FATF က မည်ပျက်စာရင်း သွင်းပြီး နောက် ၂၄နာရီအတွင်း စျေးနှုန်းများပြန်လည်မြင့်တက်သွားသည့် ပြည်တွင်း စားအုံးဆီစျေးနှုန်း

FATF က မည်ပျက်စာရင်သွင်းပြီး နောက် ၂၄နာရီအတွင်း ဈေးနှုန်းများပြန်လည်မြင့်တက်သွားသည့် ပြည်တွင်း စားအုံးဆီဈေးနှုန်း

မြန်မာနိုင်ငံကို ငွေမည်းခဝါချမှု့နဲ့ပတ်သက်ပြီး FATF (Financial Action Task Force) က black List သွင်းပြီးတဲ့နောက် ၂၄ နာရီ မပြည့်ခင်မှာပဲစားအုံးဆီဈေးနှုန်းတွေ ကျပ် ၆ ထောင်ကနေ ၈ ထောင်လောက်အထိမြင့်တက်သွားတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

၂၀၂၀ ဖေဖော်ဝါရီမှာ FATF က မြန်မာနိုင်ငံဟာငွေမည်းခဝါချငွေဖြူလုပ်တာတွေနဲ့ပတ်သက်ပြီး ကျူးလွန်မှုတွေရှိတယ်လို့ဆုံးဖြတ်ပြီး ၂၀၂၁ စက်တင်ဘာအထိလုပ်ဆောင်ရမယ့်သတ်မှတ်ချက်တွေကို ချမှတ်ပေးခဲ့ကာ ၂၀၂၂ ခုနှစ် ဇွန်လမှာထပ်မံပြီးပြင်းပြင်းထန်ထန်ဖိအားပေးတိုက်တွန်းခဲ့ပေမယ့်

သတ်မှတ်ချိန် ၁ နှစ်သက်တမ်းကျော်လာတဲ့အောက်တိုဘာ ၂၀၂၂ အထိ မြန်မာဘက်ကဘာမှမလုပ်တဲ့အတွက်အခုလို နာမည်ပျက်စာရင်းသွင်းတာလို့ FATF ဘက်ကထုတ်ပြန်ထားပါတယ်။အဲ့ဒီသတင်းကြောင့် မြန်မာနိုင်ငံအတွင်းမှာငွေကြေးဈေးကွက်တွေမတည်ငြိမ်မှု့တွေဖြစ်ပေါ်ပြီး

ပြည်ပကနေတင်သွင်းရတဲ့ စားအုန်းဆီဈေးနှုန်းတွေကရန်ကုန်မှာယခင်ကတပိသာကျပ် ၆၀၀၀ ဝန်းကျင်ကနေဒီနေ့မနက်ပိုင်းမှာတော့ကျပ် ၈ ထောင်ဝန်းကျင်လောက်အထိခုန်တက်သွားတယ်လို့ ဈေးဝယ်သူတွေကပြောပါတယ်။

“ဒီနေ့မနက်ဈေးဝယ်တော့ စားအုန်းဆီကရှစ်သောင်းလောက်အထိဖြစ်သွားတယ်။ဘာကြောင့်လဲမသိပေမယ့်ဝယ်နေကျဈေးထက်အရမ်းတက်သွားတော့ပုံမှန်ဝယ်နေကျထက်လျော့ပြီးဝယ်လာခဲ့ရတယ်။ ရပ်ကွက်ထဲမှာလည်း ဆီဈေးတက်တာနဲ့ပတ်သက်ပြီး အတော်ပြောနေကြတယ်” လို့

အင်းစိန်မြို့နယ်မှာ နေထိုင်သူတဦးကပြောပါတယ်။မြန်မာနိုင်ငံ စားသုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီကစားသုံးဆီရည်ညွှန်းဈေးနှုန်းကို တပိသာ ကျပ် ၄၀၀၀ ကျော်သာသတ်မှတ်ထားပေမယ့်

ဒီနေ့မှ အဲ့ဒီကော်မတီကစားသုံးဆီဈေးနှုန်းတွေနဲ့ပတ်သက်ပြီး ရည်ညွှန်းဈေးနှုန်းတွေထုတ်ပြန်ထားတာလည်းမရှိသေးပါဘူး။ဒီလိုစားဆီဈေးနှုန်းတွေအပြင်အခြားအခြေခံစားကုန်ဈေးနှုန်းတွေလည်းထပ်မံမြင့်တက်လာပြီး ပြည်တွင်းဆန်ဈေးကတော့ လက်ရှိအချိန်မှာတည်ငြိမ်နေသေးတယ်လို့သိရပါတယ်။

Credit

Zawgyi

FATF က မည္ပ်က္စာရင္သြင္းၿပီး ေနာက္ ၂၄နာရီအတြင္း ေစ်းႏႈန္းမ်ားျပန္လည္ျမင့္တက္သြားသည့္ ျပည္တြင္း စားအုံးဆီေစ်းႏႈန္း

ျမန္မာႏိုင္ငံကို ေငြမည္းခဝါခ်မႈ႕နဲ႔ပတ္သက္ၿပီး FATF (Financial Action Task Force) က black List သြင္းၿပီးတဲ့ေနာက္ ၂၄ နာရီ မျပည့္ခင္မွာပဲစားအုံးဆီေဈးႏႈန္းေတြ က်ပ္ ၆ ေထာင္ကေန ၈ ေထာင္ေလာက္အထိျမင့္တက္သြားတယ္လို႔ ရန္ကုန္ၿမိဳ႕ခံေတြကေျပာပါတယ္။

၂၀၂၀ ေဖေဖာ္ဝါရီမွာ FATF က ျမန္မာႏိုင္ငံဟာေငြမည္းခဝါခ်ေငြျဖဴလုပ္တာေတြနဲ႔ပတ္သက္ၿပီး က်ဴးလြန္မႈေတြရွိတယ္လို႔ဆုံးျဖတ္ၿပီး ၂၀၂၁ စက္တင္ဘာအထိလုပ္ေဆာင္ရမယ့္သတ္မွတ္ခ်က္ေတြကို ခ်မွတ္ေပးခဲ့ကာ ၂၀၂၂ ခုႏွစ္ ဇြန္လမွာထပ္မံၿပီးျပင္းျပင္းထန္ထန္ဖိအားေပးတိုက္တြန္းခဲ့ေပမယ့္

သတ္မွတ္ခ်ိန္ ၁ ႏွစ္သက္တမ္းေက်ာ္လာတဲ့ေအာက္တိုဘာ ၂၀၂၂ အထိ ျမန္မာဘက္ကဘာမွမလုပ္တဲ့အတြက္အခုလို နာမည္ပ်က္စာရင္းသြင္းတာလို႔ FATF ဘက္ကထုတ္ျပန္ထားပါတယ္။အဲ့ဒီသတင္းေၾကာင့္ ျမန္မာႏိုင္ငံအတြင္းမွာေငြေၾကးေဈးကြက္ေတြမတည္ၿငိမ္မႈ႕ေတြျဖစ္ေပၚၿပီး

ျပည္ပကေနတင္သြင္းရတဲ့ စားအုန္းဆီေဈးႏႈန္းေတြကရန္ကုန္မွာယခင္ကတပိသာက်ပ္ ၆၀၀၀ ဝန္းက်င္ကေနဒီေန႔မနက္ပိုင္းမွာေတာ့က်ပ္ ၈ ေထာင္ဝန္းက်င္ေလာက္အထိခုန္တက္သြားတယ္လို႔ ေဈးဝယ္သူေတြကေျပာပါတယ္။

“ဒီေန႔မနက္ေဈးဝယ္ေတာ့ စားအုန္းဆီကရွစ္ေသာင္းေလာက္အထိျဖစ္သြားတယ္။ဘာေၾကာင့္လဲမသိေပမယ့္ဝယ္ေနက်ေဈးထက္အရမ္းတက္သြားေတာ့ပုံမွန္ဝယ္ေနက်ထက္ေလ်ာ့ၿပီးဝယ္လာခဲ့ရတယ္။ ရပ္ကြက္ထဲမွာလည္း ဆီေဈးတက္တာနဲ႔ပတ္သက္ၿပီး အေတာ္ေျပာေနၾကတယ္” လို႔

အင္းစိန္ၿမိဳ႕နယ္မွာ ေနထိုင္သူတဦးကေျပာပါတယ္။ျမန္မာႏိုင္ငံ စားသုံးဆီတင္သြင္းသိုေလွာင္ ျဖန႔္ျဖဴးျခင္းလုပ္ငန္းႀကီးၾကပ္ေရးေကာ္မတီကစားသုံးဆီရည္ၫႊန္းေဈးႏႈန္းကို တပိသာ က်ပ္ ၄၀၀၀ ေက်ာ္သာသတ္မွတ္ထားေပမယ့္

ဒီေန႔မွ အဲ့ဒီေကာ္မတီကစားသုံးဆီေဈးႏႈန္းေတြနဲ႔ပတ္သက္ၿပီး ရည္ၫႊန္းေဈးႏႈန္းေတြထုတ္ျပန္ထားတာလည္းမရွိေသးပါဘူး။ဒီလိုစားဆီေဈးႏႈန္းေတြအျပင္အျခားအေျခခံစားကုန္ေဈးႏႈန္းေတြလည္းထပ္မံျမင့္တက္လာၿပီး ျပည္တြင္းဆန္ေဈးကေတာ့ လက္ရွိအခ်ိန္မွာတည္ၿငိမ္ေနေသးတယ္လို႔သိရပါတယ္။

Credit