နေ့သားအလိုက် ငွေကြေး၊လာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင် မရမည့်ကိန်း
နေ့သားအလိုက် ငွေကြေး၊လာဘ်လာဘ အထူးပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြားကိုယ်တိုင်မရမည့်ကိန်း
ငွေကြေး လာဘ်လာဘ အထူး ပွင့်လန်းစေတဲ့ နေနဲ့လနှစ်ပါးဆိုင်တဲ့ သိကြား ကိုယ်တိုင်မမည့်ကိန်း
ယခုလို အစိမ်းရောင် ဖယောင်းတိုင် လေးမှာ ဘံ လာ ဟိ ဧ လို့ရေးပြီး နေ့စဉ် နေ့၁၁နာရီ ၃ဝမိနစ် မှ ၁၂နာရီ၁ဝမိနစ် အတွင်း
ငါးပါးသီလထဲက ကိုယ်နိုင်တဲ့ သီလလေးထိန်းပြီးဘုရားကန်တော့ ဆုတောင်း မေတ္တာပို့မယ်ဆိုရင် ငွေကြေးလာဘ်လာဘအတွက်
ပူစရာလိုပါဦးမလားလို့ လုပ်ကြည်ကြပါလားဗျာ အကျိုးကျေးဇူး တွေကတော့ မပြောတော့ပါဘူး လုပ်ကြည့်ရင် သိလာပါလိမ့်မယ်ဗျာ…။
နောက်ထက် မြန့်မာလောကီ ပညာရပ် ငွေကြေးလာဘ်လာဘ အထူးပွင့်လန်းပွားများ စေတဲ့ အစီအရင် နည်းလမ်းကောင်းလေး တစ်ခု
မေတ္တာလက်ဆောင် ထက်ပေါင်းပေးလိုက်ပါဦးမယ်လေ… လိုအပ်ရင်တော့အသုံးပြုနိုင်ပါတယ် အလွန်အစွမ်းထက်…လွန်းလှပါတယ် ခင်ဗျာ။ယခုအစီအရင်အား…ကျွန်တော့် တို့ကို သင်ကြားပြသပေးပါသော ကျွန်တော်တို့ရဲ့ ရာဇဂုရုဆရာကြီးအားဦးခိုက်ကန်တော့ရင်း ပြန်လည်ပြီး ပညာဒါနပြုလိုက်ပါတယ်ခင်ဗျာ…။
တနင်္ဂတွေသားသမီးများ (အင်ကြင်းသား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာ လိုက်ပါ။ အဲ့ဒီ တစ်လက် မပတ်လည် အင်ကြင်းသား အတုံးလေးအပေါ်မှာ
(မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
တနင်္လာသားသမီးများ (ကံ့ကော်သား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံး ရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် ကံ့ကော်သား အတုံးလေးပေါ်မှာ
(မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
အင်္ဂါသားသမီးများ (ဇောင်ချမ်းသား)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာ လိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် ဇောင်ချမ်းသား အတုံးလေး အပေါ်မှာ
(မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ အစိမ်းရောင်ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
ဗုဒ္ဓဟူးသားသမီးများ (ယွန်းခွက် (သို့မဟုတ်) ဝါးခွက်)
ဝါး နဲ့ ပြုလုပ်ထားတဲ့ ခွက် အသေးတစ်ခု့ အပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့ အစိမ်းရောင် ဖယောင်းတိုင် လေးထွန်းညှိပူဇော်ရပါတယ်။
ကြာသပတေးသားသမီးများ (မန်ကျည်းသား)
တစ်လက်မပတ်လည် အတုံးလေးတစ်တုံးရှာလိုက်ပါအဲ့ဒီတစ်လက်မပတ်လည်မန်ကျည်းသားအတုံးလေးအပေါ်မှာ(မတ်စေ့လေးတစ်စေ့) တင်ပြီး (ဧဟိလာဘံ)ရေးထားတဲ့အစိမ်းရောင်ဖယောင်းတိုင်လေးထွန်း ညှိပူဇော်ရပါတယ်…
သောကြာသားသမီးများ (သံခွက်)
သံနဲ့ပြုလုပ်ထားတဲ့ခွက်အသေးတစ်ခုအပေါ်မှာ(မတ်စေ့လေးတစ်စေ့)တင်ပြီ(ဧဟိလာဘံ)ရေးထားတဲ့ဖယောင်းတိုင်လေးထွန်းညှိပူဇော်ရပါတယ်။
စနေသားသမီးများ (နွယ်ချို)
တစ်လက်မပတ်လည် အတုံးလေး တစ်တုံးရှာလိုက်ပါ အဲ့ဒီ တစ်လက်မပတ်လည် နွယ်ချို အတုံးလေးအပေါ်မှာ (မတ်စေ့လေးတစ်စေ့) တင်ပြီး(ဧဟိလာဘံ)ရေးထားတဲ့အစိမ်းရောင်ဖယောင်းတိုင် လေးထွန်းညှိပူဇော်ရပါတယ်။
အထက်တွင်ရေးပြထားတဲ့အတိုင် မိမိနံသင့် အသားတစ်လက်မပတ်လည် အတုံးလေး တစ်တုံးအပေါ်မှာ မက်စေ့လေး တစ်စေ့တင်ပြီး ဧဟိလာဘံရေးထားတဲ့ အစိမ်းရောင် ဖယောင်းတိုင်တစ်တိုင် ထွန်းညှိပူဇော်နိုင်ပါတယ်မိမိနေ့နံသားရှာလို့လွယ်တဲ့သူတွေ လုပ်ကြည့်နိုင်ပါတယ် ဘယ်လို အကျိုးထူးကြောင်း ဘယ်လိုစွမ်းကြောင်း ကိုယ်တိုင်သိလာပါလိမ့်မယ်ခင်ဗျာ။
အဲ့ဒီလိုအချိန်းမျိုးမှာ ကျွန်တော် ပီတိများစွာဖြင့် အပြုံးပန်းဆင်ချင်ပါသေးတယ်ခင်ဗျာ…။
ရသင့်ရရန်ရှိသော ကောင်းခြင်းမင်္ဂလာများ ရရှိရလွယ်ကြပါစေခင်ဗျာ။ Min Min
Zawgyi