တရုတ် BYD ဘက္ထရီများအသုံးပြုပြီး တိုယိုတာမှ လျှပ်စစ်ကားများထုတ်လုပ်မည်

တရုတ် BYD ဘက္ထရီများအသုံးပြုပြီး တိုယိုတာမှ လျှပ်စစ်ကားများထုတ်လုပ်မည်


တိုယိုတာသည် BYD Co ဘက္ထရီများဖြင့် မောင်းနှင်မည့် လျှပ်စစ်ကားအသေးစားကို တရုတ်နိုင်ငံတွင် ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း တနင်္လာနေ့ကကြေငြာခဲ့သည်။

ယခုထုတ်လုပ်မည့်ယာဉ်အား တိုယိုတာ bZ3 ဟုခေါ်မည်ဖြစ်ကြောင်း ဂျပန်ကားထုတ်လုပ်ရေးကပြောကြားခဲ့ပြီးအရောင်းပြခန်းများ၌မည်သည့်အချိန်တွင်ရောင်းချမည်ကိုပြောကြားခြင်းမရှိခဲ့ပေ။ယခုထုတ်လုပ်မှုကိုတိုယိုတာကပြုလုပ်ပြီး

ဘက္ထရီလျှပ်စစ်ကားများဖြစ်သည့် Beyond Zero (bZ) စီးရီးသစ်မှဒုတိယမော်ဒယ်အမျိုးအစား‌ဖြစ်ကြောင်းသိရှိရသည်။တိုယိုတာသည် BYD ၏ ထုထည်ပါးသော Blade ဘက်ထရီများကို အသုံးပြုထားသည့် bZ3 ကို

ဧပြီလက‌ပေကျင့်ကားပြပွဲ၌ထုတ်ဖော်ပြသရန် စီစဉ်ခဲ့သော်လည်းကိုဗစ်ကပ်ရောဂါကြောင့် ပွဲကိုဖျက်သိမ်းခဲ့ရကြောင်းအဆိုပါကိစ္စနှင့်နီးစပ်သူများကရိုက်တာသို့ပြောကြားခဲ့သည်။bZ3 ကိုတိုယိုတာနှင့် BYD တို့ပူးပေါင်းတီထွင်ခဲ့ကြောင်းတိုယိုတာကတနင်္လာနေ့တွင်ပြောကြားခဲ့သည်။

Source :Reuters

Zawgyi

တ႐ုတ္ BYD ဘကၳရီမ်ားအသုံးျပဳၿပီး တိုယိုတာမွ လွ်ပ္စစ္ကားမ်ားထုတ္လုပ္မည္

တိုယိုတာသည္ BYD Co ဘကၳရီမ်ားျဖင့္ ေမာင္းႏွင္မည့္ လွ်ပ္စစ္ကားအေသးစားကို တ႐ုတ္ႏိုင္ငံတြင္ ထုတ္လုပ္ေရာင္းခ်မည္ျဖစ္ေၾကာင္း တနလၤာေန႔ကေၾကျငာခဲ့သည္။

ယခုထုတ္လုပ္မည့္ယာဥ္အား တိုယိုတာ bZ3 ဟုေခၚမည္ျဖစ္ေၾကာင္း ဂ်ပန္ကားထုတ္လုပ္ေရးကေျပာၾကားခဲ့ၿပီးအေရာင္းျပခန္းမ်ား၌မည္သည့္အခ်ိန္တြင္ေရာင္းခ်မည္ကိုေျပာၾကားျခင္းမရွိခဲ့ေပ။ယခုထုတ္လုပ္မႈကိုတိုယိုတာကျပဳလုပ္ၿပီး

ဘကၳရီလွ်ပ္စစ္ကားမ်ားျဖစ္သည့္ Beyond Zero (bZ) စီးရီးသစ္မွဒုတိယေမာ္ဒယ္အမ်ိဳးအစား‌ျဖစ္ေၾကာင္းသိရွိရသည္။တိုယိုတာသည္ BYD ၏ ထုထည္ပါးေသာ Blade ဘက္ထရီမ်ားကို အသုံးျပဳထားသည့္ bZ3 ကို

ဧၿပီလက‌ေပက်င့္ကားျပပြဲ၌ထုတ္ေဖာ္ျပသရန္ စီစဥ္ခဲ့ေသာ္လည္းကိုဗစ္ကပ္ေရာဂါေၾကာင့္ ပြဲကိုဖ်က္သိမ္းခဲ့ရေၾကာင္းအဆိုပါကိစၥႏွင့္နီးစပ္သူမ်ားက႐ိုက္တာသို႔ေျပာၾကားခဲ့သည္။bZ3 ကိုတိုယိုတာႏွင့္ BYD တို႔ပူးေပါင္းတီထြင္ခဲ့ေၾကာင္းတိုယိုတာကတနလၤာေန႔တြင္ေျပာၾကားခဲ့သည္။

Source :Reuters