
ရဲ ၃ ဦကို PDF ဖမ်းဆီး၊ ရို-က်စစ်စရာမလိုဘဲ အကြောင်းစုံပြောပြ
ဧရာဝတီတိုင်းမ်
အောက်တိုဘာလ ၁၉ ရက်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာ အောက်တိုဘာလ ၁၆ ရက်နေ့က စစ်ကောင်စီလက်အောက်ခံ ရဲ ၃ ဦးကို ဒေသခံပြည်သူကာကွယ်ရေးတပ် PDF နဲ့ KIA တပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဖားကန့်မြို့မရဲစခန်းက ရဲ ၃ ဦးကို ဥရုချောင်းတံတားပေါ်မှာ PDF တပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး ၁ ဦးကတော့ ရေထဲခုန်ချထွက်ပြေးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
“ ဥရုချောင်းဘေး ရဲကင်းနားလေးမှာပဲဖမ်းတာ ဘီလီတံတားနားမှာပေါ့ လက်နက်တော့မပါဘူး အကုန်ဖွင့်ပြော ပြတာ ဘာမှတောင်မလုပ်ရဘူး လောလောဆယ်တော့ထိန်းသိမ်းထားတုန်းပဲ”လို့ PDF နဲ့နီးစပ်သူတဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
ဖမ်းဆီးခံရတဲ့သူတွေက PDF တပ်ဖွဲ့က ဖမ်းတာကိုသိချိန်မှာ မခုခံဘဲလိုက်ပါခဲ့သလို စစ်ဆေးတဲ့အချိန်မှာလည်း သိသလောက်အကုန်ပြောပြခဲ့ပြီး လွတ်မြောက်နယ်မြေရောက်တယ်ခံစားရကြောင်း ပြောဆိုတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။
ဖားကန့်မြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ PDF တို့အကြား စစ်ရေးတင်းမာမှုတွေရှိနေပြီး ဩဂုတ်လ ၃ ရက်နေ့ကလည်း စစ်ကောင်စီ လက်အောက်ခံ ရဲမှူး ကိုကိုလွင်နဲ့ ဒုရဲအုပ်တဦး ပစ်ခတ်ရှင်းလင်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Zawgyi
ရဲ ၃ ဦကို PDF ဖမ္းဆီး၊ ႐ို-က္စစ္စရာမလိုဘဲ အေၾကာင္းစုံေျပာျပ
ဧရာဝတီတိုင္းမ္
ေအာက္တိုဘာလ ၁၉ ရက္
ကခ်င္ျပည္နယ္၊ ဖားကန႔္ၿမိဳ႕နယ္မွာ ေအာက္တိုဘာလ ၁၆ ရက္ေန႔က စစ္ေကာင္စီလက္ေအာက္ခံ ရဲ ၃ ဦးကို ေဒသခံျပည္သူကာကြယ္ေရးတပ္ PDF နဲ႔ KIA တပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
ဖားကန႔္ၿမိဳ႕မရဲစခန္းက ရဲ ၃ ဦးကို ဥ႐ုေခ်ာင္းတံတားေပၚမွာ PDF တပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ၿပီး ၁ ဦးကေတာ့ ေရထဲခုန္ခ်ထြက္ေျပးသြားတယ္လို႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ နီးစပ္သူေတြက ေျပာပါတယ္။
“ ဥ႐ုေခ်ာင္းေဘး ရဲကင္းနားေလးမွာပဲဖမ္းတာ ဘီလီတံတားနားမွာေပါ့ လက္နက္ေတာ့မပါဘူး အကုန္ဖြင့္ေျပာ ျပတာ ဘာမွေတာင္မလုပ္ရဘူး ေလာေလာဆယ္ေတာ့ထိန္းသိမ္းထားတုန္းပဲ”လို႔ PDF နဲ႔နီးစပ္သူတဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
ဖမ္းဆီးခံရတဲ့သူေတြက PDF တပ္ဖြဲ႕က ဖမ္းတာကိုသိခ်ိန္မွာ မခုခံဘဲလိုက္ပါခဲ့သလို စစ္ေဆးတဲ့အခ်ိန္မွာလည္း သိသေလာက္အကုန္ေျပာျပခဲ့ၿပီး လြတ္ေျမာက္နယ္ေျမေရာက္တယ္ခံစားရေၾကာင္း ေျပာဆိုတာေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။
ဖားကန႔္ၿမိဳ႕နယ္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္နဲ႔ ကခ်င္လြတ္လပ္ေရးတပ္မေတာ္ KIA ၊ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ PDF တို႔အၾကား စစ္ေရးတင္းမာမႈေတြရွိေနၿပီး ဩဂုတ္လ ၃ ရက္ေန႔ကလည္း စစ္ေကာင္စီ လက္ေအာက္ခံ ရဲမႉး ကိုကိုလြင္နဲ႔ ဒုရဲအုပ္တဦး ပစ္ခတ္ရွင္းလင္းခံခဲ့ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။