
လာမယ့်ရုံးပိတ်ရက်မှာ ရန်ကုန် − မန္တလေး လေအိတ်အထူးရထားပြေးဆွဲမည်
လာမည့် အောက်တိုဘာ ၂၄ ရက်တွင် ကျရောက်သည့် ဒီပါဝလီနေ့၌ ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် အထူးရထားပြေးဆွဲရန် စီစဉ်ထားကြောင်းမြန်မာ့မီးရထားမှသိရသည်။
အဆိုပါအထူးရထားသည်အပတ်စဉ်သောကြာနှင့်တနင်္ဂနွေတို့တွင်ပြေးဆွဲနေသည့်အမှတ် ၅ အဆန်နှင့် ၆ အစုန် ရန်ကုန်-မန္တလေး လေအိတ်ရထား နှစ်စင်းကိုတနင်္လာနေ့ဖြစ်သည့်အောက်တိုဘာ ၂၄ ရက်တွင် အထူးရထားအဖြစ်တစ်ရက်ပိုမိုပြေးဆွဲပေးခြင်းမျိုးလည်းဖြစ်ကြောင်းသိရသည်။
ထိုရထားအတွက် လက်မှတ်များကိုယခင်ပုံမှန်အစီအစဉ်များအတိုင်းရောင်းချနေပြီးရထားခရီးစဉ်မှာလည်းယခင်အတိုင်းလမ်းခရီးတွင် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊နေပြည်တော်၊သာစည် စသည့် ငါးဘူတာ၌သာရပ်တန့်သွားမည်ဟုသိရသည်။
ထို့အပြင် ယခုအပတ်တွင်စနေ၊ တနင်္ဂနွေရက်နှင့် ဒီပါဝလီနေ့ အဖြစ်အစိုးရရုံးပိတ်ရက်မှာသုံးရက်ဆက်တိုက်ပိတ်သည့်ကာလဖြစ်သည့်အတွက်နေရပ်ပြန်လိုသည့်ဌာနဆိုင်ရာဝန်ထမ်းများအဆင်ပြေလွယ်ကူစွာသွားလာနိုင်ရန်နေပြည်တော်-ရန်ကုန် အစုန်အထူးရထားကို
အောက်တိုဘာ ၂၁ ရက် ညပိုင်းတွင်ထွက်ခွာပေးရန်စီစဉ်ကာ လက်မှတ်များရောင်းချနေကြောင်းသိရသည်။ထိုရထားတွင်အထက်တန်းတွဲ ခြောက်တွဲ၊ ရိုးရိုးတန်းတွဲ ရှစ်တွဲချိတ်ဆွဲကာလေအိတ်တွဲဆိုင်းဖြင့်သုံးစွဲမည်ဖြစ်ပြီး
နေပြည်တော်ဘူတာမှ ည ၆နာရီခွဲတွင်ထွက်ခွာ၍ ရန်ကုန်ဘူတာသို့ နောက်တစ်ရက်ဖြစ်သော အောက်တိုဘာ ၂၂ ရက်နံနက် ၇ နာရီ ၁၅ မိနစ်တွင်ဆိုက်ရောက်မည်ဟုသိရသည်။လက်ရှိကာလတွင် ရန်ကုန်-နေပြည်တော်ရထားများပြေးဆွဲခြင်းမျိုးမရှိသေးဘဲ
ရန်ကုန်-မန္တလေးရထားများသာပြေးဆွဲနေပြီး နေပြည်တော်တွင်အချိန်အနည်းငယ်ပိုမိုရပ်တန့်ပေးခြင်းမျိုးဖြင့်လုပ်ဆောင်နေကြောင်း၊လွန်ခဲ့သောသီတင်းကျွတ်ကာလ ရုံးပိတ်ရက်များကလည်းယင်းကဲ့သို့သောနေပြည်တော်-ရန်ကုန်အထူးရထားများကိုပြေးဆွဲခဲ့ကြောင်းသိရသည်။
Credit
Zawgyi
လာမယ့္႐ုံးပိတ္ရက္မွာ ရန္ကုန္ − မႏၲေလး ေလအိတ္အထူးရထားေျပးဆြဲမည္
လာမည့္ ေအာက္တိုဘာ ၂၄ ရက္တြင္ က်ေရာက္သည့္ ဒီပါ၀လီေန႔၌ ရန္ကုန္-မႏၲေလး လမ္းပိုင္းတြင္ အထူးရထားေျပးဆြဲရန္ စီစဥ္ထားေၾကာင္းျမန္မာ့မီးရထားမွသိရသည္။
အဆိုပါအထူးရထားသည္အပတ္စဥ္ေသာၾကာႏွင့္တနဂၤေႏြတို႔တြင္ေျပးဆြဲေနသည့္အမွတ္ ၅ အဆန္ႏွင့္ ၆ အစုန္ ရန္ကုန္-မႏၲေလး ေလအိတ္ရထား ႏွစ္စင္းကိုတနလၤာေန႔ျဖစ္သည့္ေအာက္တိုဘာ ၂၄ ရက္တြင္ အထူးရထားအျဖစ္တစ္ရက္ပိုမိုေျပးဆြဲေပးျခင္းမ်ိဳးလည္းျဖစ္ေၾကာင္းသိရသည္။
ထိုရထားအတြက္ လက္မွတ္မ်ားကိုယခင္ပုံမွန္အစီအစဥ္မ်ားအတိုင္းေရာင္းခ်ေနၿပီးရထားခရီးစဥ္မွာလည္းယခင္အတိုင္းလမ္းခရီးတြင္ ပဲခူး၊ ေတာင္ငူ၊ ပ်ဥ္းမနား၊ေနျပည္ေတာ္၊သာစည္ စသည့္ ငါးဘူတာ၌သာရပ္တန႔္သြားမည္ဟုသိရသည္။
ထို႔အျပင္ ယခုအပတ္တြင္စေန၊ တနဂၤေႏြရက္ႏွင့္ ဒီပါ၀လီေန႔ အျဖစ္အစိုးရ႐ုံးပိတ္ရက္မွာသုံးရက္ဆက္တိုက္ပိတ္သည့္ကာလျဖစ္သည့္အတြက္ေနရပ္ျပန္လိုသည့္ဌာနဆိုင္ရာဝန္ထမ္းမ်ားအဆင္ေျပလြယ္ကူစြာသြားလာႏိုင္ရန္ေနျပည္ေတာ္-ရန္ကုန္ အစုန္အထူးရထားကို
ေအာက္တိုဘာ ၂၁ ရက္ ညပိုင္းတြင္ထြက္ခြာေပးရန္စီစဥ္ကာ လက္မွတ္မ်ားေရာင္းခ်ေနေၾကာင္းသိရသည္။ထိုရထားတြင္အထက္တန္းတြဲ ေျခာက္တြဲ၊ ႐ိုး႐ိုးတန္းတြဲ ရွစ္တြဲခ်ိတ္ဆြဲကာေလအိတ္တြဲဆိုင္းျဖင့္သုံးစြဲမည္ျဖစ္ၿပီး
ေနျပည္ေတာ္ဘူတာမွ ည ၆နာရီခြဲတြင္ထြက္ခြာ၍ ရန္ကုန္ဘူတာသို႔ ေနာက္တစ္ရက္ျဖစ္ေသာ ေအာက္တိုဘာ ၂၂ ရက္နံနက္ ၇ နာရီ ၁၅ မိနစ္တြင္ဆိုက္ေရာက္မည္ဟုသိရသည္။လက္ရွိကာလတြင္ ရန္ကုန္-ေနျပည္ေတာ္ရထားမ်ားေျပးဆြဲျခင္းမ်ိဳးမရွိေသးဘဲ
ရန္ကုန္-မႏၲေလးရထားမ်ားသာေျပးဆြဲေနၿပီး ေနျပည္ေတာ္တြင္အခ်ိန္အနည္းငယ္ပိုမိုရပ္တန႔္ေပးျခင္းမ်ိဳးျဖင့္လုပ္ေဆာင္ေနေၾကာင္း၊လြန္ခဲ့ေသာသီတင္းကြၽတ္ကာလ ႐ုံးပိတ္ရက္မ်ားကလည္းယင္းကဲ့သို႔ေသာေနျပည္ေတာ္-ရန္ကုန္အထူးရထားမ်ားကိုေျပးဆြဲခဲ့ေၾကာင္းသိရသည္။
Credit