
ပိုက်ဆံရှာရာတွင် ဝင်ငွေတစ်ခုတည်းအပေါ် မရပ်တည်ပါနှင့်..
ပိုက်ဆံရှာရာတွင် ပိုက်ဆံရှာရာတွင် ဘယ်တော့မှဝင်ငွေတစ်ခုတည်းအပေါ် မရပ်တည်ပါနဲ့၊ အခြားဒုတိယဝင်ငွေ ဝင်အောင် ရင်းနှီးထားပါ။ လူတစ်ယောက်ဟာ ဝင်ငွေတစ်ခုတည်းအပေါ်ကို ခြေစုံပစ်ရပ်တည်နေရင် အဲဒီဝင်ငွေရပ်တန့်သွားတဲ့အခါ
ခြေမကိုင်မိ လက်မကိုင်မိဖြစ်တက်ပါတယ်။ ဒါကြောင့် ဒုတိယဝင်ငွေအတွက် အဆင်သင့်ပြင်ထားပါ။ပိုက်ဆံသုံးရာတွင် သင့်မှာမလိုအပ်တဲ့ပစ္စည်းတွေဝယ်ပါများရင် သင့်မှာလိုအပ်တဲ့ ပစ္စည်းတွေ စွန့်လွှတ်ရတတ်တယ်။တစ်ချို့တွေက လူသာ မ
ချမ်းသာတာပါ။ ကိုင်တဲ့အသုံးအဆောင်တွေကတော့ အပျံစားတွေပါချည်းပဲ။ ရေရှည်ကိုမကြည့်ပဲ ရေတိုပဲ ကြည့်တတ်တဲ့သူမျိုးတွေပါ။ သူမ်ားလုပ္တာ လိုက်လုပ်ချင်တယ်။ ဒါပေမယ့် သူမ်ားလို သူမချမ်းသာသေးဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။
ကိုယ်ကမချမ်းသာသေးချိန်မှာ ချမ်းသာတဲ့သူတွေနဲ့iPhone ပြိုင်ကိုင်တန်း သွားမကစားပါနဲ့။ သင်ပဲရှုံးသွားပါလိမ့်မယ်။ မလိုတာတွေ ဝယ်နေတဲ့အတွက် လိုတဲ့အခါ သုံးစရာမရှိဖြစ်တတ်ပါတယ်။ပိုက်ဆံစုရာတွင် သုံးပြီးလို့ ပိုတာကိုမစုပါနဲ့။ စုပြီးလို့ ပိုတာ
ကို သုံးပါ။သုံးပြီးလို့ပိုမှ စုမယ်ဆိုရင်တော့ ဒီတစ်သက် သင်စုဖြစ်ဖို့ မလွယ်လောက်ပါဘူး။ ပိုက်ဆံဝင်လာရင် အရင်ဆုံးသင်စဉ်းစားရမှာက ဘယ်လောက်စုမလဲ ဆိုတာပါပဲ။ပြီးမှ ပိုတာကိုသုံးပါ။
စုဆိုတာကလည်း တစ်သက္လုံးစုဘူးထဲမွာ အဲ့ဒိပိုက်ဆံကို ထားဖို့ပြောတာမဟုတ်ပါဘူး။ သင့်ဘဝအတွက် လိုအပ်တဲ့ နေရာမှာ အသုံးချဖို့ပါ။ သင့်ရဲ့ တန်ဖိုးမြင့်ဖို့ သင့်အရည်အချင်းတွေကိုမြှင့်တင်ရပါမယ်။ အဲ့ဒိလိုလုပ်ဖို့သင်တန်းတွေတက်ရပါမယ်။
စာအုပ်တွေဖတ်ရပါမယ်။ အဲ့ဒိအတွက် သင့်မှာပိုက်ဆံလိုပါတယ်။ အဲ့ဒိစုငွေတွေကို သုံးနိုင်ပါတယ်။စွန့်စားရာတွင် ရေအတိမ်အနက်ကို ခြေ၂ချောင်းလုံးချပြီး မစမ်းပါနဲ့။မစွန့်စားနဲ့လိုပြောတ မဟုတ်ပါဘူး။ မစွန့်စားပဲနဲ့လည်းမအောင်မြင်နိုင်
ပါဘူး။ ဒါပေမယ့် စွန့်စားရာမှာတော့ပါးနပ်ဖို့လိုပါတယ်။ အန္တာရယ်ရှိတဲ့ ကိစ္စမျိုးကို ရှိသမျှပိုက်ဆံတွေ ပုံအောလိုက်တာမျိုးမလုပ်ပါနဲ့။ရင်းနီးရာတွင် ကြက်ဥတွေအားလုံးကို ဘယ်တော့မှခြင်းတစ်ခုထဲစုပြုံမထည့်ထားပါနဲ့။အရင်းအနှီးလုပ်ပြီဆိုရင်
လည်း ရွိသမွ် ပိုက်ဆံတွေအားလုံးကို တစ်နေရာထဲ စုပြုံ မရင်းနှီးပါနဲ့။ လုပ်ငန်းဆိုတာ မြတ်နိုင်သလို ရှုံးလည်း ရှုံးနိုင်ပါတယ်။ အားလုံးကို တစ်နေရာတည်း စုပြုံရင်းနှီးထားရင် ရှုံးတဲ့အခါ တစ်ပြားမှ မကျန်ဖြစ်သွားပါလိမ့်မယ်။မျှော်လင့်ရာတွင် ရိုးသား
ခြင်းဆိုတာ ရှားပါးဈေးကြီးတဲ့ လက်ဆောင်မွန်တစ်ခုပါ။ ဒါ့ကြောင့် ခပ်ပေါပေါလူတွေဆီက မမျှော်လင့်ပါနဲ့။သင်ရိုးသားသလို လူတိုင်းရိုသားမယ်လို့ဘယ်တော့မှအသေအချာ တွက်မထားပါနဲ့။ ရိုးသား
မှုဆိုတာ ဒီခေတ်ထဲမှာ တော်တော်ကိုရှားပါးတဲ့ အရာပါ။ ဒါ့ကြောင့် ရူးရူးမိုက်မိုက်နဲ့ ဒီတန်ဖိုးကြီးပစ္စည်းကို လူတိုင်းဆီက မမျှော်လင့်မိပါစေနဲ့။
Credit မိုးရှင်း (I.M.T)
Zawgyi
ပိုက္ဆံရွာရာတြင္ ဝင္ေငြတစ္ခုတည္းအေပၚ မရပ္တည္ပါႏွင့္..
ပိုက္ဆံရွာရာတြင္ ပိုက္ဆံရွာရာတြင္ ဘယ္ေတာ့မွဝင္ေငြတစ္ခုတည္းအေပၚ မရပ္တည္ပါနဲ႔၊ အျခားဒုတိယဝင္ေငြ ဝင္ေအာင္ ရင္းႏွီးထားပါ။ လူတစ္ေယာက္ဟာ ဝင္ေငြတစ္ခုတည္းအေပၚကို ေျခစုံပစ္ရပ္တည္ေနရင္ အဲဒီဝင္ေငြရပ္တန႔္သြားတဲ့အခါ
ေျခမကိုင္မိ လက္မကိုင္မိျဖစ္တက္ပါတယ္။ ဒါေၾကာင့္ ဒုတိယဝင္ေငြအတြက္ အဆင္သင့္ျပင္ထားပါ။ပိုက္ဆံသုံးရာတြင္ သင့္မွာမလိုအပ္တဲ့ပစၥည္းေတြဝယ္ပါမ်ားရင္ သင့္မွာလိုအပ္တဲ့ ပစၥည္းေတြ စြန႔္လႊတ္ရတတ္တယ္။တစ္ခ်ိဳ႕ေတြက လူသာ မ
ခ်မ္းသာတာပါ။ ကိုင္တဲ့အသုံးအေဆာင္ေတြကေတာ့ အပ်ံစားေတြပါခ်ည္းပဲ။ ေရရွည္ကိုမၾကည့္ပဲ ေရတိုပဲ ၾကည့္တတ္တဲ့သူမ်ိဳးေတြပါ။ သူမ္ားလုပၱာ လိုက္လုပ္ခ်င္တယ္။ ဒါေပမယ့္ သူမ္ားလို သူမခ်မ္းသာေသးဘူးဆိုတာကို ေမ့ေနတတ္ၾကပါတယ္။
ကိုယ္ကမခ်မ္းသာေသးခ်ိန္မွာ ခ်မ္းသာတဲ့သူေတြနဲ႔iPhone ၿပိဳင္ကိုင္တန္း သြားမကစားပါနဲ႔။ သင္ပဲရႈံးသြားပါလိမ့္မယ္။ မလိုတာေတြ ဝယ္ေနတဲ့အတြက္ လိုတဲ့အခါ သုံးစရာမရွိျဖစ္တတ္ပါတယ္။ပိုက္ဆံစုရာတြင္ သုံးၿပီးလို႔ ပိုတာကိုမစုပါနဲ႔။ စုၿပီးလို႔ ပိုတာ
ကို သုံးပါ။သုံးၿပီးလို႔ပိုမွ စုမယ္ဆိုရင္ေတာ့ ဒီတစ္သက္ သင္စုျဖစ္ဖို႔ မလြယ္ေလာက္ပါဘူး။ ပိုက္ဆံဝင္လာရင္ အရင္ဆုံးသင္စဥ္းစားရမွာက ဘယ္ေလာက္စုမလဲ ဆိုတာပါပဲ။ၿပီးမွ ပိုတာကိုသုံးပါ။
စုဆိုတာကလည္း တစ္သကႅဳံးစုဘူးထဲမြာ အဲ့ဒိပိုက္ဆံကို ထားဖို႔ေျပာတာမဟုတ္ပါဘူး။ သင့္ဘဝအတြက္ လိုအပ္တဲ့ ေနရာမွာ အသုံးခ်ဖို႔ပါ။ သင့္ရဲ႕ တန္ဖိုးျမင့္ဖို႔ သင့္အရည္အခ်င္းေတြကိုျမႇင့္တင္ရပါမယ္။ အဲ့ဒိလိုလုပ္ဖို႔သင္တန္းေတြတက္ရပါမယ္။
စာအုပ္ေတြဖတ္ရပါမယ္။ အဲ့ဒိအတြက္ သင့္မွာပိုက္ဆံလိုပါတယ္။ အဲ့ဒိစုေငြေတြကို သုံးႏိုင္ပါတယ္။စြန႔္စားရာတြင္ ေရအတိမ္အနက္ကို ေျခ၂ေခ်ာင္းလုံးခ်ၿပီး မစမ္းပါနဲ႔။မစြန႔္စားနဲ႔လိုေျပာတ မဟုတ္ပါဘူး။ မစြန႔္စားပဲနဲ႔လည္းမေအာင္ျမင္ႏိုင္
ပါဘူး။ ဒါေပမယ့္ စြန႔္စားရာမွာေတာ့ပါးနပ္ဖို႔လိုပါတယ္။ အႏၲာရယ္ရွိတဲ့ ကိစၥမ်ိဳးကို ရွိသမွ်ပိုက္ဆံေတြ ပုံေအာလိုက္တာမ်ိဳးမလုပ္ပါနဲ႔။ရင္းနီးရာတြင္ ၾကက္ဥေတြအားလုံးကို ဘယ္ေတာ့မွျခင္းတစ္ခုထဲစုၿပဳံမထည့္ထားပါနဲ႔။အရင္းအႏွီးလုပ္ၿပီဆိုရင္
လည္း ႐ြိသမြ္ ပိုက္ဆံေတြအားလုံးကို တစ္ေနရာထဲ စုၿပဳံ မရင္းႏွီးပါနဲ႔။ လုပ္ငန္းဆိုတာ ျမတ္ႏိုင္သလို ရႈံးလည္း ရႈံးႏိုင္ပါတယ္။ အားလုံးကို တစ္ေနရာတည္း စုၿပဳံရင္းႏွီးထားရင္ ရႈံးတဲ့အခါ တစ္ျပားမွ မက်န္ျဖစ္သြားပါလိမ့္မယ္။ေမွ်ာ္လင့္ရာတြင္ ႐ိုးသား
ျခင္းဆိုတာ ရွားပါးေဈးႀကီးတဲ့ လက္ေဆာင္မြန္တစ္ခုပါ။ ဒါ့ေၾကာင့္ ခပ္ေပါေပါလူေတြဆီက မေမွ်ာ္လင့္ပါနဲ႔။သင္႐ိုးသားသလို လူတိုင္း႐ိုသားမယ္လို႔ဘယ္ေတာ့မွအေသအခ်ာ တြက္မထားပါနဲ႔။ ႐ိုးသား
မႈဆိုတာ ဒီေခတ္ထဲမွာ ေတာ္ေတာ္ကိုရွားပါးတဲ့ အရာပါ။ ဒါ့ေၾကာင့္ ႐ူး႐ူးမိုက္မိုက္နဲ႔ ဒီတန္ဖိုးႀကီးပစၥည္းကို လူတိုင္းဆီက မေမွ်ာ္လင့္မိပါေစနဲ႔။
Credit မိုးရွင္း (I.M.T)