သိကြားမင်း ကိုယ်တိုင် ဆေးကုပေး ရတဲ့ ဆားတောင် ဆရာတော်ဘုရားကြီး (ဆားတောင် ဆရာတော်ဘုရားကြီးနဲ့ ထူးဆန်းတဲ့ တစ်ထောင်တန် ငါးရွက်)
သိကြားမင်း ကိုယ်တိုင် ဆေးကုပေး ရတဲ့ ဆားတောင် ဆရာတော်ဘုရားကြီး “ဆားတောင် ဆရာတော်ဘုရားကြီးနဲ့ ထူးဆန်းတဲ့ တဈေထာင်တန် ငါးရွက်”၂၀၂၀ ခုနွဈ သြက်န်အခါသမယ မွာ ကိုရိုနာ ဗိုင်းရပ်ကြောင့် မြန်မာတဈနိုင်ငံလုံးမွာ ခြောကျခြောကျကပျကပျနဲ့ လမ်းမတွေမွာ လူသူ ကင်းမဲ့နေပါတယ်။ အထူးသဖြင့် လူနေထူထပ်တဲ့ ရန်ကုန် မြို့မွာဆိုလူတွေ ထပ်ညှပ်နေအောင်စည်ကားတဲ့ မြို့လည်ခေါင်လို နေရာမြိုးမွာတောင် လူသူကင်းမဲ့ နေခဲ့ပါတယ်။ကျန်းမာရေး ဌာနက သြက်န်ရက်အတွင်း အပြင်မထွ က်ရ စည်းကမ်း ဥပဒေကြောင့်ဖြဈပါတယ်။ ဒီလိုပါပဲ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနွဈတွေက ရန်ကုန် ပြည်သူ့ဆေးရုံကြီးမွာ အ ဆုတ်နဲ့ပတ်သက်တဲ့ ကပ်ရောဂါလို ခံစားခဲ့ရတဲ့ အဖြဈအပြက် တဈခုရွိ ခဲ့ပါတယ်။၂၀၀၃ ခုနွဈေလာက်က အခုလို သြက်န်ကာလ မတိုင်မီ တဈပတ်ခန့်လောက် အ လိုမွာ ဆရာတော်ဟာ ဦးနွောက် သွေး ကြောပေါက်ပြီး၊ သွေးယိုစိမ့်မှု ဖြဈခဲ့ရပါတယ်ဲ။ အဲဒီအခြိန်က ရန်ကုန်မြို့ သြက်န်ကာ လမွာ မိုးခေါင်နေတာရယ်၊ ပူလွန်းတာရယ်၊
ဆရာတော်က သက်တော် ၈၀နှစ် ရှိပြီဖြစ် တာရယ်ကြောင့် ဒီတစ်ခါ (ဝဋ် ကြွေးဆပ်ခြင်း)ဆေးဝါး ကုသခြင်းမှာ အ တော်ကို ဆိုးဆိုးရွားရွား ခံစားခဲ့ရပါတယ်။ဦးနှောက်ထဲ သွေးရောက်တာ ခဲတာ ဟာ သာမန်လူဆို သေပါပြီ။ဆရာတော် ကို အောင်မြင်စွာ ခွဲစိပ်ကုသ အောင်မြင်ခဲ့ပါတယ်။ မူလ ကျန်းမာရေးကြောင့် တစ်လကျော်ကြာ ဆေးရုံတက်ခဲ့ရပါတယ်။ နောက်တော့ အင်အားနည်းခြင်းကြောင့် ယခင်က ရောဂါဟောင်းများ တစနဲ့တစ ဇာတိပြလာပါတော့တယ်။နောက်ဆက်တွဲ ပထမ ဖြစ်လာသည့်ရောဂါမှာ နှလုံးသွေးကြောကျဉ်းရောဂါ အခံကြောင့် နှလုံးစဖောက်လာပါတယ်။ နောက်တော့ အဆုတ်၊ ကျောက်ကပ်ရောဂါကလည်း
ဆိုးဆိုးရွားရွား ပြန်ဖြစ်လာပါတယ်။ မိုးကလည်း မရွာ။ ရာသီဥတုကလည်း ပူနေတဲ့ ရန်ကုန်မြို့ကြီးမှာ ဆရာတော်အတွက် လေအေးပေးစက်နဲ့ မလုံလော က်ပါဘူး။ဆရာတော်ဟာ အအေးကို အလွန်နှစ်သက် ပါတယ်။ နောက်တော့ ရေခဲတုံးတွေဝယ်၊ ရေအနည်းငယ်နဲ့ရော၊ မျက်နှာသုတ် တဘက်တွေနဲ့ ရေခဲရေစိမ် ရေညှစ်ကာ ယပ်တောင်သဖွယ် ခပ်ပေးရပါတယ်။ နေထိုင် ကောင်းသွားပြီဆိုလို့ ပြုစုရတဲ့ ကပ္ပိယတွေဟာ ပျော်ရမယ် မကြံရသေး ပါဘူး။ဆရာတော်ဟာ အအေး ပတ်ပြီး အဖျားဝင်လာပါတော့တယ်။ ဒီလို ပြုစုလုပ်ဆောင်မှုတွေကို ဆရာဝန်ကြီးတွေက တားပါတယ်။ နောက်တော့ ဆရာ တော်ကို အထူးကြပ်မတ်ဆောင်လို့ခေါ်တဲ့ ICU အခန်းထဲကို ပို့ဆောင်ရပါတယ်။ဒီအခန်းဟာ သာမန် အခန်းတွေလို ဝင်ခြင်းတိုင်းဝင် ထွက်ချင်တိုင်း ထွက်လို့ မရပါဘူး။ စောင့်ရှောက်သူ ကပ္ပိယများပါ ပိုးသတ်ဝတ်စုံ PPEကို ဝတ်ရပါတယ်။ ဆရာတော်ဟာ ခုတင်ထက်မှာ တအင်းအင်းနဲ့ ခေါင်းရင်းက လက်ရမ်းတိုင်များကိုကိုင်ကာ ကိုယ်ကို စောင်းငဲ့ပြီး၊ ငြီးညူ နေရပါတယ်။
ခုတင်ထက်မှာ ပက်လက် သီတင်း သုံးနေထိုင်လာတာ ကြတော့၊ ကျောပြင် တစ်ခုလုံးမှာ အရည်ကြည်ဖုတွေ ပေါက်ပြီး အသားဖတ်တွေ လန်ကာ အဆီပြန် နီရဲလို့ နေပါတော့တယ်။ ရောဂါ ဖိစီးမှုကြောင့် အဆုတ်မှ ချွဲကြပ်သံများ၊ ခဏတာ အနားယူနေချိန်မှာ လေပြွန်မှ ချွဲကြပ်ကာ တရွှီရွှီနဲ့ မြည်နေ ပါတော့တယ်။ဆေးပညာအရချွဲတွေကို ချွဲစုပ်စက် နဲ့ ထုတ်တဲ့အခါ ကြည့်သူအဖို့ မခံစားနိုင်လောက်အောင် တစ်ကိုယ်လုံး ဓာတ်လိုက်သလို တဆတ်ဆတ်တုန် နေပါတော့တယ်။ ဦးခေါင်းက ပတ်တီးများနဲ့၊ လက်က အကြောဆေး ပုလင်းကြီးများ ချိတ်ထားရပါတယ်။ပါးစပ်မှာက အစာကို ထဲ့သွင်းဖို့ ပိုက်တွေ တပ် ထားပါတယ်။ဆေးပညာအရ ဦးနှောက် အာရုံမဲ့နေချိန်မျိုးမှာ လျှာကို ကိုက်မိမှာဆိုးတဲ့အတွက် အံကပ်လို အတားအစီးထဲ့ထားရပါတယ်။ ရုံးကန်လို့ ပိုက်တွေ အနေအထား ပျက်မသွားအောင် ပါးစပ်နဲ့ ပိုက်ကို တွဲပြီး၊ တိတ်ကပ်ထားပါတယ်။
ချွဲစုပ်ပြီးပြီဆိုရင် ဆရာတော်ဟာ နေ ထိုင်ကောင်း လာပါတယ်။ ဒါပေမယ့်လည်း ခဏတာ နေထိုင်ကောင်းခြင်းဖြစ်ပါတယ်။ ချွဲ ခဏခဏစုပ်ရခြင်းဟာ ဆရာဝန့်ကြီးတွေအတွက် သိပ် အဆင်မပြေလှပါဘူး။ ဆရာတော်ဟာ သက်တော် ၈၀ နှစ် ရှိတာကြောင့် အစစအရာအရာ ထိန်းပြီး လုပ်ကိုင်နေရ ပါတယ်။နောက်တော့ ချွဲစုပ်တဲ့ နည်းလမ်းကော င်းကို ရှာကြတဲ့ အခါ လည်ချောင်းကို အပေါက်ဖောက်ဖို့နည်းလမ်းကို ရဟန်း အမဆီ ခွင့်တောင်းလာပါတယ်။ ဆရာတော်ရဲ့ အသက်ရှင်ခြင်း ရပ်တည်ဖို့ ဒီနည်းလမ်းဟာ သင့်တော်တဲ့အတွက် လုပ်သင့်မလုပ်သင့်ကို ဆရာဝန်ကြီးတွေက တိုင်ပင်ခိုင်းခြင်းပါပဲ။လည်ပင်းကို အပေါက်ဖောက်ပြီ ဆိုတာနဲ့ ဆေးရုံက ဆင်းဖို့လည်း အချိန်ထပ်ပြီး၊ အတော်ကြန့်ကြာသွားမယ်လို့ ဆိုပါတယ်။နောက်တော့ ရဟန်းအမဟာ ဆရာ တော် အသက်ရှင်ဖို့ ခေါင်းငြိမ့်လိုက်ပါတော့တယ်။ ဒီနေ့ ခေါင်းငြိမ့်ရင် မနက်ဖန် ညနေ လည်ချောင်းကို အပေါက်ဖောက်မှာပါ။
နောက်နေ့မနက်မှာ တာဝန်ကျ ကပ္ပိယ နှစ်ယောက်ဟာ မနက်စာ စားပြီးလို့ ပိုးသတ်ဆေးဝတ်စုံ ဝတ်ပြီး၊ အထူးကြပ်မတ်ဆောင်ထဲကို ဝင်လာ ခဲ့ကြပါတယ်။ အဲဒီမှာ ထူးဆန်းတဲ့ အဖြစ် အပျက်ကို တွေ့ကြရပါတယ်။ဆရာတော်ရဲ့ ကိုယ်ပေါ်မှာ တစ်ထောင် တန် ငါးရွက် တွေ့ခြင်းပါပဲ။ အဲဒီ တစ်ထောင်တန်ငါးရွက် ဆရာတော်ထံ ရောက်တဲ့နေ့က စပြီး၊ ဆရာတော်ဟာ တစ်ရက်ထက် တစ်ရက် ကျန်းမာလို့ လာခဲ့ပါတယ်။ တစ်ပတ်ခန့်အကြာ ဆေးရုံကြီးက ဆင်းခွင့်ရလောက်အောင် အံသြခဲ့ရပါတယ်။ဆရာတော်ဟာ ဆေးရုံကဆင်းပြီးတော့ ပဲခူးက ဦးကျော်ဆွေနေအိမ်မှာ အထူးသူနာပြုများနဲ့ ကျန်းမာရေး စောင့်ရှောက်မှု တစ်လကျော် ကြာခဲ့ပါတယ်။ ဆရာတော်ရဲ့ ကျန်းမာရေး ကုန်ကျစ ရိတ်နဲ့ ဆရာတော်နောက်က ပါလာသူအားလုံးရဲ့ စားဝတ်နေ(ဟော်တယ်ခများ)ရေးပါ မကျန်၊ မန္တလေးပြန်ရောက်ချိန်ထိ တာဝန်ယူခဲ့သူဟာ ပဲခူးက ဦးကျော်ဆွေပါပဲ။
(ဦးကျော်ဆွေဟာ ဆရာတော်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ရင် သူ၏ ရှိတဲ့စည်းစိမ် ကုန်သွားပါစေ။ သူ့ဘဝကို တစ်ကပြန်စမယ်လို့ ခံယူချက်နဲ့ ကုသပေးသူပါ။)ဆရာတော် ကျန်းမာရေး ကောင်းလာလို့ အထူးကြပ်မတ်ဆောင် မှာ ဆရာတော်ကို တစ်ထောင်တန် ငါးရွက် ကပ်လှူထားတဲ့ အကြောင်းကို ကပ္ပိယ တစ်ယောက်က လျှောက် ထားပါတယ်။“ဆရာတော်….တပည့်တော်တို့ဟာ ဆရာတော်ရဲ့ ကျန်းမာရေး ဆေးပညာအရ ကုစားလို့ မရတော့ဘူး။ မန္တလေးကို ပြန်ပင့်ဖို့ထိ စီစဉ်ထား ခဲ့ပါတယ်ဘုရား။ ဆရာတော်ဟာ ပရိနိဗ္ဗာန်ပြုပြီလို့ကို ထင်ခဲ့ကြတာပါဘုရား။ ဆရာတော်ရဲ့ လည် ချောင်းကို အပေါက်ဖောက်မယ့် မနက်ခင်းမှာ ဆရာတော်ကို ကပ်လှုခဲ့တဲ့ ထူးထူးဆန်းဆန်း တစ်ထောင်တန် ငါးရွက်ကြောင့်ကျန်းမာရေး ပြန်လည်ကောင်း လာတယ်လို့ ထင်မြင်ယူဆ မိပါတယ်ဘု ရား။ အဲဒီ တစ်ထောင်တန် ငါးရွက်ဟာ ဘယ်ပုဂ္ဂိုလ်ကများ လှူဒါန်းခဲ့ပါသလဲအရှင် ဘုရား။”“သိကြားမင်း….။” “ဘယ်အလိုအတွက်ကြောင့် လှူဒါန်းခဲ့ ပါသလဲဘုရား။” ဆရာတော်သည် မည်သို့မှ ပြန်လည် မိန့်ကြားခြင်း မရှိတော့။ တိတ်တဆိတ် သီတင်းသုံးကာ နေပါတော့တယ်။မြန်မာပြည်သူ ပြည်သားများအားလုံး ကပ်ဘေးမှ ကင်းလွတ်ကြပါစေ။
Credit
Zawgyi
Credit