
အိန္ဒိယနိုင်ငံ၊ ကျေးလက်ဒေသ တစ်ခုမှာ ရိုက်ကူးထားခဲ့တဲ့ပုံက အရမ်းကို ထူးဆန်းနေပါတယ်။ ပုံထဲမှာ နွားက ကျားသစ်ကို ဖက်ထားပေးထားတဲ့ ပုံစံကြောင့် အရမ်းကို နာမည်ကြီးနေပါတယ်။
နွားနှင့် ကျားသစ်က သူငယ်ချင်းကောင်းတွေ ဖြစ်နိုင်ဖို့ ဆိုတာ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ ပုံပြင်ထဲမှာတော့ ရှိကောင်းရှိနိုင်ပေမယ့် လက်တွေ့ဘဝမှာကျတော့ မြင်တွေ့ရဖို့က ခဲယဉ်းလွန်းလှပါတယ်။ ဒါပေမယ့်လည်း ဒီပုံထဲက ကိစ္စကတော့ အပြင်မှာ တကယ်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆယ်စုနှစ်တွေ ကြာနေပေမယ့်လည်း ပုံကို မြင်တွေ့သူတိုင်းကတော့ အခုထိ အံ့ဩလို့မဆုံးပါဘူး။
အရွယ်ရောက်ပြီးသား ကျားသစ်တစ်ကောင်နှင့် နွားတစ်ကောင်တို့ဟာ မိခင်တစ်ဝမ်းထဲက မွေးသလို အရမ်းကို ချစ်ကြပြီးတော့ အတူတူ နေထိုင်ကြပါတယ်။
ပုံထဲကထက် တကယ့်အပြင်မှာက ပိုစိတ်ဝင်စားစရာ ကောင်းပါတယ်။ လူအချို့ကတော့ ဓာတ်ပုံကို ပြင်ထားတယ်လို့ ပြောနေကြပေမယ့် ဒါဟာ တကယ်အ စစ်အမှန်ပါပဲ။
ဒီပုံတွေဟာ (၁၉) နှစ်လောက် ကြာခဲ့ပြီးဖြစ်ပေမယ့် ခုချိန်ထိ အင်တာနက် စာမျက်နှာပေါ်မှာ နာမည်ကြီးနေတုန်းပဲ ဖြစ်ပါတယ်။ ဝက်ဘ်ဆိုက်တွေကလည်း သတင်းအဖြစ် တစ်ခါတစ်ရံမှာ တင်လေ့ရှိပါတယ်။ ဒီဇာတ်လမ်းက အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ်၊ အန်တိုလီရွာမှာ တကယ်ဖြစ်ပျက်ခဲ့တာပဲ ဖြစ်ပါတယ်။
ဆယ်စုနှစ်တွေ ကြာခဲ့ပြီဖြစ်တဲ့ သတင်းကို ပြန်လိုက်ရတာတော့ မလွယ်ပါဘူး။ အရမ်းကို ခက်ခဲပြီးတော့ တော်တော်လဲ ကြမ်းတမ်းပါတယ်။ Hoax-debunking website Social Media Hoax Slayer ရဲ့ အဆိုအရ အစောဆုံး သတင်းရင်းမြစ်ဟာ ၂၀၀၂ ခုနှစ် Times of India website မှာ တင်ခဲ့တဲ့ ဆောင်းပါးတစ်ပုဒ် ဖြစ်တယ်လို့ ပြောပါတယ်။ မူရင်း ဇာတ်လမ်းကတော့ social media ပေါ်မှာ မြင်တွေ့နေကျမဟုတ်ပဲ ထူးဆန်းနေပါတယ်။
၂၀၀၂ ခုနှစ်အောက်တိုဘာလမှာ Antoli ရွာလေးဟာ အရမ်းကို အေးချမ်းခဲ့ပါတယ်။ တစ်နေ့မှာတော့ မထင်မှတ်ပဲ ကျားသစ်တစ်ကောင်က ရုတ်တရက်ကြီး ပေါ်လာခဲ့တာပါ။ ဒါကြောင့် ရွာသားတွေကလည်း အရမ်းကြောက်လန့်ခဲ့ပြီးတော့ ကျီးလန့်စာ စားနေခဲ့ရပါတယ်။ ထူးဆန်းတာတစ်ခုက ကျားသစ်က ရွာထဲက တိရစ္ဆာန်တွေ၊ လူတွေကို စိတ်မဝင်စားပဲ နွားတစ်ကောင်နားကိုပဲ စိတ်ဝင်စားနေခဲ့ပါတယ်။
“ ကျားသစ်က ရွာနဲ့ပိုပြီး နီးကပ်လာတာကြောင့် နေ့တိုင်း ကြောက်လန့်နေရတယ် ” လို့ Times of India ကို ရွာသားတစ်ယောက်က ပြောခဲ့ပါတယ်။
“ ကြောင်အကြီးကြီးက ဖြည်းဖြည်းချင်းလာပြီး ငှက်မွှေးလိုပဲ လေထဲကို ခုန်လိုက်ပြီး နွားခေါင်းပေါ်ကို သူ့ရဲ့လက်တွေ ညင်ညင်သာသာ တင်လိုက်တယ်။ ပြီးတော့ အသံတိုးတိုးလေးတွေ ကြားရတယ်။ နွားကနူးညံ့တဲ့ ခံစားချက်ကြောင့် ငြိမ်ခံနေတယ်။ ကျားသစ်က အပျော်သဘော ခံစားချက်နဲ့ ပွေ့ဖက်နေတာကိုလည်း သိတယ် ” လို့ ပြောပါသေးတယ်။
နွားနှင့် ကျားသစ်က ဒီလို ဆက်ဆံရေးတွေ ရှိနေတာကြောင့် လူတွေက စိတ်ဝင်စားလာကြပြီး ညတိုင်း လာလာချောင်းကြည့်လေ့ ရှိပါတယ်။ ရွာသားတွေက ည ၁၀ နာရီနဲ့ သန်းခေါင်ယံကြားဆို ခေါင်မိုးပေါ်ကို တက်ပြီး ချောင်းကြည့်ကြတာပါ။ နေ့စဉ်နေ့တိုင်း လာကြည့်တဲ့သူတွေက များပြားလာတာကြောင့် ကျားသစ်ကလည်း ခြောက်တဲ့သဘောအနေနဲ့ ဒေါသထွက် ခဲ့ပါသေးတယ်။
“ ကျွန်တော်တို့ နေ့တိုင်း စောင့်ကြည့်နေတယ်၊ ဒါပေမယ့် ကံမကောင်းစွာနဲ့ ကျားသစ်ရောက်လာတဲ့ အကြိမ်ရေက လျော့နည်းသွားတယ်” လို့ Vadodara ရဲ့ဂုဏ်ထူးဆောင် တောရိုင်းတိရစ္ဆာန်အုပ် Rohit Vyas က ပြောပါတယ်။
ဆိုရှယ် မီဒီယာပေါ်မှာတော့ ထင်ကြေးအမျိုးမျိုး ပေးနေကြပါတယ်။ ကျားသစ်ကပဲ လမ်းပျောက်ပြီး နွားနားရောက်လာတာလား၊ သူတို့နှစ်ကောင်က ငယ်ငယ်ကတည်းက သိခဲ့ကြတဲ့ မိတ်ဆွေတွေပဲ ဖြစ်နေမလား ဆိုပြီး အမျိုးမျိုး ပြောဆိုနေကြပါတယ်။
သစ်တောထိန်းသိမ်းစောင့်ရှောက်သူတစ်ဦးကတော့ ကျားသစ်ဟာ လူသားတွေရဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာပြီးအိမ်မွေးတိရိစ္ဆာန်တွေနှင့်အကျွမ်းတဝင်ရှိခဲ့တယ်လို့ ဆိုပါတယ်။ သစ်တောထိန်းသိမ်းရေး ပညာရှင် H.S. Singh ကတော့ ဒီရွာလေးဟာ တောနဲ့ အရမ်းနီးကပ်နေတာကြောင့် ကျားသစ်ဟာ ဒီလိုနေနေတာလို့လည်း ပြောပါတယ်။
အပေါ်မှာ ပြောခဲ့သလိုပဲ ကျားသစ်နှင့် နွားက တကယ် ရှိတယ်ဆိုရင် နွားကကြောက်လန့်ပြီး ထွက်မပြေးတာက အံ့ဩစရာ ကောင်းပါတယ်။ ပြီးတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းလေး ဘယ်လိုပြီးဆုံးသွားလဲ ဆိုတာကိုတော့ ဘယ်သူမှ တိတိကျကျ မပြောနိုင်ပါဘူး။
ဒါပေမယ့် သေချာတာတစ်ခုက သတင်းထုတ်ပြန်ပြီးတဲ့နောက် ဆယ်စုနှစ် နှစ်ခုနီးပါး ဒီဇာတ်လမ်းက လူသန်းပေါင်းများစွာကို စွဲဆောင်နေဆဲပါ။
ရုပ်သံ
Zawgyi
အိႏၵိယႏိုင္ငံ၊ ေက်းလက္ေဒသ တစ္ခုမွာ ႐ိုက္ကူးထားခဲ့တဲ့ပုံက အရမ္းကို ထူးဆန္းေနပါတယ္။ ပုံထဲမွာ ႏြားက က်ားသစ္ကို ဖက္ထားေပးထားတဲ့ ပုံစံေၾကာင့္ အရမ္းကို နာမည္ႀကီးေနပါတယ္။
ႏြားႏွင့္ က်ားသစ္က သူငယ္ခ်င္းေကာင္းေတြ ျဖစ္ႏိုင္ဖို႔ ဆိုတာ လြယ္ကူတဲ့အရာ မဟုတ္ပါဘူး။ ပုံျပင္ထဲမွာေတာ့ ရွိေကာင္းရွိႏိုင္ေပမယ့္ လက္ေတြ႕ဘဝမွာက်ေတာ့ ျမင္ေတြ႕ရဖို႔က ခဲယဥ္းလြန္းလွပါတယ္။ ဒါေပမယ့္လည္း ဒီပုံထဲက ကိစၥကေတာ့ အျပင္မွာ တကယ္ျဖစ္ခဲ့တာပဲ ျဖစ္ပါတယ္။ ဆယ္စုႏွစ္ေတြ ၾကာေနေပမယ့္လည္း ပုံကို ျမင္ေတြ႕သူတိုင္းကေတာ့ အခုထိ အံ့ဩလို႔မဆုံးပါဘူး။
အ႐ြယ္ေရာက္ၿပီးသား က်ားသစ္တစ္ေကာင္ႏွင့္ ႏြားတစ္ေကာင္တို႔ဟာ မိခင္တစ္ဝမ္းထဲက ေမြးသလို အရမ္းကို ခ်စ္ၾကၿပီးေတာ့ အတူတူ ေနထိုင္ၾကပါတယ္။
ပုံထဲကထက္ တကယ့္အျပင္မွာက ပိုစိတ္ဝင္စားစရာ ေကာင္းပါတယ္။ လူအခ်ိဳ႕ကေတာ့ ဓာတ္ပုံကို ျပင္ထားတယ္လို႔ ေျပာေနၾကေပမယ့္ ဒါဟာ တကယ္အ စစ္အမွန္ပါပဲ။
ဒီပုံေတြဟာ (၁၉) ႏွစ္ေလာက္ ၾကာခဲ့ၿပီးျဖစ္ေပမယ့္ ခုခ်ိန္ထိ အင္တာနက္ စာမ်က္ႏွာေပၚမွာ နာမည္ႀကီးေနတုန္းပဲ ျဖစ္ပါတယ္။ ဝက္ဘ္ဆိုက္ေတြကလည္း သတင္းအျဖစ္ တစ္ခါတစ္ရံမွာ တင္ေလ့ရွိပါတယ္။ ဒီဇာတ္လမ္းက အိႏၵိယႏိုင္ငံ၊ ဂူဂ်ာရတ္ျပည္နယ္၊ အန္တိုလီ႐ြာမွာ တကယ္ျဖစ္ပ်က္ခဲ့တာပဲ ျဖစ္ပါတယ္။
ဆယ္စုႏွစ္ေတြ ၾကာခဲ့ၿပီျဖစ္တဲ့ သတင္းကို ျပန္လိုက္ရတာေတာ့ မလြယ္ပါဘူး။ အရမ္းကို ခက္ခဲၿပီးေတာ့ ေတာ္ေတာ္လဲ ၾကမ္းတမ္းပါတယ္။ Hoax-debunking website Social Media Hoax Slayer ရဲ႕ အဆိုအရ အေစာဆုံး သတင္းရင္းျမစ္ဟာ ၂၀၀၂ ခုႏွစ္ Times of India website မွာ တင္ခဲ့တဲ့ ေဆာင္းပါးတစ္ပုဒ္ ျဖစ္တယ္လို႔ ေျပာပါတယ္။ မူရင္း ဇာတ္လမ္းကေတာ့ social media ေပၚမွာ ျမင္ေတြ႕ေနက်မဟုတ္ပဲ ထူးဆန္းေနပါတယ္။
၂၀၀၂ ခုႏွစ္ေအာက္တိုဘာလမွာ Antoli ႐ြာေလးဟာ အရမ္းကို ေအးခ်မ္းခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ မထင္မွတ္ပဲ က်ားသစ္တစ္ေကာင္က ႐ုတ္တရက္ႀကီး ေပၚလာခဲ့တာပါ။ ဒါေၾကာင့္ ႐ြာသားေတြကလည္း အရမ္းေၾကာက္လန႔္ခဲ့ၿပီးေတာ့ က်ီးလန႔္စာ စားေနခဲ့ရပါတယ္။ ထူးဆန္းတာတစ္ခုက က်ားသစ္က ႐ြာထဲက တိရစာၦန္ေတြ၊ လူေတြကို စိတ္မဝင္စားပဲ ႏြားတစ္ေကာင္နားကိုပဲ စိတ္ဝင္စားေနခဲ့ပါတယ္။
“ က်ားသစ္က ႐ြာနဲ႔ပိုၿပီး နီးကပ္လာတာေၾကာင့္ ေန႔တိုင္း ေၾကာက္လန႔္ေနရတယ္ ” လို႔ Times of India ကို ႐ြာသားတစ္ေယာက္က ေျပာခဲ့ပါတယ္။
“ ေၾကာင္အႀကီးႀကီးက ျဖည္းျဖည္းခ်င္းလာၿပီး ငွက္ေမႊးလိုပဲ ေလထဲကို ခုန္လိုက္ၿပီး ႏြားေခါင္းေပၚကို သူ႔ရဲ႕လက္ေတြ ညင္ညင္သာသာ တင္လိုက္တယ္။ ၿပီးေတာ့ အသံတိုးတိုးေလးေတြ ၾကားရတယ္။ ႏြားကႏူးညံ့တဲ့ ခံစားခ်က္ေၾကာင့္ ၿငိမ္ခံေနတယ္။ က်ားသစ္က အေပ်ာ္သေဘာ ခံစားခ်က္နဲ႔ ေပြ႕ဖက္ေနတာကိုလည္း သိတယ္ ” လို႔ ေျပာပါေသးတယ္။
ႏြားႏွင့္ က်ားသစ္က ဒီလို ဆက္ဆံေရးေတြ ရွိေနတာေၾကာင့္ လူေတြက စိတ္ဝင္စားလာၾကၿပီး ညတိုင္း လာလာေခ်ာင္းၾကည့္ေလ့ ရွိပါတယ္။ ႐ြာသားေတြက ည ၁၀ နာရီနဲ႔ သန္းေခါင္ယံၾကားဆို ေခါင္မိုးေပၚကို တက္ၿပီး ေခ်ာင္းၾကည့္ၾကတာပါ။ ေန႔စဥ္ေန႔တိုင္း လာၾကည့္တဲ့သူေတြက မ်ားျပားလာတာေၾကာင့္ က်ားသစ္ကလည္း ေျခာက္တဲ့သေဘာအေနနဲ႔ ေဒါသထြက္ ခဲ့ပါေသးတယ္။
“ ကြၽန္ေတာ္တို႔ ေန႔တိုင္း ေစာင့္ၾကည့္ေနတယ္၊ ဒါေပမယ့္ ကံမေကာင္းစြာနဲ႔ က်ားသစ္ေရာက္လာတဲ့ အႀကိမ္ေရက ေလ်ာ့နည္းသြားတယ္” လို႔ Vadodara ရဲ႕ဂုဏ္ထူးေဆာင္ ေတာ႐ိုင္းတိရစာၦန္အုပ္ Rohit Vyas က ေျပာပါတယ္။
ဆိုရွယ္ မီဒီယာေပၚမွာေတာ့ ထင္ေၾကးအမ်ိဳးမ်ိဳး ေပးေနၾကပါတယ္။ က်ားသစ္ကပဲ လမ္းေပ်ာက္ၿပီး ႏြားနားေရာက္လာတာလား၊ သူတို႔ႏွစ္ေကာင္က ငယ္ငယ္ကတည္းက သိခဲ့ၾကတဲ့ မိတ္ေဆြေတြပဲ ျဖစ္ေနမလား ဆိုၿပီး အမ်ိဳးမ်ိဳး ေျပာဆိုေနၾကပါတယ္။
သစ္ေတာထိန္းသိမ္းေစာင့္ေရွာက္သူတစ္ဦးကေတာ့ က်ားသစ္ဟာ လူသားေတြရဲ႕ ပတ္ဝန္းက်င္မွာ ႀကီးျပင္းလာၿပီးအိမ္ေမြးတိရိစာၦန္ေတြႏွင့္အကြၽမ္းတဝင္ရွိခဲ့တယ္လို႔ ဆိုပါတယ္။ သစ္ေတာထိန္းသိမ္းေရး ပညာရွင္ H.S. Singh ကေတာ့ ဒီ႐ြာေလးဟာ ေတာနဲ႔ အရမ္းနီးကပ္ေနတာေၾကာင့္ က်ားသစ္ဟာ ဒီလိုေနေနတာလို႔လည္း ေျပာပါတယ္။
အေပၚမွာ ေျပာခဲ့သလိုပဲ က်ားသစ္ႏွင့္ ႏြားက တကယ္ ရွိတယ္ဆိုရင္ ႏြားကေၾကာက္လန႔္ၿပီး ထြက္မေျပးတာက အံ့ဩစရာ ေကာင္းပါတယ္။ ၿပီးေတာ့ သူတို႔ရဲ႕ အခ်စ္ဇာတ္လမ္းေလး ဘယ္လိုၿပီးဆုံးသြားလဲ ဆိုတာကိုေတာ့ ဘယ္သူမွ တိတိက်က် မေျပာႏိုင္ပါဘူး။
ဒါေပမယ့္ ေသခ်ာတာတစ္ခုက သတင္းထုတ္ျပန္ၿပီးတဲ့ေနာက္ ဆယ္စုႏွစ္ ႏွစ္ခုနီးပါး ဒီဇာတ္လမ္းက လူသန္းေပါင္းမ်ားစြာကို စြဲေဆာင္ေနဆဲပါ။
႐ုပ္သံ