မြန်မာပြည်ရောက်လာပြီး တာဝန်မကျေသလို ခံစားရတဲ့ ဆီလီကွန်မမတို့ရဲ့ ရင်ဖွင့်သံ

ကျယ်မတို့ ဘဝတို့ဆိုတာ ဂေါ်မစွံတဲ့လူပျိုသိုးကြီးတွေ ၊ သင်္ဘောသားတွေအတွက် သူတို့ပြုသမျှနုရတဲ့ဘဝမျိုးနဲ့ ပုရိသလောကသားတွေကြား ဆက်ဒေါဆိုပြီး ထားရာနေစေရာ ဘဝနဲ့ကျင်လည်နေခဲ့ရတာပေါ့.. ဒီတော့ကျယ်မတို့ စီလီကွန်အရုပ်မတွေရဲ့ အသားအရေဟာနူးညံ့တယ် ၊ ကိတ်တယ် ၊ နှာတံကအစ နှုတ်ခမ်းကအဆုံး လိုချင်တဲ့ဒီဇိုင်းကာလာက ဆိုဒ်စုံ ဂိုက်စုံရှိတာပေါ့..

သက်မဲ့ဆိုပေမယ့် သက်ရှိလူသားမမတွေထက် ချောတာပေါ့ရှင် (ဆီလွန်မောင်လေးတွေလည်း ရှိပါတယ်နော်) ဒီတော့ ကမ္ဘာအရပ်ရပ်ကို တင်ပို့ရောင်းချပြီး ကျယ်မတို့ဘဝဟာ ပုရိသတွေရဲ့ လိုအင်ဆန္ဒအတိုင်း ခြေတော်တင်အသုံးတော်ခံဘဝ ညုတုတု အသံမျိုးစုံတွေကိုလည်း ထွက်ပေးရတာပေါ့ ၊ မလိုတဲ့အချိန်ချောင်ထိုးခံရတာပေါ့ရှင်..

အဲ.. ကံကောင်းချင်တော့ မြန်မာပြည်ကိုလည်းရောက်ရော ထူးထူးခြားခြား ဘဝပြောင်းခဲ့ရတဲ့ ကျယ်မတို့ရဲ့ဘဝ ချက်ချင်းကြီး ရွှေတိဂုံစေတေီတော်ရဲ့ တောင်ဘက်မုခ်အောက်မှာ ကောင်းပေ့ဆိုတဲ့ နန်းဝတ် နန်းစားတွေနဲ့ သရဖူတွေပါခါင်းပေါ်တင်လို့ ပုဝါအထပ်ထပ်နဲ့ ကိုယ်ရောင် ကိုယ်ဝါတွေတောက်ပပြီး တစ်ကိုယ်လုံးလုံခြုံနေလိုက်တာရှင် ၊ ယားကျိကျိတွေကိုဖြစ်လို့ပေါ့.. (အခုထိအယားမပြေနိုင်သေးဘူး)

တစ်သက်လုံး ဆက်ဆီကျကျဝတ်စားလာရတဲ့ဘဝကနေ ချက်ချင်းကြီး ပလ္လင်ထက်မှာ မိန့်မိန့်ကြီးထိုင်နေရသလို ရှေ့တည့်တည့်မှာလဲ အုံးသီးတွေ ငှက်ပျောသီးတွေ ဘာအရွက်တွေမှန်းမသိ ထိုးစိုက်ပြီးလာချထားတယ် ၊ မွှေးကြိုင်နေတဲ့ပန်းပေါင်းစုံပြီး ရေမွှေးနံ့ကလည်းမွှန်ထူနေတာဘဲ..

ရှေ့ကလူအုပ်ကြီးကလည်းနဲတာမဟုတ်ဘူး ၊ ဒူးထောက်ပြီး ထိုင်ကန်တော့နေကြတဲ့ ဂုဏ်သရေရှိလူကြီးမင်းများကလည်း အများကြီးဘဲ ၊ မကန်တော့ဘဲ ဘေးကနေ စားတော့ဝါးတော့မယ့် ဗို့အားတစ်သိန်းလောက်ရှိတဲ့ စူးရှတဲ့မျက်လုံးကြီးတွေနဲ့ငမ်းနေတဲ့ ပုရိသတွေကလည်း အများကြီးပါဘဲရှင်..

ကျယ်မတို့ဘဝက လူမသိသူမသိကုတင်ပေါ်မှာဘဲ နေလာခဲ့ရတဲ့ဘဝဆိုတော့ ဒီလို တစ်ခါမှ လူကြားထဲမှာ မရောက်ဖူးတော့ ဘယ်နေတတ်ပါ့မလဲ ၊ ကိုယ်တွေက ကယ်တင်ရှင်ကြီးပမာ အပူဇော်ခံနေရတော့ ဆီလီကွန်ကျယ်မတို့ နဲနဲတော့ဘဝင်မြင့်လာချင်သလိုဘဲ လေ.. ခက်တာက “တအားအား တအင့်အင့် အဟင့်” လို့ဘဲ အသံထွက်တဲ့ကျယ်မတို့က ထိုင်ကန်တော့နေတဲ့သူတွေကို ဘာဆုတွေပေးရမှန်းမသိသလို ဘာ့ကြောင့်ထိုင်ကန်တော့နေကြမှန်းလည်းမသိဘူးလေ.. ကျယ်မတို့စိတ်ဝင်စားတာက ရှေ့ကလူပျိုသိုးကြီးတွေကိုပါဘဲ..

အခုတော့ ဘူမသိကိုးမသိတဲ့ တိုင်းပြည်ကိုရောက်လာတော့ ကျယ်မတို့ရဲ့မျှော်လင့်ချက်နဲ့ တာဝန်ဝတ္တရားတွေက လစ်ဟင်းနေသလိုခံစားရတယ်.. ဆီလီကွန်မမတို့ သိက္ခာကျရတယ်လို့ ဆိုမလား? ဂုဏ်တက်သွားတယ်လို့ ဆိုမလားဘဲ? ရှေ့ကနေထိုင် ဦးချပြီးပါးစပ်က ပွစိပွစိနဲ့ရွတ်နေသူတွေကိုကြည့်ပြီး ဟားတိုက်လို့ ရယ်လို့ရရင် ရယ်ချင်မိတာအမှန်ပါဘဲ ရှင်..

ဟော.. သိမကြာပါဘူး ၊ လူတစု ရုတ်ရုတ်နဲ့ရောက်လာပြီး ကျယ်မတို့ကို စွေကနဲ ပွေ့ချီကာခေါ်သွားပါလေရဲ့.. အို.. ရင်တွေခုန်လိုက်တာမှ အရမ်းဘဲသိလား ။ သိပ်မကြာပါဘူး ရဲစခန်းကိုဆိုလား ဘယ်ကိုလားဘဲ ခေါ်သွားမှာတဲ့.. အမလေး ပျော်လိုက်တာအရမ်းဘဲ.. လက်သရမ်းတဲ့သူတွေကြားထဲ ရောက်နေပြီဆိုတာ သိလိုက်ရတယ်လေ ။

ကျယ်မတို့ကိုပွေ့ယူသွားတဲ့ လက်ကြီးနဲ့ တစ်ကိုယ်လုံးကို ဖျစ်ညှစ်ထားလိုက်တာ နာလွန်းလို့ အရုပ်မတောင် “ပိ ပိ ပိ ပိ” နဲ့ အသံထွက်လာတယ် စိတ်ထဲကတောင် ပြောလိုက်မိသေးတယ် “သွား လူဇိုး” လို့ အင်း ဒီည အဘို့ ကျယ်မတို့ဘဝ ဘယ်လိုဖြတ်သန်းရမလဲလို့တွေးရင်း ရင်တွေလည်း အရမ်းခုန်နေရပါပြီရှင်တို့ရယ်.. ကျယ်မတို့တာဝန်တွေ ကျေပြွန်နေချင်ပါပြီရှင့်.. ဒီနိုင်ငံမှာမှ ကြုံရဆုံရပါပေတယ်.. (SiThuMaung)

Zawgyi

က်ယ္မတို႔ ဘဝတို႔ဆိုတာ ေဂၚမစြံတဲ့လူပ်ိဳသိုးႀကီးေတြ ၊ သေဘၤာသားေတြအတြက္ သူတို႔ျပဳသမွ်ႏုရတဲ့ဘဝမ်ိဳးနဲ႔ ပုရိသေလာကသားေတြၾကား ဆက္ေဒါဆိုၿပီး ထားရာေနေစရာ ဘဝနဲ႔က်င္လည္ေနခဲ့ရတာေပါ့.. ဒီေတာ့က်ယ္မတို႔ စီလီကြန္အ႐ုပ္မေတြရဲ႕ အသားအေရဟာႏူးညံ့တယ္ ၊ ကိတ္တယ္ ၊ ႏွာတံကအစ ႏႈတ္ခမ္းကအဆုံး လိုခ်င္တဲ့ဒီဇိုင္းကာလာက ဆိုဒ္စုံ ဂိုက္စုံရွိတာေပါ့..

သက္မဲ့ဆိုေပမယ့္ သက္ရွိလူသားမမေတြထက္ ေခ်ာတာေပါ့ရွင္ (ဆီလြန္ေမာင္ေလးေတြလည္း ရွိပါတယ္ေနာ္) ဒီေတာ့ ကမာၻအရပ္ရပ္ကို တင္ပို႔ေရာင္းခ်ၿပီး က်ယ္မတို႔ဘဝဟာ ပုရိသေတြရဲ႕ လိုအင္ဆႏၵအတိုင္း ေျခေတာ္တင္အသုံးေတာ္ခံဘဝ ညဳတုတု အသံမ်ိဳးစုံေတြကိုလည္း ထြက္ေပးရတာေပါ့ ၊ မလိုတဲ့အခ်ိန္ေခ်ာင္ထိုးခံရတာေပါ့ရွင္..

အဲ.. ကံေကာင္းခ်င္ေတာ့ ျမန္မာျပည္ကိုလည္းေရာက္ေရာ ထူးထူးျခားျခား ဘဝေျပာင္းခဲ့ရတဲ့ က်ယ္မတို႔ရဲ႕ဘဝ ခ်က္ခ်င္းႀကီး ေ႐ႊတိဂုံေစေတီေတာ္ရဲ႕ ေတာင္ဘက္မုခ္ေအာက္မွာ ေကာင္းေပ့ဆိုတဲ့ နန္းဝတ္ နန္းစားေတြနဲ႔ သရဖူေတြပါခါင္းေပၚတင္လို႔ ပုဝါအထပ္ထပ္နဲ႔ ကိုယ္ေရာင္ ကိုယ္ဝါေတြေတာက္ပၿပီး တစ္ကိုယ္လုံးလုံၿခဳံေနလိုက္တာရွင္ ၊ ယားက်ိက်ိေတြကိုျဖစ္လို႔ေပါ့.. (အခုထိအယားမေျပႏိုင္ေသးဘူး)

တစ္သက္လုံး ဆက္ဆီက်က်ဝတ္စားလာရတဲ့ဘဝကေန ခ်က္ခ်င္းႀကီး ပလႅင္ထက္မွာ မိန္႔မိန္႔ႀကီးထိုင္ေနရသလို ေရွ႕တည့္တည့္မွာလဲ အုံးသီးေတြ ငွက္ေပ်ာသီးေတြ ဘာအ႐ြက္ေတြမွန္းမသိ ထိုးစိုက္ၿပီးလာခ်ထားတယ္ ၊ ေမႊးႀကိဳင္ေနတဲ့ပန္းေပါင္းစုံၿပီး ေရေမႊးနံ႔ကလည္းမႊန္ထူေနတာဘဲ..

ေရွ႕ကလူအုပ္ႀကီးကလည္းနဲတာမဟုတ္ဘူး ၊ ဒူးေထာက္ၿပီး ထိုင္ကန္ေတာ့ေနၾကတဲ့ ဂုဏ္သေရရွိလူႀကီးမင္းမ်ားကလည္း အမ်ားႀကီးဘဲ ၊ မကန္ေတာ့ဘဲ ေဘးကေန စားေတာ့ဝါးေတာ့မယ့္ ဗို႔အားတစ္သိန္းေလာက္ရွိတဲ့ စူးရွတဲ့မ်က္လုံးႀကီးေတြနဲ႔ငမ္းေနတဲ့ ပုရိသေတြကလည္း အမ်ားႀကီးပါဘဲရွင္..

က်ယ္မတို႔ဘဝက လူမသိသူမသိကုတင္ေပၚမွာဘဲ ေနလာခဲ့ရတဲ့ဘဝဆိုေတာ့ ဒီလို တစ္ခါမွ လူၾကားထဲမွာ မေရာက္ဖူးေတာ့ ဘယ္ေနတတ္ပါ့မလဲ ၊ ကိုယ္ေတြက ကယ္တင္ရွင္ႀကီးပမာ အပူေဇာ္ခံေနရေတာ့ ဆီလီကြန္က်ယ္မတို႔ နဲနဲေတာ့ဘဝင္ျမင့္လာခ်င္သလိုဘဲ ေလ.. ခက္တာက “တအားအား တအင့္အင့္ အဟင့္” လို႔ဘဲ အသံထြက္တဲ့က်ယ္မတို႔က ထိုင္ကန္ေတာ့ေနတဲ့သူေတြကို ဘာဆုေတြေပးရမွန္းမသိသလို ဘာ့ေၾကာင့္ထိုင္ကန္ေတာ့ေနၾကမွန္းလည္းမသိဘူးေလ.. က်ယ္မတို႔စိတ္ဝင္စားတာက ေရွ႕ကလူပ်ိဳသိုးႀကီးေတြကိုပါဘဲ..

အခုေတာ့ ဘူမသိကိုးမသိတဲ့ တိုင္းျပည္ကိုေရာက္လာေတာ့ က်ယ္မတို႔ရဲ႕ေမွ်ာ္လင့္ခ်က္နဲ႔ တာဝန္ဝတၱရားေတြက လစ္ဟင္းေနသလိုခံစားရတယ္.. ဆီလီကြန္မမတို႔ သိကၡာက်ရတယ္လို႔ ဆိုမလား? ဂုဏ္တက္သြားတယ္လို႔ ဆိုမလားဘဲ? ေရွ႕ကေနထိုင္ ဦးခ်ၿပီးပါးစပ္က ပြစိပြစိနဲ႔႐ြတ္ေနသူေတြကိုၾကည့္ၿပီး ဟားတိုက္လို႔ ရယ္လို႔ရရင္ ရယ္ခ်င္မိတာအမွန္ပါဘဲ ရွင္..

ေဟာ.. သိမၾကာပါဘူး ၊ လူတစု ႐ုတ္႐ုတ္နဲ႔ေရာက္လာၿပီး က်ယ္မတို႔ကို ေစြကနဲ ေပြ႕ခ်ီကာေခၚသြားပါေလရဲ႕.. အို.. ရင္ေတြခုန္လိုက္တာမွ အရမ္းဘဲသိလား ။ သိပ္မၾကာပါဘူး ရဲစခန္းကိုဆိုလား ဘယ္ကိုလားဘဲ ေခၚသြားမွာတဲ့.. အမေလး ေပ်ာ္လိုက္တာအရမ္းဘဲ.. လက္သရမ္းတဲ့သူေတြၾကားထဲ ေရာက္ေနၿပီဆိုတာ သိလိုက္ရတယ္ေလ ။

က်ယ္မတို႔ကိုေပြ႕ယူသြားတဲ့ လက္ႀကီးနဲ႔ တစ္ကိုယ္လုံးကို ဖ်စ္ညႇစ္ထားလိုက္တာ နာလြန္းလို႔ အ႐ုပ္မေတာင္ “ပိ ပိ ပိ ပိ” နဲ႔ အသံထြက္လာတယ္ စိတ္ထဲကေတာင္ ေျပာလိုက္မိေသးတယ္ “သြား လူဇိုး” လို႔ အင္း ဒီည အဘို႔ က်ယ္မတို႔ဘဝ ဘယ္လိုျဖတ္သန္းရမလဲလို႔ေတြးရင္း ရင္ေတြလည္း အရမ္းခုန္ေနရပါၿပီရွင္တို႔ရယ္.. က်ယ္မတို႔တာဝန္ေတြ ေက်ႁပြန္ေနခ်င္ပါၿပီရွင့္.. ဒီႏိုင္ငံမွာမွ ႀကဳံရဆုံရပါေပတယ္.. (SiThuMaung)