တစ်နာရီ ၄၂မိုင်မှ ၅၈မိုင်အထိတိုက်ခတ်နိုင်တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းသတိ

တစ်နာရီ ၄၂မိုင်မှ ၅၈မိုင်အထိတိုက်ခတ်နိုင်တဲ့ စူပါဆိုင်ကလုန်းမုန်တိုင်းသတိ

ဘင်္ဂလားပင်လယ်အော်တွင်ဖြစ်ပေါ်နေသော 92B Deep Depression မုန်တိုင်းငယ်သည်

ပိုမိုအားကောင်းလာနေပါတယ် မြောက်ဖက်သို့ဦးတည်ရွှေ့လျှားနေပါတယ်

နောက်၆နာရီအတွင်း SITRANG CYCLONIC STORM မုန်တိုင်းအဆင့်မှ စူပါမုန်တိုင်းကြီးအဆင့်အထိရောက်ရှိလာနိုင်ပြီး

ဘင်္ဂလားဒေချ့်နိုင်ငံကိုဦးတည်ဝင်ရောက်သွားနိုင်ပါတယ်

အောက်တိုဘာလ ၂၃ရက်နေ့မှ ၂၅ရက်နေ့အထိ ရခိုင်ကမ်းရိုးတန်းတလျှောက်မိုးသက်လေပြင်များကျရောက်ပြီးလှိုင်းကြီးနိုင်ပါတယ်

မိုးသက်လေပြင်းကျရောက်စဉ် တစ်နာရီ ၄၂မိုင်မှ ၅၈မိုင်အထိတိုက်ခတ်နိုင်ပါတယ်

ရေလှိုင်းအမြင့်မှ ကမ်းနီး ၁၅ပေ မှ ကမ်းဝေး ၂၁ပေအထိရှိနိုင်ပါတယ်

အဆိုပါရက်များအတွင်း ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ငါးဖမ်းထွက်ခြင်း လှေသင်္ဘောများသွာရောက်ခြင်းလုံးဝမပြုလုပ်သင့်ပါဘူး

အန္တရာယ်အလွန်ကြီးပါတယ်

ရခိုင်ကမ်းရိုးတန်းပင်လယ်ကမ်းနီး မြို့ရွာများ ရုတ်တရက်လေပြင်းနှင့် မိုးကြီးရေလျှံအန္တရာယ်ရှိပါတယ်

ဘေးအန္တရာယ်ကင်းကြပါစေ

ISSUED TIME 23/10/2022 AT 11:38AM(MMT)

Su Su San မင်း ဂွတ် သီး

𝐌𝐄𝐓𝐄𝐎𝐑𝐎𝐋𝐎𝐆𝐈𝐂𝐀𝐋 𝐂𝐄𝐍𝐓𝐑𝐄, 𝐒𝐔 𝐒𝐔 𝐒𝐀𝐍

ဧရာဝတီမြစ်ရေတိုးမယ်

၂၀၂၂ အောက်တိုဘာလ ၂၄ရက် ၂၅ရက် ၂၆ရက်နေ့တွေမှာ ရေငွေ့များစွာပါဝင်လာတဲ့ Super cyclone SITRANG. မုန်တိုင်းကြီးရဲ့ UAC အထက်လေဝဲစနစ် သည်

ချင်းပြည်နယ် စစ်ကိုင်းတိုင်းအထက်ပိုင်း တမူး ဟုမ္မလင်းထမံသီ နန်းယွန်း ခန္တီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ

ကချင်းပြည်နယ်တစ်ခုလုံးနှင့် ပူတာအိုခရိုင် ကြီးမှာ မိုးကြီးနိုင်ပါတယ် ချင်းတွင်းမြစ်ဖျားပိုင်းနှင့် ဧရာဝတီမြစ်ဖျားပိုင်း မေခမြစ် မလိခမြစ်ပိုင်းဒေသတွေမှာ

စုစုပေါင်းမိုးရေချိန် ၁၀လက်မကျော်ရွာသွန်းနိုင်သဖြင့် မြစ်ဖျားပိုင်းတွေမိုးကြီးရေလျှံကာ

ချင်းတွင်းမြစ် ဧရာဝတီမြစ်တွေသည်လည်း မြစ်ရေများစွာတိုးလာနိုင်သဖြင့် အထူးသတိထားကြပါလို့အကြံပြုလိုက်ရပါတယ်

ဘေးအန္တရာယ်ကင်းကြပါစေ

Zawgyi














Su Su San မင်း ဂွတ် သီး

𝐌𝐄𝐓𝐄𝐎𝐑𝐎𝐋𝐎𝐆𝐈𝐂𝐀𝐋 𝐂𝐄𝐍𝐓𝐑𝐄, 𝐒𝐔 𝐒𝐔 𝐒𝐀𝐍

ဧရာဝတီမြစ်ရေတိုးမယ်





