
ဖားကန့်တွင် ပြည်သူများကို စစ်လေယာဉ်ဖြင့် ပစ်ခတ်သတ်ဖြတ်မှုအပေါ် ဝမ်း နည်းကြောင်း Facebook ပရိုဖိုင်း အမည်းရောင် ချိန်းသည့် စစ်ဆေးပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီး
ရန်ကုန်၊ အောက်တိုဘာ ၂၅
ကချင်ပြည်နယ်၊ ဖားကန့်တွင် ပြည်သူများကို စစ်လေယာဉ်ဖြင့် ပစ်ခတ်သတ် ဖြတ်မှုအပေါ် ဝမ်းနည်းကြောင်း Facebook ပရိုဖိုင်း အမည်းရောင်ချိန်းသည့် နေပြည်တော် ကုတင် ၃၀၀ ဆေးရုံမှ စစ်ဆေးဆရာဝန် ပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို စစ်တပ်က ယနေ့ နံနက်ပိုင်း အကြမ်းဖက် ဖမ်းဆီးသွားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။
အောက်တိုဘာလ ၂၃ ရက်နေ့ ညပိုင်း ဖားကန့်တွင် KIO ၆၂ နှစ်ပြည့် အခမ်း အနား ကျင်းပစဉ် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲသဖြင့် ကချင် အနုပညာရှင်၊ စီးပွားရေးလုပ်ငန်းရှင်၊ ဂီပညာရှင် အပါအဝင် ပြည်သူ ၈၀ ဦးကျော် သေဆုံးမှုကို စစ်ဆေးဆရာဝန် ဗိုလ်မှူး ကျော်ဖုန်းမြင့်က ဝမ်းနည်းသည့်အနေဖြင့် လူမှုကွန်ရက် ဖေ့ဘုတ်စ် ပရိုဖိုင်းဓာတ်ပုံ အမည်းပြောင်းခြင်း၊ ကွန်မန့်တွင် ယင်းဖြစ်စဉ်ကြောင့် ဖေ့ဘုတ်စ်ပရိုဖိုင် အမည်းပြောင်းရကြောင်း မှတ်ချက်ပေးခဲ့ကြောင်း သိရှိရသည်။
အောက်တိုဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ဆေးဆရာဝန် ပါရဂူ ဗိုလ်မှူး ကျော်ဖုန်းမြင့်ကို နေပြည်တော် ကုတင် ၃၀၀ ဆေးရုံတွင် အကြမ်းဖက် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။
“နေပြည်တော် ကုတင် ၃၀၀မှာ စစ်ဆေး ပါရဂူ ဗိုလ်ကြီး(ဗိုလ်မှူး) ကျော်ဖုန်းမြင့်ကို အခုမနက် ဖမ်းသွားပါတယ်။ မနေ့က ပြည်သူတွေ သေတဲ့ကိစ္စအပေါ် အမည်းရောင် profile ဓာတ်ပုံ ပြောင်းလို့ ။ ဖရဲသီးလို့စွပ်စွဲပြီး ဖမ်းခိုင်းကြတာ။ စစ်လော်ဘီတွေက သတ်ဖို့တောင် ပြောနေကြတာ။ စစ်ကြောရေးဖမ်းခေါ်သွားတယ်။ သူ့ဖေ့ဘုတ်စ်က မီးစိမ်းနေတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောသည်။
Credit
Zawgyi
ဖားကန႔္တြင္ ျပည္သူမ်ားကို စစ္ေလယာဥ္ျဖင့္ ပစ္ခတ္သတ္ျဖတ္မႈအေပၚ ဝမ္း နည္းေၾကာင္း Facebook ပ႐ိုဖိုင္း အမည္းေရာင္ ခ်ိန္းသည့္ စစ္ေဆးပါရဂူ ဗိုလ္မႉး ေက်ာ္ဖုန္းျမင့္ကို စစ္တပ္က အၾကမ္းဖက္ ဖမ္းဆီး
ရန္ကုန္၊ ေအာက္တိုဘာ ၂၅
ကခ်င္ျပည္နယ္၊ ဖားကန႔္တြင္ ျပည္သူမ်ားကို စစ္ေလယာဥ္ျဖင့္ ပစ္ခတ္သတ္ ျဖတ္မႈအေပၚ ဝမ္းနည္းေၾကာင္း Facebook ပ႐ိုဖိုင္း အမည္းေရာင္ခ်ိန္းသည့္ ေနျပည္ေတာ္ ကုတင္ ၃၀၀ ေဆး႐ုံမွ စစ္ေဆးဆရာဝန္ ပါရဂူ ဗိုလ္မႉး ေက်ာ္ဖုန္းျမင့္ကို စစ္တပ္က ယေန႔ နံနက္ပိုင္း အၾကမ္းဖက္ ဖမ္းဆီးသြားေၾကာင္း စစ္တပ္သတင္းရင္းျမစ္မ်ားက ေျပာသည္။
ေအာက္တိုဘာလ ၂၃ ရက္ေန႔ ညပိုင္း ဖားကန႔္တြင္ KIO ၆၂ ႏွစ္ျပည့္ အခမ္း အနား က်င္းပစဥ္ စစ္တပ္က ေလယာဥ္ျဖင့္ ဗုံးက်ဲသျဖင့္ ကခ်င္ အႏုပညာရွင္၊ စီးပြားေရးလုပ္ငန္းရွင္၊ ဂီပညာရွင္ အပါအဝင္ ျပည္သူ ၈၀ ဦးေက်ာ္ ေသဆုံးမႈကို စစ္ေဆးဆရာဝန္ ဗိုလ္မႉး ေက်ာ္ဖုန္းျမင့္က ဝမ္းနည္းသည့္အေနျဖင့္ လူမႈကြန္ရက္ ေဖ့ဘုတ္စ္ ပ႐ိုဖိုင္းဓာတ္ပုံ အမည္းေျပာင္းျခင္း၊ ကြန္မန႔္တြင္ ယင္းျဖစ္စဥ္ေၾကာင့္ ေဖ့ဘုတ္စ္ပ႐ိုဖိုင္ အမည္းေျပာင္းရေၾကာင္း မွတ္ခ်က္ေပးခဲ့ေၾကာင္း သိရွိရသည္။
ေအာက္တိုဘာလ ၂၅ ရက္ေန႔ နံနက္ပိုင္းတြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္က စစ္ေဆးဆရာဝန္ ပါရဂူ ဗိုလ္မႉး ေက်ာ္ဖုန္းျမင့္ကို ေနျပည္ေတာ္ ကုတင္ ၃၀၀ ေဆး႐ုံတြင္ အၾကမ္းဖက္ လာေရာက္ ဖမ္းဆီးသြားေၾကာင္း သိရွိရသည္။
“ေနျပည္ေတာ္ ကုတင္ ၃၀၀မွာ စစ္ေဆး ပါရဂူ ဗိုလ္ႀကီး(ဗိုလ္မႉး) ေက်ာ္ဖုန္းျမင့္ကို အခုမနက္ ဖမ္းသြားပါတယ္။ မေန႔က ျပည္သူေတြ ေသတဲ့ကိစၥအေပၚ အမည္းေရာင္ profile ဓာတ္ပုံ ေျပာင္းလို႔ ။ ဖရဲသီးလို႔စြပ္စြဲၿပီး ဖမ္းခိုင္းၾကတာ။ စစ္ေလာ္ဘီေတြက သတ္ဖို႔ေတာင္ ေျပာေနၾကတာ။ စစ္ေၾကာေရးဖမ္းေခၚသြားတယ္။ သူ႔ေဖ့ဘုတ္စ္က မီးစိမ္းေနတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ေျပာသည္။
Credit