ဘုရင်ရူး မင်းအောင်လှိုင်က ဘွဲ့နာမည်ပေးမယ့် ဆင်သားအမိ နေပြည်တော်ရောက်၊ ဘွဲ့ပေးမယ့် အခမ်း အနားမတိုင်မီ ဆင်တွေရဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ စစ်တပ်က အမိန့်ပေးထား

ဘုရင်ရူး မင်းအောင်လှိုင်က ဘွဲ့နာမည်ပေးမယ့် ဆင်သားအမိ နေပြည်တော်ရောက်၊ ဘွဲ့ပေးမယ့် အခမ်း အနားမတိုင်မီ ဆင်တွေရဲ့ ကျန်းမာရေး ဂရုစိုက်ဖို့ စစ်တပ်က အမိန့်ပေးထား

အကြမ်းဖက် ဘုရင်ရူး မင်းအောင်လှိုင်ရဲ့ ခိုင်းစေချက်အရ ယမန်နေ့ညပိုင်း ရန်ကုန်မှ နေပြည်တော်ဆီသို့ သယ်ယူခဲ့တဲ့ ဆင်သားအမိ နေပြည်တော်ရောက်ရှိလာပြီး အခုလာမယ့် ရက်ပိုင်းအတွင်းမှာ ဘုရင်ရူး မင်းအောင်လှိုင် ကိုယ်တိုင် ဘွဲ့ နာမည်ပေးဖို့ လုပ်နေပြီလို့ သိရပါတယ်။

မနေ့ညပိုင်း ဆင်သားအမိကို အမြန်လမ်းတစ်လျှောက် လုံခြုံရေး တင်းတင်းကျပ်ကျပ်နဲ့ သယ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ ဆင်သားအမိကို ဘုရားဖူး လိုက်ပြပြီး ဘွဲ့ပေး အခမ်းအနားမတိုင်မီ ဆင်တွေ ကျန်း မာနေစေဖို့၊ အစားအသောက် ဂရုစိုက်ဖို့ စစ်တပ်ဘက်က ညွှန်ကြားထားလို့ ဆင်ဦးစီးတွေ ၂၄ နာရီ မပြတ် ဆင်တွေနားမှာ နေထိုင် စောင့်ရှောက်နေရတယ်လို့ တပ်သတင်းရင်းမြစ်တချို့ထံက သိရပါတယ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ခူးတိုက်နယ်၊ သစ်တောဌာနဆင်ဝိုင်း၊ ဇာနန်းလှ ဆင်မကြီးက ဇူလိုင် ၂၃ ရက်က ဆင်အကောင်ပေါက် တစ်ကောင် မွေးဖွားခဲ့ပြီး အဲဒီဆင်အကောင်ပေါက်ကို ဆင်ဖြူတော်ကိုအကြမ်း ဖက်စစ်ကောင်စီက သတ်မှတ်ခဲ့ပါတယ်။

အောက်တိုဘာ ၁၁ ရက် နံနက်ပိုင်းတွင် ဆင်အကောင်ပေါက် အပါအဝင် ဆင် (၄) ကောင်ကို တောင်ကုတ်ဘက်သို့ လုံခြုံရေးတင်းကျပ်စွာနဲ့ ရန်ကုန်သယ် ဆောင် သွားခဲ့ပြီး ဆင်တွေကို ယဉ်ပါးအောင် ဆင်ဦးစီးတွေကို အသေးစိတ် ထပ်မံ လေ့ကျင့်ခိုင်းခဲ့ပါတယ်။

အကြမ်းဖက် ဖက်ဆစ် မင်းအောင်လှိုင်ရဲ့ ဆရာ သန်းရွှေလက်ထက်မှာလည်း ဆင်ဖြူတော်တွေ ပေါ်တယ်ဆို‌ပြီး ဆင်အကောင် ၉ ကောင်ကို ဆင်ဖြူတော်လို့ကြေညာပြီး ရန်ကုန်နဲ့ နေပြည်တော်မှာ ချုပ်နှောင် အစာကျွေးထားခဲ့ပါတယ်။

ဓာတ်ပုံ- နေပြည်တော်ရောက် ဆင်သားအမိ။

Zawgyi

ဘုရင္႐ူး မင္းေအာင္လွိုင္က ဘြဲ႕နာမည္ေပးမယ့္ ဆင္သားအမိ ေနျပည္ေတာ္ေရာက္၊ ဘြဲ႕ေပးမယ့္ အခမ္း အနားမတိုင္မီ ဆင္ေတြရဲ႕ က်န္းမာေရး ဂ႐ုစိုက္ဖို႔ စစ္တပ္က အမိန႔္ေပးထား

အၾကမ္းဖက္ ဘုရင္႐ူး မင္းေအာင္လွိုင္ရဲ႕ ခိုင္းေစခ်က္အရ ယမန္ေန႕ညပိုင္း ရန္ကုန္မွ ေနျပည္ေတာ္ဆီသို႔ သယ္ယူခဲ့တဲ့ ဆင္သားအမိ ေနျပည္ေတာ္ေရာက္ရွိလာၿပီး အခုလာမယ့္ ရက္ပိုင္းအတြင္းမွာ ဘုရင္႐ူး မင္းေအာင္လွိုင္ ကိုယ္တိုင္ ဘြဲ႕ နာမည္ေပးဖို႔ လုပ္ေနၿပီလို႔ သိရပါတယ္။

မေန႕ညပိုင္း ဆင္သားအမိကို အျမန္လမ္းတစ္ေလွ်ာက္ လုံၿခဳံေရး တင္းတင္းက်ပ္က်ပ္နဲ႕ သယ္ယူခဲ့တာလည္းျဖစ္ပါတယ္။ ဒီေန႕ မနက္ပိုင္းမွာေတာ့ ဆင္သားအမိကို ဘုရားဖူး လိုက္ျပၿပီး ဘြဲ႕ေပး အခမ္းအနားမတိုင္မီ ဆင္ေတြ က်န္း မာေနေစဖို႔၊ အစားအေသာက္ ဂ႐ုစိုက္ဖို႔ စစ္တပ္ဘက္က ၫႊန္ၾကားထားလို႔ ဆင္ဦးစီးေတြ ၂၄ နာရီ မျပတ္ ဆင္ေတြနားမွာ ေနထိုင္ ေစာင့္ေရွာက္ေနရတယ္လို႔ တပ္သတင္းရင္းျမစ္တခ်ိဳ႕ထံက သိရပါတယ္။

ရခိုင္ျပည္နယ္၊ ေတာင္ကုတ္ၿမိဳ႕နယ္၊ ခူးတိုက္နယ္၊ သစ္ေတာဌာနဆင္ဝိုင္း၊ ဇာနန္းလွ ဆင္မႀကီးက ဇူလိုင္ ၂၃ ရက္က ဆင္အေကာင္ေပါက္ တစ္ေကာင္ ေမြးဖြားခဲ့ၿပီး အဲဒီဆင္အေကာင္ေပါက္ကို ဆင္ျဖဴေတာ္ကိုအၾကမ္း ဖက္စစ္ေကာင္စီက သတ္မွတ္ခဲ့ပါတယ္။

ေအာက္တိုဘာ ၁၁ ရက္ နံနက္ပိုင္းတြင္ ဆင္အေကာင္ေပါက္ အပါအဝင္ ဆင္ (၄) ေကာင္ကို ေတာင္ကုတ္ဘက္သို႔ လုံၿခဳံေရးတင္းက်ပ္စြာနဲ႕ ရန္ကုန္သယ္ ေဆာင္ သြားခဲ့ၿပီး ဆင္ေတြကို ယဥ္ပါးေအာင္ ဆင္ဦးစီးေတြကို အေသးစိတ္ ထပ္မံ ေလ့က်င့္ခိုင္းခဲ့ပါတယ္။

အၾကမ္းဖက္ ဖက္ဆစ္ မင္းေအာင္လွိုင္ရဲ႕ ဆရာ သန္းေ႐ႊလက္ထက္မွာလည္း ဆင္ျဖဴေတာ္ေတြ ေပၚတယ္ဆို‌ၿပီး ဆင္အေကာင္ ၉ ေကာင္ကို ဆင္ျဖဴေတာ္လို႔ေၾကညာၿပီး ရန္ကုန္နဲ႕ ေနျပည္ေတာ္မွာ ခ်ဳပ္ေႏွာင္ အစာေကြၽးထားခဲ့ပါတယ္။

ဓာတ္ပုံ- ေနျပည္ေတာ္ေရာက္ ဆင္သားအမိ။