အကျဉ်းထောင်ဖောက်၍ နိုင်ကျဉ်းအချို့ လွတ်မြောက်သွားဟုဆို

အကျဉ်းထောင်ဖောက်၍ နိုင်ကျဉ်းအချို့ လွတ်မြောက်သွားဟုဒေသခံအချိူ့ပြော

အိုက်မောင်/People’s Spring

စစ်ကိုင်းတိုင်း ၊ခန္တီးအကျဉ်းထောင်တွင် ယနေ့နံနက်အစောပိုင်းကဖောက်ထွင်းခံရပြီး စစ်ကောင်စီဖမ်းဆီးထားသည့် နိုင်ငံရေးအကျဉ်းသားဆယ်ဦးထက်မနည်းလွတ်မြောက်သွားကြောင်းဒေသတွင်းတော်လှန်ရေးအင်အားစုများကပြောသည်။

” မနက်သုံးနာရီလောက်က ထောင်ဖောက်သွားတယ်။ နိုင်ကျဉ်း ဆယ်ယောက်လောက် လက်နက်နဲ့ လွတ်သွားတယ်။ စစ်ကောင်စီက မြို့ကို ပိုက်စိပ်တိုက်ရှာနေတယ်။ ကုန်းလမ်း ရေလမ်းအကုန် ပိတ်ရှာနေတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက People’s Springသို့ ပြောသည်။

သို့သော်ထောင်ဖောက်ထွက်ပြေးသွားသော နိုင်ကျဉ်းအချို့တွင် လက်နက်ရရှိသွားကြောင်း ၎င်း၏ပြောကြားချက်အပေါ် People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

စစ်ကောင်စီ ထောင်သွင်းအကျဉ်းချထားရာမှ ထွက်ပြေးလာသူများကို တွေ့ရှိပါက ရသည့်နည်းဖြင့် ကူညီကြရန်လည်း ခန္တီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက မြို့ခံလူထုအား မေတ္တာရပ်ခံသည်။

ခန္တီးအကျဉ်းထောင်သည် ခန္တီးမြို့မှ သုံးမိုင်ခန့်အကွာတွင် ခန္တီး-နန့်စီပွန်‌လမ်း၌ တည်ရှိသည်။

(ခန္တီးထောင်ရှေ့မြင်ကွင်း /ပုံအဟောင်း ။ဓါတ်ပုံ-CJ)

Credit

Zawgyi

အက်ဥ္း​​ေထာင္​ေဖာက္၍ ႏိုင္က်ဥ္းအခ်ိဳ႕ လြတ္​ေျမာက္သြားဟု​ေဒသခံအခ်ိဴ႕​ေျပာ

အိုက္ေမာင္/People’s Spring

စစ္ကိုင္းတိုင္း ၊ခႏၲီးအက်ဥ္းေထာင္တြင္ ယေန႔နံနက္အေစာပိုင္းကေဖာက္ထြင္းခံရၿပီး စစ္ေကာင္စီဖမ္းဆီးထားသည့္ ႏိုင္ငံေရးအက်ဥ္းသားဆယ္ဦးထက္မနည္းလြတ္ေျမာက္သြားေၾကာင္းေဒသတြင္းေတာ္လွန္ေရးအင္အားစုမ်ားကေျပာသည္။

” မနက္သုံးနာရီေလာက္က ေထာင္ေဖာက္သြားတယ္။ ႏိုင္က်ဥ္း ဆယ္ေယာက္ေလာက္ လက္နက္နဲ႔ လြတ္သြားတယ္။ စစ္ေကာင္စီက ၿမိဳ႕ကို ပိုက္စိပ္တိုက္ရွာေနတယ္။ ကုန္းလမ္း ေရလမ္းအကုန္ ပိတ္ရွာေနတယ္”ဟု ခႏၲီးၿမိဳ႕ခံတစ္ဦးက People’s Springသို႔ ေျပာသည္။

သို႔​ေသာ္​ေထာင္​ေဖာက္ထြက္​ေျပးသြား​ေသာ ႏိုင္က်ဥ္းအခ်ိဳ႕တြင္ လက္နက္ရရွိသြား​ေၾကာင္း ၎၏ေျပာၾကားခ်က္အ​ေပၚ People’s Spring ကသီးျခားအတည္မျပဳႏိုင္ပါ။

စစ္​ေကာင္စီ ​ေထာင္သြင္းအက်ဥ္းခ်ထားရာမွ ထြက္ေျပးလာသူမ်ားကို ေတြ႕ရွိပါက ရသည့္နည္းျဖင့္ ကူညီၾကရန္လည္း ခႏၲီးၿမိဳ႕နယ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕ဝင္တစ္ဦးက ၿမိဳ႕ခံလူထုအား ေမတၱာရပ္ခံသည္။

ခႏၲီးအက်ဥ္းေထာင္သည္ ခႏၲီးၿမိဳ႕မွ သုံးမိုင္ခန႔္အကြာတြင္ ခႏၲီး-နန္႔စီပြန္‌လမ္း၌ တည္ရွိသည္။

(ခႏၲီး​ေထာင္​ေရွ႕ျမင္ကြင္း /ပုံအ​ေဟာင္း ။ဓါတ္ပုံ-CJ)

Credit