သေဆုံးသွားတဲ့ စာသင်တိုက်မြေနေရာအလှူရှင် မိသားစုအတွက် သူတို့ရဲ့ နောက်ဆုံးပုံလေးတွေနဲ့အတူ ဆုတောင်းပေးခဲ့ကြတဲ့ ပြည်သူတချို့

ဇွန်လ (၁၀)ရက်နေ့က ရာသီဥတုအခြေအနေဆိုးရွားမှုကြောင့် နေပြည်တော်မှ ပြင်ဦးလွင်သို့ ထွက်ခွာလာတဲ့ တပ်မတော်လေယာဉ်တစ်စင်းဟာ ပျက်ကျခဲ့သွားခဲ့လို့ လိုက်ပါလာသူ (၁၂)ဦးမှာ (၂)ဦးသာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယင်း ပျက်ကျခဲ့တဲ့ လေယာဉ်ဟာ ပြင်ဦးလွင်မြို့နယ် ၊ သုံးထောင်ကျေးရွာအုပ်စု ၊ကျောက်ဖျားဒိုးကျေးရွာမှာ အသစ် ဆောက်လုပ်မယ့် မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပဖို့ သွားခဲ့တာ ဖြစ်ပါတယ်။

လေယာဉ်ပျက်ကျမှုဖြစ်စဉ်မှာ သေဆုံးသွားခဲ့တဲ့ မဟာဝိသုတာရာမ ပရိယတ္တိစာသင်တိုက်ကြီးရဲ့ မြေနေရာအလှူရှင် မိသားစုလေးမှာ သားလေးတစ်ယောက်သာ အသက်ရှင်ကျန်ခဲ့တယ်လို့ သိရပါတယ်။

အလှူရှင်မိသားစု သေဆုံးသွားနဲ့ပတ်သက်ပြီး ပြည်သူတချို့က ဝေဖန်မှုတွေရှိနေကြသလို တချို့ကလည်း စိတ်မကောင်းဖြစ်ကြတာတွေ ရှိပါတယ်။ ယခုမှာလည်း ပြည်သူတစ်ဦးက လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ ဆရာတော်ကြီးတွေနဲ့ မြေအလှူရှင်မိသားစုအတွက် ဆုတောင်းပေးလာခဲ့ပါတယ်။

“ကောင်းရာ ဘုံဘဝ မြင့်မြတ်သော ဘုံဘဝ တွင်ဆရာတော်ဘုရားများ နှင့် အတူ နတ်ဘုံနတ်နန်း မှာစံမြန်း နိုင်ကြပါစေ…..”ဆိုပြီး ရေးသားထားတာ တွေ့ရသလို အလှူရှင်မိသားစု မသေဆုံးခင်က ရိုက်ထားတဲ့အမှတ်တရ ပုံလေးတွေကိုလည်း မမြင်ဖူးတဲ့ ပြည်သူတွေပြန်လည်ကြည့်လို့ရအောင် ဖော်ပြထားတာ တွေ့ရပါတယ်။

ကဲ..ပရိသတ်ကြီးရေ လေယာဉ်ပျက်ကျမှုမှာ သေဆုံးသွားခဲ့တဲ့ အလှူရှင်မိသားစုအတွက် ဆုတောင်းပေးရင်း စိတ်မကောင်းစရာ နောက်ဆုံးပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

———–

ဇြန္လ (၁၀)ရက္ေန႔က ရာသီဥတုအေျခအေနဆိုး႐ြားမႈေၾကာင့္ ေနျပည္ေတာ္မွ ျပင္ဦးလြင္သို႔ ထြက္ခြာလာတဲ့ တပ္မေတာ္ေလယာဥ္တစ္စင္းဟာ ပ်က္က်ခဲ့သြားခဲ့လို႔ လိုက္ပါလာသူ (၁၂)ဦးမွာ (၂)ဦးသာ ကယ္တင္ႏိုင္ခဲ့တယ္လို႔ သိရပါတယ္။

ယင္း ပ်က္က်ခဲ့တဲ့ ေလယာဥ္ဟာ ျပင္ဦးလြင္ၿမိဳ႕နယ္ ၊ သုံးေထာင္ေက်း႐ြာအုပ္စု ၊ေက်ာက္ဖ်ားဒိုးေက်း႐ြာမွာ အသစ္ ေဆာက္လုပ္မယ့္ မဟာဝိသုတာရာမ ပရိယတၱိစာသင္တိုက္ႀကီး ပႏၷက္တင္ မဂၤလာအခမ္းအနား က်င္းပဖို႔ သြားခဲ့တာ ျဖစ္ပါတယ္။

ေလယာဥ္ပ်က္က်မႈျဖစ္စဥ္မွာ ေသဆုံးသြားခဲ့တဲ့ မဟာဝိသုတာရာမ ပရိယတၱိစာသင္တိုက္ႀကီးရဲ႕ ေျမေနရာအလႉရွင္ မိသားစုေလးမွာ သား​ေလးတစ္ေယာက္သာ အသက္ရွင္က်န္ခဲ့တယ္လို႔ သိရပါတယ္။

အလႉရွင္မိသားစု ေသဆုံးသြားနဲ႔ပတ္သက္ၿပီး ျပည္သူတခ်ိဳ႕က ေဝဖန္မႈေတြရွိေနၾကသလို တခ်ိဳ႕ကလည္း စိတ္မေကာင္းျဖစ္ၾကတာေတြ ရွိပါတယ္။ ယခုမွာလည္း ျပည္သူတစ္ဦးက ေလယာဥ္ပ်က္က်မႈမွာ ေသဆုံးသြားခဲ့တဲ့ ဆရာေတာ္ႀကီးေတြနဲ႔ ေျမအလႉရွင္မိသားစုအတြက္ ဆုေတာင္းေပးလာခဲ့ပါတယ္။

“ေကာင္းရာ ဘုံဘဝ ​​ျမင့္ျမတ္ေသာ ဘုံဘဝ တြင္ဆရာေတာ္ဘုရားမ်ား ႏွင့္ အတူ နတ္ဘုံနတ္နန္း မွာ​စံျမန္း ႏိုင္ၾကပါေစ…..”ဆိုၿပီး ေရးသားထားတာ ေတြ႕ရသလို အလႉရွင္မိသားစု မေသဆုံးခင္က ႐ိုက္ထားတဲ့အမွတ္တရ ပုံေလးေတြကိုလည္း မျမင္ဖူးတဲ့ ျပည္သူေတြျပန္လည္ၾကည့္လို႔ရေအာင္ ေဖာ္ျပထားတာ ေတြ႕ရပါတယ္။

ကဲ..ပရိသတ္ႀကီးေရ ေလယာဥ္ပ်က္က်မႈမွာ ေသဆုံးသြားခဲ့တဲ့ အလႉရွင္မိသားစုအတြက္ ဆုေတာင္းေပးရင္း စိတ္မေကာင္းစရာ ေနာက္ဆုံးပုံရိပ္ေလးေတြကို ျပန္လည္ေဖာ္ျပေပးလိုက္ပါတယ္။

Source – Original Upload