ကန့်ဘလူ၊ ကျွန်းလှနှင့်တန့်ဆည်တွင် မဘသ သင်္ကန်း ဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က ပြည်သူများကို ပျူစောထီး အဖွဲ့ထဲ မဝင်လျှင် ရွာလုံးကျွတ် မီးရှို့ခံရမည်ဟု ကျေးရွာများသို့ လှည့်လည်ခြိမ်းခြောက်

ကန့်ဘလူ၊ ကျွန်းလှနှင့်တန့်ဆည်တွင် မဘသ သင်္ကန်း ဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က ပြည်သူများကို ပျူစောထီး အဖွဲ့ထဲ မဝင်လျှင် ရွာလုံးကျွတ် မီးရှို့ခံရမည်ဟု ကျေးရွာများသို့ လှည့်လည်ခြိမ်းခြောက်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကျွန်းလှ နှင့် တန့်ဆည်မြို့နယ်တွင် မဘသ အစွန်းရောက် သင်္ကန်းဝတ် ဝါသ၀ ဦးဆောင်သော ပျူစောထီးအဖွဲ့က ကျေးရွာများသို့ လှည့်လည်ပြီး ပျူစောထီး အဖွဲ့များသို့ ဝင်ရောက်ကြရန်နှင့် မဝင်ရောက် ပါက တစ်ရွာလုံး မီးရှို့မည်ဟု ပြည်သူများကို လိုက်လံ ခြိမ်းခြောက်လျက်ရှိကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အောက်တိုဘာလ ၂၄ ရက်နေ့တွင် ဝါသ၀ ဦးဆောင်သော ပျူစောထီး အင်အား ၃၀ ခန့်က ကန့်ဘလူမြို့နယ်၊ လင် ပန်းဆည်အနီးရှိ ငါးတို့ကျေးရွာသို့ ရောက်ရှိလာပြီး ပြည်သူ့စစ်ခေါ် ပျူစောထီး အဖွဲ့ထဲဝင်ရောက်ကြရန်နှင့် ဝင်ရောက်ခြင်းမရှိလျှင် ရွာလုံးကျွတ်မီးရှို့ခံရမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း သိရှိရသည်။

“အောက်တိုဘာ ၂၄ရက်နေ့ ကန့်ဘလူမြို့နယ် လင်ပန်းဆည်အနီးရှိ ငါးတို့ကျေးရွာကို ဦးဝါသဝဦးဆောင်ပြီး လူမှု ကူညီရေးကား၊ အိမ်စီးကား ပရာဒို ၂ စီး အပါအ ဝင် ပျူစောထီးအင်အား ၃၀ခန့် ရွာခံပြည်သူတွေကို ပျူစောထီးထဲဝင်ဖို့ အကျပ်ကိုင်စည်းရုံးပါတယ်။ သူတို့ပြောတဲ့ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီး ထဲမဝင်ရင် တစ်ရွာလုံးကိုမီးရှို့မယ် ဆိုပြီး ခြိမ်းခြောက်ပြောဆိုသွားပါတယ်။ ဒါ့အပြင် ကျနော်တို့ ကန့်ဘလူ၊ ကျွန်းလှ၊ တန့်ဆည် နယ်ဝန်းကျင်က ရွာတွေကိုလိုက်ပြီးရွာသူရွာ သားတွေကို အတင်း အကျပ်ကိုင်ပြီး ပျူစောထီးထဲဝင်ဖို့နေ့စဉ်ဖိအားပေးလုပ်ဆောင်နေပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ၊ စံပယ်နံသာ၊ နတ်အင်း၊ နတ်ပေး၊ ဆိပ်ဖြူးမြောင်၊ မှော်တော်၊ မြေထူး၊ လိပ်ထူ၊ ထန်းကုန်း၊ ကျွန်းလှ၊ ဇီးကုန်း စသည့်ဒေသများတွင် ပျူစောထီးအဖွဲ့များကို ဝါသဝက ဦးဆောင် ဖွဲ့စည်းပေးနေကြောင်း၊ အသက် ၁၈ နှစ်မှ အသက် ၆၀ အတွင်း ပျူစောထီးများ စုဆောင်းပြီး စပါးတစ်ဧက စိုက်လျှင် အခွန်အဖြစ် ၁၀ တင်း ဝါသဝထံ ပေးသွင်းရကြောင်း၊ စစ်တပ်ထံမှ လက်နက် တောင်း၍ ဝါသဝက တပ်ဆင်ပေးနေကြောင်း သိရှိရသည်။

“ဦးဝါသဝက နေ့စဉ် ရွာစဉ်လှည့်ပြီး ပျူစောထီး ဖွဲ့ခိုင်း၊ အင်အားချဲ့ထွင်နေပါတယ်။ တချို့ရွာခံတွေကလည်းအတင်းအကျပ်ဖိအားပေးဝင်ခိုင်းလို့ ဝင်ရတဲ့သူရှိသလို တချို့ကျလည်း စားဝတ်နေရေးကျပ်တည်းလို့ ခိုးရာ ပါပစ္စည်းတွေကို ခွဲဝေပေးတာကိုမက်မောပြီး ပျူထဲကိုလိုလိုလားလားဝင်တဲ့သူတွေလည်းရှိပါတယ် ။ဒီကိစ္စကို NUG လူကြီးတွေအနေနဲ့ PDF တွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးစေချင်ပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ဦးဝါသဝက ပျူစောထီးထဲဝင်လျှင် စစ်ကြောင်းများ မလာရောက်စေရန် တာဝန်ယူသည်ဟု ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိတွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်တွင် စစ်တပ်က စစ်ကြောင်းများ ခွဲ၍ နယ်မြေရှင်းလင်းရေး အမည်တပ်ကာ ထိုးစစ်ဆင်နေပြီး အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ညဏ်အင်း ရွှာမ အင်းလယ်ကြီး သရက်တာကျေးရွာကို အင်အား ၃၀၀ ဖြင့် ဝင်ရောက်ပစ်ခတ်နေကြောင်း၊ ကျေးရွာများကိုလည်း မီးရှို့ ပစ္စည်းလုယူမှုများ လုပ်ဆောင်ကြောင်း သိရှိရသည်။ဓာတ်ပုံ- မဘသ သင်္ကန်းဝတ် ပျူစောထီးခေါင်းဆောင် ဝါသဝနှင့် ပျူစောထီး အဖွဲ့များ။

Zawgyi

ကန႔္ဘလူ၊ ကြၽန္းလွႏွင့္တန႔္ဆည္တြင္ မဘသ သကၤန္း ဝတ္ ဝါသ၀ ဦးေဆာင္ေသာ ပ်ဴေစာထီးအဖြဲ႕က ျပည္သူမ်ားကို ပ်ဴေစာထီး အဖြဲ႕ထဲ မဝင္လွ်င္ ႐ြာလုံးကြၽတ္ မီးရွို႔ခံရမည္ဟု ေက်း႐ြာမ်ားသို႔ လွည့္လည္ၿခိမ္းေျခာက္

စစ္ကိုင္းတိုင္း၊ ကန႔္ဘလူၿမိဳ႕နယ္၊ ကြၽန္းလွ ႏွင့္ တန႔္ဆည္ၿမိဳ႕နယ္တြင္ မဘသ အစြန္းေရာက္ သကၤန္းဝတ္ ဝါသ၀ ဦးေဆာင္ေသာ ပ်ဴေစာထီးအဖြဲ႕က ေက်း႐ြာမ်ားသို႔ လွည့္လည္ၿပီး ပ်ဴေစာထီး အဖြဲ႕မ်ားသို႔ ဝင္ေရာက္ၾကရန္ႏွင့္ မဝင္ေရာက္ ပါက တစ္႐ြာလုံး မီးရွို႔မည္ဟု ျပည္သူမ်ားကို လိုက္လံ ၿခိမ္းေျခာက္လ်က္ရွိေၾကာင္း ေဒသခံျပည္သူမ်ားက ေျပာဆိုသည္။

ေအာက္တိုဘာလ ၂၄ ရက္ေန႕တြင္ ဝါသ၀ ဦးေဆာင္ေသာ ပ်ဴေစာထီး အင္အား ၃၀ ခန႔္က ကန႔္ဘလူၿမိဳ႕နယ္၊ လင္ ပန္းဆည္အနီးရွိ ငါးတို႔ေက်း႐ြာသို႔ ေရာက္ရွိလာၿပီး ျပည္သူ႕စစ္ေခၚ ပ်ဴေစာထီး အဖြဲ႕ထဲဝင္ေရာက္ၾကရန္ႏွင့္ ဝင္ေရာက္ျခင္းမရွိလွ်င္ ႐ြာလုံးကြၽတ္မီးရွို႔ခံရမည္ဟု ၿခိမ္းေျခာက္ေျပာဆိုသြားေၾကာင္း သိရွိရသည္။

“ေအာက္တိုဘာ ၂၄ရက္ေန႕ ကန့္ဘလူၿမိဳ႕နယ္ လင္ပန္းဆည္အနီးရွိ ငါးတို႔ေက်း႐ြာကို ဦးဝါသဝဦးေဆာင္ၿပီး လူမႈ ကူညီေရးကား၊ အိမ္စီးကား ပရာဒို ၂ စီး အပါအ ဝင္ ပ်ဴေစာထီးအင္အား ၃၀ခန့္ ႐ြာခံျပည္သူေတြကို ပ်ဴေစာထီးထဲဝင္ဖို႔ အက်ပ္ကိုင္စည္း႐ုံးပါတယ္။ သူတို႔ေျပာတဲ့ ျပည္သူ႕စစ္လို႔ေခၚတဲ့ ပ်ဴေစာထီး ထဲမဝင္ရင္ တစ္႐ြာလုံးကိုမီးရွို႔မယ္ ဆိုၿပီး ၿခိမ္းေျခာက္ေျပာဆိုသြားပါတယ္။ ဒါ့အျပင္ က်ေနာ္တို႔ ကန့္ဘလူ၊ ကြၽန္းလွ၊ တန့္ဆည္ နယ္ဝန္းက်င္က ႐ြာေတြကိုလိုက္ၿပီး႐ြာသူ႐ြာ သားေတြကို အတင္း အက်ပ္ကိုင္ၿပီး ပ်ဴေစာထီးထဲဝင္ဖို႔ေန႕စဥ္ဖိအားေပးလုပ္ေဆာင္ေနပါတယ္” ဟု ေဒသခံတစ္ဦးက ေျပာဆိုသည္။

ကန႔္ဘလူၿမိဳ႕နယ္ ၊ စံပယ္နံသာ၊ နတ္အင္း၊ နတ္ေပး၊ ဆိပ္ျဖဴးေျမာင္၊ ေမွာ္ေတာ္၊ ေျမထူး၊ လိပ္ထူ၊ ထန္းကုန္း၊ ကြၽန္းလွ၊ ဇီးကုန္း စသည့္ေဒသမ်ားတြင္ ပ်ဴေစာထီးအဖြဲ႕မ်ားကို ဝါသ၀က ဦးေဆာင္ ဖြဲ႕စည္းေပးေနေၾကာင္း၊ အသက္ ၁၈ ႏွစ္မွ အသက္ ၆၀ အတြင္း ပ်ဴေစာထီးမ်ား စုေဆာင္းၿပီး စပါးတစ္ဧက စိုက္လွ်င္ အခြန္အျဖစ္ ၁၀ တင္း ဝါသ၀ထံ ေပးသြင္းရေၾကာင္း၊ စစ္တပ္ထံမွ လက္နက္ ေတာင္း၍ ဝါသ၀က တပ္ဆင္ေပးေနေၾကာင္း သိရွိရသည္။

“ဦးဝါသဝက ေန႕စဥ္ ႐ြာစဥ္လွည့္ၿပီး ပ်ဴေစာထီး ဖြဲ႕ခိုင္း၊ အင္အားခ်ဲ့ထြင္ေနပါတယ္။ တခ်ိဳ႕႐ြာခံေတြကလည္းအတင္းအက်ပ္ဖိအားေပးဝင္ခိုင္းလို႔ ဝင္ရတဲ့သူရွိသလို တခ်ိဳ႕က်လည္း စားဝတ္ေနေရးက်ပ္တည္းလို႔ ခိုးရာ ပါပစၥည္းေတြကို ခြဲေဝေပးတာကိုမက္ေမာၿပီး ပ်ဴထဲကိုလိုလိုလားလားဝင္တဲ့သူေတြလည္းရွိပါတယ္ ။ဒီကိစၥကို NUG လူႀကီးေတြအေနနဲ႕ PDF ေတြအေနနဲ႕ ထိထိေရာက္ေရာက္ အေရးယူေပးေစခ်င္ပါတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။

ဦးဝါသ၀က ပ်ဴေစာထီးထဲဝင္လွ်င္ စစ္ေၾကာင္းမ်ား မလာေရာက္ေစရန္ တာဝန္ယူသည္ဟု ေျပာဆိုေၾကာင္း သိရွိရသည္။

လက္ရွိတြင္ စစ္ကိုင္းတိုင္း ကန႔္ဘလူၿမိဳ႕နယ္တြင္ စစ္တပ္က စစ္ေၾကာင္းမ်ား ခြဲ၍ နယ္ေျမရွင္းလင္းေရး အမည္တပ္ကာ ထိုးစစ္ဆင္ေနၿပီး ေအာက္တိုဘာလ ၂၅ ရက္ေန႕တြင္ ကန႔္ဘလူၿမိဳ႕နယ္ ညဏ္အင္း ႐ႊာမ အင္းလယ္ႀကီး သရက္တာေက်း႐ြာကို အင္အား ၃၀၀ ျဖင့္ ဝင္ေရာက္ပစ္ခတ္ေနေၾကာင္း၊ ေက်း႐ြာမ်ားကိုလည္း မီးရွို႔ ပစၥည္းလုယူမႈမ်ား လုပ္ေဆာင္ေၾကာင္း သိရွိရသည္။ဓာတ္ပုံ- မဘသ သကၤန္းဝတ္ ပ်ဴေစာထီးေခါင္းေဆာင္ ဝါသ၀ႏွင့္ ပ်ဴေစာထီး အဖြဲ႕မ်ား။