ကိုဗစ်ကာလ တခါသုံး Mask များ မဆင်မခြင် လွှင့်ပစ်မှုနှင့် တိရစ္ဆာန်များ အန္တရာယ်…

ကိုဗစ်ကာလ တခါသုံး Mask များ မဆင်မခြင် လွှင့်ပစ်မှုနှင့် တိရစ္ဆာန်များ အန္တရာယ်..

ကိုဗစ်ကူးစက်ရောဂါ ဖြစ်ပွားမှုများနဲ့အတူ ယှဉ်တွဲဖြစ်ပေါ်လာတာကတော့ ကိုဗစ် ကာကွယ်ဖို့ သုံးကြတဲ့ တစ်ခါသုံး Mask တွေရဲ့ အန္တရာယ်ဖြစ်ပါတယ်။ လူတွေကတော့ သိလို့ရှောင်နိုင်ပေမဲ့ တိရစ္ဆာန်တွေကတော့ မသိကြတဲ့အခါ တကယ့်အန္တရာယ်တစ်ခုကို ဖိတ်ခေါ်သလိုလည်း ဖြစ်လာနိုင်ပါတယ်။

အထူးသဖြင့် တောရိုင်းတိရစ္ဆာန်တွေဖြစ်တဲ့ ဌက်နဲ့ ရေနေသတ္တဝါတွေမှာ အထိခိုက်ရဆုံးဖြစ်ပါတယ်။ စွန့်ပစ် ပါးစပ်နှာခေါင်းစည်းတွေက တိရစ္ဆာန်ကမ္ဘာကိုလည်း ရောက်ရှိလို့နေပါတယ်။

လူသွားလမ်းတွေ၊ ရေဆင်းပေါက်တွေနဲ့ ကမ်းခြေလိုနေရာတွေမှာ နိုင်ငံတိုင်းရဲ့ လူစည်ကားရာလို နေရာတွေမှာလည်း Mask တွေက ပျံ့ကြဲလို့နေပါတယ်။ တစ်ကြိမ်သုံးဆိုပေမဲ့ ဒီ Mask တစ်ခု ဆွေးမြေ့ပျက်စီးဖို့က နှစ်ရာချီကြာပါတယ်။

မလေးရှားက ကွာလာလမ်ပူတောင်ကုန်းမှာ Mask ကို စားစရာမှတ်ပြီး ဝါးစားရင်းက ဆို့နင်နေတဲ့မျောက်တွေကိုတောင် တွေ့ခဲ့ရပါတယ်။

ဗြိတိန်မှာလည်း ပင်လယ်စင်ရော်တွေရဲ့ ခြေထောက်တွေမှာ Mask တွေချိတ်နေလို့ သွားလာမရနဲ့ အခက်တွေ့ရတယ်လို့ ဆိုပါတယ်။ ဟိုချိတ်သည်ငြိနဲ့ အသက်ရှင်လျှက် သွားလာမရဖြစ်နေတဲ့ ကုန်းနေရေနေသတ္တဝါတွေရဲ့ ဒုက္ခက Mask တွေကို မဆင်မခြင်လွှင့်ပစ်ကြတဲ့ လူတွေကြောင့်ပဲ ဖြစ်ပါတယ်။

Mask တွေအပြင် လက်အိတ်တွေနဲ့ အခြား ကိုဗစ်ကာကွယ်ရေးပစ္စည်းတွေဖြစ်တဲ့ PPE တွေပါမကျန် မြစ်တွေ ပင်လယ်တွေ သမုဒ္ဒရာတွေထဲမှာ တွေ့လာနေရပါတယ်။

သန်းနဲ့ချီတဲ့ စွန့်ပစ် Mask တွေဟာ တန်နဲ့ချီပြီး ကမ္ဘာ့သမုဒ္ဒရာအတွင်းကို ရောက်ရှိနေကြပြီလည်း ဖြစ်ပါတယ်

Credit ;Original uploader

Zawgyi ;

ကိုဗစ္ကာလ တခါသုံး Mask မ်ား မဆင္မျခင္ လႊင့္ပစ္မႈႏွင့္ တိရစာၦန္မ်ား အႏၲရာယ္..

ကိုဗစ္ကူးစက္ေရာဂါ ျဖစ္ပြားမႈမ်ားနဲ႔အတူ ယွဥ္တြဲျဖစ္ေပၚလာတာကေတာ့ ကိုဗစ္ ကာကြယ္ဖို႔ သုံးၾကတဲ့ တစ္ခါသုံး Mask ေတြရဲ႕ အႏၲရာယ္ျဖစ္ပါတယ္။ လူေတြကေတာ့ သိလို႔ေရွာင္ႏိုင္ေပမဲ့ တိရစာၦန္ေတြကေတာ့ မသိၾကတဲ့အခါ တကယ့္အႏၲရာယ္တစ္ခုကို ဖိတ္ေခၚသလိုလည္း ျဖစ္လာႏိုင္ပါတယ္။

အထူးသျဖင့္ ေတာ႐ိုင္းတိရစာၦန္ေတြျဖစ္တဲ့ ဌက္နဲ႔ ေရေနသတၱဝါေတြမွာ အထိခိုက္ရဆုံးျဖစ္ပါတယ္။ စြန႔္ပစ္ ပါးစပ္ႏွာေခါင္းစည္းေတြက တိရစာၦန္ကမာၻကိုလည္း ေရာက္ရွိလို႔ေနပါတယ္။

လူသြားလမ္းေတြ၊ ေရဆင္းေပါက္ေတြနဲ႔ ကမ္းေျခလိုေနရာေတြမွာ ႏိုင္ငံတိုင္းရဲ႕ လူစည္ကားရာလို ေနရာေတြမွာလည္း Mask ေတြက ပ်ံ႕ႀကဲလို႔ေနပါတယ္။ တစ္ႀကိမ္သုံးဆိုေပမဲ့ ဒီ Mask တစ္ခု ေဆြးေျမ့ပ်က္စီးဖို႔က ႏွစ္ရာခ်ီၾကာပါတယ္။

မေလးရွားက ကြာလာလမ္ပူေတာင္ကုန္းမွာ Mask ကို စားစရာမွတ္ၿပီး ဝါးစားရင္းက ဆို႔နင္ေနတဲ့ေမ်ာက္ေတြကိုေတာင္ ေတြ႕ခဲ့ရပါတယ္။

ၿဗိတိန္မွာလည္း ပင္လယ္စင္ေရာ္ေတြရဲ႕ ေျခေထာက္ေတြမွာ Mask ေတြခ်ိတ္ေနလို႔ သြားလာမရနဲ႔ အခက္ေတြ႕ရတယ္လို႔ ဆိုပါတယ္။ ဟိုခ်ိတ္သည္ၿငိနဲ႔ အသက္ရွင္လွ်က္ သြားလာမရျဖစ္ေနတဲ့ ကုန္းေနေရေနသတၱဝါေတြရဲ႕ ဒုကၡက Mask ေတြကို မဆင္မျခင္လႊင့္ပစ္ၾကတဲ့ လူေတြေၾကာင့္ပဲ ျဖစ္ပါတယ္။

Mask ေတြအျပင္ လက္အိတ္ေတြနဲ႔ အျခား ကိုဗစ္ကာကြယ္ေရးပစၥည္းေတြျဖစ္တဲ့ PPE ေတြပါမက်န္ ျမစ္ေတြ ပင္လယ္ေတြ သမုဒၵရာေတြထဲမွာ ေတြ႕လာေနရပါတယ္။

သန္းနဲ႔ခ်ီတဲ့ စြန႔္ပစ္ Mask ေတြဟာ တန္နဲ႔ခ်ီၿပီး ကမာၻ႔သမုဒၵရာအတြင္းကို ေရာက္ရွိေနၾကၿပီလည္း ျဖစ္ပါတယ္

Credit ;Original uploader