလည်ဘူးဒါတွေကြောင့်ပါပဲ

ကျော်ကြီး(MDY)

Zawgyi

ကမ္ဘာ့ရွှေဈေးတအားကျတယ် မြန်မာ့ရွှေဈေးကဘာလို့မကျတာလဲ ဟုတ်တယ်ခင်ဗျားတို့လိုကျနော်လည်းကျစေချင်နေတာမြန်မာ့ရွှေဈေးကမကျတဲ့အပြင်တက်တောင်တက်နေသေးလက်ရှိကမ္ဘာ့ရွှေဈေးထက်၆သောင်းလောက်တောင်







ကျော်ကြီး(MDY)