ဆိုင်ကလုန်းမုန်တိုင်း ဆစ်ထရန်နှင့်အတူ စိန့်မာတင်ကျွန်းသိုံ လူမဲ့ တစ္ဆေသင်္ဘောကြီး ရောက်ရှိသောင်တင်လာ…

ဆိုင်ကလုန်း ဆစ်ထရန်နှင့်အတူ ဘင်္ဂလားဒေ့ရှ် စိန့်မာတင်ကျွန်း၌ လူမဲ့ ရေယာဉ် တစ်စီး သောင်တင်။ သင်္ဘောပေါ်တွင် ကွန်တိန်နာနှင့် ပစ္စည်းအများအပြား သယ်ဆောင်ထား

သင်္ဘောသားများ လိုက်ပါလာခြင်း မရှိတဲ့ ကုန်တင်တင်ရေယာဉ်တစ်စီးဟာ ရေစီးနဲ့ မျောပါလာပြီး မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အနောက်ဘက် ပင်လယ်ပြင်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စိန့်မာတင်ကျွန်းမှာ ကမ်း ခြေမှုာ သောင်တင်နေတယ်လို့ Dhaka Tribune က ယမန်နေ့ ရေးသားပါတယ်။

သင်္ဘောသားများ စွန့်ခွာသွားပုံရတဲ့ ရေယာဉ်ဟာ တနင်္လာနေ့မွန်းလွဲ ၂း၃၀ ခန့် ကျွန်းရဲ့ အနောက်ဘက်ခြမ်းမှာ နစ်မြုပ်သွားတယ်လို့ စိန့်မာတင်ယူနီယံပရီရှက် ကောင်စီဥက္ကဋ္ဌက ပြောပြပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း “ဆစ်ထရန် ” တိုက်ခတ်နေစဉ်အတွင်း အဲ့ဒီကုန်တင်ရေယာဉ်ဟာ ဒီရေလှိုင်းများနဲ့ အတူ ကမ်းပေါ်ကို မျောပါလာခြင်းဖြစ်ကြောင်း။ ရေယာဉ်ပေါ်မှာ ကွန်တိန်နာသေတ္တာများနဲ့အတူ တခြား ပစ္စည်းတွေ အများအပြားကို တင်ဆောင်ထားတယ်လို့ သိရှိရပါတယ်။

ဧရာမသင်္ဘောကြီးကို ကြည့်ရှု့ဖို့ ဒေသခံတွေ စုပြုံနေကြပေမဲ့ ဘယ်က လာပြီး ဘယ်နိုင်ငံက ပိုင်ဆိုင်တယ်ဆို တာ မဆုံးဖြတ်နိုင်ကြကြောင်း၊ ဒါပေမဲ့ အဲ့ဒီသင်္ဘောဟာ ဘင်္ဂလားဒေ့ရှ်နဲ့ သက်ဆိုင်ခြင်း မရှိတာကို ကွဲကွဲပြား ပြား သိရှိရကြောင်း၊ သော့ခတ်ထားတဲ့ အခန်းတစ်ချို့အကြောင်းကိုတော့ မသိရှိရသေးကြောင်း၊ ဒေသဆိုင်ရာ အုပ်ချုပ်ရေးပိုင်းကိုလည်း အကြောင်းကြားထားပြီး စစ်ဆေးမှုများ ပြုလုပ်မှာဖြစ်တယ်လို့ ဥက္ကဋ္ဌက ဆိုပါတယ်။
Aung Marine

Zawgyi

ဆိုင္ကလုန္း ဆစ္ထရန္ႏွင့္အတူ ဘဂၤလားေဒ့ရွ္ စိန႔္မာတင္ကြၽန္း၌ လူမဲ့ ေရယာဥ္ တစ္စီး ေသာင္တင္။ သေဘၤာေပၚတြင္ ကြန္တိန္နာႏွင့္ ပစၥည္းအမ်ားအျပား သယ္ေဆာင္ထား

သေဘၤာသားမ်ား လိုက္ပါလာျခင္း မရွိတဲ့ ကုန္တင္တင္ေရယာဥ္တစ္စီးဟာ ေရစီးနဲ႔ ေမ်ာပါလာၿပီး ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ အေနာက္ဘက္ ပင္လယ္ျပင္ရွိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ စိန႔္မာတင္ကြၽန္းမွာ ကမ္း ေျခမႈာ ေသာင္တင္ေနတယ္လို႔ Dhaka Tribune က ယမန္ေန႔ ေရးသားပါတယ္။

သေဘၤာသားမ်ား စြန႔္ခြာသြားပုံရတဲ့ ေရယာဥ္ဟာ တနလၤာေန႔မြန္းလြဲ ၂း၃၀ ခန႔္ ကြၽန္းရဲ႕ အေနာက္ဘက္ျခမ္းမွာ နစ္ျမဳပ္သြားတယ္လို႔ စိန႔္မာတင္ယူနီယံပရီရွက္ ေကာင္စီဥကၠ႒က ေျပာျပပါတယ္။

ဆိုင္ကလုန္း မုန္တိုင္း “ဆစ္ထရန္ ” တိုက္ခတ္ေနစဥ္အတြင္း အဲ့ဒီကုန္တင္ေရယာဥ္ဟာ ဒီေရလႈိင္းမ်ားနဲ႔ အတူ ကမ္းေပၚကို ေမ်ာပါလာျခင္းျဖစ္ေၾကာင္း။ ေရယာဥ္ေပၚမွာ ကြန္တိန္နာေသတၱာမ်ားနဲ႔အတူ တျခား ပစၥည္းေတြ အမ်ားအျပားကို တင္ေဆာင္ထားတယ္လို႔ သိရွိရပါတယ္။

ဧရာမသေဘၤာႀကီးကို ၾကည့္ရႈ႕ဖို႔ ေဒသခံေတြ စုၿပဳံေနၾကေပမဲ့ ဘယ္က လာၿပီး ဘယ္ႏိုင္ငံက ပိုင္ဆိုင္တယ္ဆို တာ မဆုံးျဖတ္ႏိုင္ၾကေၾကာင္း၊ ဒါေပမဲ့ အဲ့ဒီသေဘၤာဟာ ဘဂၤလားေဒ့ရွ္နဲ႔ သက္ဆိုင္ျခင္း မရွိတာကို ကြဲကြဲျပား ျပား သိရွိရေၾကာင္း၊ ေသာ့ခတ္ထားတဲ့ အခန္းတစ္ခ်ိဳ႕အေၾကာင္းကိုေတာ့ မသိရွိရေသးေၾကာင္း၊ ေဒသဆိုင္ရာ အုပ္ခ်ဳပ္ေရးပိုင္းကိုလည္း အေၾကာင္းၾကားထားၿပီး စစ္ေဆးမႈမ်ား ျပဳလုပ္မွာျဖစ္တယ္လို႔ ဥကၠ႒က ဆိုပါတယ္။
Aung Marine