သွေးကင်ဆာရောဂါခံစားနေရသည့် NLD ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်ကို ထောင်တွင်း ဆေးကုပေးနေပြီဟုစစ်ကောင်စီပြော

မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံနေရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ကျန်းမာရေး ကောင်းမွန်နေပြီး အကျဉ်းထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ပေးထားတယ်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဇွန်လ ၁၂ ရက် ဒီနေ့ နေပြည်တော် သတင်းစာ ရှင်းလင်းပွဲမှာပြောပါတယ်။

“မန္တလေး ဗဟိုအကျဉ်းထောင်မှာ ကျနော်တို့ ထိန်းသိမ်းထားရှိတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ အခြေအနေကတော့ရောဂါတော်တော်များရှိနေတယ်ဆိုတာကျနော်တို့ သိရပါတယ်။ ပြင်ပမှာကတည်းက ခံစားနေတာ ဖြစ်ပါတယ်။ အကျဉ်းထောင်မှာလည်း ကျန်းမာရေးဆက်လက်ကုသခွင့် ပေးထားပါတယ်။

သွေးကင်ဆာအတွက် ဆေးကတော့ ကျနော်တို့ တစ်လကို နှစ်ကြိမ် ထိုးပေးတယ်၊ တစ်လကို တစ်ကြိမ်သွေးစစ်ပေးခြင်းနဲ့ ပြင်ပမှ အထူးကုဆရာဝန်တွေရဲ့ လမ်းညွှန်ချက်များအတိုင်း ဆေးကုသလျက်ရှိကြောင်းသိရပါတယ်။ နေ့စဉ် ပုံမှန် တစ်ရက် တစ်ကြိမ်အကျဉ်းထောင်အုပ်ကြီးက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိတယ်ရှိတယ်လို့ သိရှိရပါတယ်။”

ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ကျန်းမာရေး ဆေးကုသစရိတ်အနေနဲ့ အကျဉ်းထောင်ကနေ ဥပဒေနဲ့လုပ်ထုံးလုပ်နည်းနဲ့ အညီ အပြည့်အဝ ဆောင်ရွက် ပေးထားတယ်လို့လည်းဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

——— 

မႏၲေလး အိုးဘိုေထာင္မွာ ဖမ္းဆီးခံေနရတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒ ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕က်န္းမာေရး ေကာင္းမြန္ေနၿပီး အက်ဥ္းေထာင္တြင္းမွာ က်န္းမာေရးေစာင့္ေရွာက္မႈ ေပးထားတယ္လို႔ စစ္ေကာင္စီေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ဇြန္လ ၁၂ ရက္ ဒီေန႔ ေနျပည္ေတာ္ သတင္းစာ ရွင္းလင္းပြဲမွာေျပာပါတယ္။

“မႏၲေလး ဗဟိုအက်ဥ္းေထာင္မွာ က်ေနာ္တို႔ ထိန္းသိမ္းထားရွိတဲ့ ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ အေျခအေနကေတာ့ေရာဂါေတာ္ေတာ္မ်ားရွိေနတယ္ဆိုတာက်ေနာ္တို႔ သိရပါတယ္။ ျပင္ပမွာကတည္းက ခံစားေနတာ ျဖစ္ပါတယ္။ အက်ဥ္းေထာင္မွာလည္း က်န္းမာေရးဆက္လက္ကုသခြင့္ ေပးထားပါတယ္။

ေသြးကင္ဆာအတြက္ ေဆးကေတာ့ က်ေနာ္တို႔ တစ္လကို ႏွစ္ႀကိမ္ ထိုးေပးတယ္၊ တစ္လကို တစ္ႀကိမ္ေသြးစစ္ေပးျခင္းနဲ႔ ျပင္ပမွ အထူးကုဆရာဝန္ေတြရဲ႕ လမ္းၫႊန္ခ်က္မ်ားအတိုင္း ေဆးကုသလ်က္ရွိေၾကာင္းသိရပါတယ္။ ေန႔စဥ္ ပုံမွန္ တစ္ရက္ တစ္ႀကိမ္အက်ဥ္းေထာင္အုပ္ႀကီးက က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ေပးလ်က္ရွိတယ္ရွိတယ္လို႔ သိရွိရပါတယ္။”

ေဒါက္တာ ေဇာ္ျမင့္ေမာင္ရဲ႕ က်န္းမာေရး ေဆးကုသစရိတ္အေနနဲ႔ အက်ဥ္းေထာင္ကေန ဥပေဒနဲ႔လုပ္ထုံးလုပ္နည္းနဲ႔ အညီ အျပည့္အဝ ေဆာင္႐ြက္ ေပးထားတယ္လို႔လည္းဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။