
မျက်စိကွယ်သွားသော ဖခင်ဖြစ်သူ အလုပ်သွားချိန်တိုင်း တုတ်ချောင်းလေးနဲ့ကိုင်စေကာ ဖိနပ်ပင်မပါပဲ ရှေ့ကနေ လမ်းပြပေးခဲ့သည့် သမီးလိမ္မာလေး
ဖိလစ်ပိုင်နိုင်ငံမှ အသက်၅နှစ်အရွယ် ကလေးမလေးသည် မျက်မမြင် ဖခင်ဖြစ်သူ အလုပ်သွားချိန်တိုင်း တုတ်ချောင်းလေးကိုကိုင်ကာ ရှေ့ကနေ လမ်းပြပေးခဲ့ပြီး အိမ်ပြန်ချိန်တိုင်းလည်း သွားကြိုပေးခဲ့သေးသည်။
အမျိုးသားကြီးသည် ရှားပါးရောဂါကြောင့် မြင်လွှာပျက်စီးသွားပြီး မျက်မမြင်ဘဝကို ရောက်သွားခဲ့ပေမယ့်လည်း သားသမီးသုံးယောက်နဲ့ ဇနီးဖြစ်သူတို့ရဲ့ စားဝတ်နေရေးအတွက် ရှာကျွေးနေဆဲဖြစ်သည်။
သမီးငယ်လေးသည် မျက်မမြင် ဖခင်ဖြစ်သူ အလုပ်သွားချိန်တိုင်း မပျင်းမရိပဲ ဖိနပ်ပင်မစီးပဲ ခြံထဲသို့ ခေါ်ဆောင်သွားပေးနေခြင်းဖြင့် ပတ်ဝန်းကျင်ရှိလူများကလည်း ထိုသို့သော အလိုက်သိလိမ္မာသော သမီးလေးကို ရထားတာကြောင့် ချီးကျူးနေကြသည်။
Hlaing (Love Feeling)
Zawgyi
Hlaing (Love Feeling)