ပြည်ပဝင်လာတဲ့ကြက်သွန်နီစျေးထက် ပြည်တွင်းက ကြက်သွန်နီစျေးက (၃)ဆကွာပြီးမြင့်တက်လျက်ရှိ

ပြည်ပဝင်လာတဲ့ကြက်သွန်နီဈေးထက် ပြည်တွင်းက ကြက်သွန်နီဈေးက (၃)ဆကွာပြီးမြင့်တက်လျက်ရှိ

အခုရက်ပိုင်းမန္တလေးဈေးကွက်ကို ပြည်ပကကြက်သွန်နီတွေလှိုင်လှိုင်ဝင်ရောက်နေပေမယ့် ပြည်တွင်းကထွက်ရှိတဲ့ကြက်သွန်နီတွေဈေးကျဆင်းခြင်းမရှိဘဲအရောင်းအဝယ်ဖြစ်နေတယ်လို့ မန္တလေးကြက်သွန်ပွဲရုံပိုင်ရှင်တွေဆီကသိရပါတယ်။

ပြည်ပကဝင်ရောက်လာတဲ့ကြက်သွန်နီအပြား၊ ကြက်သွန်နီအလုံး၊ ကြက်သွန်နီ အညိုတွေရဲ့ ဈေးနှုန်းဟာတစ်ပိဿာကို ကျပ် ၁၀၀၀မှ၁၇၀၀ ထိရှိနေပေမယ့် ပြည်တွင်းကကြက်သွန်နီဈေးမှာအလုံးအရွယ်အစားနဲ့အမျိုးအစားပေါ်လိုက်ပြီး ကျပ် ၃၇၀၀ မှ ၄၀၀၀ ထိ ရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းကြက်သွန်နီက ဈေးကောင်းနေပေမယ့် ပြည်ပကဝင်လာတဲ့ ကြက်သွန်နီတွေထက်စာရင် အရသာကောင်းသလိုအနှစ်ရရှိမှုကောင်းလို့စားသုံးသူတွေအားထားဝယ်ယူစားသုံးကြတယ်လို့သိရပါတယ်။ပြည်တွင်းကထွက်ရှိတဲ့ကြက်သွန်နီလက်ကျန်ကနည်းနေတဲ့အတွက် ဈေးကောင်းရနေပြီး

လက်ရှိ မန္တလေးဈေးကွက်ကို မုံရွာ၊ ပခုက္ကူ၊ မြင်းခြံ၊ တောင်သာနဲ့ မြစ်သားစတဲ့ဒေသတွေက ကြက်သွန်နီတွေဝင်ရောက်နေတယ်လို့သိရပါတယ်။ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်ကိုတော့အခုတစ်ပတ် ကြက်သွန်နီပုံမှန်ဝင်ရောက်မှုရှိနေပြီး

ဆိပ်ဖြူ၊ ကံဆင့်၊ ပခုက္ကူ၊ မုံရွာ၊ မြင်းခြံစတဲ့ကြက်သွန်နီတွေဝင်ရောက်ခဲ့ကာတစ်ပိဿာကိုကျပ် ၂၉၀၀ မှ ၄၀၀၀ ဝန်းကျင်ထိဈေးရှိခဲ့တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်ကသိရပါတယ်။

Credit

Zawgyi

ျပည္ပဝင္လာတဲ့ၾကက္သြန္နီေစ်းထက္ ျပည္တြင္းက ၾကက္သြန္နီေစ်းက (၃)ဆကြာၿပီးျမင့္တက္လ်က္ရွိ

အခုရက္ပိုင္းမႏၲေလးေဈးကြက္ကို ျပည္ပကၾကက္သြန္နီေတြလႈိင္လႈိင္ဝင္ေရာက္ေနေပမယ့္ ျပည္တြင္းကထြက္ရွိတဲ့ၾကက္သြန္နီေတြေဈးက်ဆင္းျခင္းမရွိဘဲအေရာင္းအဝယ္ျဖစ္ေနတယ္လို႔ မႏၲေလးၾကက္သြန္ပြဲ႐ုံပိုင္ရွင္ေတြဆီကသိရပါတယ္။

ျပည္ပကဝင္ေရာက္လာတဲ့ၾကက္သြန္နီအျပား၊ ၾကက္သြန္နီအလုံး၊ ၾကက္သြန္နီ အညိဳေတြရဲ႕ ေဈးႏႈန္းဟာတစ္ပိႆာကို က်ပ္ ၁၀၀၀မွ၁၇၀၀ ထိရွိေနေပမယ့္ ျပည္တြင္းကၾကက္သြန္နီေဈးမွာအလုံးအ႐ြယ္အစားနဲ႔အမ်ိဳးအစားေပၚလိုက္ၿပီး က်ပ္ ၃၇၀၀ မွ ၄၀၀၀ ထိ ရွိေနတယ္လို႔ သိရပါတယ္။

ျပည္တြင္းၾကက္သြန္နီက ေဈးေကာင္းေနေပမယ့္ ျပည္ပကဝင္လာတဲ့ ၾကက္သြန္နီေတြထက္စာရင္ အရသာေကာင္းသလိုအႏွစ္ရရွိမႈေကာင္းလို႔စားသုံးသူေတြအားထားဝယ္ယူစားသုံးၾကတယ္လို႔သိရပါတယ္။ျပည္တြင္းကထြက္ရွိတဲ့ၾကက္သြန္နီလက္က်န္ကနည္းေနတဲ့အတြက္ ေဈးေကာင္းရေနၿပီး

လက္ရွိ မႏၲေလးေဈးကြက္ကို မုံ႐ြာ၊ ပခုကၠဴ၊ ျမင္းၿခံ၊ ေတာင္သာနဲ႔ ျမစ္သားစတဲ့ေဒသေတြက ၾကက္သြန္နီေတြဝင္ေရာက္ေနတယ္လို႔သိရပါတယ္။ရန္ကုန္ဘုရင့္ေနာင္ကုန္စည္ဒိုင္ကိုေတာ့အခုတစ္ပတ္ ၾကက္သြန္နီပုံမွန္ဝင္ေရာက္မႈရွိေနၿပီး

ဆိပ္ျဖဴ၊ ကံဆင့္၊ ပခုကၠဴ၊ မုံ႐ြာ၊ ျမင္းၿခံစတဲ့ၾကက္သြန္နီေတြဝင္ေရာက္ခဲ့ကာတစ္ပိႆာကိုက်ပ္ ၂၉၀၀ မွ ၄၀၀၀ ဝန္းက်င္ထိေဈးရွိခဲ့တယ္လို႔ ဘုရင့္ေနာင္ကုန္စည္ဒိုင္ကသိရပါတယ္။

Credit