ရန်ကုန် ကြံတောသင်္ချိုင်းကြီးကို ရွှေ့ပြောင်းစဉ်က ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းကြယ်မှုများ

ရန်ကုန် ကြံတောသင်္ချိုင်းကြီးကို ရွှေ့ပြောင်းစဉ်က ကြုံတွေ့ခဲ့ရတဲ့ ထူးခြားဆန်းကြယ်မှုများ

ကြံတော သုသာန် ဆိုတာ မြန်မာပြည်မှာ အကြီးဆုံး သုသာန် ကြီးပဲ။ ကိုလိုနီခေတ်ကတည်းက ဆောက်ခဲ့တယ်လို့ မှတ်ထားခဲ့ဖူးတယ် ၁၉၉၆ ခုနှစ်ကျတော့မှ မြို့တော် အင်္ဂါနဲ့ မညီညွတ်တဲ့အတွက် သုသာန်ကို ပြောင်းရွှေ့ခဲ့တယ်

အဲဒီ သချိုင်းပြောင်းတဲ့အချိန်မှာ ကျွန်မတို့က ၉တန်း ၁၀တန်းရောက်ပြီဆိုတော့ ကောင်းကောင်း မှတ်မိတတ်တဲ့ အရွယ်ဖြစ်နေပြီ ခေါင်းထဲပေါ်လာတာလေးတွေ ရေးချင်သေးတယ် သချိုင်း ပြောင်းမယ်ဆိုတော့ သတင်းစာထဲမှာ ကြော်ငြာတွေ ခဏခဏတွေ့ရတော့တာပဲ

အဲဒီ သချိုင်းထဲက အုတ်ဂူတွေကို သက်ဆိုင်သူဆွေမျိုးသားချင်းတွေ ဘယ်ရက်ကနေ ဘယ်ရက်အတွင်း လာရောက် တူးဖော်နိုင်ပါတယ် ရွှေ့ပြောင်းနိုင်ပါတယ် ဆိုတဲ့ အကြောင်းပဲ တချို့တွေလည်း ကိုယ့်မိဘ ဘိုးဘွားတွေရဲ့ အရိုးတွေ ရွှေ့ပြောင်းလိုက်တဲ့

သုသာန်အသစ်မှာ ပြန် မြှုပ်နှံဖို့ သွားတူးကြတာပေါ့ တချို့တွေကျတော့ အရမ်းကြာနေပြီဖြစ်တဲ့ နှစ်ချို့ အုတ်ဂူကြီးတွေလေ သက်ဆိုင်သူတွေ မြန်မာပြည်မှာတောင် မရှိတော့တဲ့ ဂူကြီးတွေပေါ့ ပိုင်ရှင်မရှိတဲ့ ဂူတွေ အရိုးတွေကျတော့လည်း သက်ဆိုင်ရာကပဲ ရှင်းလင်း ပစ်လိုက်ရတာပေါ့လေ

အဲဒီ ကြံတော သချိုင်းထဲကို ကျွန်မက အသက်၆နှစ်မပြည့်ခင်လောက်မှာ စရောက်ဖူးတယ် အဖိုးကွယ်လွန်တော့ အသုဘရှုအခမ်းအနားထဲ ကိုယ်လည်း ရောယောင်ပါသွားတာပေါ့ အဲဒီနောက်ပိုင်းတော့ အမျိုးထဲက သေဆုံးတဲ့ လူတွေကို

အကြောင်းပြုပြီး ရောက် ဖြစ်ခဲ့တယ်ပေါ့ စမ်းချောင်းဘက်သွားလို့ အဖေ အဲဒီဘက်က ကားဖြတ်မောင်းရင် ကျိုးပျက်နေတဲ့ အုတ်တံတိုင်းကြီးနဲ့ ကြံတော သုသာန်ဝင်းကြီးကို အတွေးပေါင်းစုံနဲ့ ငေးကြည့်မိတာပဲ

သူ့ဝင်းအဝက သံဂိတ်ဝကြီးဆို သံချေးတွေတက်လို့ မြန်မာ့အသံဝင်းကြီးကျော်လာပြီဆို အခု မန္တလေး အက်ဖ်အမ် ရုံးတို့ မူးယစ်နှိမ်နင်းရေး ပြတိုက်တို့ ရှိတဲ့နားကစပြီး အခု ညောင်ပင်ကိစ္စပွစိပွစိဖြစ်နေကြတဲ့ တိုင်းမ်စီးတီး ဆိုတာအထိဟာ ကြံတော သုသာန်ဝင်းကြီးပဲ။

တကယ့်ကို အကြီးကြီး အထဲမှာလည်း အပင်ကြီးတွေနဲ့ အုပ်ဆိုင်းနေတာပဲ ကုက္ကိုပင်လို သက်တမ်းရင့်အပင်ကြီးတွေကို အများကြီးပဲ အဲ ဟံသာဝတီအဝိုင်းကိုမပတ်ဘဲနဲ့ ညာဘက်ချိုးချလိုက်တာနဲ့

အင်မတန် ကြီးမားသော တရုတ်အုတ်ဂူ ဝိုင်းဝိုင်းကြီးတွေကို တွေ့ရပါလိမ့်မယ် တကယ့်ကို ကနုတ်တွေ ပန်းတွေနဲ့ အခိုင်အခံဆောက်ထားတဲ့ တရုတ် အုတ်ဂူအကြီးကြီးတွေ

အဲဒီဂူကြီးတွေကြားထဲမှာ စုတ်ပြတ်နေတဲ့ တဲတွေလည်းအများကြီးပဲ ထမိန်တွေလှမ်းထားတာ ကလေးတွေ ဂူတွေကြားထဲ ပြေးဆော့နေတာတွေ မြင်ရတတ်တယ် သူတို့က လူသေပြင်တဲ့သူတွေတဲ့ လူသေဆီက

အဝတ်အစား ချွတ်ယူကြတယ် ပန်းကအစ ပြန်ယူပြီး ဆိုင်မှာ ပြန်သွင်းကြတယ်တဲ့ အဲဒီလူတွေကို တစ်ခေတ်တစ်ခါကတော့ မင်္ဂလာမရှိတဲ့အလုပ်လုပ်သူတွေဆိုပြီး လူရာမသွင်းခဲ့ကြပါဘူး

စာထဲမှာဖတ်ဖူးတာကတော့ ကြံတောသုသာန်ဟာ မကောင်းမှုတွေကြီးစိုးတဲ့အရပ်တဲ့ ဈေးအပေါဆုံး ပြည့်တန်ဆာကိုရှာ အဲဒီတဲတွေထဲမှာရှိတယ် ‌ေ-းခြောက်ရှုမလား လောင်းကစားလုပ်မလား လင်ကောင်မပေါ်တဲ့ ကလေးကို ပစ်မလား လူမိုက်တွေ မိုက်ကြေးခွဲကြမလားအချင်းချင်း အပျောက်ရှင်းကြမလား အကုန်လုပ်လို့ရတယ်

သရဲမွေးတဲ့ အောက်လမ်းဆရာတွေလည်း ရှိတယ် သူတောင်းစားတွေ အနူလို့ခေါ်တဲ့ ခြေတိုလက်တို အနာကြီးရောဂါသည်တွေလည်း အဲဒီတဲတွေထဲမှာရှိကြတယ်တဲ့ ညမှောင်လာတာနဲ့အမျှ ဘယ်သူမှမသွားရဲတော့တဲ့ နေရာမှာ

ရေနံဆီမီးအိမ်ကလေးတွေ မှိတ်တုတ်လင်းနေတဲ့ တဲကလေးတွေကတော့ သူ့နည်းသူ့ဟန်နဲ့ အလုပ်ဖြစ်နေကြလိမ့်မယ် ဒီနေရာကို လူတွေကြောက်လေ သူတို့အတွက် အလုပ်ဖြစ်လေ ဒါကြောင့် ခြောက်လှန့်မှုမျိုးစုံကိုလည်း သတင်းတွေ လွှင့်ထားကြသေးတယ်

ဒီသုသာန်ရှေ့မှာ အထက်တန်းကျောင်းတစ်ကျောင်းရှိတယ် သူ့ရှေ့က အသုဘတွေနေ့တိုင်း ဖြတ်နေတော့ တစ်ခြားကျောင်းက ကျောင်းသားတွေက စနောက်ပြီး အလောင်းစည်သူကျောင်းလို့ ခေါ်တယ် သူ့ဘေးမှာတော့ ခေါင်းရောင်းတဲ့ဆိုင်တွေရှိတယ်

အဲဒီမှာ ပန်းရောင် စက္ကူစတွေနဲ့ အခေါင်းအလှဆင်နေကြတဲ့ လွှစာတိုက်ပြီး အခေါင်းလုပ်နေကြတဲ့ မိသားစုလုပ်ငန်းတွေ အမြဲတွေ့ရတယ် သူတို့တွေလည်း အဲဒီခေတ်တုန်းက ခွဲခြား ဆက်ဆံခံရတဲ့ လူတွေထဲမှာပါခဲ့ကြတာပဲ.

ဒီလောက် နှစ်ပေါင်းများစွာ ရှိနေခဲ့တဲ့ ဒီလောက် ကြီးတဲ့ နေရာကြီးတစ်ခုလုံးကို မြေလှန်ပြီးပြောင်းရွှေ့ပစ်မယ်ဆိုတာ တကယ်တော့စိတ်ဝင်စားစရာပဲ ပိုင်ရှင်မရှိတဲ့ ဂူတွေ ဖယ်ပစ်လိုက်တာ သစ်ပင်တွေ ခုတ်ပစ်လိုက်တာ

အရိုးတွေ ဖယ်ပစ်လိုက်တာမျိုးက လွယ်ပါတယ် ဒါပေမဲ့ မမြင်ရတဲ့ပရလောကသားတွေကိုဘယ်လိုရွှေ့ပြောင်းမှာလဲ သူတို့လည်း အဲဒီနေရာမှာနေနေကြတာ နေရာလောက်တောင်မလောက်ဘူးတဲ့

နေရာအတွက် ရန်-တ်နေကြတာ ပါဝါကြီးသူက ပါဝါနည်းသူကို အနိုင်ကျင့်နေတာတွေ အများကြီးပဲတဲ့ သစ်ပင်ရဲ့ အကိုင်းသေးသေးလေးတွေမှာတောင် အပြည့်ပဲတဲ့ ကိုယ်မမြင်ရလို့သာနော် မင်း အမိန့်အာဏာကြတော့သူတို့ လွန်ဆန်လို့မရဘူး အစိုးရဆိုတာ မင်း ထဲမှာပါတယ်လေ

အဲတော့ သချိုင်းပြောင်းတဲ့အခါ အကျွတ်မလွတ်တဲ့သူတွေရေ မင်းတို့လည်း ဒီမှာ နေခွင့်မရှိတော့ဘူး နေရာပေးမယ် ပြောင်းကြတော့ဆိုပြီး ပြောင်းခိုင်းတော့တာပေါ့ ဟုတ်မဟုတ်တော့မသိ သူတို့ကို နေရာပြောင်းတော့

ညဘက်ဆို အဲဒီနား ဖယောင်းတိုင်တို့ ဘာတို့ထွန်း အသားစိမ်း ငါးစိမ်းတွေ ပြင်ဆင်ပြီး ခေါ် ကဲ ကားပေါ်တက်ကြဟေ့ဆိုရင် ကားကြီး အိကနဲ အိကနဲ ဖြစ်သွားပါသတဲ့ အဲလိုနဲ့ ရက်တစ်ခုအထိ သတ်မှတ်ပြီး တစ်နေရာကို ပို့ဆောင် ပြောင်းရွှေ့ခဲ့ရတယ်လို့ ကြားဖူးပါတယ်

အဲဒီနေရာကိုတော့ ကျွန်မ မပြောပြတော့ပါဘူးနော် ပြောင်းပေမဲ့လည်း အကုန်ပါချင်မှလည်းပါမှာပေါ့လေ မကြားတဲ့သူ မသိလိုက်တဲ့သူ ခရီးလွန်နေသူတွေလည်း ရှိနိုင်တာပေါ့လေ ပရလောကကိုမြင်ရတဲ့ ပုဂ္ဂိုလ်တစ်ဦး ပြောတာဆိုရင် သူတို့က ကိုယ်တွေလိုပဲ သွားလာနေကြတာတဲ့ အများနဲ့သက်ဆိုင်တဲ့နေရာတိုင်းမှာ သူတို့ရှိပါတယ်တဲ့

ဒီညောင်ပင် ကိစ္စ ဒီနေ့ လူပြောများနေကြတော့ သြော် ပြောင်းတဲ့ထဲမပါသွားကြတဲ့သူတွေများလားလို့ တွေးမိတာကိုး ပြီးတော့ ဒီအပင်ဟာ ကိုယ်သိထားတဲ့အပင်များလားပေါ့ ကိုယ်ကလည်း ဒါမျိုးဆို ငယ်ငယ်တည်းက မျက်လုံးကိုပြူးပြီး စောင်ကြားထဲက ရင်တထိတ်ထိတ်နားထောင်တတ်တဲ့ လူမျိုး သိပ်စိတ်ဝင်စားတာလေ။ ဗဟုသုတအနေနဲ့ပဲ ဖတ်စေချင်ပါတယ်။ မွန်ဟော်စီ

Zawgyi

ရန္ကုန္ ႀကံေတာသခ်ႋဳင္းႀကီးကို ေ႐ႊ႕ေျပာင္းစဥ္က ႀကဳံေတြ႕ခဲ့ရတဲ့ ထူးျခားဆန္းၾကယ္မႈမ်ား

ႀကံေတာ သုသာန္ ဆိုတာ ျမန္မာျပည္မွာ အႀကီးဆုံး သုသာန္ ႀကီးပဲ။ ကိုလိုနီေခတ္ကတည္းက ေဆာက္ခဲ့တယ္လို႔ မွတ္ထားခဲ့ဖူးတယ္ ၁၉၉၆ ခုႏွစ္က်ေတာ့မွ ၿမိဳ႕ေတာ္ အဂၤါနဲ႔ မညီၫြတ္တဲ့အတြက္ သုသာန္ကို ေျပာင္းေ႐ႊ႕ခဲ့တယ္

အဲဒီ သခ်ိဳင္းေျပာင္းတဲ့အခ်ိန္မွာ ကြၽန္မတို႔က ၉တန္း ၁၀တန္းေရာက္ၿပီဆိုေတာ့ ေကာင္းေကာင္း မွတ္မိတတ္တဲ့ အ႐ြယ္ျဖစ္ေနၿပီ ေခါင္းထဲေပၚလာတာေလးေတြ ေရးခ်င္ေသးတယ္ သခ်ိဳင္း ေျပာင္းမယ္ဆိုေတာ့ သတင္းစာထဲမွာ ေၾကာ္ျငာေတြ ခဏခဏေတြ႕ရေတာ့တာပဲ

အဲဒီ သခ်ိဳင္းထဲက အုတ္ဂူေတြကို သက္ဆိုင္သူေဆြမ်ိဳးသားခ်င္းေတြ ဘယ္ရက္ကေန ဘယ္ရက္အတြင္း လာေရာက္ တူးေဖာ္ႏိုင္ပါတယ္ ေ႐ႊ႕ေျပာင္းႏိုင္ပါတယ္ ဆိုတဲ့ အေၾကာင္းပဲ တခ်ိဳ႕ေတြလည္း ကိုယ့္မိဘ ဘိုးဘြားေတြရဲ႕ အ႐ိုးေတြ ေ႐ႊ႕ေျပာင္းလိုက္တဲ့

သုသာန္အသစ္မွာ ျပန္ ျမႇဳပ္ႏွံဖို႔ သြားတူးၾကတာေပါ့ တခ်ိဳ႕ေတြက်ေတာ့ အရမ္းၾကာေနၿပီျဖစ္တဲ့ ႏွစ္ခ်ိဳ႕ အုတ္ဂူႀကီးေတြေလ သက္ဆိုင္သူေတြ ျမန္မာျပည္မွာေတာင္ မရွိေတာ့တဲ့ ဂူႀကီးေတြေပါ့ ပိုင္ရွင္မရွိတဲ့ ဂူေတြ အ႐ိုးေတြက်ေတာ့လည္း သက္ဆိုင္ရာကပဲ ရွင္းလင္း ပစ္လိုက္ရတာေပါ့ေလ

အဲဒီ ႀကံေတာ သခ်ိဳင္းထဲကို ကြၽန္မက အသက္၆ႏွစ္မျပည့္ခင္ေလာက္မွာ စေရာက္ဖူးတယ္ အဖိုးကြယ္လြန္ေတာ့ အသုဘရႈအခမ္းအနားထဲ ကိုယ္လည္း ေရာေယာင္ပါသြားတာေပါ့ အဲဒီေနာက္ပိုင္းေတာ့ အမ်ိဳးထဲက ေသဆုံးတဲ့ လူေတြကို

အေၾကာင္းျပဳၿပီး ေရာက္ ျဖစ္ခဲ့တယ္ေပါ့ စမ္းေခ်ာင္းဘက္သြားလို႔ အေဖ အဲဒီဘက္က ကားျဖတ္ေမာင္းရင္ က်ိဳးပ်က္ေနတဲ့ အုတ္တံတိုင္းႀကီးနဲ႔ ႀကံေတာ သုသာန္ဝင္းႀကီးကို အေတြးေပါင္းစုံနဲ႔ ေငးၾကည့္မိတာပဲ

သူ႔ဝင္းအဝက သံဂိတ္ဝႀကီးဆို သံေခ်းေတြတက္လို႔ ျမန္မာ့အသံဝင္းႀကီးေက်ာ္လာၿပီဆို အခု မႏၲေလး အက္ဖ္အမ္ ႐ုံးတို႔ မူးယစ္ႏွိမ္နင္းေရး ျပတိုက္တို႔ ရွိတဲ့နားကစၿပီး အခု ေညာင္ပင္ကိစၥပြစိပြစိျဖစ္ေနၾကတဲ့ တိုင္းမ္စီးတီး ဆိုတာအထိဟာ ႀကံေတာ သုသာန္ဝင္းႀကီးပဲ။

တကယ့္ကို အႀကီးႀကီး အထဲမွာလည္း အပင္ႀကီးေတြနဲ႔ အုပ္ဆိုင္းေနတာပဲ ကုကၠိဳပင္လို သက္တမ္းရင့္အပင္ႀကီးေတြကို အမ်ားႀကီးပဲ အဲ ဟံသာဝတီအဝိုင္းကိုမပတ္ဘဲနဲ႔ ညာဘက္ခ်ိဳးခ်လိုက္တာနဲ႔

အင္မတန္ ႀကီးမားေသာ တ႐ုတ္အုတ္ဂူ ဝိုင္းဝိုင္းႀကီးေတြကို ေတြ႕ရပါလိမ့္မယ္ တကယ့္ကို ကႏုတ္ေတြ ပန္းေတြနဲ႔ အခိုင္အခံေဆာက္ထားတဲ့ တ႐ုတ္ အုတ္ဂူအႀကီးႀကီးေတြ

အဲဒီဂူႀကီးေတြၾကားထဲမွာ စုတ္ျပတ္ေနတဲ့ တဲေတြလည္းအမ်ားႀကီးပဲ ထမိန္ေတြလွမ္းထားတာ ကေလးေတြ ဂူေတြၾကားထဲ ေျပးေဆာ့ေနတာေတြ ျမင္ရတတ္တယ္ သူတို႔က လူေသျပင္တဲ့သူေတြတဲ့ လူေသဆီက

အဝတ္အစား ခြၽတ္ယူၾကတယ္ ပန္းကအစ ျပန္ယူၿပီး ဆိုင္မွာ ျပန္သြင္းၾကတယ္တဲ့ အဲဒီလူေတြကို တစ္ေခတ္တစ္ခါကေတာ့ မဂၤလာမရွိတဲ့အလုပ္လုပ္သူေတြဆိုၿပီး လူရာမသြင္းခဲ့ၾကပါဘူး

စာထဲမွာဖတ္ဖူးတာကေတာ့ ႀကံေတာသုသာန္ဟာ မေကာင္းမႈေတြႀကီးစိုးတဲ့အရပ္တဲ့ ေစ်းအေပါဆုံး ျပည့္တန္ဆာကိုရွာ အဲဒီတဲေတြထဲမွာရွိတယ္ ‌ေ-းေျခာက္ရႈမလား ေလာင္းကစားလုပ္မလား လင္ေကာင္မေပၚတဲ့ ကေလးကို ပစ္မလား လူမိုက္ေတြ မိုက္ေၾကးခြဲၾကမလားအခ်င္းခ်င္း အေပ်ာက္ရွင္းၾကမလား အကုန္လုပ္လို႔ရတယ္

သရဲေမြးတဲ့ ေအာက္လမ္းဆရာေတြလည္း ရွိတယ္ သူေတာင္းစားေတြ အႏူလို႔ေခၚတဲ့ ေျခတိုလက္တို အနာႀကီးေရာဂါသည္ေတြလည္း အဲဒီတဲေတြထဲမွာရွိၾကတယ္တဲ့ ညေမွာင္လာတာနဲ႔အမွ် ဘယ္သူမွမသြားရဲေတာ့တဲ့ ေနရာမွာ

ေရနံဆီမီးအိမ္ကေလးေတြ မွိတ္တုတ္လင္းေနတဲ့ တဲကေလးေတြကေတာ့ သူ႔နည္းသူ႔ဟန္နဲ႔ အလုပ္ျဖစ္ေနၾကလိမ့္မယ္ ဒီေနရာကို လူေတြေၾကာက္ေလ သူတို႔အတြက္ အလုပ္ျဖစ္ေလ ဒါေၾကာင့္ ေျခာက္လွန္႔မႈမ်ိဳးစုံကိုလည္း သတင္းေတြ လႊင့္ထားၾကေသးတယ္

ဒီသုသာန္ေရွ႕မွာ အထက္တန္းေက်ာင္းတစ္ေက်ာင္းရွိတယ္ သူ႔ေရွ႕က အသုဘေတြေန႔တိုင္း ျဖတ္ေနေတာ့ တစ္ျခားေက်ာင္းက ေက်ာင္းသားေတြက စေနာက္ၿပီး အေလာင္းစည္သူေက်ာင္းလို႔ ေခၚတယ္ သူ႔ေဘးမွာေတာ့ ေခါင္းေရာင္းတဲ့ဆိုင္ေတြရွိတယ္

အဲဒီမွာ ပန္းေရာင္ စကၠဴစေတြနဲ႔ အေခါင္းအလွဆင္ေနၾကတဲ့ လႊစာတိုက္ၿပီး အေခါင္းလုပ္ေနၾကတဲ့ မိသားစုလုပ္ငန္းေတြ အၿမဲေတြ႕ရတယ္ သူတို႔ေတြလည္း အဲဒီေခတ္တုန္းက ခြဲျခား ဆက္ဆံခံရတဲ့ လူေတြထဲမွာပါခဲ့ၾကတာပဲ.

ဒီေလာက္ ႏွစ္ေပါင္းမ်ားစြာ ရွိေနခဲ့တဲ့ ဒီေလာက္ ႀကီးတဲ့ ေနရာႀကီးတစ္ခုလုံးကို ေျမလွန္ၿပီးေျပာင္းေ႐ႊ႕ပစ္မယ္ဆိုတာ တကယ္ေတာ့စိတ္ဝင္စားစရာပဲ ပိုင္ရွင္မရွိတဲ့ ဂူေတြ ဖယ္ပစ္လိုက္တာ သစ္ပင္ေတြ ခုတ္ပစ္လိုက္တာ

အ႐ိုးေတြ ဖယ္ပစ္လိုက္တာမ်ိဳးက လြယ္ပါတယ္ ဒါေပမဲ့ မျမင္ရတဲ့ပရေလာကသားေတြကိုဘယ္လိုေ႐ႊ႕ေျပာင္းမွာလဲ သူတို႔လည္း အဲဒီေနရာမွာေနေနၾကတာ ေနရာေလာက္ေတာင္မေလာက္ဘူးတဲ့

ေနရာအတြက္ ရန္-တ္ေနၾကတာ ပါဝါႀကီးသူက ပါဝါနည္းသူကို အႏိုင္က်င့္ေနတာေတြ အမ်ားႀကီးပဲတဲ့ သစ္ပင္ရဲ႕ အကိုင္းေသးေသးေလးေတြမွာေတာင္ အျပည့္ပဲတဲ့ ကိုယ္မျမင္ရလို႔သာေနာ္ မင္း အမိန္႔အာဏာၾကေတာ့သူတို႔ လြန္ဆန္လို႔မရဘူး အစိုးရဆိုတာ မင္း ထဲမွာပါတယ္ေလ

အဲေတာ့ သခ်ိဳင္းေျပာင္းတဲ့အခါ အကြၽတ္မလြတ္တဲ့သူေတြေရ မင္းတို႔လည္း ဒီမွာ ေနခြင့္မရွိေတာ့ဘူး ေနရာေပးမယ္ ေျပာင္းၾကေတာ့ဆိုၿပီး ေျပာင္းခိုင္းေတာ့တာေပါ့ ဟုတ္မဟုတ္ေတာ့မသိ သူတို႔ကို ေနရာေျပာင္းေတာ့

ညဘက္ဆို အဲဒီနား ဖေယာင္းတိုင္တို႔ ဘာတို႔ထြန္း အသားစိမ္း ငါးစိမ္းေတြ ျပင္ဆင္ၿပီး ေခၚ ကဲ ကားေပၚတက္ၾကေဟ့ဆိုရင္ ကားႀကီး အိကနဲ အိကနဲ ျဖစ္သြားပါသတဲ့ အဲလိုနဲ႔ ရက္တစ္ခုအထိ သတ္မွတ္ၿပီး တစ္ေနရာကို ပို႔ေဆာင္ ေျပာင္းေ႐ႊ႕ခဲ့ရတယ္လို႔ ၾကားဖူးပါတယ္

အဲဒီေနရာကိုေတာ့ ကြၽန္မ မေျပာျပေတာ့ပါဘူးေနာ္ ေျပာင္းေပမဲ့လည္း အကုန္ပါခ်င္မွလည္းပါမွာေပါ့ေလ မၾကားတဲ့သူ မသိလိုက္တဲ့သူ ခရီးလြန္ေနသူေတြလည္း ရွိႏိုင္တာေပါ့ေလ ပရေလာကကိုျမင္ရတဲ့ ပုဂၢိဳလ္တစ္ဦး ေျပာတာဆိုရင္ သူတို႔က ကိုယ္ေတြလိုပဲ သြားလာေနၾကတာတဲ့ အမ်ားနဲ႔သက္ဆိုင္တဲ့ေနရာတိုင္းမွာ သူတို႔ရွိပါတယ္တဲ့

ဒီေညာင္ပင္ ကိစၥ ဒီေန႔ လူေျပာမ်ားေနၾကေတာ့ ေၾသာ္ ေျပာင္းတဲ့ထဲမပါသြားၾကတဲ့သူေတြမ်ားလားလို႔ ေတြးမိတာကိုး ၿပီးေတာ့ ဒီအပင္ဟာ ကိုယ္သိထားတဲ့အပင္မ်ားလားေပါ့ ကိုယ္ကလည္း ဒါမ်ိဳးဆို ငယ္ငယ္တည္းက မ်က္လုံးကိုျပဴးၿပီး ေစာင္ၾကားထဲက ရင္တထိတ္ထိတ္နားေထာင္တတ္တဲ့ လူမ်ိဳး သိပ္စိတ္ဝင္စားတာေလ။ ဗဟုသုတအေနနဲ႔ပဲ ဖတ္ေစခ်င္ပါတယ္။ မြန္ေဟာ္စီ