
လတ်တလောဖြစ်ပေါ်နေသော လက်ရှိဒေါ်လာဈေးကွက်အခြေအနေ
အခုတစ်ပတ် တရားမဝင်ပြင်ပဒေါ်လာဈေးကွက်မှာအမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ထိ ပြန်လည်မြင့်တက်ခဲ့တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီကသိရပါတယ်။ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်(တနင်္လာနေ့) ပြင်ပဒေါ်လာဈေးကွက်စဖွင့်ချိန်က
တစ်ဒေါ်လာကို ၂၉၀၀ ကျပ် ဝန်းကျင်မှာပဲအရောင်းအဝယ်ဆက်ဖြစ်ခဲ့ကြပေမယ့် မြန်မာနိုင်ငံကို ငွေကြေးခဝါချမှုနဲ့ ရာဇဝတ်မှုဆိုင်ရာဘဏ္ဍာရေး အမည်ပျက်နိုင်ငံအဖြစ် FATF ကကြေညာပြီးတဲ့နောက် ပြင်ပဒေါ်လာဈေးကွက်မှာ ဈေးနှုန်းမငြိမ်သက်မှုတွေဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။
ဈေးကွက်မတည်ငြိမ်တော့လက်ရှိပေါက်ဈေးမဟုတ်တဲ့ အမှန်တကယ်အရောင်းအဝယ်မဖြစ်ပေါ်တဲ့လေဈေးတန်းတွေပါပေါ်လာပြီး အောက်တိုဘာ ၂၂ ရက်ရဲ့ ပြင်ပဈေးကွက်ထဲကြိုက်ရောင်းကြိုက်ဝယ်အလုပ်ဖြစ်မှုများခဲ့တဲ့ဈေးတန်းကတော့ ၃၃၀၀ ကျပ်ဖြစ်တယ်လို့
ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတစ်ဦးကပြောပါတယ်။ပြင်ပဒေါ်လာဈေးကွက်ထဲ အောက်တိုဘာ ၁၇ ရက်မှ ၂၁ ရက်အထိ တစ်ဒေါ်လာကိုကျပ် ၂၉၀၀ ဝန်းကျင်မှာပဲအရောင်းအဝယ်ဖြစ်ခဲ့ပေမယ့်အောက်တိုဘာ ၂၂ ရက်နေ့မှာတော့ ကျပ် ၃၀၀၀ မှ ၃၃၀၀ ကြား အရောင်းအဝယ်ရှိခဲ့ကာ
ဈေးကွက်ပိတ်ချိန်မှာတော့ ကျပ် ၃၀၀၀ မှ ၃၂၀၀ ကြား ပြန်ရောက်ခဲ့တယ်လို့ ဈေးကွက်မှသိရပါတယ်။ယနေ့အောက်တိုဘာ(၂၃)ရက်နေ့မနက်(၁၀)နာရီမှာတော့ အမေရိကန်ဒေါ်လာ ၃၀၀၀ မှ ၃၂၀၀ ကျပ်ကြားအဖြစ်ရှိနေပြီး ဈေးကွက်ကတော့အရောင်းအဝယ်မလုပ်ဘဲ ဈေးကွက်ပိတ်ထားတာပဲဖြစ်ပါတယ်။
ဗဟိုဘဏ်ရဲ့သတ်မှတ်ရည်ညွှန်းဒေါ်လာဈေးကတော့ ကျပ် ၂၁၀၀ ဖြစ်ပြီး ပြင်ပဈေးကွက်ထဲ နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ တရားမဝင်အရောင်းအဝယ်လုပ်နေသူတွေကို အရေးယူမှုတွေလုပ်ဆောင်နေတယ်လို့လည်းသိရှိရပါသည်။
Credit
Zawgyi
လတ္တေလာျဖစ္ေပၚေနေသာ လက္ရွိေဒၚလာေစ်းကြက္အေျခအေန
အခုတစ္ပတ္ တရားမဝင္ျပင္ပေဒၚလာေဈးကြက္မွာအေမရိကန္တစ္ေဒၚလာကို က်ပ္ ၃၃၀၀ ထိ ျပန္လည္ျမင့္တက္ခဲ့တယ္လို႔ ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီကသိရပါတယ္။ၿပီးခဲ့တဲ့ ေအာက္တိုဘာ ၁၇ ရက္(တနလၤာေန႔) ျပင္ပေဒၚလာေဈးကြက္စဖြင့္ခ်ိန္က
တစ္ေဒၚလာကို ၂၉၀၀ က်ပ္ ဝန္းက်င္မွာပဲအေရာင္းအဝယ္ဆက္ျဖစ္ခဲ့ၾကေပမယ့္ ျမန္မာႏိုင္ငံကို ေငြေၾကးခဝါခ်မႈနဲ႔ ရာဇဝတ္မႈဆိုင္ရာဘ႑ာေရး အမည္ပ်က္ႏိုင္ငံအျဖစ္ FATF ကေၾကညာၿပီးတဲ့ေနာက္ ျပင္ပေဒၚလာေဈးကြက္မွာ ေဈးႏႈန္းမၿငိမ္သက္မႈေတြျဖစ္ေပၚခဲ့တယ္လို႔သိရပါတယ္။
ေဈးကြက္မတည္ၿငိမ္ေတာ့လက္ရွိေပါက္ေဈးမဟုတ္တဲ့ အမွန္တကယ္အေရာင္းအဝယ္မျဖစ္ေပၚတဲ့ေလေဈးတန္းေတြပါေပၚလာၿပီး ေအာက္တိုဘာ ၂၂ ရက္ရဲ႕ ျပင္ပေဈးကြက္ထဲႀကိဳက္ေရာင္းႀကိဳက္ဝယ္အလုပ္ျဖစ္မႈမ်ားခဲ့တဲ့ေဈးတန္းကေတာ့ ၃၃၀၀ က်ပ္ျဖစ္တယ္လို႔
ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူတစ္ဦးကေျပာပါတယ္။ျပင္ပေဒၚလာေဈးကြက္ထဲ ေအာက္တိုဘာ ၁၇ ရက္မွ ၂၁ ရက္အထိ တစ္ေဒၚလာကိုက်ပ္ ၂၉၀၀ ဝန္းက်င္မွာပဲအေရာင္းအဝယ္ျဖစ္ခဲ့ေပမယ့္ေအာက္တိုဘာ ၂၂ ရက္ေန႔မွာေတာ့ က်ပ္ ၃၀၀၀ မွ ၃၃၀၀ ၾကား အေရာင္းအဝယ္ရွိခဲ့ကာ
ေဈးကြက္ပိတ္ခ်ိန္မွာေတာ့ က်ပ္ ၃၀၀၀ မွ ၃၂၀၀ ၾကား ျပန္ေရာက္ခဲ့တယ္လို႔ ေဈးကြက္မွသိရပါတယ္။ယေန႔ေအာက္တိုဘာ(၂၃)ရက္ေန႔မနက္(၁၀)နာရီမွာေတာ့ အေမရိကန္ေဒၚလာ ၃၀၀၀ မွ ၃၂၀၀ က်ပ္ၾကားအျဖစ္ရွိေနၿပီး ေစ်းကြက္ကေတာ့အေရာင္းအဝယ္မလုပ္ဘဲ ေစ်းကြက္ပိတ္ထားတာပဲျဖစ္ပါတယ္။
ဗဟိုဘဏ္ရဲ႕သတ္မွတ္ရည္ၫႊန္းေဒၚလာေဈးကေတာ့ က်ပ္ ၂၁၀၀ ျဖစ္ၿပီး ျပင္ပေဈးကြက္ထဲ ႏိုင္ငံျခားသုံးေငြလုပ္ငန္း လုပ္ကိုင္ခြင့္လိုင္စင္မရွိဘဲ တရားမဝင္အေရာင္းအဝယ္လုပ္ေနသူေတြကို အေရးယူမႈေတြလုပ္ေဆာင္ေနတယ္လို႔လည္းသိရွိရပါသည္။
Credit