
သင့်ရဲ့ တစ်နေ့တာမှာ ဖုန်း လုံးဝ မသုံးသင့်တဲ့ အချိန်များ
ဒီနေ့ခေတ်မှာ လူတိုင်းနီးပါး အကြောင်းတစ်ခုခုကြောင့်တော့ ဖုန်းကို မလွှဲမရှောင်သာ အသုံးပြုနေကြရတာပဲ ဖြစ်ပါတယ်။
မရှောင်လွှဲနိုင်တဲ့ အခြေအနေကြီးမှာ ဖုန်းအသုံးပြုခြင်းက တစ်နေ့တာရဲ့ အရေးကြီးတဲ့အချိန်တွေကို သိမ်းပိုက်ထားတာမျိုး မဖြစ်ရအောင် ဖုန်းအသုံးမပြုသင့်တဲ့ အချိန်တွေကို အခုလို ဖော်ပြပေးလိုက်ရပါတယ် … ။
ဒီလို ဖုန်းအသုံးမပြုဖြစ်အောင် ဆင်ခြင်ခြင်းကနေ ရလာမယ့်အကျိုးကျေးဇူးလေးတွေကို ပြောပြပေးသွားမှာပါနော်။
(၁) မနက် အိပ်ရာနိုးနိုးချင်း
လူအတော်များများကတော့ နိုးနိုးခြင်း ပုံမှန်လုပ်မြဲ အလုပ်တစ်ခုလို ဖုန်းကို အရင်ဆုံး သုံးလေ့ ရှိကြပါတယ်။ တစ်နေ့တာရဲ့အစ မနက်ခင်းမှာ စိတ်ကြည်လင် လန်းဆန်းဖို့ဆိုတာ သိပ်ကို အရေးကြီးပါတယ်။
နိုးနိုးချင်း အိပ်ယာထဲမှာ ဖုန်းနဲ့ အချိန်ကုန်လိုက်ခြင်းက လူကို လေးလံသွားစေသလို facebook ကြည့်တတ်ကြတဲ့သူတွေအတွက် facebook ကနေ စိတ်ညစ်စရာတွေ တွေ့လာခဲ့တဲ့အခါ စိတ်ကြည်လင်မှုကို အနှောင့်အယှက် ပေးမှာပဲ ဖြစ်ပါတယ်။
အဲ့ဒီအစား မနက်နိုးနိုးခြင်း ဖုန်းအသုံးမပြုဘဲ ဝရန်တာထွက်ပြီး လေအဝရှုလိုက်တာ၊ ပတ်ဝန်းကျင်ကို ကြည့်လိုက်တာမျိုးက စိတ်လန်းဆန်းမှုနဲ့ တက်ကြွမှုကို ရစေမှာပဲ ဖြစ်ပါတယ်။
(၂) အစားအသောက်စားချိန်တွေ
အစားအသောက် စားချိန်မှာ ဖုန်းအသုံးပြုဘဲ အစားအသောက်ကို အာရုံစိုက်စားတာမျိုး လုပ်သင့်ပါတယ်။ အစားအသောက်က ပေးတဲ့ အစာစွမ်းအင်မျိုး၊ အစာစားချင်စိတ်ကို ပုံမှန်ဖြစ်စေတာမျိုးနဲ့ အစာခြေစနစ် ကောင်းမွန်ဖို့အတွက် အစားအသောက်အပေါ်ပဲ အာရုံစိုက်စားဖို့ လိုအပ်နေပါတယ်။
အစားအသောက်က ပေးတဲ့ အရသာကို သေသေချာချာ ခံစားနိုင်မှုကလည်း အစားအသောက်ကို အာရုံစိုက်စားခြင်းမျိုးကနေ ရနိုင်တာပဲ ဖြစ်ပါတယ်။
(၃) ညအိပ်ယာဝင်ချိန်
မနက် အိပ်ယာနိုးချိန်မှာ ကြည်ကြည်လင်လင် နိုးဖို့ အတွက် ညအိပ်ယာဝင်ချိန်မှာ ခေါင်းရှင်းရှင်းလင်းလင်းနဲ့ အိပ်ပျော်ဖို့ အရေးကြီးပါတယ်။ ဖုန်းအသုံးပြုနေရင်း အိပ်ပျော်သွားတာမျိုး၊ facebook အသုံးပြုနေရင်း အိပ်ခါနီး ဝမ်းနည်းစရာ သတင်းတွေ တက်လာတာမျိုး၊ စိတ်ညစ်စရာတွေ တွေ့လိုက်ရတာမျိုးက အိပ်စက်ခြင်းကို အနှောင့်အယှက် ဖြစ်ပါတယ်။
စိတ်ဖိစီးမှုတွေနဲ့ ဦးနှောက်ပင်ပန်းမှုတွေလည်း ဖြစ်သွားစေနိုင်ပါတယ်။ အဲ့ဒီအစား ဖုန်းကို အသုံးမပြုဘဲ အိပ်စက်တာမျိုးက အိပ်စက်ခြင်းကနေပေးတဲ့ စွမ်းအင်ကို အပြည့်အဝ ရစေမှာပဲ ဖြစ်ပါတယ်။
(၄) အလုပ် လုပ်ချိန်
အလုပ်လုပ်တဲ့ အချိန်တွေက ဖုန်းတွေ အသုံးမပြုလေ ကောင်းလေပါပဲ။ အလုပ်နဲ့ ပတ်သတ်တာတွေ ဖုန်းနဲ့ ဆက်သွယ်တာကမျိုးကလွဲရင် အလုပ်ချိန်မှာ ဖုန်းသုံးတာက သင့်ကို စိတ်အပြောင်းအလဲ ဖြစ်စေတာမျိုးထက် တစ်ခါတစ်လေ ထိုင်းမှိုင်းသွားစေတတ်ပါတယ်။ အလုပ်လုပ်နိုင်စွမ်းကိုလည်း နှေးကွေးသွားစေလို့ အလုပ်မှာ အာရုံစိုက်တာက အကောင်းဆုံးပါပဲ။
(၅) လမ်းသွားတဲ့အချိန်
လမ်းလျှောက်နေရင်း ဖုန်းသုံးတာက တကယ့်ကို အန္တရာယ်ကြီးတဲ့ ကိစ္စပါပဲ။ ဖုန်းကို အာရုံစိုက်ပြီး ငုံသုံးနေတဲ့အတွက် ယာဉ်အန္တရာယ်တွေကို ကြုံရနိုင်ပါတယ်။ ဒါ့အပြင် မသမာသူတွေရဲ့ ဖုန်းလုတာမျိုးတွေကိုပါ ရင်ဆိုင်ရတတ်တာကြောင့် လမ်းသွားနေတဲ့အချိန်မှာ ဖုန်းလုံးဝ မသုံးသင့်ပါဘူးနော … ။
credit..
Zawgyi
သင့္ရဲ႕ တစ္ေန႔တာမွာ ဖုန္း လုံးဝ မသုံးသင့္တဲ့ အခ်ိန္မ်ား
ဒီေန႔ေခတ္မွာ လူတိုင္းနီးပါး အေၾကာင္းတစ္ခုခုေၾကာင့္ေတာ့ ဖုန္းကို မလႊဲမေရွာင္သာ အသုံးျပဳေနၾကရတာပဲ ျဖစ္ပါတယ္။
မေရွာင္လႊဲႏိုင္တဲ့ အေျခအေနႀကီးမွာ ဖုန္းအသုံးျပဳျခင္းက တစ္ေန႔တာရဲ႕ အေရးႀကီးတဲ့အခ်ိန္ေတြကို သိမ္းပိုက္ထားတာမ်ိဳး မျဖစ္ရေအာင္ ဖုန္းအသုံးမျပဳသင့္တဲ့ အခ်ိန္ေတြကို အခုလို ေဖာ္ျပေပးလိုက္ရပါတယ္ … ။
ဒီလို ဖုန္းအသုံးမျပဳျဖစ္ေအာင္ ဆင္ျခင္ျခင္းကေန ရလာမယ့္အက်ိဳးေက်းဇူးေလးေတြကို ေျပာျပေပးသြားမွာပါေနာ္။
(၁) မနက္ အိပ္ရာႏိုးႏိုးခ်င္း
လူအေတာ္မ်ားမ်ားကေတာ့ ႏိုးႏိုးျခင္း ပုံမွန္လုပ္ၿမဲ အလုပ္တစ္ခုလို ဖုန္းကို အရင္ဆုံး သုံးေလ့ ရွိၾကပါတယ္။ တစ္ေန႔တာရဲ႕အစ မနက္ခင္းမွာ စိတ္ၾကည္လင္ လန္းဆန္းဖို႔ဆိုတာ သိပ္ကို အေရးႀကီးပါတယ္။
ႏိုးႏိုးခ်င္း အိပ္ယာထဲမွာ ဖုန္းနဲ႔ အခ်ိန္ကုန္လိုက္ျခင္းက လူကို ေလးလံသြားေစသလို facebook ၾကည့္တတ္ၾကတဲ့သူေတြအတြက္ facebook ကေန စိတ္ညစ္စရာေတြ ေတြ႕လာခဲ့တဲ့အခါ စိတ္ၾကည္လင္မႈကို အေႏွာင့္အယွက္ ေပးမွာပဲ ျဖစ္ပါတယ္။
အဲ့ဒီအစား မနက္ႏိုးႏိုးျခင္း ဖုန္းအသုံးမျပဳဘဲ ဝရန္တာထြက္ၿပီး ေလအဝရႈလိုက္တာ၊ ပတ္ဝန္းက်င္ကို ၾကည့္လိုက္တာမ်ိဳးက စိတ္လန္းဆန္းမႈနဲ႔ တက္ႂကြမႈကို ရေစမွာပဲ ျဖစ္ပါတယ္။
(၂) အစားအေသာက္စားခ်ိန္ေတြ
အစားအေသာက္ စားခ်ိန္မွာ ဖုန္းအသုံးျပဳဘဲ အစားအေသာက္ကို အာ႐ုံစိုက္စားတာမ်ိဳး လုပ္သင့္ပါတယ္။ အစားအေသာက္က ေပးတဲ့ အစာစြမ္းအင္မ်ိဳး၊ အစာစားခ်င္စိတ္ကို ပုံမွန္ျဖစ္ေစတာမ်ိဳးနဲ႔ အစာေျခစနစ္ ေကာင္းမြန္ဖို႔အတြက္ အစားအေသာက္အေပၚပဲ အာ႐ုံစိုက္စားဖို႔ လိုအပ္ေနပါတယ္။
အစားအေသာက္က ေပးတဲ့ အရသာကို ေသေသခ်ာခ်ာ ခံစားႏိုင္မႈကလည္း အစားအေသာက္ကို အာ႐ုံစိုက္စားျခင္းမ်ိဳးကေန ရႏိုင္တာပဲ ျဖစ္ပါတယ္။
(၃) ညအိပ္ယာဝင္ခ်ိန္
မနက္ အိပ္ယာႏိုးခ်ိန္မွာ ၾကည္ၾကည္လင္လင္ ႏိုးဖို႔ အတြက္ ညအိပ္ယာဝင္ခ်ိန္မွာ ေခါင္းရွင္းရွင္းလင္းလင္းနဲ႔ အိပ္ေပ်ာ္ဖို႔ အေရးႀကီးပါတယ္။ ဖုန္းအသုံးျပဳေနရင္း အိပ္ေပ်ာ္သြားတာမ်ိဳး၊ facebook အသုံးျပဳေနရင္း အိပ္ခါနီး ဝမ္းနည္းစရာ သတင္းေတြ တက္လာတာမ်ိဳး၊ စိတ္ညစ္စရာေတြ ေတြ႕လိုက္ရတာမ်ိဳးက အိပ္စက္ျခင္းကို အေႏွာင့္အယွက္ ျဖစ္ပါတယ္။
စိတ္ဖိစီးမႈေတြနဲ႔ ဦးေႏွာက္ပင္ပန္းမႈေတြလည္း ျဖစ္သြားေစႏိုင္ပါတယ္။ အဲ့ဒီအစား ဖုန္းကို အသုံးမျပဳဘဲ အိပ္စက္တာမ်ိဳးက အိပ္စက္ျခင္းကေနေပးတဲ့ စြမ္းအင္ကို အျပည့္အဝ ရေစမွာပဲ ျဖစ္ပါတယ္။
(၄) အလုပ္ လုပ္ခ်ိန္
အလုပ္လုပ္တဲ့ အခ်ိန္ေတြက ဖုန္းေတြ အသုံးမျပဳေလ ေကာင္းေလပါပဲ။ အလုပ္နဲ႔ ပတ္သတ္တာေတြ ဖုန္းနဲ႔ ဆက္သြယ္တာကမ်ိဳးကလြဲရင္ အလုပ္ခ်ိန္မွာ ဖုန္းသုံးတာက သင့္ကို စိတ္အေျပာင္းအလဲ ျဖစ္ေစတာမ်ိဳးထက္ တစ္ခါတစ္ေလ ထိုင္းမႈိင္းသြားေစတတ္ပါတယ္။ အလုပ္လုပ္ႏိုင္စြမ္းကိုလည္း ေႏွးေကြးသြားေစလို႔ အလုပ္မွာ အာ႐ုံစိုက္တာက အေကာင္းဆုံးပါပဲ။
(၅) လမ္းသြားတဲ့အခ်ိန္
လမ္းေလွ်ာက္ေနရင္း ဖုန္းသုံးတာက တကယ့္ကို အႏၲရာယ္ႀကီးတဲ့ ကိစၥပါပဲ။ ဖုန္းကို အာ႐ုံစိုက္ၿပီး ငုံသုံးေနတဲ့အတြက္ ယာဥ္အႏၲရာယ္ေတြကို ႀကဳံရႏိုင္ပါတယ္။ ဒါ့အျပင္ မသမာသူေတြရဲ႕ ဖုန္းလုတာမ်ိဳးေတြကိုပါ ရင္ဆိုင္ရတတ္တာေၾကာင့္ လမ္းသြားေနတဲ့အခ်ိန္မွာ ဖုန္းလုံးဝ မသုံးသင့္ပါဘူးေနာ … ။
credit..