
မနက် မနက် စားနေတဲ့ အီကြာကွေးဖြစ်လာပုံ ရာဇဝင်..
အီကြာကွေးဆိုတဲ့ မုန့်တမျိုးကို လူတိုင်းကြားဖူးမှာပါ။ ဒါပေမယ့် သူ့ရဲ့ ရာဇဝင်လေးကိုလည်း သိချင်နေကြမယ့်သူတွေ ရှိကောင်း ရှိနေနိုင်ပါတယ်..။
ဒါ့ကြောင့် အီကြာကွေးဖြစ်လာပုံကို ပြောပြပေးပါမယ်။
အီကြာကွေးကို 油條 yóutiáo ယိုထျောင်း လို့ အမည်တွင်ပြီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုပြီး လူသိများပါတယ်..။
မလေး၊အင်ဒိုနဲ့ စင်ကာပူမှာတော့ Char Kway/Cakwe/Kueh/Kuay လို့ ခေါ်ပါတယ်..။
သူက ဇာတိမူလကတော့ တရုတ်နိုင်ငံကပါ။ တရုတ်ရိုးရာ အစားအစာ တစ်ခုဖြစ်ပြီး မနက်စာအဖြစ် စားသုံးကြပါတယ်..။
ဘယ်လို ပေါ်ပေါက်လာလဲဆိုတာကတော့ တရုတ်တွေရဲ့ ပါးစပ်ရာဇဝင်အရတော့ ယွဲ့ဖေး ဆိုတဲ့ တရုတ်သူရဲကောင်းဆီကနေ စတင်ခဲ့ပါတယ်..။
ယွဲ့ဖေးဆိုတာ တရုတ်သမိုင်းထဲက နာမည်ကြီး သစ္စာရှင် စစ်သူကြီးတစ်ယောက်ဖြစ်ပြီး လျောင်နိုင်ငံက သိမ်းယူထားတဲ့နယ်တွေကို ပြန်သိမ်းယူပေးခဲ့လို့ ပြည်သူတွေရဲ့ ချစ်ခင်လေးစားခြင်းကိုလည်း ခံနေရယူပေါ့..၊
စစ်သူကြီး ယွဲ့ဖေးဟာ တရုတ်သမိုင်းထဲက သိုင်းအတော်ဆုံး၊ စစ်တိုက်ရာတွင် အထူးချွန်ဆုံး စစ်သူကြီးတစ်ဦးဖြစ်ပြီး ဝုမုစစ်ဗျုဟာကျမ်းကိုလည်း ရေးသားခဲ့သူဖြစ်ပါတယ်..။
ယွဲ့ဖေးဟာ တစုန့်စစ်တပ်ကို ဦးဆောင်ပြီး ရန်သူတွေ သိမ်းယူထားတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ပေးတဲ့အတွက် ပြည်သူတွေ ချစ်ခင်လေးစားရတဲ့ စစ်သူကြီး ဖြစ်လာတာပေါ့..၊
ဒါကို မနာလိုဖြစ်နေတဲ့လူကတော့ ဧကရာဇ်ဘေးနားက အမတ်ကြီး ချင်ဟွေ့ပါပဲ။
ချင်ဟွေ့ဟာ ဧကရာဇ်ထံ ယွဲ့ဖေးဟာ ပုန်ကန်သူဖြစ်ပါတယ်ဆိုပြီး အမြဲတစေ မမှန်မကန် လျှောက်တင်လေ့ရှိပါတယ်..။
အချိန်ကြာလာတော့ ဧကရာဇ်လည်း စိုးရိမ်စိတ်ဝင်လာပြီး ယွဲ့ဖေးကို နေပြည်တော်သို့ ပြန်လာခိုင်းပါတော့တယ်..။
ယွဲ့ဖေးဟာ နယ်စပ်မှာ ရန်သူလျောင်တပ်တွေကို အနိုင်ရလုနီးနီး အခြေအနေဖြစ်တာကြောင့် ဧကရာဇ်အမိန့်ကို မနာခံပဲ ဆက်လက်တိုက်ခိုက်နေခဲ့ပါတယ်..။
ဒီလိုနဲ့ ဧကရာဇ်ရဲ့ အမိန့်စာအကြိမ်ကြိမ်ပို့လာတာကြောင့် လက်အောက်ငယ်သားတွေက တပ်ပြန်ဆုတ်ရန် အကြံပေးပါတယ်..။
ယွဲ့ဖေးလဲ လက်အောက်ငယ်သားတွေပါ ပုန်ကန်သူဖြစ်ကုန်မှာစိုးတဲ့အတွက် တပ်ကို ပြန်ဆုတ်ခွာလာပါတော့တယ်..။
သို့ပေမယ့် ချင်ဟွေ့အကွက်ထဲ ဝင်သွားတဲ့ ယွဲ့ဖေးဟာ ၁၁၄၁ ခုနစ်မှာပဲ အမိန့်မနာခံပဲ ပုန်ကန်ရန်ကြံစည်တယ်လို့ စွပ်စွဲခံရတာကြောင့် အဖမ်းခံခဲ့ရပါတယ်..။
ချင်ဟွေ့က အမတ်တစ်ဦးကို စစ်ဆေးစေသော်လည်း မည်သည့် ပုန်ကန်မည့်လက္ခဏာမျှ မတွေ့ရတာကြောင့် သူလည်း ချင်ဟွေ့ မကောင်းကြံမှန်းသိကာ နန်းတွင်းမှ ထွက်ပြေးခဲ့ပါတယ်..။
ဒါ့ကြောင့် နောက်တစ်ဦးကို စစ်ဆေးစေသည့်အခါ ယွဲ့ဖေး၏ ကျောတွင် သူ့အမေကိုယ်တိုင် စုတ်ချက်ဖြင့် ရေးသားထားသည့်..၊
“တိုင်းပြည်အပေါ် အစွမ်းကုန် သစ္စာရှိပါမည်” 盡忠報國 ဆိုသည့် စာကြောင့် ထိုအမတ်လည်း ယုတ္တိတန်သော..၊
ဤအမှုကို ဆက်လက်စစ်ဆေးပါက သမိုင်းတွင်မည့် စစ်သူကြီးကိုသတ်သည့် တရားခံဟု သမိုင်းတရားခံ ဖြစ်သည်ကို..၊
ကြောက်ရွံ့သောကြောင့် နန်းတွင်းမှ ပြေးကာ ဇာတိ၌ ဇာတ်မြှုပ်နေပြန်ပါတယ်..။
ထိုအခါမှ ချင်ဟွေ့ကိုယ်တိုင် မျိုးစုံနှိပ်စက်ပြီး စစ်ဆေးလေရာ ယွဲ့ဖေးမှာ မိမိကို သတ်တော့မည်ကို သိနေပါတယ်..။
သူသေသွားပါက သို့မဟုတ် ဤအခြေအနေကို သိပါက သူ့လက်အောက်ခံ စစ်သားတွေနဲ့ သူ့ရဲ့သား ယွဲ့ယွင်ဟာ စစ်တပ်ကြီးနဲ့ ချီတက်လာပြီး..။
တိုင်းပြည်ကို ပုန်ကန်မည် စိုးသဖြင့် သေပါက အတူတူ အသေခံမည်ဟု ဆိုကာ သူ့သားနှင့် သူ့လုပ်ဖော်ကိုင်ဖက် စစ်သူကြီး ကျန်းရှန့် (張憲) ကို ပြန်ခေါ်ပါတယ်..။
ထိုအခါ ချင်ဟွေ့အကြိုက် ဖြစ်သွားပြီး ၃ ဦးသား စုံသည်နှင့် ၁၁၄၂ ခုနစ် ဇန်နဝါရီ ၂၇ တွင် သူ့သားနှင့် သူ့စစ်သူကြီးကို မီးရှို့သတ်စေခဲ့ပါတယ်..။
ယွဲ့ဖေး အသတ်ခံရချိန်တွင် အသက် ၃၉ နှစ်သာ ရှိပါသေးတယ်။ သူ့ရဲ့ သား ယွဲ့ယွင်ဟာ သေဆုံးချိန်မှာ ၂၃ နှစ်သာ ရှိပါသေးတယ်..။
ယွဲ့ဖေးသေဆုံးပုံကို တချို့ကတော့ စစ်သူကြီး ၃ ဦးဟာ ရုတ်တရတ် မီးကွင်းများ ဖြစ်ပေါ်လာကာ တကိုယ်လုံး မီးတောက်လာပြီး..။
အလင်းတန်းများ ထွက်ပေါ်ကာ မီးခိုးငွေ့များကောင်းကင်သို့ ပျံတက်သွားသည်နှင့် ကောင်းကင်ဘုံသို့ ပြန်လေသည် ဟု ဆိုကြပါတယ်..။
ဤသည်မှာလဲ မီးရှို့သတ်သည်ဟု အဓိပ္ပါယ် ထွက်နေပါတယ်..။
ယွဲ့ဖေးသေဆုံးသည့်အခါ ပြည်သူတွေဟာ ချင်ဟွေ့တို့ လင်မယားကို မကျေနပ်ကြပါဘူး..။
ဒါကြောင့် ဝါးစားချင်လောက်အောင် မုန်းတီးနေတဲ့အတွက် ပြည်သူတွေဟာ ဂျုံကို လူပုံစံလုပ်ပြီးဆီပူထဲမှာ ထည့်ကြော်ကာ ချင်ဟွေ့တို့ သစ္စာဖောက် လင်မယားအမှတ်နဲ့ ကြော်စားခဲ့ကြပါတယ်..။
ဒါကြောင့် အီကြာကွေးရဲ့ မူလပုံသဏ္ဍာန်ဟာ လူပုံစံနဲ့ တူတယ်လို့ ဆိုပါတယ်..။
ရန်သူနဲ့ ပူးပေါင်းပြီး ကိုယ့်နိုင်ငံရဲ့ အတော်ဆုံး စစ်သူကြီး သတ်ခဲ့တဲ့ သစ္စာဖောက် အမတ်လင်မယားကို ကြော်စားချင်လောက်အောင်ကို မုန်းတီးခဲ့တဲ့ ပြည်သူတွေရဲ့ အမုန်းတရားကနေ ဖြစ်လာတဲ့ အစားအသောက်လို့ ဆိုကြပါတယ်..။
ဂျုံချောင်းကို ပူးကပ်ပြီး ကြော်ထားတဲ့ အီကြာကွေးမှာ ဂျုံချောင်း ၂ ချောင်းဟာ လင်နဲ့မယားကို ကိုယ်စားပြုပါတယ်။
ဖုကျန့်ပြည်နယ်က လူတွေကတော့ ချင်ဟွေ့တို့ ဇနီးမောင်နှံကို ငရဲပြည်၌ ငရဲသားများက အပြစ်ပေးသည့် အခါ ဆီဒယ်အိုးထဲ ထည့်ကြော်သကဲ့သို့ ချင်ဟွေ့လင်မယားကိုလဲ ဆီထဲထည့်ကြော်ပြီး အပြစ်ပေးသည့် အဓိပ္ပါယ်ဖြင့် ကြော်စားကြပါတယ်..။
စားသည့်အခါလဲ ၂ ချောင်းပူးပြီး မစားရပဲ ချင်ဟွေ့တို့ လင်မယားကို ပေါင် ၂ ချောင်းက ကိုင်ဖြဲကာ စားသောက်သည်ဟူသည့် အဓိပ္ပါယ်ဖြင့် အီကြာကွေ့ကို ခွာပြီးမှ စားသောက်ရပါတယ်..။
ထို့ကြောင့် အီကြာကွေး စားသည့်အခါတိုင်း လူယုတ်မာ ချင်ဟွေ့ကို နားကျည်းစေကာ ယွဲ့ဖေးကို အမှတ်ရစေမည့် မုန့်တမျိုး ဖြစ်ပါတယ်။(ကိုယ်တွေကတော့ အစက ဘာမှန်းမသိဖူး စားတာပဲအခုမှ ပြည်သူတွေ နာကျည်းစိတ်ကြောင့် ဖြစ်လာတဲ့ မုန့်မှန်းသိတော့တယ်။)
ချင်ဟွေ့မှာလည်း ပြည်သူများ၏ မေတ္တာစူးခြင်းကြောင့် သူ၏ အမတ် အဆောင်အယောင် အားလုံး ရုတ်သိမ်းခံခဲ့ရတဲ့အခါ ဟိုင်နန်ကျွန်းဘက်သို့ ထွက်ပြေးစဉ် သေဆုံးသွားခဲ့ပါတယ်..။
ချင်ဟွေ့မှာ အသက်ရှင်စဉ်ကာလ၌လည်း ပြည်သူ့မေတ္တာစူးသောကြောင့် အီကြာကွေးအဖြစ် ကြော်စားခံခဲ့ရသလို သေဆုံးသည့်အခါမှာလဲ ဆင်းရဲဒုက္ခဝေဒနာဖြင့် သေဆုံးခဲ့ရပါတယ်..။
တရုတ်ပြည်သူတွေကတော့ တိုင်းပြည်ကို ရောင်းစားခဲ့သည့် ချင်ဟွေ့ကို ဘယ်တော့မှ မမေ့ပဲ ယွဲ့ဖေး၏ ဘုံကျောင်းရှေ့တွင် ဒူးထောက်နေသော ချင်ဟွေ့ရုပ်ကို ထားရှိပါတယ်..။
ယွဲ့ဖေးဘုံကျောင်းတွင် စစ်သူကြီးအား ဂါရဝပြုပြီးသူတိုင်းသည် ချင်ဟွေ့တို့ လင်မယားရုပ်ကို ကြိမ်တုတ်ဖြင့်ရိုက်နှက်ကာ ခေတ်အဆက်ဆက် ဆုံးမခဲ့ကြပါတယ်..။
အသက်ရှင်စဉ်ကာလမှာ ခေါင်းမဖော်ဝံ့၊ သေခါနီးအချိန်မှာ ပြည်သူ့မေတ္တာစူးသောကြောင့် မီးမြှိုက်ခံရသကဲ့သို့သော ဝေဒနာခံစားရ၊ သေဆုံးသွားပြီးနောက် ယနေ့ထိတိုင်အောင် ပြည်သူတို့၏ အမုန်းတရားကို ခံယူနေရဆဲပင်၊ ရုပ်ထုပင် ကြိမ်ဒဏ်ပေးခံနေရဆဲပါ..။
အီကြာကွေးကို တရုတ်တွေကတော့ မနက်စာအဖြစ် နှစ်သက်စွာ စားသုံးကြပြီး မြန်မာမှာလည်း နံနက်ခင်းစာအဖြစ် စားသုံးကြပါတယ်..။
အလွယ်တကူ ဝယ်ယူနိုင်ပြီး ဈေးလည်းသက်သာတဲ့ အတွက် စားသုံးကြသူ များပါတယ်..။
နွားနို့၊ လက်ဖက်ရည်၊ ကော်ဖီ၊ မုန့်ဟင်းခါး စတာတွေနဲ့ တွဲဖက် စားသုံးကြပြီး ဆန်ပြုတ်၊ ခေါက်ဆွဲပြုတ်တို့နဲ့လည်း စားသုံးကြပါတယ်..။
ပဲအီကြာဆိုပြီး ပဲပြုတ်နဲ့ ကြက်သွန်ကြော်ဆီသတ်နဲ့ ရောပြီး စားကြသူတွေ ရှိပါတယ်..။
ကျွန်တော်ကတော့ တောင်ကြီးဘက်ကို ပြန်တဲ့အခါမှာဆို အီကြာကွေးနဲ့ ရှမ်းတို့ဖူးနွေးကို တို့စားရတာ အရမ်းကြိုက်ပါတယ်..။
စာဖတ်သူတွေ အီကြာကွေးကို ဘယ်လိုပုံစံလေးနဲ့ စားရတာကို အကြိုက်တွေ့လည်းဆိုတာ ပြောပြသွားပါအုံ..၊
Credit
Zawgyi
မနက္ မနက္ စားေနတဲ့ အီၾကာေကြးျဖစ္လာပုံ ရာဇဝင္..
အီၾကာေကြးဆိုတဲ့ မုန႔္တမ်ိဳးကို လူတိုင္းၾကားဖူးမွာပါ။ ဒါေပမယ့္ သူ႔ရဲ႕ ရာဇဝင္ေလးကိုလည္း သိခ်င္ေနၾကမယ့္သူေတြ ရွိေကာင္း ရွိေနႏိုင္ပါတယ္..။
ဒါ့ေၾကာင့္ အီၾကာေကြးျဖစ္လာပုံကို ေျပာျပေပးပါမယ္။
အီၾကာေကြးကို 油條 yóutiáo ယိုေထ်ာင္း လို႔ အမည္တြင္ၿပီး Chinese Cruller, Chinese Oil Stick, Chinese Doughnut ဆိုၿပီး လူသိမ်ားပါတယ္..။
မေလး၊အင္ဒိုနဲ႔ စင္ကာပူမွာေတာ့ Char Kway/Cakwe/Kueh/Kuay လို႔ ေခၚပါတယ္..။
သူက ဇာတိမူလကေတာ့ တ႐ုတ္ႏိုင္ငံကပါ။ တ႐ုတ္႐ိုးရာ အစားအစာ တစ္ခုျဖစ္ၿပီး မနက္စာအျဖစ္ စားသုံးၾကပါတယ္..။
ဘယ္လို ေပၚေပါက္လာလဲဆိုတာကေတာ့ တ႐ုတ္ေတြရဲ႕ ပါးစပ္ရာဇဝင္အရေတာ့ ယြဲ႕ေဖး ဆိုတဲ့ တ႐ုတ္သူရဲေကာင္းဆီကေန စတင္ခဲ့ပါတယ္..။
ယြဲ႕ေဖးဆိုတာ တ႐ုတ္သမိုင္းထဲက နာမည္ႀကီး သစၥာရွင္ စစ္သူႀကီးတစ္ေယာက္ျဖစ္ၿပီး ေလ်ာင္ႏိုင္ငံက သိမ္းယူထားတဲ့နယ္ေတြကို ျပန္သိမ္းယူေပးခဲ့လို႔ ျပည္သူေတြရဲ႕ ခ်စ္ခင္ေလးစားျခင္းကိုလည္း ခံေနရယူေပါ့..၊
စစ္သူႀကီး ယြဲ႕ေဖးဟာ တ႐ုတ္သမိုင္းထဲက သိုင္းအေတာ္ဆုံး၊ စစ္တိုက္ရာတြင္ အထူးခြၽန္ဆုံး စစ္သူႀကီးတစ္ဦးျဖစ္ၿပီး ဝုမုစစ္ဗ်ဳဟာက်မ္းကိုလည္း ေရးသားခဲ့သူျဖစ္ပါတယ္..။
ယြဲ႕ေဖးဟာ တစုန႔္စစ္တပ္ကို ဦးေဆာင္ၿပီး ရန္သူေတြ သိမ္းယူထားတဲ့ နယ္ေျမေတြကို ျပန္လည္သိမ္းပိုက္ေပးတဲ့အတြက္ ျပည္သူေတြ ခ်စ္ခင္ေလးစားရတဲ့ စစ္သူႀကီး ျဖစ္လာတာေပါ့..၊
ဒါကို မနာလိုျဖစ္ေနတဲ့လူကေတာ့ ဧကရာဇ္ေဘးနားက အမတ္ႀကီး ခ်င္ေဟြ႕ပါပဲ။
ခ်င္ေဟြ႕ဟာ ဧကရာဇ္ထံ ယြဲ႕ေဖးဟာ ပုန္ကန္သူျဖစ္ပါတယ္ဆိုၿပီး အၿမဲတေစ မမွန္မကန္ ေလွ်ာက္တင္ေလ့ရွိပါတယ္..။
အခ်ိန္ၾကာလာေတာ့ ဧကရာဇ္လည္း စိုးရိမ္စိတ္ဝင္လာၿပီး ယြဲ႕ေဖးကို ေနျပည္ေတာ္သို႔ ျပန္လာခိုင္းပါေတာ့တယ္..။
ယြဲ႕ေဖးဟာ နယ္စပ္မွာ ရန္သူေလ်ာင္တပ္ေတြကို အႏိုင္ရလုနီးနီး အေျခအေနျဖစ္တာေၾကာင့္ ဧကရာဇ္အမိန႔္ကို မနာခံပဲ ဆက္လက္တိုက္ခိုက္ေနခဲ့ပါတယ္..။
ဒီလိုနဲ႔ ဧကရာဇ္ရဲ႕ အမိန႔္စာအႀကိမ္ႀကိမ္ပို႔လာတာေၾကာင့္ လက္ေအာက္ငယ္သားေတြက တပ္ျပန္ဆုတ္ရန္ အႀကံေပးပါတယ္..။
ယြဲ႕ေဖးလဲ လက္ေအာက္ငယ္သားေတြပါ ပုန္ကန္သူျဖစ္ကုန္မွာစိုးတဲ့အတြက္ တပ္ကို ျပန္ဆုတ္ခြာလာပါေတာ့တယ္..။
သို႔ေပမယ့္ ခ်င္ေဟြ႕အကြက္ထဲ ဝင္သြားတဲ့ ယြဲ႕ေဖးဟာ ၁၁၄၁ ခုနစ္မွာပဲ အမိန႔္မနာခံပဲ ပုန္ကန္ရန္ႀကံစည္တယ္လို႔ စြပ္စြဲခံရတာေၾကာင့္ အဖမ္းခံခဲ့ရပါတယ္..။
ခ်င္ေဟြ႕က အမတ္တစ္ဦးကို စစ္ေဆးေစေသာ္လည္း မည္သည့္ ပုန္ကန္မည့္လကၡဏာမွ် မေတြ႕ရတာေၾကာင့္ သူလည္း ခ်င္ေဟြ႕ မေကာင္းႀကံမွန္းသိကာ နန္းတြင္းမွ ထြက္ေျပးခဲ့ပါတယ္..။
ဒါ့ေၾကာင့္ ေနာက္တစ္ဦးကို စစ္ေဆးေစသည့္အခါ ယြဲ႕ေဖး၏ ေက်ာတြင္ သူ႔အေမကိုယ္တိုင္ စုတ္ခ်က္ျဖင့္ ေရးသားထားသည့္..၊
“တိုင္းျပည္အေပၚ အစြမ္းကုန္ သစၥာရွိပါမည္” 盡忠報國 ဆိုသည့္ စာေၾကာင့္ ထိုအမတ္လည္း ယုတၱိတန္ေသာ..၊
ဤအမႈကို ဆက္လက္စစ္ေဆးပါက သမိုင္းတြင္မည့္ စစ္သူႀကီးကိုသတ္သည့္ တရားခံဟု သမိုင္းတရားခံ ျဖစ္သည္ကို..၊
ေၾကာက္႐ြံ႕ေသာေၾကာင့္ နန္းတြင္းမွ ေျပးကာ ဇာတိ၌ ဇာတ္ျမႇဳပ္ေနျပန္ပါတယ္..။
ထိုအခါမွ ခ်င္ေဟြ႕ကိုယ္တိုင္ မ်ိဳးစုံႏွိပ္စက္ၿပီး စစ္ေဆးေလရာ ယြဲ႕ေဖးမွာ မိမိကို သတ္ေတာ့မည္ကို သိေနပါတယ္..။
သူေသသြားပါက သို႔မဟုတ္ ဤအေျခအေနကို သိပါက သူ႔လက္ေအာက္ခံ စစ္သားေတြနဲ႔ သူ႔ရဲ႕သား ယြဲ႕ယြင္ဟာ စစ္တပ္ႀကီးနဲ႔ ခ်ီတက္လာၿပီး..။
တိုင္းျပည္ကို ပုန္ကန္မည္ စိုးသျဖင့္ ေသပါက အတူတူ အေသခံမည္ဟု ဆိုကာ သူ႔သားႏွင့္ သူ႔လုပ္ေဖာ္ကိုင္ဖက္ စစ္သူႀကီး က်န္းရွန႔္ (張憲) ကို ျပန္ေခၚပါတယ္..။
ထိုအခါ ခ်င္ေဟြ႕အႀကိဳက္ ျဖစ္သြားၿပီး ၃ ဦးသား စုံသည္ႏွင့္ ၁၁၄၂ ခုနစ္ ဇန္နဝါရီ ၂၇ တြင္ သူ႔သားႏွင့္ သူ႔စစ္သူႀကီးကို မီးရႈိ႕သတ္ေစခဲ့ပါတယ္..။
ယြဲ႕ေဖး အသတ္ခံရခ်ိန္တြင္ အသက္ ၃၉ ႏွစ္သာ ရွိပါေသးတယ္။ သူ႔ရဲ႕ သား ယြဲ႕ယြင္ဟာ ေသဆုံးခ်ိန္မွာ ၂၃ ႏွစ္သာ ရွိပါေသးတယ္..။
ယြဲ႕ေဖးေသဆုံးပုံကို တခ်ိဳ႕ကေတာ့ စစ္သူႀကီး ၃ ဦးဟာ ႐ုတ္တရတ္ မီးကြင္းမ်ား ျဖစ္ေပၚလာကာ တကိုယ္လုံး မီးေတာက္လာၿပီး..။
အလင္းတန္းမ်ား ထြက္ေပၚကာ မီးခိုးေငြ႕မ်ားေကာင္းကင္သို႔ ပ်ံတက္သြားသည္ႏွင့္ ေကာင္းကင္ဘုံသို႔ ျပန္ေလသည္ ဟု ဆိုၾကပါတယ္..။
ဤသည္မွာလဲ မီးရႈိ႕သတ္သည္ဟု အဓိပၸါယ္ ထြက္ေနပါတယ္..။
ယြဲ႕ေဖးေသဆုံးသည့္အခါ ျပည္သူေတြဟာ ခ်င္ေဟြ႕တို႔ လင္မယားကို မေက်နပ္ၾကပါဘူး..။
ဒါေၾကာင့္ ဝါးစားခ်င္ေလာက္ေအာင္ မုန္းတီးေနတဲ့အတြက္ ျပည္သူေတြဟာ ဂ်ဳံကို လူပုံစံလုပ္ၿပီးဆီပူထဲမွာ ထည့္ေၾကာ္ကာ ခ်င္ေဟြ႕တို႔ သစၥာေဖာက္ လင္မယားအမွတ္နဲ႔ ေၾကာ္စားခဲ့ၾကပါတယ္..။
ဒါေၾကာင့္ အီၾကာေကြးရဲ႕ မူလပုံသ႑ာန္ဟာ လူပုံစံနဲ႔ တူတယ္လို႔ ဆိုပါတယ္..။
ရန္သူနဲ႔ ပူးေပါင္းၿပီး ကိုယ့္ႏိုင္ငံရဲ႕ အေတာ္ဆုံး စစ္သူႀကီး သတ္ခဲ့တဲ့ သစၥာေဖာက္ အမတ္လင္မယားကို ေၾကာ္စားခ်င္ေလာက္ေအာင္ကို မုန္းတီးခဲ့တဲ့ ျပည္သူေတြရဲ႕ အမုန္းတရားကေန ျဖစ္လာတဲ့ အစားအေသာက္လို႔ ဆိုၾကပါတယ္..။
ဂ်ဳံေခ်ာင္းကို ပူးကပ္ၿပီး ေၾကာ္ထားတဲ့ အီၾကာေကြးမွာ ဂ်ဳံေခ်ာင္း ၂ ေခ်ာင္းဟာ လင္နဲ႔မယားကို ကိုယ္စားျပဳပါတယ္။
ဖုက်န႔္ျပည္နယ္က လူေတြကေတာ့ ခ်င္ေဟြ႕တို႔ ဇနီးေမာင္ႏွံကို ငရဲျပည္၌ ငရဲသားမ်ားက အျပစ္ေပးသည့္ အခါ ဆီဒယ္အိုးထဲ ထည့္ေၾကာ္သကဲ့သို႔ ခ်င္ေဟြ႕လင္မယားကိုလဲ ဆီထဲထည့္ေၾကာ္ၿပီး အျပစ္ေပးသည့္ အဓိပၸါယ္ျဖင့္ ေၾကာ္စားၾကပါတယ္..။
စားသည့္အခါလဲ ၂ ေခ်ာင္းပူးၿပီး မစားရပဲ ခ်င္ေဟြ႕တို႔ လင္မယားကို ေပါင္ ၂ ေခ်ာင္းက ကိုင္ၿဖဲကာ စားေသာက္သည္ဟူသည့္ အဓိပၸါယ္ျဖင့္ အီၾကာေကြ႕ကို ခြာၿပီးမွ စားေသာက္ရပါတယ္..။
ထို႔ေၾကာင့္ အီၾကာေကြး စားသည့္အခါတိုင္း လူယုတ္မာ ခ်င္ေဟြ႕ကို နားက်ည္းေစကာ ယြဲ႕ေဖးကို အမွတ္ရေစမည့္ မုန႔္တမ်ိဳး ျဖစ္ပါတယ္။(ကိုယ္ေတြကေတာ့ အစက ဘာမွန္းမသိဖူး စားတာပဲအခုမွ ျပည္သူေတြ နာက်ည္းစိတ္ေၾကာင့္ ျဖစ္လာတဲ့ မုန႔္မွန္းသိေတာ့တယ္။)
ခ်င္ေဟြ႕မွာလည္း ျပည္သူမ်ား၏ ေမတၱာစူးျခင္းေၾကာင့္ သူ၏ အမတ္ အေဆာင္အေယာင္ အားလုံး ႐ုတ္သိမ္းခံခဲ့ရတဲ့အခါ ဟိုင္နန္ကြၽန္းဘက္သို႔ ထြက္ေျပးစဥ္ ေသဆုံးသြားခဲ့ပါတယ္..။
ခ်င္ေဟြ႕မွာ အသက္ရွင္စဥ္ကာလ၌လည္း ျပည္သူ႔ေမတၱာစူးေသာေၾကာင့္ အီၾကာေကြးအျဖစ္ ေၾကာ္စားခံခဲ့ရသလို ေသဆုံးသည့္အခါမွာလဲ ဆင္းရဲဒုကၡေဝဒနာျဖင့္ ေသဆုံးခဲ့ရပါတယ္..။
တ႐ုတ္ျပည္သူေတြကေတာ့ တိုင္းျပည္ကို ေရာင္းစားခဲ့သည့္ ခ်င္ေဟြ႕ကို ဘယ္ေတာ့မွ မေမ့ပဲ ယြဲ႕ေဖး၏ ဘုံေက်ာင္းေရွ႕တြင္ ဒူးေထာက္ေနေသာ ခ်င္ေဟြ႕႐ုပ္ကို ထားရွိပါတယ္..။
ယြဲ႕ေဖးဘုံေက်ာင္းတြင္ စစ္သူႀကီးအား ဂါရဝျပဳၿပီးသူတိုင္းသည္ ခ်င္ေဟြ႕တို႔ လင္မယား႐ုပ္ကို ႀကိမ္တုတ္ျဖင့္႐ိုက္ႏွက္ကာ ေခတ္အဆက္ဆက္ ဆုံးမခဲ့ၾကပါတယ္..။
အသက္ရွင္စဥ္ကာလမွာ ေခါင္းမေဖာ္ဝံ့၊ ေသခါနီးအခ်ိန္မွာ ျပည္သူ႔ေမတၱာစူးေသာေၾကာင့္ မီးျမႇိဳက္ခံရသကဲ့သို႔ေသာ ေဝဒနာခံစားရ၊ ေသဆုံးသြားၿပီးေနာက္ ယေန႔ထိတိုင္ေအာင္ ျပည္သူတို႔၏ အမုန္းတရားကို ခံယူေနရဆဲပင္၊ ႐ုပ္ထုပင္ ႀကိမ္ဒဏ္ေပးခံေနရဆဲပါ..။
အီၾကာေကြးကို တ႐ုတ္ေတြကေတာ့ မနက္စာအျဖစ္ ႏွစ္သက္စြာ စားသုံးၾကၿပီး ျမန္မာမွာလည္း နံနက္ခင္းစာအျဖစ္ စားသုံးၾကပါတယ္..။
အလြယ္တကူ ဝယ္ယူႏိုင္ၿပီး ေဈးလည္းသက္သာတဲ့ အတြက္ စားသုံးၾကသူ မ်ားပါတယ္..။
ႏြားႏို႔၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ မုန႔္ဟင္းခါး စတာေတြနဲ႔ တြဲဖက္ စားသုံးၾကၿပီး ဆန္ျပဳတ္၊ ေခါက္ဆြဲျပဳတ္တို႔နဲ႔လည္း စားသုံးၾကပါတယ္..။
ပဲအီၾကာဆိုၿပီး ပဲျပဳတ္နဲ႔ ၾကက္သြန္ေၾကာ္ဆီသတ္နဲ႔ ေရာၿပီး စားၾကသူေတြ ရွိပါတယ္..။
ကြၽန္ေတာ္ကေတာ့ ေတာင္ႀကီးဘက္ကို ျပန္တဲ့အခါမွာဆို အီၾကာေကြးနဲ႔ ရွမ္းတို႔ဖူးေႏြးကို တို႔စားရတာ အရမ္းႀကိဳက္ပါတယ္..။
စာဖတ္သူေတြ အီၾကာေကြးကို ဘယ္လိုပုံစံေလးနဲ႔ စားရတာကို အႀကိဳက္ေတြ႕လည္းဆိုတာ ေျပာျပသြားပါအုံ..၊
Credit