အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့် စနေ

အကြွေးလည်းကြေ၊ငွေဝင်လမ်းပွင့်စေသည့် စနေ

ရက်တစ်ပတ်လျှင်တစ်ကြိမ် စနေနေ့ကျရောက်သည့်နေ့တွင် ခြေသည်းလက်သည်းညှပ်ခြင်း၊ဆံပင်ညှပ်ခြင်း(သို့မဟုတ်) ခေါင်းလျှော် ခေါင်းဆေးမင်္ဂလာပြုလုပ် ရေချိုးသန့်စင်ခြင်း၊

အိမ်အတွင်းရှိအမှိုက်သရိုက်များသန့်ရှင်းစွန့်ပစ်လိုက်ခြင်း၊အိမ်မှာထမင်းစားခန်းသီးသန့်ရှိလျှင်ထိုအခန်းအတွင်းကိုသန့်ရှင်းရေးပြုလုပ်ပါ။မိသားစုပျော်ရွှင်ရယ်မောစေသည့်ဓါတ်ပုံများ၊ကျက်သရေရှိပြီးလှပသောပန်းပုံများကိုတပ်ဆင်ထားလျှင်အင်မတန်စီးပွားတက်လာဘ်ရွှင်သည်။

ပိုက်ဆ {1000} ဖြစ်စေ {10000} ဖြစ်စေ ပံသကူပစ်လှူခြင်း၊သံဃာတော်ဘုန်းကြီးသူတော်စင်များ၊သက်ကြီးရွယ်အိုများ ကို မိမိတတ်စွမ်းနိုင်သရွေ့ ပုတီးများလှူဒါန်းပေးရခြင်း၊

တာလီစက်များလှူပေးရခြင်း၊တိုင်ကပ်နာရီလှူပေးရခြင်း။ မြတ်စွာဘုရားရှင်အားနှမ်းဆီဖြင့်ဆီမီးထွန်းညှိပူဇော်ခြင်း၊ကံချေကန်တော့ ၊ငါးပါးသီလခံယူပြီး”သုဂတော”ဂုဏ်တော် ကို ပုတီး(၁၀)ပတ်တိတိစိပ်ရခြင်း၊မေတ္တာပို့ပေးခြင်း၊သူတော်စင်သူတော်မြတ်များ၏မေတ္တာကိုခံယူခြင်း၊

အထက်ပါအတိုင်း စနေနေ့တွင် သတိတရလုပ်ဆောင်သွား မည်ဆိုပါက ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံစေပြီးငွေအကြွေးတင်နေလို့ သောကရောက်နေသူများ အကြွေး မြန်မြန်ကြေစေရန်၊ ငွေကြေးကံနှိမ့်နေသူ၊ လာဘ်ပိတ်နေသူများ ငွေကံမြင့်ပြီးလာဘ်ပွင့်စေမယ့် နည်းကောင်းများပါ။

ငွေကြေးအရှုပ်အရှင်းကိစ္စနဲ့ ပက်သက်ပြီး ကြံကြံဖန်ဖန် အဆင်ပြေသွားနေခြင်းကို မုချ တွေ့နေရပါလိမ့်မယ်။ဖော်ပြထားသည့်လုပ်ဆောင်ချက်များကို အားလုံးမလုပ်နိုင် ခဲ့သည်ဆိုရင်တောင်မှ နည်းတစ်ခုခုတော့လုပ်ဖြစ်အောင် လုပ်ပေးသွားကြပါခင်ဗျ…..။

တစ်ခြားနေ့ရက်များတွင်လည်းအထက်ပါလုပ်ဆောင်ချက်များလုပ်လို့ရပါတယ်။အတိုက်အခိုက် အနှောင့်အယှက်ကင်းဝေးစေပြီးစိတ်ချမ်းသာစေပါတယ် ခင်ဗျ…..။ရရက်သားသမီးများ ငွေကြေးပြသနာအခက်အခဲများ ကင်းဝေးစေပြီးစီးပွားတက် အကြွေးဆပ်နိုင်ကြပါစေ

ဆရာဦးမင်းနိုင်နှင့်တကွသင်ဆရာ၊မြင်ဆရာ၊ကြားဆရာများကို အစဉ်လေးစားကြည်ညို ရှိခိုးဦးခိုက်လျက်….ယုံကြည်အားကိုးဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်

ဆရာပေါက်ကျိုင်း 09776478912

Zawgyi

အေႂကြးလည္းေၾက၊ေငြဝင္လမ္းပြင့္ေစသည့္ စေန

ရက္တစ္ပတ္လွ်င္တစ္ႀကိမ္ စေနေန႔က်ေရာက္သည့္ေန႔တြင္ ေျခသည္းလက္သည္းညႇပ္ျခင္း၊ဆံပင္ညႇပ္ျခင္း(သို႔မဟုတ္) ေခါင္းေလွ်ာ္ ေခါင္းေဆးမဂၤလာျပဳလုပ္ ေရခ်ိဳးသန႔္စင္ျခင္း၊

အိမ္အတြင္းရွိအမႈိက္သ႐ိုက္မ်ားသန႔္ရွင္းစြန႔္ပစ္လိုက္ျခင္း၊အိမ္မွာထမင္းစားခန္းသီးသန႔္ရွိလွ်င္ထိုအခန္းအတြင္းကိုသန႔္ရွင္းေရးျပဳလုပ္ပါ။မိသားစုေပ်ာ္႐ႊင္ရယ္ေမာေစသည့္ဓါတ္ပုံမ်ား၊က်က္သေရရွိၿပီးလွပေသာပန္းပုံမ်ားကိုတပ္ဆင္ထားလွ်င္အင္မတန္စီးပြားတက္လာဘ္႐ႊင္သည္။

ပိုက္ဆ {1000} ျဖစ္ေစ {10000} ျဖစ္ေစ ပံသကူပစ္လႉျခင္း၊သံဃာေတာ္ဘုန္းႀကီးသူေတာ္စင္မ်ား၊သက္ႀကီး႐ြယ္အိုမ်ား ကို မိမိတတ္စြမ္းႏိုင္သေ႐ြ႕ ပုတီးမ်ားလႉဒါန္းေပးရျခင္း၊

တာလီစက္မ်ားလႉေပးရျခင္း၊တိုင္ကပ္နာရီလႉေပးရျခင္း။ ျမတ္စြာဘုရားရွင္အားႏွမ္းဆီျဖင့္ဆီမီးထြန္းညႇိပူေဇာ္ျခင္း၊ကံေခ်ကန္ေတာ့ ၊ငါးပါးသီလခံယူၿပီး”သုဂေတာ”ဂုဏ္ေတာ္ ကို ပုတီး(၁၀)ပတ္တိတိစိပ္ရျခင္း၊ေမတၱာပို႔ေပးျခင္း၊သူေတာ္စင္သူေတာ္ျမတ္မ်ား၏ေမတၱာကိုခံယူျခင္း၊

အထက္ပါအတိုင္း စေနေန႔တြင္ သတိတရလုပ္ေဆာင္သြား မည္ဆိုပါက က်က္သေရမဂၤလာအေပါင္းႏွင့္ျပည့္စုံေစၿပီးေငြအေႂကြးတင္ေနလို႔ ေသာကေရာက္ေနသူမ်ား အေႂကြး ျမန္ျမန္ေၾကေစရန္၊ ေငြေၾကးကံႏွိမ့္ေနသူ၊ လာဘ္ပိတ္ေနသူမ်ား ေငြကံျမင့္ၿပီးလာဘ္ပြင့္ေစမယ့္ နည္းေကာင္းမ်ားပါ။

ေငြေၾကးအရႈပ္အရွင္းကိစၥနဲ႔ ပက္သက္ၿပီး ႀကံႀကံဖန္ဖန္ အဆင္ေျပသြားေနျခင္းကို မုခ် ေတြ႕ေနရပါလိမ့္မယ္။ေဖာ္ျပထားသည့္လုပ္ေဆာင္ခ်က္မ်ားကို အားလုံးမလုပ္ႏိုင္ ခဲ့သည္ဆိုရင္ေတာင္မွ နည္းတစ္ခုခုေတာ့လုပ္ျဖစ္ေအာင္ လုပ္ေပးသြားၾကပါခင္ဗ်…..။

တစ္ျခားေန႔ရက္မ်ားတြင္လည္းအထက္ပါလုပ္ေဆာင္ခ်က္မ်ားလုပ္လို႔ရပါတယ္။အတိုက္အခိုက္ အေႏွာင့္အယွက္ကင္းေဝးေစၿပီးစိတ္ခ်မ္းသာေစပါတယ္ ခင္ဗ်…..။ရရက္သားသမီးမ်ား ေငြေၾကးျပသနာအခက္အခဲမ်ား ကင္းေဝးေစၿပီးစီးပြားတက္ အေႂကြးဆပ္ႏိုင္ၾကပါေစ

ဆရာဦးမင္းႏိုင္ႏွင့္တကြသင္ဆရာ၊ျမင္ဆရာ၊ၾကားဆရာမ်ားကို အစဥ္ေလးစားၾကည္ညိဳ ရွိခိုးဦးခိုက္လ်က္….ယုံၾကည္အားကိုးဆႏၵရွိသူမ်ားအတြက္ ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္

ဆရာေပါက္က်ိဳင္း 09776478912