
စက်သုံးဆီနှင့်စားသုံးဆီ အပါဝင် ပစ္စည်းအမယ်ပေါင်း(၁၂)မျိုးအား သင်္ဘာ(၂၃)စီးဖြင့်ဆိပ်ကမ်းသို့ကုန်ချ
နိုင်ငံတကာကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိလာခဲ့သဖြင့် ရန်ကုန်ဆိပ်ကမ်းမှတဆင့်နိုင်ငံတကာသို့ပင်လယ်ရေကြောင်းမှပို့ကုန်များတင်ပို့လျက်ရှိသည်။ပြည်ပကနေတင်သွင်းလာတဲ့
ကုန်သေတ္တာတင်သင်္ဘောများဖြင့် ဓာတ်မြေဩဇာအမျိုးမျိုး၊အထည်အလိပ်၊ဆေးနှင့်ဆေးပစ္စည်း၊စားသောက်ကုန်၊လျှပ်စစ်ပစ္စည်း၊စက်နှင့်ဆက်စပ်ပစ္စည်း၊ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ကော်စေ့ ၊ဘိလပ်မြေ၊စက်ယန္တရားကြီးတွေ၊စက်သုံးဆီနဲ့စားသုံးဆီတွေဟာ
သီလဝါနဲ့ ရန်ကုန်ဆိပ်ကမ်းတွေမှာကုန်ချလုပ်ငန်းဆောင်ရွက်နေပြီဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။ရန်ကုန်ဆိပ်ကမ်းမှာတော့အောက်တိုဘာ၁၇ရက်မှာကုန်သေတ္တာတင်သင်္ဘော၂စီး၊အထွေထွေကုန်စည်တင်သင်္ဘော ၁၅စီး၊စက်သုံးဆီသင်္ဘော၅စီးနဲ့စားသုံးဆီသင်္ဘော၁စီးတို့အပါအဝင်
စုစုပေါင်းသင်္ဘော၂၃စီး ဆိုက်ကပ်ပြီးကုန်တင်ကုန်ချလုပ်ငန်းတွေဆောင်ရွက်နေတယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိအခုအောက်တိုဘာလမှာဝင်ဖို့ရှိတဲ့သင်္ဘောတွေရဲ့ ၅၅ရာခိုင်နှုန်းကျော်ဝင်ရောက်ထားပြီးဖြစ်တယ်လို့လည်းသိရပါတယ်။
ဒါ့အပြင်ပို့ကုန်အနေနဲ့ဆန်နဲ့လယ်ယာထွက်ကုန်ကောက်ပဲသီးနှံတွေကိုပြည်ပနိုင်ငံတွေကိုတင်ပို့ရောင်းချရာမှာပမာဏများတဲ့ပို့ကုန်တွေကိုကုန်သေတ္တာတင်သင်္ဘောတွေနဲ့သာမကအထွေထွေ ကုန်စည်တင်သင်္ဘောတွေနဲ့ အစင်းလိုက်ငှားရမ်းပို့ဆောင်နေရာမှာအောက်တိုဘာ၁၇ရက်မှာတော့
အရှေ့တောင်အာရှနဲ့ ဥရောပကိုဆန်တင်သင်္ဘော၃စီး၊ပြောင်းဆန်တင်သင်္ဘော၄စီးအပါအဝင် အထွေထွေကုန်စည်တင်သင်္ဘော၁၅စီးနဲ့ ကုန်ပစ္စည်းတွေတင်ဆောင်နေတယ်လို့သိရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေနဲ့ ပွင့်လင်းရာသီရောက်တာနဲ့အမျှ ရေကြောင်းသယ်ယူပို့ဆောင်မှု ကောင်းမွန်လာကာ
သင်္ဘောကြီးတွေပိုမိုဝင်ရောက်ပြီး မြန်မာ့ထွက်ကုန်တွေကို နိုင်ငံတကာကိုတိုးတက်ပို့ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။ရေထွက်ကုန်၊ချုပ်ပြီးအဝတ်အထည်၊ကောက်ပဲ သီးနှံထွက်ကုန်၊သစ်တောထွက်ကုန်နှင့်ရာဘာတို့အား မြန်မာနိုင်ငံမှ ပြန်လည်တင်ပို့လျက်ရှိသည်။
ထိုသို့ ပို့ဆောင်ရာ၌ယနေ့တွင်အရှေ့တောင်အာရှနှင့်ဥရောပသို့ ဆန်တင်သင်္ဘော ၃ စီး၊ပြောင်းဆန်တင်သင်္ဘော ၄ စီး၊အထွေထွေကုန်တင်သင်္ဘော ၁၅ စီးဖြင့်ကုန်ပစ္စည်းများတင်ပို့လျက်ရှိသည်။ပင်လယ်ရေကြောင်းကုန်သွယ်မှုအနေဖြင့်
ပွင့်လင်းရာသီရောက်သည်နှင့်ရေကြောင်းသယ်ယူပို့ဆောင်မှုကောင်းမွန်လာကာသင်္ဘောကြီးများ ပိုမိုဝင်ရောက်လာပြီး မြန်မာ့ထွက်ကုန်များကို နိုင်ငံတကာသို့ တိုးတက်ပို့ဆောင်လျက်ရှိသည်။
Credit
Zawgyi
စက္သုံးဆီႏွင့္စားသုံးဆီ အပါဝင္ ပစၥည္းအမယ္ေပါင္း(၁၂)မ်ိဳးအား သဘၤာ(၂၃)စီးျဖင့္ဆိပ္ကမ္းသို႔ကုန္ခ်
ႏိုင္ငံတကာကုန္သြယ္မႈႏွင့္ကုန္စည္စီးဆင္းမႈမ်ားပုံမွန္အေနအထားသို႔ ျပန္လည္ေရာက္ရွိလာခဲ့သျဖင့္ ရန္ကုန္ဆိပ္ကမ္းမွတဆင့္ႏိုင္ငံတကာသို႔ပင္လယ္ေရေၾကာင္းမွပို႔ကုန္မ်ားတင္ပို႔လ်က္ရွိသည္။ျပည္ပကေနတင္သြင္းလာတဲ့
ကုန္ေသတၱာတင္သေဘၤာမ်ားျဖင့္ ဓာတ္ေျမဩဇာအမ်ိဳးမ်ိဳး၊အထည္အလိပ္၊ေဆးႏွင့္ေဆးပစၥည္း၊စားေသာက္ကုန္၊လွ်ပ္စစ္ပစၥည္း၊စက္ႏွင့္ဆက္စပ္ပစၥည္း၊ေဆာက္လုပ္ေရးလုပ္ငန္းသုံးပစၥည္း၊ေကာ္ေစ့ ၊ဘိလပ္ေျမ၊စက္ယႏၲရားႀကီးေတြ၊စက္သုံးဆီနဲ႔စားသုံးဆီေတြဟာ
သီလဝါနဲ႔ ရန္ကုန္ဆိပ္ကမ္းေတြမွာကုန္ခ်လုပ္ငန္းေဆာင္႐ြက္ေနၿပီျဖစ္တယ္လို႔သတင္းထုတ္ျပန္ပါတယ္။ရန္ကုန္ဆိပ္ကမ္းမွာေတာ့ေအာက္တိုဘာ၁၇ရက္မွာကုန္ေသတၱာတင္သေဘၤာ၂စီး၊အေထြေထြကုန္စည္တင္သေဘၤာ ၁၅စီး၊စက္သုံးဆီသေဘၤာ၅စီးနဲ႔စားသုံးဆီသေဘၤာ၁စီးတို႔အပါအဝင္
စုစုေပါင္းသေဘၤာ၂၃စီး ဆိုက္ကပ္ၿပီးကုန္တင္ကုန္ခ်လုပ္ငန္းေတြေဆာင္႐ြက္ေနတယ္လို႔ဆိုပါတယ္။လက္ရွိအခ်ိန္ထိအခုေအာက္တိုဘာလမွာဝင္ဖို႔ရွိတဲ့သေဘၤာေတြရဲ႕ ၅၅ရာခိုင္ႏႈန္းေက်ာ္ဝင္ေရာက္ထားၿပီးျဖစ္တယ္လို႔လည္းသိရပါတယ္။
ဒါ့အျပင္ပို႔ကုန္အေနနဲ႔ဆန္နဲ႔လယ္ယာထြက္ကုန္ေကာက္ပဲသီးႏွံေတြကိုျပည္ပႏိုင္ငံေတြကိုတင္ပို႔ေရာင္းခ်ရာမွာပမာဏမ်ားတဲ့ပို႔ကုန္ေတြကိုကုန္ေသတၱာတင္သေဘၤာေတြနဲ႔သာမကအေထြေထြ ကုန္စည္တင္သေဘၤာေတြနဲ႔ အစင္းလိုက္ငွားရမ္းပို႔ေဆာင္ေနရာမွာေအာက္တိုဘာ၁၇ရက္မွာေတာ့
အေရွ႕ေတာင္အာရွနဲ႔ ဥေရာပကိုဆန္တင္သေဘၤာ၃စီး၊ေျပာင္းဆန္တင္သေဘၤာ၄စီးအပါအဝင္ အေထြေထြကုန္စည္တင္သေဘၤာ၁၅စီးနဲ႔ ကုန္ပစၥည္းေတြတင္ေဆာင္ေနတယ္လို႔သိရပါတယ္။ပင္လယ္ေရေၾကာင္းကုန္သြယ္မႈအေနနဲ႔ ပြင့္လင္းရာသီေရာက္တာနဲ႔အမွ် ေရေၾကာင္းသယ္ယူပို႔ေဆာင္မႈ ေကာင္းမြန္လာကာ
သေဘၤာႀကီးေတြပိုမိုဝင္ေရာက္ၿပီး ျမန္မာ့ထြက္ကုန္ေတြကို ႏိုင္ငံတကာကိုတိုးတက္ပို႔ေဆာင္ေနတယ္လို႔ ထုတ္ျပန္ထားပါတယ္။ေရထြက္ကုန္၊ခ်ဳပ္ၿပီးအဝတ္အထည္၊ေကာက္ပဲ သီးႏွံထြက္ကုန္၊သစ္ေတာထြက္ကုန္ႏွင့္ရာဘာတို႔အား ျမန္မာႏိုင္ငံမွ ျပန္လည္တင္ပို႔လ်က္ရွိသည္။
ထိုသို႔ ပို႔ေဆာင္ရာ၌ယေန႔တြင္အေရွ႕ေတာင္အာရွႏွင့္ဥေရာပသို႔ ဆန္တင္သေဘၤာ ၃ စီး၊ေျပာင္းဆန္တင္သေဘၤာ ၄ စီး၊အေထြေထြကုန္တင္သေဘၤာ ၁၅ စီးျဖင့္ကုန္ပစၥည္းမ်ားတင္ပို႔လ်က္ရွိသည္။ပင္လယ္ေရေၾကာင္းကုန္သြယ္မႈအေနျဖင့္
ပြင့္လင္းရာသီေရာက္သည္ႏွင့္ေရေၾကာင္းသယ္ယူပို႔ေဆာင္မႈေကာင္းမြန္လာကာသေဘၤာႀကီးမ်ား ပိုမိုဝင္ေရာက္လာၿပီး ျမန္မာ့ထြက္ကုန္မ်ားကို ႏိုင္ငံတကာသို႔ တိုးတက္ပို႔ေဆာင္လ်က္ရွိသည္။
Credit