အိမ်ခြံမြေစျေးကွက်အတွင်း စာရွက်စာတမ်းအတုမျာဖြင့် ငွေကြေးလိမ်လည်မှုများရှိနေ

အိမ်ခြံမြေဈေးကွက်အတွင်း စာရွက်စာတမ်းအတုမျာဖြင့် ငွေကြေးလိမ်လည်မှုများရှိနေ


ပြည်တွင်းရှိအိမ်ခြံမြေဈေးကွက်အတွင်းတွင်အရောင်းအဝယ်သွက်လာမှုနှင့်အတူယခုနောက်ပိုင်း၌ စာရွက်စာတမ်းအတုများကိုသုံးစွဲ၍ကနဦးစရန်ကြေးငွေများလိမ်လည်ရယူရန်လုပ်ဆောင်လာကြကြောင်းအိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းများကြား၌သိရသည်။

“ဒီကာလမှာက စာရွက်စာတမ်းအတုတွေအရမ်းပေါနေတာ၊ ဌာနမှာသွားစစ်ဖို့ကျပြန်တော့လည်း တရားဝင်လုပ်ပေးတာမျိုးမရှိတော့ဒီကာလမှာရောင်းမှားဝယ်မှားဖြစ်မှာစိုးရိမ်ရတဲ့ကာလပါပဲ”ဟုလည်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောသည်။

ပြည်တွင်းစီးပွားရေးကဏ္ဍတွင် ကျပ်ငွေတန်ဖိုးကျဆင်းကာငွေကြေးဖောင်းပွမှုများကြောင့်ငွေစက္ကူ အစားအချိန်မရွေးငွေပြန်ဖြစ်နိုင်သောခိုင်မာသည့်အရာများကိုကိုင်ထားရန်စိတ်ဝင်တစားလုပ်ကိုင်ရာမှ အိမ်ခြံမြေဈေးကွက်အတွင်းတွင်လည်း မြှုပ်နှံသူများလာပြီး

ဈေးနှုန်းများမြင့်နေသလို စာရွက်စာတမ်း အတုများဖြင့် စရန်ကြေးကိုလိမ်လည်ရယူမှုများလည်း များစွာဖြစ်လာခဲ့သည်။“ဝယ်သူက စာရွက်စာတမ်းမှန်မမှန်စစ်မယ်ဆိုရင်စရန်အသေးလေးပေါ့အလုပ်ဖြစ်ရုံလောက်အနည်းဆုံး ၁၀ သိန်း လောက်ချထားဖို့ တောင်းဆိုတယ်၊

စရန်ကြီးကျတော့စရန်ငွေနှစ်ဆတို့ဘာတို့ စာချုပ်ထဲထည့်ပေမယ့် ဒီလိုအလုပ်ဖြစ်ရုံစရန်သေးလေးကျတော့စရန်နှစ်ဆ ပြန်ပေးရမယ်ဆိုတာမျိုးတော့ထည့်လေ့သိပ်မရှိဘူးဆိုတော့လိမ်လည်ပြီးစရန်ယူတာများလာတယ်၊စာရွက်စာတမ်းကမိတ္တူပဲပေးတာဆိုတော့အမည်ပေါက်မှန်မမှန်ဆိုတာနဲ့တခြားအချက်အလက်တွေပဲစုံစမ်းပြီးလုပ်လို့ရတာလေ၊

ဒီဂရန်တို့၊ ပါမစ်တို့က ဒီအဆင့်မှာ အတုလားအစစ်လားကြည့်လို့မရသေးဘူး၊ဒါ့ကြောင့်ဒီကာလမှာ အိမ်ခြံမြေအရောင်းအဝယ်လုပ်ရင်ကိုယ့်နဲ့ ခင်မင်တဲ့အကျိုးဆောင်တွေ၊တကယ့်ကိုနာမည်အပျက်မခံတဲ့ အကျိုးဆောင်တွေနဲ့ပဲလုပ်ဖို့လိုတယ်၊လိမ်တာအရမ်းများနေတာ၊အုပ်စုလိုက်ကိုလိမ်နေကြတာမျိုးဖြစ်လာတာ”ဟုလည်း

အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းတည်ထောင်ထားသူ တစ်ဦးက ရှင်းပြသည်။ထိုကနဦးချထားသည့် စရန်များကို ပြန်ပေးရန် တောင်းဆိုရာတွင်လည်း ဟိုနေ့ရွှေ့ ဒီနေ့ရွှေ့ဖြင့် ရှောင်လွှဲခြင်းများ ရှိသလို အပြည့်ပြန်မရသည့်အခြေအနေများလည်းဖြစ်လာကြောင်းကိုယ်တိုင်ကြုံသူများထံမှသိရသည်။

“စာရွက်စာတမ်းမှန်မမှန်စစ်မယ့် မိတ္တူစာရွက်တွေယူဖို့ အလုပ်ဖြစ်ရုံ ငွေ ၁၀ သိန်းလောက်ဆိုတာက တစ်ခဏချင်းရတာလေ၊ ဒီကာလမှာအလုပ်အကိုင်တွေရှားပါး စီးပွားရေးတွေ ခက်ခဲနေတော့ဒီငွေကို လွယ်လွယ်ဘယ်မှာရှာလို့ရမလဲ၊ အဲ့ဒီတော့ လိမ်တာအရမ်းများတာ၊ဒီလိုကနေဦးစရန်လေးရအောင် တစ်နပ်စားလုပ်ပြီး လိမ်တာတွေအရမ်းများတာ”ဟုလည်း

ကိုယ်တိုင်ကြုံသူတစ်ဦးကပြောပြသည်။ထို့အပြင် အချို့သောဒေသအခြေစိုက်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းများပင်လျှင်အခြေအနေ တစ်ရပ်ရပ်ကြောင့် အရောင်းအဝယ်ပျက်သည့်အခါ စရန်ငွေနှစ်ဆပြန်မလျော်သည့်အပြင်နဂိုပေးထားသည့် စရန်ငွေကိုအခြားနေရာ၌ခဏသုံးစွဲထားပြီး အချိန်ဆွဲမှုများရှိကြောင်း၊

စရန်ချသူထံ ငွေပြန်ပေးသည့် အခါမျိုးတွင်လည်း ပွဲစားခ၊ဘာကြေးညာကြေးနှုတ်ယူ၍သုံးပုံတစ်ပုံခန့်သာ ပြန်ပေးခြင်းများလုပ်ဆောင်ကြသည့်အတွက်ရောင်းသူနှင့်ဝယ်သူကြားမကျေလည်မှုများစွာလည်း ကြုံလာကြောင်းသိရသည်။

Credit

Zawgyi

အိမ္ၿခံေျမေစ်းကြက္အတြင္း စာ႐ြက္စာတမ္းအတုမ်ာျဖင့္ ေငြေၾကးလိမ္လည္မႈမ်ားရွိေန

ျပည္တြင္းရွိအိမ္ၿခံေျမေဈးကြက္အတြင္းတြင္အေရာင္းအဝယ္သြက္လာမႈႏွင့္အတူယခုေနာက္ပိုင္း၌ စာ႐ြက္စာတမ္းအတုမ်ားကိုသုံးစြဲ၍ကနဦးစရန္ေၾကးေငြမ်ားလိမ္လည္ရယူရန္လုပ္ေဆာင္လာၾကေၾကာင္းအိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းမ်ားၾကား၌သိရသည္။

“ဒီကာလမွာက စာ႐ြက္စာတမ္းအတုေတြအရမ္းေပါေနတာ၊ ဌာနမွာသြားစစ္ဖို႔က်ျပန္ေတာ့လည္း တရားဝင္လုပ္ေပးတာမ်ိဳးမရွိေတာ့ဒီကာလမွာေရာင္းမွားဝယ္မွားျဖစ္မွာစိုးရိမ္ရတဲ့ကာလပါပဲ”ဟုလည္း အိမ္ၿခံေျမဝန္ေဆာင္မႈလုပ္ငန္းလုပ္ကိုင္သူတစ္ဦးကေျပာသည္။

ျပည္တြင္းစီးပြားေရးက႑တြင္ က်ပ္ေငြတန္ဖိုးက်ဆင္းကာေငြေၾကးေဖာင္းပြမႈမ်ားေၾကာင့္ေငြစကၠဴ အစားအခ်ိန္မေ႐ြးေငြျပန္ျဖစ္ႏိုင္ေသာခိုင္မာသည့္အရာမ်ားကိုကိုင္ထားရန္စိတ္ဝင္တစားလုပ္ကိုင္ရာမွ အိမ္ၿခံေျမေဈးကြက္အတြင္းတြင္လည္း ျမႇဳပ္ႏွံသူမ်ားလာၿပီး

ေဈးႏႈန္းမ်ားျမင့္ေနသလို စာ႐ြက္စာတမ္း အတုမ်ားျဖင့္ စရန္ေၾကးကိုလိမ္လည္ရယူမႈမ်ားလည္း မ်ားစြာျဖစ္လာခဲ့သည္။“ဝယ္သူက စာ႐ြက္စာတမ္းမွန္မမွန္စစ္မယ္ဆိုရင္စရန္အေသးေလးေပါ့အလုပ္ျဖစ္႐ုံေလာက္အနည္းဆုံး ၁၀ သိန္း ေလာက္ခ်ထားဖို႔ ေတာင္းဆိုတယ္၊

စရန္ႀကီးက်ေတာ့စရန္ေငြႏွစ္ဆတို႔ဘာတို႔ စာခ်ဳပ္ထဲထည့္ေပမယ့္ ဒီလိုအလုပ္ျဖစ္႐ုံစရန္ေသးေလးက်ေတာ့စရန္ႏွစ္ဆ ျပန္ေပးရမယ္ဆိုတာမ်ိဳးေတာ့ထည့္ေလ့သိပ္မရွိဘူးဆိုေတာ့လိမ္လည္ၿပီးစရန္ယူတာမ်ားလာတယ္၊စာ႐ြက္စာတမ္းကမိတၱဴပဲေပးတာဆိုေတာ့အမည္ေပါက္မွန္မမွန္ဆိုတာနဲ႔တျခားအခ်က္အလက္ေတြပဲစုံစမ္းၿပီးလုပ္လို႔ရတာေလ၊

ဒီဂရန္တို႔၊ ပါမစ္တို႔က ဒီအဆင့္မွာ အတုလားအစစ္လားၾကည့္လို႔မရေသးဘူး၊ဒါ့ေၾကာင့္ဒီကာလမွာ အိမ္ၿခံေျမအေရာင္းအဝယ္လုပ္ရင္ကိုယ့္နဲ႔ ခင္မင္တဲ့အက်ိဳးေဆာင္ေတြ၊တကယ့္ကိုနာမည္အပ်က္မခံတဲ့ အက်ိဳးေဆာင္ေတြနဲ႔ပဲလုပ္ဖို႔လိုတယ္၊လိမ္တာအရမ္းမ်ားေနတာ၊အုပ္စုလိုက္ကိုလိမ္ေနၾကတာမ်ိဳးျဖစ္လာတာ”ဟုလည္း

အိမ္ၿခံေျမအက်ိဳးေဆာင္ လုပ္ငန္းတည္ေထာင္ထားသူ တစ္ဦးက ရွင္းျပသည္။ထိုကနဦးခ်ထားသည့္ စရန္မ်ားကို ျပန္ေပးရန္ ေတာင္းဆိုရာတြင္လည္း ဟိုေန႔ေ႐ႊ႕ ဒီေန႔ေ႐ႊ႕ျဖင့္ ေရွာင္လႊဲျခင္းမ်ား ရွိသလို အျပည့္ျပန္မရသည့္အေျခအေနမ်ားလည္းျဖစ္လာေၾကာင္းကိုယ္တိုင္ႀကဳံသူမ်ားထံမွသိရသည္။

“စာ႐ြက္စာတမ္းမွန္မမွန္စစ္မယ့္ မိတၱဴစာ႐ြက္ေတြယူဖို႔ အလုပ္ျဖစ္႐ုံ ေငြ ၁၀ သိန္းေလာက္ဆိုတာက တစ္ခဏခ်င္းရတာေလ၊ ဒီကာလမွာအလုပ္အကိုင္ေတြရွားပါး စီးပြားေရးေတြ ခက္ခဲေနေတာ့ဒီေငြကို လြယ္လြယ္ဘယ္မွာရွာလို႔ရမလဲ၊ အဲ့ဒီေတာ့ လိမ္တာအရမ္းမ်ားတာ၊ဒီလိုကေနဦးစရန္ေလးရေအာင္ တစ္နပ္စားလုပ္ၿပီး လိမ္တာေတြအရမ္းမ်ားတာ”ဟုလည္း

ကိုယ္တိုင္ႀကဳံသူတစ္ဦးကေျပာျပသည္။ထို႔အျပင္ အခ်ိဳ႕ေသာေဒသအေျခစိုက္အိမ္ၿခံေျမအက်ိဳးေဆာင္လုပ္ငန္းမ်ားပင္လွ်င္အေျခအေန တစ္ရပ္ရပ္ေၾကာင့္ အေရာင္းအဝယ္ပ်က္သည့္အခါ စရန္ေငြႏွစ္ဆျပန္မေလ်ာ္သည့္အျပင္နဂိုေပးထားသည့္ စရန္ေငြကိုအျခားေနရာ၌ခဏသုံးစြဲထားၿပီး အခ်ိန္ဆြဲမႈမ်ားရွိေၾကာင္း၊

စရန္ခ်သူထံ ေငြျပန္ေပးသည့္ အခါမ်ိဳးတြင္လည္း ပြဲစားခ၊ဘာေၾကးညာေၾကးႏႈတ္ယူ၍သုံးပုံတစ္ပုံခန႔္သာ ျပန္ေပးျခင္းမ်ားလုပ္ေဆာင္ၾကသည့္အတြက္ေရာင္းသူႏွင့္ဝယ္သူၾကားမေက်လည္မႈမ်ားစြာလည္း ႀကဳံလာေၾကာင္းသိရသည္။

Credit