ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီးဘုရားလို့ ခေါ်ရတဲ့ အကြောင်းရင်း

ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီးဘုရားလို့ ခေါ်ရတဲ့ အကြောင်းရင်း ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။အဲဒီဘုရားများမှ ‘ထပ်ကြီး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိတဲ့ သူများပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစက မသိပါ။ ထပ် ဆိုတာ ဘာထပ်ကိုပြောတာလဲ .. အထပ်လား ၊ ဝါအရလား ၊ ကြီးစဉ်ငယ်လိုက်လား တောင်တောင်အီအီ စဉ်းစားဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါ။

စာရေးဆရာ လင်းရောင်တင်၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်တော့မှ ဒီအဓိပ္ပါယ်ကို သိသွားပါတယ်။ ဆောင်းပါးတွင် ဆရာလင်းရောင်တင်က သူနှင့် ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်မှ ဥက္ကဌကြီး ဦးလေးကြိုင်တို့ တွေ့ဆုံပုံကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။ဦးလေးကြိုင်။ ။မင်းကိုတွေ့ရတာ ဝမ်းသာတယ်။ ဒါနဲ့သားက ဘယ်မှာနေတာလဲ။ စာရေးသူ။ ။ကျွန်တော်ရန်ကုန်သားပါ အဘ ၊ ကျိုက္ကဆံရပ်ကွက်မှာ နေပါတယ်။ဦးလေးကြိုင်။ ။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီးဘုရားကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ သိလား။ စာရေးသူ။ ။ကျွန်တော်မသိသေးဘူး အဘ။

ဦးလေးကြိုင်။ ။”မသိလို့ မဖြစ်ဘူးကွ။ တခြားသူမသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာလုပ်နေတာဆိုတော့ သိဖို့လိုတယ်။ ဒီလိုကွာ ဘုရားတည်လို့ ငြမ်းဆင်ရင် ဘာနဲ့ဆင်ရသလဲ။ စာရေးသူ။ ။ဝါး နဲ့ ပါအဘ။ဦးလေးကြိုင်။ ။ဟုတ်တယ် ဝါးနဲ့ ငြမ်းဆင်ရတယ်။ ဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီးလို့ ခေါ်တာလေ။ ဝါး ငါးပြန် ဆက်ပြီးဆင်တဲ့ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းနားက ကိုးထပ်ကြီးကျတော့ ဝါးကိုးပြန် ဆင်ရတာ။ တို့များ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ဝါးဆယ်ပြန် ဆင်ရလို့ ဆယ်ထပ်ကြီးလို့ ခေါ်တာ။

စာရေးသူ။ ။ကျေးဇူးပါပဲ အဘ။ ကျွန်တော် မသိသေးတာကို သိလိုက်ရလို့။ ဦးလေးကြိုင်။ ။အေး…အဲသလို ကိစ္စလေးတွေက သိထားမှ ကောင်းတယ်၊ မဟုတ်ရင် ညံ့ရာကျတယ်။ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့ အဓိပ္ပါယ်ကို မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။ (ဒီနေရာမှာ အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူး လို့ပြောကြသလို အချို့သူတွေက ဝါးကိုးပြန်တော့ မမြင့်ဘူးလို့ ပြောလာကြတဲ့ အတွက် အနည်း ငယ် ထပ်ဖြည့်လိုက်ပါတယ်။)

အချက်အလက်များအရ ငါးထပ်ကြီးဘုရားရဲ့အမြင့်က ၄၅.၅ပေ၊ ခြောက်ထပ်ကြီးဘုရားရဲ့အမြင့်က ၅၂.၅ ပေ၊ ကိုးထပ်ကြီးဘုရားရဲ့ အမြင့်က ၇၂ပေ နှင့် ဆယ်ထပ်ကြီးဘုရားရဲ့ အမြင့်က ၁၁၁ ပေတို့ ဖြစ်ပါတယ်။ငြမ်းဆင်တဲ့အခါ ဝါးလုံးတစ်လုံးရဲ့ အောက်ခြေကနေ ထိပ်ဖျားအထိကို မဆင်ပါဘူး။ ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့အတွက် မခိုင်မှာ စိုးတဲ့အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။ အဲဒီတော့ ဝါးလုံးရဲ့အရှည်က ၁၂ ပေ လောက်ရှိပေမယ့် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာအဝေးလောက်ပဲ ရှိတော့ ပါတယ်။မူရင်းရေးသားသူအား လေးစားမှုဖြင့်

Zawgyi

ငါးထပ္ႀကီး၊ ေျခာက္ထပ္ႀကီး၊ ကိုးထပ္ႀကီး၊ ဆယ္ထပ္ႀကီးဘုရားလို႔ ေခၚရတဲ့ အေၾကာင္းရင္း ရန္ကုန္ၿမိဳ႕မွာ ငါးထပ္ႀကီး ၊ ေျခာက္ထပ္ႀကီး နဲ႔ ကိုးထပ္ႀကီး ဘုရား ၊ ျပည္ၿမိဳ႕မွာ ဆယ္ထပ္ႀကီး ဘုရား စသည္ျဖင့္ ၾကားဖူးၾကပါလိမ့္မယ္။အဲဒီဘုရားမ်ားမွ ‘ထပ္ႀကီး’ ဆိုတဲ့ စကားလုံးရဲ႕ အဓိပၸါယ္ကို မသိတဲ့ သူမ်ားပါလိမ့္မယ္။ ကြၽန္ေတာ္ကိုယ္တိုင္လည္း အစက မသိပါ။ ထပ္ ဆိုတာ ဘာထပ္ကိုေျပာတာလဲ .. အထပ္လား ၊ ဝါအရလား ၊ ႀကီးစဥ္ငယ္လိုက္လား ေတာင္ေတာင္အီအီ စဥ္းစားဖူးေသာ္လည္း အတိအက် အေျဖမရခဲ့ပါ။

စာေရးဆရာ လင္းေရာင္တင္၏ ေဆာင္းပါးတစ္ပုဒ္ကို ဖတ္လိုက္ေတာ့မွ ဒီအဓိပၸါယ္ကို သိသြားပါတယ္။ ေဆာင္းပါးတြင္ ဆရာလင္းေရာင္တင္က သူႏွင့္ ျပည္ေ႐ႊဘုန္းပြင့္ စာၾကည့္တိုက္မွ ဥကၠဌႀကီး ဦးေလးႀကိဳင္တို႔ ေတြ႕ဆုံပုံကို ေအာက္ပါအတိုင္းေဖာ္ျပထားပါတယ္။ဦးေလးႀကိဳင္။ ။မင္းကိုေတြ႕ရတာ ဝမ္းသာတယ္။ ဒါနဲ႔သားက ဘယ္မွာေနတာလဲ။ စာေရးသူ။ ။ကြၽန္ေတာ္ရန္ကုန္သားပါ အဘ ၊ က်ိဳကၠဆံရပ္ကြက္မွာ ေနပါတယ္။ဦးေလးႀကိဳင္။ ။ေဟ ဟုတ္လား ဒါဆို ေျခာက္ထပ္ႀကီးဘုရားကို ဘာလို႔ ေျခာက္ထပ္ႀကီးလို႔ေခၚတာလဲ သိလား။ စာေရးသူ။ ။ကြၽန္ေတာ္မသိေသးဘူး အဘ။

ဦးေလးႀကိဳင္။ ။”မသိလို႔ မျဖစ္ဘူးကြ။ တျခားသူမသိတာ ကိစၥမရွိဘူး။ မင္းက စာေရးဆရာလုပ္ေနတာဆိုေတာ့ သိဖို႔လိုတယ္။ ဒီလိုကြာ ဘုရားတည္လို႔ ျငမ္းဆင္ရင္ ဘာနဲ႔ဆင္ရသလဲ။ စာေရးသူ။ ။ဝါး နဲ႔ ပါအဘ။ဦးေလးႀကိဳင္။ ။ဟုတ္တယ္ ဝါးနဲ႔ ျငမ္းဆင္ရတယ္။ ဒီဝါးကို ေျခာက္ျပန္ဆက္ၿပီး ဆင္တဲ့ ဘုရားမို႔ ေျခာက္ထပ္ႀကီးလို႔ ေခၚတာေလ။ ဝါး ငါးျပန္ ဆက္ၿပီးဆင္တဲ့ဘုရားက်ေတာ့ ငါးထပ္ႀကီး ၊ စမ္းေခ်ာင္းနားက ကိုးထပ္ႀကီးက်ေတာ့ ဝါးကိုးျပန္ ဆင္ရတာ။ တို႔မ်ား ျပည္က ဆယ္ထပ္ႀကီးဘုရားက်ေတာ့ ဝါးဆယ္ျပန္ ဆင္ရလို႔ ဆယ္ထပ္ႀကီးလို႔ ေခၚတာ။

စာေရးသူ။ ။ေက်းဇူးပါပဲ အဘ။ ကြၽန္ေတာ္ မသိေသးတာကို သိလိုက္ရလို႔။ ဦးေလးႀကိဳင္။ ။ေအး…အဲသလို ကိစၥေလးေတြက သိထားမွ ေကာင္းတယ္၊ မဟုတ္ရင္ ညံ့ရာက်တယ္။ေျခာက္ထပ္ႀကီး ငါးထပ္ႀကီး ဘုရားမ်ားရဲ႕ အဓိပၸါယ္ကို မသိေသးသူမ်ား သိေစဖို႔ ဗဟုသုတအျဖစ္ တင္ျပလိုက္ပါတယ္။ (ဒီေနရာမွာ အခ်ိဳ႕သူေတြက ငါးထပ္ႀကီး နဲ႔ ကိုးထပ္ႀကီးက သိပ္မကြာဘူး လို႔ေျပာၾကသလို အခ်ိဳ႕သူေတြက ဝါးကိုးျပန္ေတာ့ မျမင့္ဘူးလို႔ ေျပာလာၾကတဲ့ အတြက္ အနည္း ငယ္ ထပ္ျဖည့္လိုက္ပါတယ္။)

အခ်က္အလက္မ်ားအရ ငါးထပ္ႀကီးဘုရားရဲ႕အျမင့္က ၄၅.၅ေပ၊ ေျခာက္ထပ္ႀကီးဘုရားရဲ႕အျမင့္က ၅၂.၅ ေပ၊ ကိုးထပ္ႀကီးဘုရားရဲ႕ အျမင့္က ၇၂ေပ ႏွင့္ ဆယ္ထပ္ႀကီးဘုရားရဲ႕ အျမင့္က ၁၁၁ ေပတို႔ ျဖစ္ပါတယ္။ျငမ္းဆင္တဲ့အခါ ဝါးလုံးတစ္လုံးရဲ႕ ေအာက္ေျခကေန ထိပ္ဖ်ားအထိကို မဆင္ပါဘူး။ ထိပ္ဖ်ားက အ႐ြယ္အစားေသးသြားတဲ့အတြက္ မခိုင္မွာ စိုးတဲ့အတြက္ ခိုင္တဲ့ေနရာေလာက္ထိပဲ ဆင္ပါတယ္။ အဲဒီေတာ့ ဝါးလုံးရဲ႕အရွည္က ၁၂ ေပ ေလာက္ရွိေပမယ့္ ျငမ္းဆင္ရင္ေတာ့ ၇ေပ ၈ေပ အကြာအေဝးေလာက္ပဲ ရွိေတာ့ ပါတယ္။မူရင္းေရးသားသူအား ေလးစားမႈျဖင့္