ပြည်တွင်းမှ ရွက်ပုန်းသီးအနုပညာရှင်များကို လာမယ့်နိုဝင်ဘာလတွင် ရွေးချယ်သွာမည်

ပြည်တွင်းမှ ရွက်ပုန်းသီးအနုပညာရှင်များကို လာမယ့်နိုဝင်ဘာလတွင် ရွေးချယ်သွာမည်


လာမည့် ၂၀၂၃ ခုနှစ်အတွင်း ပြည်ပတွင်သွားရောက်ယှဉ်ပြိုင်ရမည့် Mr &miss & gay new international models အတွက်ကနဦးအဖြစ်ပြည်တွင်းမှ ရွက်ပုန်းသီးအနုပညာရှင်များကိုကြိုတင်ရွေးချယ်သွားရန်စီစဉ်ထားကြောင်းပွဲကျင်းပရေးစီစဉ်သူများထံမှသိရသည်။

ထိုသို့ ပြည်တွင်းမှရွက်ပုန်းသီးအနုပညာရှင်များကို ရွေးချယ်ရန်လာမည့် နိုဝင်ဘာလအတွင်းပဲခူးတိုင်းဒေသကြီးအနောက်ခြမ်းရှိ သာယာဝတီမြို့တွင်လည်းကောင်း၊ ဒီဇင်ဘာလအတွင်း ရန်ကုန်မြို့တွင်လည်းကောင်း၊

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်းဧရာဝတီတိုင်းဒေသကြီးအတွင်းရှိဝါးခယ်မမြို့တွင်လည်းကောင်း အသီးသီးကျင်းပကာနောက်ဆုံး Final ရွေးချယ်ပွဲကို ဇန်နဝါရီလကုန်ပိုင်းတွင်ရန်ကုန်မြို့၌ကျင်းပပြီးနောက်ပြည်ပနိုင်ငံသို့သွားရောက်ယှဉ်ပြိုင်ရမည့်ကိုယ်စားပြု Mr & miss များကို

ရွေးချယ်သွားမည်ဟု New International Model Myanmar Beauty Pageant Organization မှသိရသည်။“လောလောဆယ်အနေနဲ့ကလာမယ့်နိုဝင်ဘာ ၆ ရက်မှာသာယာဝတီမြို့မှာရှိတဲ့ဆရာစံခန်းမမှာ အလှမောင်/မယ် ရွေးချယ်ပွဲလုပ်မှာပါ၊

ဒီဇင်ဘာထဲ ရန်ကုန်မှာလုပ်မယ်၊နောက်ပြီးဝါးခယ်မမြို့မှာလုပ်ပါမယ်၊ဒီလိုလူရွေးပွဲတွေထဲကဆန်ကာတင်ရွေးချယ်ရလာတဲ့သူတွေကိုရန်ကုန်မှာဖိုင်နယ်ပွဲလုပ်ပြီးထပ်ရွေးပါမယ်၊အဲ့ဒီနောက်ဆုံးရွေးချယ်ထားတဲ့သူဟာပြည်ပပွဲတွေအတွက်မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်”ဟု

ပွဲကျင်းပရေးဆိုင်ရာတာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။ထိုပြိုင်ပွဲအတွက်ကနဦးလူရွေးပွဲပြုလုပ်သည့်အခါ မြန်မာဝတ်စုံများနှင့်ဆောင်းရာသီဝတ်စုံများကိုပြိုင်ပွဲဝင်ဘက်မှစီစဉ်ရမည်ဖြစ်ပြီး မိတ်ကပ်၊ ရိုက်ကူးရေး၊ ဖွင့်ပွဲဝတ်စုံများ၊ ပွဲတက်ဝတ်စုံများစသည်တို့ကိုပွဲစီစဉ်သူများဘက်မှစီစဉ်ထားပြီး

နောက်ဆုံးပြိုင်ပွဲများအတွက်ပွဲစီစဉ်သူများအပြင်ပံ့ပိုးပေးထားသည့်ကြော်ငြာအေဂျင်စီများဘက်မှလည်း အကူအညီပေးထားခြင်းများရှိကြောင်းသိရသည်။
Credit

Zawgyi

ျပည္တြင္းမွ ႐ြက္ပုန္းသီးအႏုပညာရွင္မ်ားကို လာမယ့္ႏိုဝင္ဘာလတြင္ ေ႐ြးခ်ယ္သြာမည္

လာမည့္ ၂၀၂၃ ခုႏွစ္အတြင္း ျပည္ပတြင္သြားေရာက္ယွဥ္ၿပိဳင္ရမည့္ Mr &miss & gay new international models အတြက္ကနဦးအျဖစ္ျပည္တြင္းမွ ႐ြက္ပုန္းသီးအႏုပညာရွင္မ်ားကိုႀကိဳတင္ေ႐ြးခ်ယ္သြားရန္စီစဥ္ထားေၾကာင္းပြဲက်င္းပေရးစီစဥ္သူမ်ားထံမွသိရသည္။

ထိုသို႔ ျပည္တြင္းမွ႐ြက္ပုန္းသီးအႏုပညာရွင္မ်ားကို ေ႐ြးခ်ယ္ရန္လာမည့္ ႏိုဝင္ဘာလအတြင္းပဲခူးတိုင္းေဒသႀကီးအေနာက္ျခမ္းရွိ သာယာ၀တီၿမိဳ႕တြင္လည္းေကာင္း၊ ဒီဇင္ဘာလအတြင္း ရန္ကုန္ၿမိဳ႕တြင္လည္းေကာင္း၊

၂၀၂၃ ခုႏွစ္၊ ဇန္နဝါရီလအတြင္းဧရာ၀တီတိုင္းေဒသႀကီးအတြင္းရွိဝါးခယ္မၿမိဳ႕တြင္လည္းေကာင္း အသီးသီးက်င္းပကာေနာက္ဆုံး Final ေ႐ြးခ်ယ္ပြဲကို ဇန္နဝါရီလကုန္ပိုင္းတြင္ရန္ကုန္ၿမိဳ႕၌က်င္းပၿပီးေနာက္ျပည္ပႏိုင္ငံသို႔သြားေရာက္ယွဥ္ၿပိဳင္ရမည့္ကိုယ္စားျပဳ Mr & miss မ်ားကို

ေ႐ြးခ်ယ္သြားမည္ဟု New International Model Myanmar Beauty Pageant Organization မွသိရသည္။“ေလာေလာဆယ္အေနနဲ႔ကလာမယ့္ႏိုဝင္ဘာ ၆ ရက္မွာသာယာ၀တီၿမိဳ႕မွာရွိတဲ့ဆရာစံခန္းမမွာ အလွေမာင္/မယ္ ေ႐ြးခ်ယ္ပြဲလုပ္မွာပါ၊

ဒီဇင္ဘာထဲ ရန္ကုန္မွာလုပ္မယ္၊ေနာက္ၿပီးဝါးခယ္မၿမိဳ႕မွာလုပ္ပါမယ္၊ဒီလိုလူေ႐ြးပြဲေတြထဲကဆန္ကာတင္ေ႐ြးခ်ယ္ရလာတဲ့သူေတြကိုရန္ကုန္မွာဖိုင္နယ္ပြဲလုပ္ၿပီးထပ္ေ႐ြးပါမယ္၊အဲ့ဒီေနာက္ဆုံးေ႐ြးခ်ယ္ထားတဲ့သူဟာျပည္ပပြဲေတြအတြက္ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္”ဟု

ပြဲက်င္းပေရးဆိုင္ရာတာဝန္ရွိသူတစ္ဦးက ရွင္းျပသည္။ထိုၿပိဳင္ပြဲအတြက္ကနဦးလူေ႐ြးပြဲျပဳလုပ္သည့္အခါ ျမန္မာဝတ္စုံမ်ားႏွင့္ေဆာင္းရာသီဝတ္စုံမ်ားကိုၿပိဳင္ပြဲဝင္ဘက္မွစီစဥ္ရမည္ျဖစ္ၿပီး မိတ္ကပ္၊ ႐ိုက္ကူးေရး၊ ဖြင့္ပြဲဝတ္စုံမ်ား၊ ပြဲတက္ဝတ္စုံမ်ားစသည္တို႔ကိုပြဲစီစဥ္သူမ်ားဘက္မွစီစဥ္ထားၿပီး

ေနာက္ဆုံးၿပိဳင္ပြဲမ်ားအတြက္ပြဲစီစဥ္သူမ်ားအျပင္ပံ့ပိုးေပးထားသည့္ေၾကာ္ျငာေအဂ်င္စီမ်ားဘက္မွလည္း အကူအညီေပးထားျခင္းမ်ားရွိေၾကာင္းသိရသည္။
Credit