လှုပ်ခတ်နေတဲ့ ဒေါ်လာဈေးကွက်နဲ့အတူ တိုင်ပင်ခေါ်စရာမလိုပဲ လိုက်ပါမြင့်တက်လာတဲ့ ပြည်တွင်းအခြေခံစားသောက်ကုန်ဈေးနှုန်း အခြေအနေ …..

ပြည်တွင်းဒေါ်လာဈေးဂယက်ကြောင့် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေဟာ ယခုရက်ပိုင်းအတွင်း ပြန်လည်မြင့်တက်လာခဲ့ပြီး တက်ရိပ်ပြလာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိ အခြေခံစားသောက်ကုန်ဈေးကွက်အတွင်း စားအုန်းဆီတစ်ပိဿာ ကျပ် ၈၀၀၀ နှင့် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၃၀၀၀ ကျော်မှ ကျပ် ၄၀၀၀ အထိ ပြန်ဖြစ်ကာ ကြက်ဥတစ်လုံးလျှင် ကျပ် ၂၃၀ မှ ၂၅၀ ကြားအထိ ပေးဝယ်နေရတယ်လို့ အိမ်ရှင်မများနှင့် အခြေခံ စားသောက်ကုန်ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရပါတယ်။

ဒါ့အပြင်အဓိက မရှိမဖြစ် အခြေခံစားသောက်ကုန်ဖြစ်တဲ့ ဆန်ဈေးနှုန်းများလည်း မြင့်တက်နေပြီး ရွှေဘိုပေါ်ဆန်း ၂၄ ပြည်တစ်အိတ်လျှင် ယခင် ၉၀၇၀၀ ကျပ်မှ ယခု ၁၀၁၅၀၀ ကျပ်အထိ ပေါက်ဈေးရှိနေတာဖြစ်သလို ဆန်ကြမ်းတစ်ပြည်လျှင် ကျပ် ၂၂၀၀ ကျပ်မှစတင်၍ ဆန်ချောတစ်ပြည်လျှင် ကျပ် ၃၆၀၀ ကနေ ကျပ် ၄၀၀၀ အထိ ဈေးနှုန်းမြင့်တက်နေတာဖြစ်ပါတယ်။

ထို့အတူ အခြေခံစားကုန်များဖြစ်တဲ့ အခြားသော အသား/ငါးနှင့် ဟင်းသီး ဟင်းရွက်ဈေးနှုန်းများမှာလည်း လိုက်ပါမြင့်တက်လျက်ရှိတယ်လို့ သိရပါတယ်။

“ဒိုင်ကနေ ယူရတဲ့ဈေးကိုက မြင့်တာပါ။ အခုကျနော်တို့ ကြက်တစ်ကောင်ကို ဒိုင်ယူဈေးတင် ၇၀၀၀ ယူရတယ်။ တစ်သောင်းဈေးနဲ့မှ ပြန်မရောင်းရင်မကိုက်ဘူးပေါ့။ ဟိုတနေ့ကဆို အကောင်ကြီး ၅ ကောင်ကို တစ်ကောင် ၈၀၀၀ နှုန်းနဲ့ ယူခဲ့ရတယ် လေးသောင်းဖိုးလေ၊ အဲ့လိုတွေဝယ်နေရတယ်။ အဲ့တော့ ဒီဘက်မှာ ပြန်ရောင်းတော့ ဈေးတွေက တစ်သောင်းကျော်ကုန်တယ်”လို့ ရန်ကုန်မြို့ ၊ ဒဂုံဆိပ်ကမ်းမြို့နယ် ဈေးအတွင်းရှိ ကြက်သားရောင်းချသူတစ်ဦးက ပြောပြခဲ့ပါတယ်။

ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် နေထိုင်သူအိမ်ရှင်မတစ်ဦးကလည်း “တစ်နေ့ကဆို အလုအယက်တွေ ဝယ်နေကြတာ ဟိုသတင်း ဒီသတင်းတွေကြောင့် မနေ့ကဆို ဆီဈေးက အတော်ခုန်တက်သွားတာ ၆၀၀၀ ကျော် ၇၀၀၀ ကနေ ၈၀၀၀ ကျော် ၉၀၀၀ ပြန်ဖြစ်သွားတယ်။ ကျန်တဲ့ ကုန်ဈေးနှုန်းတွေလည်းတက်တယ်၊ ကျတယ်လို့ကို မရှိပါဘူး။ ဟိုနေ့က ဆို ကျမဝယ်စားနေကျ အရင် ၂၅၀ တန် အာလူးကြော်အထုပ်က အခု ၄၅၀ ဖြစ်သွားတယ်”လို့ ပြောပြလာခဲ့ပါတယ်။

အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာရတာဟာ အခုရက်ပိုင်းအတွင်း Financial Action Task Force (FATF)က မြန်မာကို Blacklist နိုင်ငံအဖြစ် စာရင်းသွင်းကြောင်း အတည်ပြုလိုက်ပြီးနောက် ပြည်တွင်းမှာ ဒေါ်လာဈေး နှုန်းနှင့် ရွှေဈေးနှုန်း မြင့်တက်မှုတွေနဲ့ တည်ငြိမ်မှုမရှိတာတွေ ဖြစ်ပေါ်လာပြီး ပြည်သူတွေက ကြောက်လန့် တကြားနဲ့ စားသောက်ကုန်တွေကို သူထက်ငါ အပြိုင် အပြေးအလွှား များများစားစားဝယ်ယူကြလို့ ကုန်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာရခြင်းဖြစ်တယ်လို့ ဈေးကွက်မန်နေဂျာတစ်ဦးက သုံးသပ်ပြောပြခဲ့ပါတယ်။

“ဟိုနေ့က FATF သတင်းက အတော်လေး ဂယက်ရိုက်သွားတယ်။ ကျနော်နေတဲ့ ရပ်ကွက်မှာဆိုလည်း အဲ့လိုပဲ စားသောက်စရာတွေကို အတင်းပြေးဝယ်ကြ ဘာနဲ့ ညာနဲ့ ရပ်ကွက်ထဲ စီစီညံညံဖြစ်သွားတယ်။ ဒီကနေ့ မနက်မှ နည်းနည်းလေးပြန်ငြိမ်သွားတာ ဒါပေမဲ့ သိရသလောက်ဒေါ်လာဈေးက အမြင့်ပိုင်းမှာပဲရှိနေသေးတော့ ကုန်ဈေးနှုန်းတွေက ဒါကို အကြောင်းပြုပြီး ထိုးတက်ကုန်တာပေါ့နောက်တစ်ခုက ပြည်သူတွေက စိုးရိမ်ပြီးဝယ်ကြတော့ဗြုန်းဆိုင်းကြီး ဝယ်လိုအားတွေက တအားမြင့်လာတော့ ဈေးကွက်သဘောအရ တစ်ဖက်ကလည်း ဈေးတွေက မြောက်ကုန်တာပေါ့ တက်ကုန်တာပေါ့နော်၊ အဲ့လိုသွားဖြစ်တာပါ”လို့ ၎င်းက သူရဲ့ အမြင်ကို ပြောပြခဲ့တာပါ။

ဒဂုံဆိပ်ကမ်းမြို့နယ်အတွင်း ကုန်စိမ်းရောင်းချသူ တစ်ဦးကလည်း “အခု ရှေ့မှာခင်းထားတဲ့ ကုန်စိမ်းတွေ အားလုံးက ၄ သိန်းဖိုးပါ။ ၄ သိန်းဖိုးနီးပါးရှိပါတယ်။ အဲ့ဒါတောင် ဆိုင်မလှဘူး၊ အမြင်မလှဘူး၊ ၄ သိန်းဖိုးသာဆိုတယ်၊ ကုန်စိမ်းက ဘာမှမယ်မယ်ရရ မရဘူး၊ ဒိုင်ကနေ သွားယူရတဲ့ ဈေးတင် အတော်ကို တက်တာပေါ့၊ ငရုတ်သီး စိမ်းဆို အနည်းဆုံး ၂၀၀ ဖိုး ၃၀၀ ဖိုးဝယ်မှရောင်းနိုင်တော့တယ်။ အရင်လို ၅၀ ဖိုး ၁၀၀ ဖိုး ဝယ်ရင် ရောင်းရတာ ဘယ်လိုမှ အဆင်မပြေပါဘူး”လို့ ပြောပြခဲ့ပါတယ်။

အခုတစ်ပတ်အတွင်း တရားမဝင် ပြင်ပဒေါ်လာဈေးကွက်မှာတော့ အမေရိကန်တစ်ဒေါ်လာကို ကျပ် ၃၃၀၀ ထိ ပြန်လည်မြင့်တက်လာခဲ့တာဖြစ်တယ်လို့ ပြင်ပနိုင်ငံခြားငွေကြေးလဲလှယ်သူတွေဆီထံကနေ သိရပါတယ်။

Credit

Zawgyi

ျပည္တြင္းေဒၚလာေစ်းဂယက္ေၾကာင့္ အေျခခံစားေသာက္ကုန္ေစ်းႏႈန္းေတြဟာ ယခုရက္ပိုင္းအတြင္း ျပန္လည္ျမင့္တက္လာခဲ့ၿပီး တက္ရိပ္ျပလာခဲ့တယ္လို႔ သိရပါတယ္။

လက္ရွိ အေျခခံစားေသာက္ကုန္ေစ်းကြက္အတြင္း စားအုန္းဆီတစ္ပိႆာ က်ပ္ ၈၀၀၀ ႏွင့္ ၾကက္သြန္နီ တစ္ပိႆာလွ်င္ က်ပ္ ၃၀၀၀ ေက်ာ္မွ က်ပ္ ၄၀၀၀ အထိ ျပန္ျဖစ္ကာ ၾကက္ဥတစ္လုံးလွ်င္ က်ပ္ ၂၃၀ မွ ၂၅၀ ၾကားအထိ ေပးဝယ္ေနရတယ္လို႔ အိမ္ရွင္မမ်ားႏွင့္ အေျခခံ စားေသာက္ကုန္ေစ်းကြက္အတြင္းမွ စုံစမ္း သိရွိရပါတယ္။

ဒါ့အျပင္အဓိက မရွိမျဖစ္ အေျခခံစားေသာက္ကုန္ျဖစ္တဲ့ ဆန္ေစ်းႏႈန္းမ်ားလည္း ျမင့္တက္ေနၿပီး ေ႐ႊဘိုေပၚဆန္း ၂၄ ျပည္တစ္အိတ္လွ်င္ ယခင္ ၉၀၇၀၀ က်ပ္မွ ယခု ၁၀၁၅၀၀ က်ပ္အထိ ေပါက္ေစ်းရွိေနတာျဖစ္သလို ဆန္ၾကမ္းတစ္ျပည္လွ်င္ က်ပ္ ၂၂၀၀ က်ပ္မွစတင္၍ ဆန္ေခ်ာတစ္ျပည္လွ်င္ က်ပ္ ၃၆၀၀ ကေန က်ပ္ ၄၀၀၀ အထိ ေစ်းႏႈန္းျမင့္တက္ေနတာျဖစ္ပါတယ္။

ထို႔အတူ အေျခခံစားကုန္မ်ားျဖစ္တဲ့ အျခားေသာ အသား/ငါးႏွင့္ ဟင္းသီး ဟင္း႐ြက္ေစ်းႏႈန္းမ်ားမွာလည္း လိုက္ပါျမင့္တက္လ်က္ရွိတယ္လို႔ သိရပါတယ္။

“ဒိုင္ကေန ယူရတဲ့ေစ်းကိုက ျမင့္တာပါ။ အခုက်ေနာ္တို႔ ၾကက္တစ္ေကာင္ကို ဒိုင္ယူေစ်းတင္ ၇၀၀၀ ယူရတယ္။ တစ္ေသာင္းေစ်းနဲ႔မွ ျပန္မေရာင္းရင္မကိုက္ဘူးေပါ့။ ဟိုတေန႔ကဆို အေကာင္ႀကီး ၅ ေကာင္ကို တစ္ေကာင္ ၈၀၀၀ ႏႈန္းနဲ႔ ယူခဲ့ရတယ္ ေလးေသာင္းဖိုးေလ၊ အဲ့လိုေတြဝယ္ေနရတယ္။ အဲ့ေတာ့ ဒီဘက္မွာ ျပန္ေရာင္းေတာ့ ေစ်းေတြက တစ္ေသာင္းေက်ာ္ကုန္တယ္”လို႔ ရန္ကုန္ၿမိဳ႕ ၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ ေစ်းအတြင္းရွိ ၾကက္သားေရာင္းခ်သူတစ္ဦးက ေျပာျပခဲ့ပါတယ္။

ရန္ကုန္ၿမိဳ႕ ဆင္ေျခဖုံးရပ္ကြက္တြင္ ေနထိုင္သူအိမ္ရွင္မတစ္ဦးကလည္း “တစ္ေန႔ကဆို အလုအယက္ေတြ ဝယ္ေနၾကတာ ဟိုသတင္း ဒီသတင္းေတြေၾကာင့္ မေန႔ကဆို ဆီေစ်းက အေတာ္ခုန္တက္သြားတာ ၆၀၀၀ ေက်ာ္ ၇၀၀၀ ကေန ၈၀၀၀ ေက်ာ္ ၉၀၀၀ ျပန္ျဖစ္သြားတယ္။ က်န္တဲ့ ကုန္ေစ်းႏႈန္းေတြလည္းတက္တယ္၊ က်တယ္လို႔ကို မရွိပါဘူး။ ဟိုေန႔က ဆို က်မဝယ္စားေနက် အရင္ ၂၅၀ တန္ အာလူးေၾကာ္အထုပ္က အခု ၄၅၀ ျဖစ္သြားတယ္”လို႔ ေျပာျပလာခဲ့ပါတယ္။

အေျခခံစားေသာက္ကုန္ေစ်းႏႈန္းေတြ ျပန္လည္ျမင့္တက္လာရတာဟာ အခုရက္ပိုင္းအတြင္း Financial Action Task Force (FATF)က ျမန္မာကို Blacklist ႏိုင္ငံအျဖစ္ စာရင္းသြင္းေၾကာင္း အတည္ျပဳလိုက္ၿပီးေနာက္ ျပည္တြင္းမွာ ေဒၚလာေစ်း ႏႈန္းႏွင့္ ေ႐ႊေစ်းႏႈန္း ျမင့္တက္မႈေတြနဲ႔ တည္ၿငိမ္မႈမရွိတာေတြ ျဖစ္ေပၚလာၿပီး ျပည္သူေတြက ေၾကာက္လန္႔ တၾကားနဲ႔ စားေသာက္ကုန္ေတြကို သူထက္ငါ အၿပိဳင္ အေျပးအလႊား မ်ားမ်ားစားစားဝယ္ယူၾကလို႔ ကုန္ေစ်းႏႈန္းေတြ ျပန္လည္ျမင့္တက္လာရျခင္းျဖစ္တယ္လို႔ ေစ်းကြက္မန္ေနဂ်ာတစ္ဦးက သုံးသပ္ေျပာျပခဲ့ပါတယ္။

“ဟိုေန႔က FATF သတင္းက အေတာ္ေလး ဂယက္႐ိုက္သြားတယ္။ က်ေနာ္ေနတဲ့ ရပ္ကြက္မွာဆိုလည္း အဲ့လိုပဲ စားေသာက္စရာေတြကို အတင္းေျပး၀ယ္ၾက ဘာနဲ႔ ညာနဲ႔ ရပ္ကြက္ထဲ စီစီညံညံျဖစ္သြားတယ္။ ဒီကေန႔ မနက္မွ နည္းနည္းေလးျပန္ၿငိမ္သြားတာ ဒါေပမဲ့ သိရသေလာက္ေဒၚလာေစ်းက အျမင့္ပိုင္းမွာပဲရွိေနေသးေတာ့ ကုန္ေစ်းႏႈန္းေတြက ဒါကို အေၾကာင္းျပဳၿပီး ထိုးတက္ကုန္တာေပါ့ေနာက္တစ္ခုက ျပည္သူေတြက စိုးရိမ္ၿပီးဝယ္ၾကေတာ့ျဗဳန္းဆိုင္းႀကီး ဝယ္လိုအားေတြက တအားျမင့္လာေတာ့ ေစ်းကြက္သေဘာအရ တစ္ဖက္ကလည္း ေစ်းေတြက ေျမာက္ကုန္တာေပါ့ တက္ကုန္တာေပါ့ေနာ္၊ အဲ့လိုသြားျဖစ္တာပါ”လို႔ ၄င္းက သူရဲ႕ အျမင္ကို ေျပာျပခဲ့တာပါ။

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္အတြင္း ကုန္စိမ္းေရာင္းခ်သူ တစ္ဦးကလည္း “အခု ေရွ႕မွာခင္းထားတဲ့ ကုန္စိမ္းေတြ အားလုံးက ၄ သိန္းဖိုးပါ။ ၄ သိန္းဖိုးနီးပါးရွိပါတယ္။ အဲ့ဒါေတာင္ ဆိုင္မလွဘူး၊ အျမင္မလွဘူး၊ ၄ သိန္းဖိုးသာဆိုတယ္၊ ကုန္စိမ္းက ဘာမွမယ္မယ္ရရ မရဘူး၊ ဒိုင္ကေန သြားယူရတဲ့ ေစ်းတင္ အေတာ္ကို တက္တာေပါ့၊ င႐ုတ္သီး စိမ္းဆို အနည္းဆုံး ၂၀၀ ဖိုး ၃၀၀ ဖိုးဝယ္မွေရာင္းႏိုင္ေတာ့တယ္။ အရင္လို ၅၀ ဖိုး ၁၀၀ ဖိုး ဝယ္ရင္ ေရာင္းရတာ ဘယ္လိုမွ အဆင္မေျပပါဘူး”လို႔ ေျပာျပခဲ့ပါတယ္။

အခုတစ္ပတ္အတြင္း တရားမဝင္ ျပင္ပေဒၚလာေဈးကြက္မွာေတာ့ အေမရိကန္တစ္ေဒၚလာကို က်ပ္ ၃၃၀၀ ထိ ျပန္လည္ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔ ျပင္ပႏိုင္ငံျခားေငြေၾကးလဲလွယ္သူေတြဆီထံကေန သိရပါတယ္။

Credit