မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတအဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူ ဦးစဝ်ရွှေသိုက်

မြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတအဂ္ဂမဟာသီရိသုဓမ္မအဂ္ဂမဟာသရေစည်သူ ဦးစဝ်ရွှေသိုက် ညောင်ရွှေစော်ဘွားအကြောင်းစဝ်ရွှေသိုက်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ပထမဆုံးသမ္မတဖြစ်သည်။ ၁၉၄၈-ခုနှစ် ဇန်နဝါရီ ၄ ရက် မှ ၁၉၅၂ ခုနှစ် မတ်လ ၁၆ ရက် အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။သမ္မတကြီး စဝ်ရွှေသိုက်သည်

ညောင်ရွှေမြို့၌ အင်းတိန်မြို့စား အဖ စဝ်ချုံ ၊ အမိ စဝ်နန်းဆာတို့မှ ၁၈၉၆ ခုနှစ်၊ အောက်တို ဘာလ ၁၆ ရက်နေ့ (မြန်မာ သက္ကရာဇ် ၁၂၅၇-ခုနှစ်)တွင် မွေးဖွားခဲ့သည်။ စဝ်ရွှေသိုက်၏ အမည်ရင်း မှာ စဝ်ရွှေဆိုက် ဖြစ်သည်။အကြောင်းမှာ ၎င်းမွေးဖွားချိန်တွင် ရှမ်းပြည်ညောင်ရွှေဒေသရှိ တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဖောင်တော်ဦးစေတီတော်မြတ်ကြီး ပွဲတော်ကျင်းပနေခိုက်ဖြစ်သည်။ ထိုအချိန်အတွင်း မယ်တော်စဝ်နန်းကြီးသည် မီးမဖွားနိုင်ပဲ ဒုက္ခတွေ့လျက်ရှိပုံမှာ ဝမ်းတွင်းရှိသန္ဓေသားသည် ဘုန်းကြီးသူဖြစ်၍သာ မွေးဖွားရ ခက်ခဲသည်ဟု ယူဆကြသဖြင့် လောကီယတြာအဖြင့် ရွှေထီးမိုးပေးခဲ့သော်လည်း မီးမဖွားနိုင်ပဲဖြစ်နေသည်။

မီးတထိန်ထိန်အိုးစည် ဗုံမောင်းသံတညံညံဖြင့် လှည့်လည်လာသော် ဖောင်တော်ကြီးသည် ကန်တော်ကို လက်ယာရစ် လှည့်ကာ စေတီတော်မြတ်ကြီးအား ကန်တော့ဦးတိုက် ဆိုက်မိချိန်တွင် မွေးဖွားခဲ့သောကြောင့် စဝ်ရွှေဆိုက်ဟု အမည်မှည့်ခဲ့သည်။ စဝ်ရွှေသိုက် ဟု ဆိုက်မှ သိုက်အသံသို့ ပြောင်းလဲခေါ်ခဲ့ကြောင်း သိရှိရသည်။ ငယ်စဉ်က တောင်ကြီးမြို့ရှိ ရှမ်းအကြီးအကဲများ၏ သားများအတွက် ဖွင့်လှစ်ထားသောကျောင်း၌ ပညာသင်ကြားခဲ့သည်။ ပထမကမ္ဘာစစ်အတွင်း ဘားမားရိုင်ဖယ် အင်္ဂလိပ် စစ်တပ်(ဗမာ့သေနတ်ကိုင်တပ်ရင်း)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာပြည် ပထမ ကျောင်းသား သပိတ် အစပျိုးသော ၁၉၂၀-၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ အရှေ့မြောက် နယ်ခြားဒေသ ဗမာ့တပ်ဖွဲ့များတွင် တာဝန်ခံ အဖြစ် ခန့်အပ်ခြင်း ခံရသည်။ ၁၉၂၇ ခုနှစ်၊ အောက်တိုဘာလတွင် ညောင်ရွှေစော်ဘွား အဖြစ် ရွေးချယ်ခံရပြီး ၁၉၂၉ ခုနှစ်တွင် ဖခမည်းတော် စော်ဘွားကြီး ဆာစဝ်မောင် ကံတော်ကုန်သော အခါ ညောင်ရွှေ စော်ဘွား အဖြစ် အရိုက်အရာ ခံယူသည်။ ထိုအခါ စဝ်ရွှေသိုက်၏

သက်တော်မှာ ၃၃ နှစ် အရွယ် ရှိပြီ ဖြစ်သည်။မတ်လ ၈ ရက်နေ့ ၁၉၂၉ ခုနှစ်တွင် အသိအမှတ်ပြုခြင်းခံရသည်။ ၁၉၃၉ ခုနှစ်တွင် စစ်မှုထမ်းရန် ပြန်လည်ခေါ်ဆောင်ခဲ့ဖြင့် ၁၉၄၂ ခုနှစ်ထိ ဗမာ့တပ်မတော်တွင် အမှုထမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်တွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်း ရေးဆွဲရေး ကော်မတီအဖွဲ့ဝင်နှင့် ဥပဒေပြုအဖွဲ့ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သည်။စော်ဘွားကြီးသည် မိခင်ဘက်မှ ဝမ်းကွဲတော်စပ်သော ညီအစ်မလေးဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့ဖခင်မှာ ညောင်ရွှေ၏ အခွန် ဦးလှဘူးဖြစ်ပြီး နမ့်ခုတ်မှ ရှမ်းလူမျိုးဖြစ်သည်။ ဦးလှဘူး၏ အကြီးဆုံးသမီးတော်မှာ စဝ်နန်းရီဖြစ်၍ သားတော်ကြီး စဝ်ဆဲင်ဖ (စဝ်စိုင်း) နှင့် စဝ်ဆဲအုံ (စိုင်းဆဲင်) သားတော်နှစ်ပါး ဖွားမြင်ခဲ့သည်။

သူမသည် စော်ဘွား၏ အကြီးဆုံး ဇနီးဖြစ်၍ မဟာဒေဝီအဖြစ် မြှောက်စားခံရသည်။ (ဦးလှဘူး၏) ဒုတိယသမီးတော်မှာ စဝ်နန်းစန္ဒာဖြစ်၍ စော်ဘွားကြီး၏ ဒုတိယဇနီးဖြစ်သည်။ သူမသည် သက်တော် ၂၁ နှစ်မှာ ကွယ်လွန်ခဲ့သည်။သူမမှာ စဝ်စန္ဒာဟူ၍ သမီးတော် တစ်ပါး ဖွားမြင်သည်။ (နောင် Moon Princess စာအုပ်ရေးသူ) ညောင်ရွှေစော်ဘွား

စဝ်ရွှေသိုက်သည် ပထမအိမ်ထောင်ဆက် ၄ ဆက် ရှိခဲ့ပြီး သားတော် ၃ ပါး၊ သမီးတော် ၂ ပါး ထွန်းကားခဲ့သည်။ညောင်ရွှေစော်ဘွား စဝ်ရွေသိုက်သည် ၁၉၃၇ ခုနှစ်၊ ဇွန်လတွင် သိန္နီမြောက်ပိုင်း စော်ဘွားကြီး၏ သမီး (သိန္နီစော်ဘွား စဝ်ဟုန်ဖ) (ကွယ်လွန်) ၏ နှမ စဝ်ဟိန်းခမ်းနှင့် လက်ထပ်ခဲ့သည်။ စဝ်နန်းဟိန်းခမ်းနှင့်အတူ သားသမီး ၆ ယောက် ထွန်းကားခဲ့သည်။ပထမ ကမ္ဘာစစ်ကြီး ပြီးသော အခါ စဝ်ရွှေသိုက်သည် စစ်မှုထမ်း အဖြစ် အနား ယူခဲ့သည်။ သို့သော် ၁၉၃၉ ခုနှစ်တွင် ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ရန် စစ်ရိပ် စစ်ငွေ့များ တက်လာသော အခါ စစ်မှုထမ်းရန် ပြန်ခေါ်ခြင်း ခံရပြန်သည်။

၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော အခါ ဗြိတိသျှနယ်ချဲ့အရင်းရှင် အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရန် ဗိုလ်ချုပ် အောင်ဆန်းတို့နှင့် အတူ တိုင်ရင်းသား စည်လုံး ညီညွတ်ရေးကို ပါဝင် ဆင်နွှဲခဲ့သည်။ ပင်လုံ စာချုပ်ကြီး ဖြစ်မြောက်ရေးကိုလည်း လုံးပမ်းခဲ့သည်။ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၁ ရက်နေ့တွင် မြန်မာနိုင်ငံကို တိုင်းပြည်ပြု လွှတ်တော် ဖွင့်လှစ်သော အခါ စဝ်ရွှေသိုက်အား ဥက္ကဋ္ဌ အဖြစ် တညီတညွတ်တည်း တင်မြှောက်ခြင်း ခံရသည်။ညောင်ရွှေ စော်ဘွားကြီး စဝ်ရွှေသိုက်သည် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရသောအခါ ယာယီ အစိုးရအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စု တိုင်းရင်းသားထဲမှ ပထမဆုံးသော မြန်မာနိုင်ငံ သမ္မတကြီး အဖြစ် တင်မြှောက်ခြင်း ခံရသည်။

၁၉၅၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် သမ္မတ သက်တမ်း ကုန်ဆုံးသောအခါ လူမျိုးစုလွှတ်တော် နာယကကြီး အဖြစ် ရွေးချယ် တင်မြှောက်ခြင်း ခံရပြန်သည်။ ၁၉၅၉ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့တွင် အခြား နယ်ရှင် စဝ်ဖလုံတို့နှင့် အတူ စော်ဘွား ဆိုသော အာဏာ စွန့်လွှတ်ခဲ့သည်။ ၁၉၄၇-၆ဝ ပြည့်နှစ်များတွင် လူမျိုးစု လွှတ်တော် အမတ်အဖြစ်

ရွေးချယ်ခြင်း ခံရသည်။ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်အုပ်ချုပ်သော နယ်မြေအတွင်း အသုံးလုံးကြေ (အရေး၊ အဖတ်၊ အတွက်) တတ်မြောက်ရန် မိသားစုအတွင်းရှိ အသက် (၆) နှစ်ပြည့်ပြီးသည့် ကလေးတိုင်း ကျောင်းမထားဘဲ မနေရဟု နားလည်ထားသည့် စက္ကူစိမ်းအမိန့်ကို ထုတ်ပြန်ထားသည်။

ထိုစက္ကူစိမ်းအမိန့်သည် ကျောင်းမထားပါက မိဘအုပ်ထိန်းသူကို အရေးယူမည့် ဥပဒေဖြစ်သည်။ ၁၉၄၆ ခုနှစ် နောက်ပိုင်း ထုတ်ပြန်ခြင်းဖြစ်သည်။ လူတိုင်း စာတတ်မြောက်စေချင်သည့် စော်ဘွားကြီး၏ စေတနာဆန္ဒကို ပြသခြင်းဖြစ်သည်။မင်းကွန်းဆရာတော်ဘုရားကြီး ကိုယ်တော်တိုင်ရေးသားတော်မူခဲ့သော (တိပိဋကဓရ၏ အမျှဝေစကားစဉ်) စာအုပ်၌လည်း ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ လွတ်လပ်ပြီးစ ပထမနှစ်၌ ပထမဆုံးအကြိမ် ကျင်းပသည့် “တိပိဋကရွှေးချယ်ပွဲ” အခမ်းအနားကို ထိုစဉ်က နိုင်ငံတော်သမ္မတကြီး စဝ်ရွှေသိုက်က ဖွင့်လှစ်ပေးခဲ့သည်။သမ္မတကြီးသည် ကားပေါ်မှ ဆင်းသည်မှ ဖွင့်လှစ်နေဆဲအချိန် ၂ နာရီကျော်ကျော်ခန့်မှာ မချသောလက်အုပ်ဖြင့် အမြဲတစေချီနေခဲ့ရာ သတိထားမိသော ဆရာတော်က “တိပိဋကဓရ ရှာပုံတော်လက်အုပ်” ဟု တင်စားခဲ့သည်။

ထို့အတွက် တိပိဋကဓရဘွဲ့တော်ကို ရယူခြင်းဖြင့် သမ္မတကြီး၏ တိပိဋကဓရ ရှာပုံတော် လက်အုပ်ကြွေးကို ဆပ်မည်ဟု စိတ်က ဆောက်တည်လိုက်ပြီး ၃ နှစ်မြှောက်ရွှေးချယ်ပွဲ၌ မင်းကွန်းဆရာတော်သည် ဂုဏ်ထူးဖြင့် အောင်မြင်တော်မူသဖြင့် နိုင်ငံတော်သမ္မတကြီး၏ တိပိဋကဓရရှာပုံတော် လက်အုပ်ကြွေးကို ဘုရားတပည့်တော် ယနေ့ပြေလည်စွာ ဆပ်မိပါပြီဘုရား ဟု သမ္မတကြီး၏ ဘာသာရေး စိတ်ထက်သန်ပုံကို မှတ်တမ်းပြုခဲ့သည်။၁၉၆ဝ ပြည့်နှစ် အထိ လူမျိုးစု လွှတ်တော် နာယကကြီး အဖြစ် ဆောင်ရွက်ခဲ့ပြီး အမျိုးဘာသာ သာသနာ ပညာတွင် ကြိုးစား အားထုတ်မှုကြောင့် နိုင်ငံတော် အစိုးရက စဝ်ရွှေသိုက်အား ‘အဂ္ဂမဟာ သရေစည်သူဘွဲ့’ အပြင် ‘အဂ္ဂမဟာ သီရိသုဓမ္မဘွဲ့’ ကိုပါ ချီးမြှင့်တော်မှုသည်။

၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေး ကောင်စီ အမည်ခံ ဗိုလ်နေဝင်း ဦးဆောင်သည့်စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပိုက်စဉ် မိမိ နေအိမ်ဝင်း အတွင်းတွင်ပင် သားငယ် စဝ်မီမီသိုက် ပစ်သတ်ခြင်း ခံခဲ့ရသည်။ နိုင်ငံတော် သမ္မတကြီးဟောင်း စဝ်ရွှေသိုက်လည်း ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရသည်။ဘဝနိဂုံးအမှတ် (၇၄)၊

ကမ္ဘာအေးဘုရားလမ်း၊ ရန်ကုန်တွင် နေထိုင်စဉ် ၁၉၆၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁)ရက်နေ့ အသက် ၆၆ နှစ် အရွယ်တွင် ကွယ်လွန် အနိစ္စ ရောက်သည်။သမ္မတကြီးဟောင်း စဝ်ရွှေသိုက် ကွယ်လွန်သော အခါ မဟာဒေဝီစောဝ်နန်းဟိန်ခမ်နှင့် ဦးယူဂျင်းသိုက် (ခ) စဝ်ဆေးဝိုင် (ခ) စဝ်ဆိုလန်ဖ အပါအဝင် သားတော် သမီးတော် ရှစ်ယောက် ထွန်းကား ကျန်ရစ်ခဲ့သည်။ Crd, ဝီကီ

Zawgyi

ျမန္မာႏိုင္ငံ၏ ပထမဆုံးသမၼတအဂၢမဟာသီရိသုဓမၼအဂၢမဟာသေရစည္သူ ဦးစဝ္ေ႐ႊသိုက္ ေညာင္ေ႐ႊေစာ္ဘြားအေၾကာင္းစဝ္ေ႐ႊသိုက္သည္ ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ ပထမဆုံးသမၼတျဖစ္သည္။ ၁၉၄၈-ခုႏွစ္ ဇန္နဝါရီ ၄ ရက္ မွ ၁၉၅၂ ခုႏွစ္ မတ္လ ၁၆ ရက္ အထိ သမၼတတာဝန္ ထမ္းေဆာင္ခဲ့သည္။သမၼတႀကီး စဝ္ေ႐ႊသိုက္သည္

ေညာင္ေ႐ႊၿမိဳ႕၌ အင္းတိန္ၿမိဳ႕စား အဖ စဝ္ခ်ဳံ ၊ အမိ စဝ္နန္းဆာတို႔မွ ၁၈၉၆ ခုႏွစ္၊ ေအာက္တို ဘာလ ၁၆ ရက္ေန႔ (ျမန္မာ သကၠရာဇ္ ၁၂၅၇-ခုႏွစ္)တြင္ ေမြးဖြားခဲ့သည္။ စဝ္ေ႐ႊသိုက္၏ အမည္ရင္း မွာ စဝ္ေ႐ႊဆိုက္ ျဖစ္သည္။အေၾကာင္းမွာ ၎ေမြးဖြားခ်ိန္တြင္ ရွမ္းျပည္ေညာင္ေ႐ႊေဒသရွိ တန္ခိုးႀကီးဘုရားတစ္ဆူျဖစ္ေသာ ေဖာင္ေတာ္ဦးေစတီေတာ္ျမတ္ႀကီး ပြဲေတာ္က်င္းပေနခိုက္ျဖစ္သည္။ ထိုအခ်ိန္အတြင္း မယ္ေတာ္စဝ္နန္းႀကီးသည္ မီးမဖြားႏိုင္ပဲ ဒုကၡေတြ႕လ်က္ရွိပုံမွာ ဝမ္းတြင္းရွိသေႏၶသားသည္ ဘုန္းႀကီးသူျဖစ္၍သာ ေမြးဖြားရ ခက္ခဲသည္ဟု ယူဆၾကသျဖင့္ ေလာကီယၾတာအျဖင့္ ေ႐ႊထီးမိုးေပးခဲ့ေသာ္လည္း မီးမဖြားႏိုင္ပဲျဖစ္ေနသည္။

မီးတထိန္ထိန္အိုးစည္ ဗုံေမာင္းသံတညံညံျဖင့္ လွည့္လည္လာေသာ္ ေဖာင္ေတာ္ႀကီးသည္ ကန္ေတာ္ကို လက္ယာရစ္ လွည့္ကာ ေစတီေတာ္ျမတ္ႀကီးအား ကန္ေတာ့ဦးတိုက္ ဆိုက္မိခ်ိန္တြင္ ေမြးဖြားခဲ့ေသာေၾကာင့္ စဝ္ေ႐ႊဆိုက္ဟု အမည္မွည့္ခဲ့သည္။ စဝ္ေ႐ႊသိုက္ ဟု ဆိုက္မွ သိုက္အသံသို႔ ေျပာင္းလဲေခၚခဲ့ေၾကာင္း သိရွိရသည္။ ငယ္စဥ္က ေတာင္ႀကီးၿမိဳ႕ရွိ ရွမ္းအႀကီးအကဲမ်ား၏ သားမ်ားအတြက္ ဖြင့္လွစ္ထားေသာေက်ာင္း၌ ပညာသင္ၾကားခဲ့သည္။ ပထမကမာၻစစ္အတြင္း ဘားမား႐ိုင္ဖယ္ အဂၤလိပ္ စစ္တပ္(ဗမာ့ေသနတ္ကိုင္တပ္ရင္း)တြင္ တာဝန္ထမ္းေဆာင္ခဲ့သည္။

ျမန္မာျပည္ ပထမ ေက်ာင္းသား သပိတ္ အစပ်ိဳးေသာ ၁၉၂၀-၂၃ ခုႏွစ္အတြင္း ျမန္မာႏိုင္ငံ အေရွ႕ေျမာက္ နယ္ျခားေဒသ ဗမာ့တပ္ဖြဲ႕မ်ားတြင္ တာဝန္ခံ အျဖစ္ ခန႔္အပ္ျခင္း ခံရသည္။ ၁၉၂၇ ခုႏွစ္၊ ေအာက္တိုဘာလတြင္ ေညာင္ေ႐ႊေစာ္ဘြား အျဖစ္ ေ႐ြးခ်ယ္ခံရၿပီး ၁၉၂၉ ခုႏွစ္တြင္ ဖခမည္းေတာ္ ေစာ္ဘြားႀကီး ဆာစဝ္ေမာင္ ကံေတာ္ကုန္ေသာ အခါ ေညာင္ေ႐ႊ ေစာ္ဘြား အျဖစ္ အ႐ိုက္အရာ ခံယူသည္။ ထိုအခါ စဝ္ေ႐ႊသိုက္၏

သက္ေတာ္မွာ ၃၃ ႏွစ္ အ႐ြယ္ ရွိၿပီ ျဖစ္သည္။မတ္လ ၈ ရက္ေန႔ ၁၉၂၉ ခုႏွစ္တြင္ အသိအမွတ္ျပဳျခင္းခံရသည္။ ၁၉၃၉ ခုႏွစ္တြင္ စစ္မႈထမ္းရန္ ျပန္လည္ေခၚေဆာင္ခဲ့ျဖင့္ ၁၉၄၂ ခုႏွစ္ထိ ဗမာ့တပ္မေတာ္တြင္ အမႈထမ္းခဲ့သည္။ ၁၉၄၇ ခုႏွစ္တြင္ ႏိုင္ငံေတာ္ဖြဲ႕စည္းပုံ အေျခခံဥပေဒမူၾကမ္း ေရးဆြဲေရး ေကာ္မတီအဖြဲ႕ဝင္ႏွင့္ ဥပေဒျပဳအဖြဲ႕ဥကၠ႒ တာဝန္ထမ္းေဆာင္ခဲ့သည္။ေစာ္ဘြားႀကီးသည္ မိခင္ဘက္မွ ဝမ္းကြဲေတာ္စပ္ေသာ ညီအစ္မေလးဦးႏွင့္ လက္ထပ္ခဲ့သည္။ သူတို႔ဖခင္မွာ ေညာင္ေ႐ႊ၏ အခြန္ ဦးလွဘူးျဖစ္ၿပီး နမ့္ခုတ္မွ ရွမ္းလူမ်ိဳးျဖစ္သည္။ ဦးလွဘူး၏ အႀကီးဆုံးသမီးေတာ္မွာ စဝ္နန္းရီျဖစ္၍ သားေတာ္ႀကီး စဝ္ဆဲင္ဖ (စဝ္စိုင္း) ႏွင့္ စဝ္ဆဲအုံ (စိုင္းဆဲင္) သားေတာ္ႏွစ္ပါး ဖြားျမင္ခဲ့သည္။

သူမသည္ ေစာ္ဘြား၏ အႀကီးဆုံး ဇနီးျဖစ္၍ မဟာေဒဝီအျဖစ္ ေျမႇာက္စားခံရသည္။ (ဦးလွဘူး၏) ဒုတိယသမီးေတာ္မွာ စဝ္နန္းစႏၵာျဖစ္၍ ေစာ္ဘြားႀကီး၏ ဒုတိယဇနီးျဖစ္သည္။ သူမသည္ သက္ေတာ္ ၂၁ ႏွစ္မွာ ကြယ္လြန္ခဲ့သည္။သူမမွာ စဝ္စႏၵာဟူ၍ သမီးေတာ္ တစ္ပါး ဖြားျမင္သည္။ (ေနာင္ Moon Princess စာအုပ္ေရးသူ) ေညာင္ေ႐ႊေစာ္ဘြား

စဝ္ေ႐ႊသိုက္သည္ ပထမအိမ္ေထာင္ဆက္ ၄ ဆက္ ရွိခဲ့ၿပီး သားေတာ္ ၃ ပါး၊ သမီးေတာ္ ၂ ပါး ထြန္းကားခဲ့သည္။ေညာင္ေ႐ႊေစာ္ဘြား စဝ္ေ႐ြသိုက္သည္ ၁၉၃၇ ခုႏွစ္၊ ဇြန္လတြင္ သိႏၷီေျမာက္ပိုင္း ေစာ္ဘြားႀကီး၏ သမီး (သိႏၷီေစာ္ဘြား စဝ္ဟုန္ဖ) (ကြယ္လြန္) ၏ ႏွမ စဝ္ဟိန္းခမ္းႏွင့္ လက္ထပ္ခဲ့သည္။ စဝ္နန္းဟိန္းခမ္းႏွင့္အတူ သားသမီး ၆ ေယာက္ ထြန္းကားခဲ့သည္။ပထမ ကမာၻစစ္ႀကီး ၿပီးေသာ အခါ စဝ္ေ႐ႊသိုက္သည္ စစ္မႈထမ္း အျဖစ္ အနား ယူခဲ့သည္။ သို႔ေသာ္ ၁၉၃၉ ခုႏွစ္တြင္ ဒုတိယ ကမာၻစစ္ႀကီး ျဖစ္ရန္ စစ္ရိပ္ စစ္ေငြ႕မ်ား တက္လာေသာ အခါ စစ္မႈထမ္းရန္ ျပန္ေခၚျခင္း ခံရျပန္သည္။

၁၉၄၅ ခုႏွစ္တြင္ ဒုတိယကမာၻစစ္ႀကီး ၿပီးဆုံးေသာ အခါ ၿဗိတိသွ်နယ္ခ်ဲ႕အရင္းရွင္ အဂၤလိပ္လက္ေအာက္မွ လြတ္ေျမာက္ရန္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းတို႔ႏွင့္ အတူ တိုင္ရင္းသား စည္လုံး ညီၫြတ္ေရးကို ပါဝင္ ဆင္ႏႊဲခဲ့သည္။ ပင္လုံ စာခ်ဳပ္ႀကီး ျဖစ္ေျမာက္ေရးကိုလည္း လုံးပမ္းခဲ့သည္။ ၁၉၄၇ ခုႏွစ္၊ ဇြန္လ ၁ ရက္ေန႔တြင္ ျမန္မာႏိုင္ငံကို တိုင္းျပည္ျပဳ လႊတ္ေတာ္ ဖြင့္လွစ္ေသာ အခါ စဝ္ေ႐ႊသိုက္အား ဥကၠ႒ အျဖစ္ တညီတၫြတ္တည္း တင္ေျမႇာက္ျခင္း ခံရသည္။ေညာင္ေ႐ႊ ေစာ္ဘြားႀကီး စဝ္ေ႐ႊသိုက္သည္ ၁၉၄၈ ခုႏွစ္၊ ဇန္နဝါရီလ ၄ ရက္ေန႔တြင္ လြတ္လပ္ေရး ရေသာအခါ ယာယီ အစိုးရအဖြဲ႕ ဖြဲ႕စည္းခဲ့ၿပီး ျပည္ေထာင္စု တိုင္းရင္းသားထဲမွ ပထမဆုံးေသာ ျမန္မာႏိုင္ငံ သမၼတႀကီး အျဖစ္ တင္ေျမႇာက္ျခင္း ခံရသည္။

၁၉၅၂ ခုႏွစ္၊ မတ္လ ၁၂ ရက္ေန႔တြင္ သမၼတ သက္တမ္း ကုန္ဆုံးေသာအခါ လူမ်ိဳးစုလႊတ္ေတာ္ နာယကႀကီး အျဖစ္ ေ႐ြးခ်ယ္ တင္ေျမႇာက္ျခင္း ခံရျပန္သည္။ ၁၉၅၉ ခုႏွစ္၊ ဧၿပီလ ၂၉ ရက္ေန႔တြင္ အျခား နယ္ရွင္ စဝ္ဖလုံတို႔ႏွင့္ အတူ ေစာ္ဘြား ဆိုေသာ အာဏာ စြန႔္လႊတ္ခဲ့သည္။ ၁၉၄၇-၆ဝ ျပည့္ႏွစ္မ်ားတြင္ လူမ်ိဳးစု လႊတ္ေတာ္ အမတ္အျဖစ္

ေ႐ြးခ်ယ္ျခင္း ခံရသည္။ေညာင္ေ႐ႊေစာ္ဘြားႀကီး စဝ္ေ႐ႊသိုက္အုပ္ခ်ဳပ္ေသာ နယ္ေျမအတြင္း အသုံးလုံးေၾက (အေရး၊ အဖတ္၊ အတြက္) တတ္ေျမာက္ရန္ မိသားစုအတြင္းရွိ အသက္ (၆) ႏွစ္ျပည့္ၿပီးသည့္ ကေလးတိုင္း ေက်ာင္းမထားဘဲ မေနရဟု နားလည္ထားသည့္ စကၠဴစိမ္းအမိန႔္ကို ထုတ္ျပန္ထားသည္။

ထိုစကၠဴစိမ္းအမိန႔္သည္ ေက်ာင္းမထားပါက မိဘအုပ္ထိန္းသူကို အေရးယူမည့္ ဥပေဒျဖစ္သည္။ ၁၉၄၆ ခုႏွစ္ ေနာက္ပိုင္း ထုတ္ျပန္ျခင္းျဖစ္သည္။ လူတိုင္း စာတတ္ေျမာက္ေစခ်င္သည့္ ေစာ္ဘြားႀကီး၏ ေစတနာဆႏၵကို ျပသျခင္းျဖစ္သည္။မင္းကြန္းဆရာေတာ္ဘုရားႀကီး ကိုယ္ေတာ္တိုင္ေရးသားေတာ္မူခဲ့ေသာ (တိပိဋကဓရ၏ အမွ်ေဝစကားစဥ္) စာအုပ္၌လည္း ျပည္ေထာင္စုျမန္မာႏိုင္ငံေတာ္၏ လြတ္လပ္ၿပီးစ ပထမႏွစ္၌ ပထမဆုံးအႀကိမ္ က်င္းပသည့္ “တိပိဋကေ႐ႊးခ်ယ္ပြဲ” အခမ္းအနားကို ထိုစဥ္က ႏိုင္ငံေတာ္သမၼတႀကီး စဝ္ေ႐ႊသိုက္က ဖြင့္လွစ္ေပးခဲ့သည္။သမၼတႀကီးသည္ ကားေပၚမွ ဆင္းသည္မွ ဖြင့္လွစ္ေနဆဲအခ်ိန္ ၂ နာရီေက်ာ္ေက်ာ္ခန႔္မွာ မခ်ေသာလက္အုပ္ျဖင့္ အၿမဲတေစခ်ီေနခဲ့ရာ သတိထားမိေသာ ဆရာေတာ္က “တိပိဋကဓရ ရွာပုံေတာ္လက္အုပ္” ဟု တင္စားခဲ့သည္။

ထို႔အတြက္ တိပိဋကဓရဘြဲ႕ေတာ္ကို ရယူျခင္းျဖင့္ သမၼတႀကီး၏ တိပိဋကဓရ ရွာပုံေတာ္ လက္အုပ္ေႂကြးကို ဆပ္မည္ဟု စိတ္က ေဆာက္တည္လိုက္ၿပီး ၃ ႏွစ္ေျမႇာက္ေ႐ႊးခ်ယ္ပြဲ၌ မင္းကြန္းဆရာေတာ္သည္ ဂုဏ္ထူးျဖင့္ ေအာင္ျမင္ေတာ္မူသျဖင့္ ႏိုင္ငံေတာ္သမၼတႀကီး၏ တိပိဋကဓရရွာပုံေတာ္ လက္အုပ္ေႂကြးကို ဘုရားတပည့္ေတာ္ ယေန႔ေျပလည္စြာ ဆပ္မိပါၿပီဘုရား ဟု သမၼတႀကီး၏ ဘာသာေရး စိတ္ထက္သန္ပုံကို မွတ္တမ္းျပဳခဲ့သည္။၁၉၆ဝ ျပည့္ႏွစ္ အထိ လူမ်ိဳးစု လႊတ္ေတာ္ နာယကႀကီး အျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး အမ်ိဳးဘာသာ သာသနာ ပညာတြင္ ႀကိဳးစား အားထုတ္မႈေၾကာင့္ ႏိုင္ငံေတာ္ အစိုးရက စဝ္ေ႐ႊသိုက္အား ‘အဂၢမဟာ သေရစည္သူဘြဲ႕’ အျပင္ ‘အဂၢမဟာ သီရိသုဓမၼဘြဲ႕’ ကိုပါ ခ်ီးျမႇင့္ေတာ္မႈသည္။

၁၉၆၂ ခုႏွစ္၊ မတ္လ ၂ ရက္ေန႔တြင္ ေတာ္လွန္ေရး ေကာင္စီ အမည္ခံ ဗိုလ္ေနဝင္း ဦးေဆာင္သည့္စစ္တပ္က ႏိုင္ငံေတာ္အာဏာသိမ္းပိုက္စဥ္ မိမိ ေနအိမ္ဝင္း အတြင္းတြင္ပင္ သားငယ္ စဝ္မီမီသိုက္ ပစ္သတ္ျခင္း ခံခဲ့ရသည္။ ႏိုင္ငံေတာ္ သမၼတႀကီးေဟာင္း စဝ္ေ႐ႊသိုက္လည္း ဖမ္းဆီး ထိန္းသိမ္းျခင္း ခံခဲ့ရသည္။ဘဝနိဂုံးအမွတ္ (၇၄)၊

ကမာၻေအးဘုရားလမ္း၊ ရန္ကုန္တြင္ ေနထိုင္စဥ္ ၁၉၆၂ ခုႏွစ္၊ ႏိုဝင္ဘာလ (၂၁)ရက္ေန႔ အသက္ ၆၆ ႏွစ္ အ႐ြယ္တြင္ ကြယ္လြန္ အနိစၥ ေရာက္သည္။သမၼတႀကီးေဟာင္း စဝ္ေ႐ႊသိုက္ ကြယ္လြန္ေသာ အခါ မဟာေဒဝီေစာဝ္နန္းဟိန္ခမ္ႏွင့္ ဦးယူဂ်င္းသိုက္ (ခ) စဝ္ေဆးဝိုင္ (ခ) စဝ္ဆိုလန္ဖ အပါအဝင္ သားေတာ္ သမီးေတာ္ ရွစ္ေယာက္ ထြန္းကား က်န္ရစ္ခဲ့သည္။ Crd, ဝီကီ