ဆင်မကြီးမိုမို ရဲ့ မွေးနေ့ပွဲတော်(၃)ရက်တိုင်ကျင်းပပြုလုပ်မည်

ဆင်မကြီးမိုမို ရဲ့ မွေးနေ့ပွဲတော်(၃)ရက်တိုင်ကျင်းပပြုလုပ်မည်

ဆင်မကြီး မိုမိုကြီးရဲ့ အသက်(၆၉)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အနေနဲ့ အောက်တိုဘာ ၂၈ ရက်ကနေ ၃၀ ရက် အထိပျော်ပွဲရွှင်ပွဲတွေကိုရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်းမှာကျင်းပသွားမှာဖြစ်ပါတယ်။ဆင်မကြီး မိုမိုကြီးရဲ့မွေးနေ့အထိမ်းအမှတ်အနေနဲ့

ကိတ်မုန့်ခွဲတာ၊မိုမိုဓာတ်ပုံပြပွဲပြုလုပ်တာ၊ မျက်လှည့်ပွဲတွေ ပြုလုပ်တာ၊ Photo Booth လှလှလေးတွေ ချစ်စရာတိရစ္ဆာန်လေးတွေနဲ့အမှတ်တရဓာတ်ပုံရိုက်ကူးတာနဲ့ကလေးတွေအကြိုက်ပျော်ရွှင်စရာ Game အစီအစဉ်တွေပါဝင်မယ်လို့ဆိုပါတယ်။

အဲဒီအပြင်ရင်ခုန်စရာ၊ ဗဟုသုတ ရစရာအစီအစဉ်တွေ၊ ဖျော်ဖြေရေးတွေအပါအဝင် ပျော်ရွှင်စရာတခြားအစီအစဉ် များစွာကိုလည်းထည့်သွင်းကျင်းပသွားမှာဖြစ်တယ်လို့ဆိုပါတယ်။ Mo Mo ‘s Birthday Weekend အနေနဲ့ ကျင်းပသွားမယ့်

ဆင်မကြီးမိုမိုရဲ့မွေးနေ့ အထိမ်းအမှတ်ပွဲတော်အတွက်ပါဝင်ရောင်းချလိုတဲ့ဆိုင်ခန်းတွေရှိရင်လည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Credit

Zawgyi

ဆင္မႀကီးမိုမို ရဲ႕ ေမြးေန႔ပြဲေတာ္(၃)ရက္တိုင္က်င္းပျပဳလုပ္မည္

ဆင္မႀကီး မိုမိုႀကီးရဲ႕ အသက္(၆၉)ႏွစ္ျပည့္ ေမြးေန႔အထိမ္းအမွတ္အေနနဲ႔ ေအာက္တိုဘာ ၂၈ ရက္ကေန ၃၀ ရက္ အထိေပ်ာ္ပြဲ႐ႊင္ပြဲေတြကိုရန္ကုန္တိရစာၦန္ဥယ်ာဥ္အတြင္းမွာက်င္းပသြားမွာျဖစ္ပါတယ္။ဆင္မႀကီး မိုမိုႀကီးရဲ႕ေမြးေန႔အထိမ္းအမွတ္အေနနဲ႔

ကိတ္မုန႔္ခြဲတာ၊မိုမိုဓာတ္ပုံျပပြဲျပဳလုပ္တာ၊ မ်က္လွည့္ပြဲေတြ ျပဳလုပ္တာ၊ Photo Booth လွလွေလးေတြ ခ်စ္စရာတိရစာၦန္ေလးေတြနဲ႔အမွတ္တရဓာတ္ပုံ႐ိုက္ကူးတာနဲ႔ကေလးေတြအႀကိဳက္ေပ်ာ္႐ႊင္စရာ Game အစီအစဥ္ေတြပါဝင္မယ္လို႔ဆိုပါတယ္။

အဲဒီအျပင္ရင္ခုန္စရာ၊ ဗဟုသုတ ရစရာအစီအစဥ္ေတြ၊ ေဖ်ာ္ေျဖေရးေတြအပါအဝင္ ေပ်ာ္႐ႊင္စရာတျခားအစီအစဥ္ မ်ားစြာကိုလည္းထည့္သြင္းက်င္းပသြားမွာျဖစ္တယ္လို႔ဆိုပါတယ္။ Mo Mo ‘s Birthday Weekend အေနနဲ႔ က်င္းပသြားမယ့္

ဆင္မႀကီးမိုမိုရဲ႕ေမြးေန႔ အထိမ္းအမွတ္ပြဲေတာ္အတြက္ပါဝင္ေရာင္းခ်လိုတဲ့ဆိုင္ခန္းေတြရွိရင္လည္း ရန္ကုန္တိရစာၦန္ဥယ်ာဥ္ကို ဆက္သြယ္စုံစမ္းေမးျမန္းႏိုင္တယ္လို႔ ထုတ္ျပန္ထားပါတယ္။

Credit