တပ်မတော်ထောက်ခံသူများကို လက်နက်ကိုင်ဆောင်ခွင့်ပြုရန် အာဏာသိမ်းစစ်ကောင်စီ သတင်းစာရှင်းလင်းပွဲတွင် တောင်းဆို

နေပြည်တော်တွင် ၂၀၂၁ ခုနှစ် ဇွန်လ (၁၂) ရက်နေ့၌ အာဏာသိမ်းစစ်ကောင်စီက သတင်းစာရှင်းလင်းပွဲလုပ်ရာ တပ်မတော်ထောက်ခံသူများကို လက်နက်ကိုင်ဆောင်ခွင့်ပြုရန် သတင်းစာရှင်းလင်းပွဲ တက်လာသည့် စစ်တပ်ထောက်ခံသူဟု မိမိကိုယ်ကိုဖေါ်ပြသည့် အမျိုးသမီးတစ်ဦးက တောင်းဆိုလိုက်သည်။

“အခု ကျွန်မတို့ မိမိကိုယ်ကို မိမိခုခံပိုင်ခွင့်အရ လက်နက်ပေးကိုင်ခွင့် ရ၊ မရကို ကျွန်မတို့သိချင်ပါတယ်။ အရေးတကြီး”ဟု မည်သည့်သတင်းဌာနမှဖြစ်သည်ကို ဖေါ်ပြမိတ်ဆက်ခြင်းမပြုဘဲ စစ်တပ်ထောက်ခံသူဟုသာ မိတ်ဆက်သည့် အမျိုးသမီးက ဗိုလ်ချုပ် ဇော်မင်းထွန်းကို မေးမြန်းသည်။

စစ်တပ်မှအာဏာသိမ်းပြီးနောက် စစ်တပ်ထောက်ခံသူများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အမျိုးသားရေးတက်ကြွသူများမှာ ပစ်မှတ်ထားတိုက်ခိုက်မှုကိုခံနေရပြီး မိမိတို့ထောက်ခံနေသည့် စစ်တပ်ကလည်း လုံခြုံရေးအာမခံချက်မပေးနိုင်သည့်အနေအထားဖြစ်နေ၍ စစ်တပ်ထောက်ခံသူများအား လက်နက် တရားဝင်ကိုင်ဆောင်ခွင့်ပေးရန် အရေးတကြီးဟု အဆိုပါ အမျိုးသမီးက တောင်းဆိုမေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မေးခွန်းနှင့်ပတ်သက်၍ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဖြေကြားရာတွင် ဥပဒေအရ လူတိုင်းကိုပေးထားသည့် မိမိကိုယ်ကိုခုခံကာကွယ်ပိုင်ခွင့်အတိုင်းသာ ခံစားခွင့်ရှိသည်ဟု ဖြေကြားသည်။

“ကျွန်တော်တို့ဝန်ခံပါတယ်။ လူတစ်ဦးချင်းကာကွယ်စောင့်ရှောက်မှုမပေးနိုင်ပါဘူး။ တရားဝင်အကြောင်းကြားလာမှုတွေရှိရင်တော့ သွားရောက်ပြီးတော့ လုံခြုံရေးဆောင်ရွက်ပေးမှုတွေရှိပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။

CRPH နှင့် NUG အဖွဲ့အစည်းထောက်ခံသူများကို အကြမ်းဖက်များဟု သုံးနှုန်းပြောဆိုသွားသည့် အမျိုးသမီးက တပ်မတော်ကို ဗိုလ်ချုပ်အောင်ဆန်းက စတင်ဖွဲ့စည်းသည်ဆိုသည်ကို လက်ခံသော်လည်း ဗိုလ်ချုပ်နေဝင်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသည်ဟု ပြောသွားသည်ကို တွေ့ရသည်။

သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းမေးမြန်းရာ၌ သတင်းဌာနအမည်နှင့် မေးမြန်းသူအမည်ကို မိတ်ဆက်မေးမြန်းကြခြင်းဖြစ်သော်လည်း အဆိုပါ အမျိုးသမီးက တပ်မတော်ကိုချစ်မြတ်နိုးသူဟုဖေါ်ပြမိတ်ဆက်မေးမြန်းသွားသည်ကိုသာ တွေ့ရပြီး အာဏာသိမ်းစစ်ကောင်စီ၏ တာဝန်ရှိသူကလည်း ပြန်လည်ဖြေကြားသွားသည်ကို တွေ့ရသည်။

———- 

ေနျပည္ေတာ္တြင္ ၂၀၂၁ ခုႏွစ္ ဇြန္လ (၁၂) ရက္ေန႔၌ အာဏာသိမ္းစစ္ေကာင္စီက သတင္းစာရွင္းလင္းပြဲလုပ္ရာ တပ္မေတာ္ေထာက္ခံသူမ်ားကို လက္နက္ကိုင္ေဆာင္ခြင့္ျပဳရန္ သတင္းစာရွင္းလင္းပြဲ တက္လာသည့္ စစ္တပ္ေထာက္ခံသူဟု မိမိကိုယ္ကိုေဖၚျပသည့္ အမ်ိဳးသမီးတစ္ဦးက ေတာင္းဆိုလိုက္သည္။

“အခု ကြၽန္မတို႔ မိမိကိုယ္ကို မိမိခုခံပိုင္ခြင့္အရ လက္နက္ေပးကိုင္ခြင့္ ရ၊ မရကို ကြၽန္မတို႔သိခ်င္ပါတယ္။ အေရးတႀကီး”ဟု မည္သည့္သတင္းဌာနမွျဖစ္သည္ကို ေဖၚျပမိတ္ဆက္ျခင္းမျပဳဘဲ စစ္တပ္ေထာက္ခံသူဟုသာ မိတ္ဆက္သည့္ အမ်ိဳးသမီးက ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းကို ေမးျမန္းသည္။

စစ္တပ္မွအာဏာသိမ္းၿပီးေနာက္ စစ္တပ္ေထာက္ခံသူမ်ား၊ ျပည္ခိုင္ၿဖိဳးပါတီဝင္မ်ားႏွင့္ အမ်ိဳးသားေရးတက္ႂကြသူမ်ားမွာ ပစ္မွတ္ထားတိုက္ခိုက္မႈကိုခံေနရၿပီး မိမိတို႔ေထာက္ခံေနသည့္ စစ္တပ္ကလည္း လုံၿခဳံေရးအာမခံခ်က္မေပးႏိုင္သည့္အေနအထားျဖစ္ေန၍ စစ္တပ္ေထာက္ခံသူမ်ားအား လက္နက္ တရားဝင္ကိုင္ေဆာင္ခြင့္ေပးရန္ အေရးတႀကီးဟု အဆိုပါ အမ်ိဳးသမီးက ေတာင္းဆိုေမးျမန္းခဲ့ျခင္းျဖစ္သည္။

အဆိုပါ ေမးခြန္းႏွင့္ပတ္သက္၍ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျဖၾကားရာတြင္ ဥပေဒအရ လူတိုင္းကိုေပးထားသည့္ မိမိကိုယ္ကိုခုခံကာကြယ္ပိုင္ခြင့္အတိုင္းသာ ခံစားခြင့္ရွိသည္ဟု ေျဖၾကားသည္။

“ကြၽန္ေတာ္တို႔ဝန္ခံပါတယ္။ လူတစ္ဦးခ်င္းကာကြယ္ေစာင့္ေရွာက္မႈမေပးႏိုင္ပါဘူး။ တရားဝင္အေၾကာင္းၾကားလာမႈေတြရွိရင္ေတာ့ သြားေရာက္ၿပီးေတာ့ လုံၿခဳံေရးေဆာင္႐ြက္ေပးမႈေတြရွိပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာသည္။

CRPH ႏွင့္ NUG အဖြဲ႕အစည္းေထာက္ခံသူမ်ားကို အၾကမ္းဖက္မ်ားဟု သုံးႏႈန္းေျပာဆိုသြားသည့္ အမ်ိဳးသမီးက တပ္မေတာ္ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းက စတင္ဖြဲ႕စည္းသည္ဆိုသည္ကို လက္ခံေသာ္လည္း ဗိုလ္ခ်ဳပ္ေနဝင္းႏွင့္ ဗိုလ္ခ်ဳပ္မႉးႀကီး သန္းေ႐ႊတို႔က ခက္ခက္ခဲခဲတည္ေဆာက္ခဲ့ရသည္ဟု ေျပာသြားသည္ကို ေတြ႕ရသည္။

သတင္းစာရွင္းလင္းပြဲတြင္ ေမးခြန္းေမးျမန္းရာ၌ သတင္းဌာနအမည္ႏွင့္ ေမးျမန္းသူအမည္ကို မိတ္ဆက္ေမးျမန္းၾကျခင္းျဖစ္ေသာ္လည္း အဆိုပါ အမ်ိဳးသမီးက တပ္မေတာ္ကိုခ်စ္ျမတ္ႏိုးသူဟုေဖၚျပမိတ္ဆက္ေမးျမန္းသြားသည္ကိုသာ ေတြ႕ရၿပီး အာဏာသိမ္းစစ္ေကာင္စီ၏ တာဝန္ရွိသူကလည္း ျပန္လည္ေျဖၾကားသြားသည္ကို ေတြ႕ရသည္။

TachileikNewsAgency