မြန်မာစစ်ကောင်စီအပေါ် တညီတညွတ်တည်း ဆန့်ကျင်ဖို့ အမေရိကန် စတင် တိုက်တွန်း

မြန်မာစစ်ကောင်စီအပေါ် တညီတညွတ်တည်း ဆန့်ကျင်ဖို့ အမေရိကန် စတင်တိုက်တွန်း

မြန်မာစစ်ကောင်စီရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာ အသိုင်းအ၀န်းက တညီတညွတ်တည်း ဆန့်ကျင်ကြောင်း ပြသကြဖို့ အမေရိကန်က ထပ်မံတိုက်တွန်းလိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ တရားဥပေးစိုးမိုးရေးကို လေးစားမှု မရှိသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း လေးစားမှု မရှိတာ အတွက် အမေရိကန်ဘက်က အဓိက စိုးရိမ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ဒုတိယပြောခွင့်ရ Jalina Porter က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက မြန်မာအရေး ကိုင်တွယ်ဆောင်ရွက်မယ့် သီးသန့်ကိုယ်စားလှယ် ခန့်အပ်ထားတာမရှိပေမယ့် မြန်မာနိုင်ငံမှာ လက်ရှိကြုံနေရတဲ့ အခြေနေနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က အထူးစိုးရိမ်နေဆဲဖြစ်ကြောင်း လည်း ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို ဆက်လက် အားပေးသွားမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေ ခံစားနေရတာကို သိရှိဖို့နဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေအပေါ်ကို ဆန့်ကျင်ကြောင်း တညီတညွတ်ထည်း ပြသကြဖို့ ကမ္ဘာ့နိ်ုင်ငံအားလုံးကို တိုက်တွန်းနေမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကလည်း သောကြာနေ့မှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး Yang Jiechi နဲ့ ၂ နိုင်ငံအရေးကိစ္စအပြင် မြန်မာ့အရေးကိုပါ တယ်လီဖုန်းနဲ့ ဆက်သွယ် ဆွေးနွေးခဲ့တာပါ။

———

ျမန္မာစစ္ေကာင္စီအေပၚ တညီတၫြတ္တည္း ဆန္႔က်င္ဖို႔ အေမရိကန္ စတင္တိုက္တြန္း

ျမန္မာစစ္ေကာင္စီရဲ႕ လုပ္ရပ္ေတြကို ႏိုင္ငံတကာ အသိုင္းအ၀န္းက တညီတၫြတ္တည္း ဆန္႔က်င္ေၾကာင္း ျပသၾကဖို႔ အေမရိကန္က ထပ္မံတိုက္တြန္းလိုက္ပါတယ္။

ျမန္မာစစ္တပ္ဟာ တရားဥေပးစိုးမိုးေရးကို ေလးစားမႈ မရွိသလို ျမန္မာျပည္သူေတြရဲ႕ ဆႏၵကိုလည္း ေလးစားမႈ မရွိတာ အတြက္ အေမရိကန္ဘက္က အဓိက စိုးရိမ္ေနတယ္လို႔ အေမရိကန္ႏိုင္ငံျခားေရးဌာန ဒုတိယေျပာခြင့္ရ Jalina Porter က ေသာၾကာေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဌာနက ျမန္မာအေရး ကိုင္တြယ္ေဆာင္႐ြက္မယ့္ သီးသန္႔ကိုယ္စားလွယ္ ခန္႔အပ္ထားတာမရွိေပမယ့္ ျမန္မာႏိုင္ငံမွာ လက္ရွိႀကဳံေနရတဲ့ အေျခေနနဲ႔ ပတ္သက္ၿပီး အေမရိကန္ဘက္က အထူးစိုးရိမ္ေနဆဲျဖစ္ေၾကာင္း လည္း ေျပာပါတယ္။

အေမရိကန္အစိုးရအေနနဲ႔ ျမန္မာျပည္သူေတြကို ဆက္လက္ အားေပးသြားမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြ ခံစားေနရတာကို သိရွိဖို႔နဲ႔ ျမန္မာစစ္တပ္ရဲ႕ ျပည္သူေတြအေပၚကို ဆန္႔က်င္ေၾကာင္း တညီတၫြတ္ထည္း ျပသၾကဖို႔ ကမာၻ႔နိ္ုင္ငံအားလုံးကို တိုက္တြန္းေနမွာ ျဖစ္ေၾကာင္းလည္း ေျပာပါတယ္။

အေမရိကန္ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken ကလည္း ေသာၾကာေန႔မွာပဲ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး Yang Jiechi နဲ႔ ၂ ႏိုင္ငံအေရးကိစၥအျပင္ ျမန္မာ့အေရးကိုပါ တယ္လီဖုန္းနဲ႔ ဆက္သြယ္ ေဆြးေႏြးခဲ့တာပါ။