
မန္တလေးလမ်းတွေကို မှတ်ရ ခက်လို့ဆိုပြီး တအားရှုပ်ထွေးနေကြတယ်။ တကယ်က လွယ်လွယ်လေး။ ကိုယ်တွေ ကျောင်းတက်တုန်းကဆို ဒီလိုသွားတာ။
သူတို့ပြောတဲ့ တောင်တွေ မြောက်တွေ ဘာမှ အရေးမစိုက်နေနဲ့။ ဆိုင်ကယ်ခေါင်း ဘယ်အရပ် ရောက်နေနေ ရောက်တဲ့နေရာကနေ ဆက်သာ မောင်းသွား။ တစ်ပြနေရင် လမ်းထောင့်က ဆိုင်းဘုတ်ကို ကြည့်လိုက်။ တစ်ပြကို တစ်လမ်း တိုးတာနဲ့ လျော့တာပဲ ရှိတာ။ ကိုယ့်နေရာကနေ တစ်ပြလောက်သွားလိုက်ရင်ကို ရှေ့တိုးရမှာလား နောက်ပြန်ဆုတ်ရမှာလား သိနေပြီ။
ဥပမာ လမ်း ၈၀ x ၃၅ လမ်း ဒေါင့် သွားမယ်ပေါ့။ ကိုယ်ရောက်နေတဲ့ နေရာကနေ ဒေါင်လိုက်နေနေ အလျားလိုက်နေနေ သွားမယ့်လမ်းဆီ တစ်ပြစီ ချဉ်းကပ်သွား။ ၇၈ လမ်း ရောက်နေရင် နှစ်ပြတိုးလိုက်။ ကုန်းတံတားရှိရင် တက်သွားလိုက် တက်မရရင် အောက်ကသွားလိုက် ကျော်သွားရင် နောက်ပြန်ဆုတ်လိုက် ရှင်းရှင်းလေး
ကိုယ်သွားမယ့်လမ်းက ဝေးလာလား နီးလာလား မျက်လုံးလေးနဲ့ ကြည့်။ မျက်လုံးပါရင် သွားလို့ရနေပြီ။ မန္တလေးလောက် သွားရလွယ်တဲ့မြို့ တစ်ခါမှ မတွေ့ဖူးသေးဘူး။ ချဲတွေ နှစ်လုံးထီတွေသာ ခဲတံ တံတွေးဆွတ်ပြီး ပါဝါတွေ နက္ခတ်တွေ အတိတ်စိမ်းတွေ တွက်တတ်ကြတာ။ ဒီဂဏန်းလေးတွေ တစ်ပေါင်း တစ်နှုတ် ကျတော့ မလုပ်တတ်ကြတော့ဘူးတဲ့။ စောင်ဆန်းကြီး။ (ရွှန်းမီမီထက်)
အောက်မှာ ဖော်ပြထားတာကတော့ မန်းလေးသား/သူတွေ အရှေ့အနောက် တောင်မြောက်နဲ့ ရှင်းပြထားတာပါ..
ငါပြောမယ် မန်းလေးလမ်းတွေသိသွားရင် သွားရတာက လွယ်လွယ်လေး.. ကျုံးရှိတယ်မို့လား ကျုံးကို ရှေ့နောက်တောင်မြောက် ၄ ဘက်ရှိတယ်ကွာ.. တရိစ္ဆာန်ဥယျာဉ်ရှိတဲ့ဘက်က ကျုံးမြောက်ဖက်လို့ တရားသေမှတ်လိုက်ရင်.. ကျန်တဲ့ မျက်နှာချင်းဆိုင်ဘက်က တောင်ဘက်.. မြောက်ကနေ တောင်ဘက်ကို မျက်နှာလှည့်ဆိုရင်.. ဘယ်ဘက်ခြမ်းက ကျုံးအရှေ့ဘက်ကွာ.. အရှေ့ဘက်ကိုသိရင် မျက်နှာချင်းဆိုင်က ကျုံးနောက်ဘက်ပေါ့..
လမ်းတွေကလွယ်ပါတယ်.. အရှေ့ဘက်ကိုသွားရင် ၁ နှုတ်.. အနောက်ဘက်ကိုသွားရင် ၁ ပေါင်း.. မြောက်ကနေ တောင်ဆို ၁ ပေါင်း.. တောင်ကနေ မြောက်ဆို ၁ နှုတ်.. ဥပမာ လမ်း ၈၀၊ ၁၄ လမ်းနဲ့ ၁၅ လမ်းကြားဆိုကွာ အနောက်ဘက်ကျုံးသွားရမှာ.. ၁၂ လမ်း ၇၈ နဲ့ ၇၉ လမ်းကြာဆို မြောက်ဘက်ကျမှာ.. ၂၆ လမ်း ၇၇ နဲ့ ၇၈ လမ်းကြားဆို တောင်ဘက်.. ၆၆ လမ်း ၁၉ လမ်းဆို အရှေ့ဘက်ကျမှာကွာ သိလား..
လွယ်လွယ်လေးအပေါင်းအနှုတ်တက်ရင်ရပြီ.. လေးတောင့်စက်စက်ကြီးကွာ အရမ်းလွယ်တယ်.. မင်းတို့သိထားရမှာက သိပ္ပံလမ်းပြီရင် လာမဲ့လမ်းတွေက ၁၀၁ တွေ ၁၀၂ တွေပဲ..
သဲငယ်တို့ ပြီးရင် ပီကယ်ရှောင်လမ်းကြားလေးတွေကောပဲ ဖိုက်တင်း.. မြရည်နန္ဒာဘက်တော့ မမေးနဲ့ ငါလဲ မသွားတက်ဖူး.. ဒီလိုမှမသိလဲ မပူပါနဲ့ မန်းလေးသူ မန်းလေးသားတစ်ယောက်ယောက်ကိုသာ ရှာတွဲလိုက်ပါ (လမ်းတော့ကျွမ်းပါစေ).. (Shwe Ye Win)
Zawgyi
မႏၲေလးလမ္းေတြကို မွတ္ရ ခက္လို႔ဆိုၿပီး တအားရႈပ္ေထြးေနၾကတယ္။ တကယ္က လြယ္လြယ္ေလး။ ကိုယ္ေတြ ေက်ာင္းတက္တုန္းကဆို ဒီလိုသြားတာ။
သူတို႔ေျပာတဲ့ ေတာင္ေတြ ေျမာက္ေတြ ဘာမွ အေရးမစိုက္ေနနဲ႔။ ဆိုင္ကယ္ေခါင္း ဘယ္အရပ္ ေရာက္ေနေန ေရာက္တဲ့ေနရာကေန ဆက္သာ ေမာင္းသြား။ တစ္ျပေနရင္ လမ္းေထာင့္က ဆိုင္းဘုတ္ကို ၾကည့္လိုက္။ တစ္ျပကို တစ္လမ္း တိုးတာနဲ႔ ေလ်ာ့တာပဲ ရွိတာ။ ကိုယ့္ေနရာကေန တစ္ျပေလာက္သြားလိုက္ရင္ကို ေရွ႕တိုးရမွာလား ေနာက္ျပန္ဆုတ္ရမွာလား သိေနၿပီ။
ဥပမာ လမ္း ၈၀ x ၃၅ လမ္း ေဒါင့္ သြားမယ္ေပါ့။ ကိုယ္ေရာက္ေနတဲ့ ေနရာကေန ေဒါင္လိုက္ေနေန အလ်ားလိုက္ေနေန သြားမယ့္လမ္းဆီ တစ္ျပစီ ခ်ဥ္းကပ္သြား။ ၇၈ လမ္း ေရာက္ေနရင္ ႏွစ္ျပတိုးလိုက္။ ကုန္းတံတားရွိရင္ တက္သြားလိုက္ တက္မရရင္ ေအာက္ကသြားလိုက္ ေက်ာ္သြားရင္ ေနာက္ျပန္ဆုတ္လိုက္ ရွင္းရွင္းေလး
ကိုယ္သြားမယ့္လမ္းက ေဝးလာလား နီးလာလား မ်က္လုံးေလးနဲ႔ ၾကည့္။ မ်က္လုံးပါရင္ သြားလို႔ရေနၿပီ။ မႏၲေလးေလာက္ သြားရလြယ္တဲ့ၿမိဳ႕ တစ္ခါမွ မေတြ႕ဖူးေသးဘူး။ ခ်ဲေတြ ႏွစ္လုံးထီေတြသာ ခဲတံ တံေတြးဆြတ္ၿပီး ပါဝါေတြ နကၡတ္ေတြ အတိတ္စိမ္းေတြ တြက္တတ္ၾကတာ။ ဒီဂဏန္းေလးေတြ တစ္ေပါင္း တစ္ႏႈတ္ က်ေတာ့ မလုပ္တတ္ၾကေတာ့ဘူးတဲ့။ ေစာင္ဆန္းႀကီး။ (႐ႊန္းမီမီထက္)
ေအာက္မွာ ေဖာ္ျပထားတာကေတာ့ မန္းေလးသား/သူေတြ အေရွ႕အေနာက္ ေတာင္ေျမာက္နဲ႔ ရွင္းျပထားတာပါ..
ငါေျပာမယ္ မန္းေလးလမ္းေတြသိသြားရင္ သြားရတာက လြယ္လြယ္ေလး.. က်ဳံးရွိတယ္မို႔လား က်ဳံးကို ေရွ႕ေနာက္ေတာင္ေျမာက္ ၄ ဘက္ရွိတယ္ကြာ.. တရိစာၦန္ဥယ်ာဥ္ရွိတဲ့ဘက္က က်ဳံးေျမာက္ဖက္လို႔ တရားေသမွတ္လိုက္ရင္.. က်န္တဲ့ မ်က္ႏွာခ်င္းဆိုင္ဘက္က ေတာင္ဘက္.. ေျမာက္ကေန ေတာင္ဘက္ကို မ်က္ႏွာလွည့္ဆိုရင္.. ဘယ္ဘက္ျခမ္းက က်ဳံးအေရွ႕ဘက္ကြာ.. အေရွ႕ဘက္ကိုသိရင္ မ်က္ႏွာခ်င္းဆိုင္က က်ဳံးေနာက္ဘက္ေပါ့..
လမ္းေတြကလြယ္ပါတယ္.. အေရွ႕ဘက္ကိုသြားရင္ ၁ ႏႈတ္.. အေနာက္ဘက္ကိုသြားရင္ ၁ ေပါင္း.. ေျမာက္ကေန ေတာင္ဆို ၁ ေပါင္း.. ေတာင္ကေန ေျမာက္ဆို ၁ ႏႈတ္.. ဥပမာ လမ္း ၈၀၊ ၁၄ လမ္းနဲ႔ ၁၅ လမ္းၾကားဆိုကြာ အေနာက္ဘက္က်ဳံးသြားရမွာ.. ၁၂ လမ္း ၇၈ နဲ႔ ၇၉ လမ္းၾကာဆို ေျမာက္ဘက္က်မွာ.. ၂၆ လမ္း ၇၇ နဲ႔ ၇၈ လမ္းၾကားဆို ေတာင္ဘက္.. ၆၆ လမ္း ၁၉ လမ္းဆို အေရွ႕ဘက္က်မွာကြာ သိလား..
လြယ္လြယ္ေလးအေပါင္းအႏႈတ္တက္ရင္ရၿပီ.. ေလးေတာင့္စက္စက္ႀကီးကြာ အရမ္းလြယ္တယ္.. မင္းတို႔သိထားရမွာက သိပၸံလမ္းၿပီရင္ လာမဲ့လမ္းေတြက ၁၀၁ ေတြ ၁၀၂ ေတြပဲ..
သဲငယ္တို႔ ၿပီးရင္ ပီကယ္ေရွာင္လမ္းၾကားေလးေတြေကာပဲ ဖိုက္တင္း.. ျမရည္နႏၵာဘက္ေတာ့ မေမးနဲ႔ ငါလဲ မသြားတက္ဖူး.. ဒီလိုမွမသိလဲ မပူပါနဲ႔ မန္းေလးသူ မန္းေလးသားတစ္ေယာက္ေယာက္ကိုသာ ရွာတြဲလိုက္ပါ (လမ္းေတာ့ကြၽမ္းပါေစ).. (Shwe Ye Win)